မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၂၉)
အခုနှစ် ၁၀ လတာအတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေ တည်ဆောက်မယ့် မြို့နယ်တွေမှာ တိုက်ပွဲပေါင်း ၂၀၀ ထက်မနည်း ဖြစ်ခဲ့တာကြောင့် အာဏာသိမ်းမှုအလွန် ၂၀၂၁ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော်ထက် နှစ်ဆနီးပါး များလာပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ် မှတ်စုမှာ ဒီအကြောင်းအချင်းရာကို အချက်အလက် အခြေပြုပိုင်းခြားဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒ ဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ် မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။