မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၄၂)
အာဏာသိမ်းနှစ်နှစ်ပြည့် နောက်ပိုင်းမှာ စစ်ကောင်စီက မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းမှုအလွန် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၄၇ မြို့နယ် ရှိလာပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ စစ်အုပ်ချုပ်ရေးမြို့နယ်တွေနဲ့ ပဋိပက္ခအခြေအနေတွေကို အချက်အလက် အခြေပြုပိုင်းခြား ဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ် မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။