၁။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) နှင့် ကမ္ဘာ့ရေးရာများဆိုင်ရာ အိန္ဒိယကောင်စီ (The Indian Council of World Affairs) တို့သည် think-tank မူဝါဒအကြံပြု သုတေသီအဖွဲ့ များ အကြားအပြန်အလှန်နားလည်မှုရှိရေးနှင့် ဆွေသဟာဖြစ်ရေးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာရေးထိုးရန် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် သဘောတူခဲ့ကြပါသည်။
၂။ နယူးဒေလီ အခြေစိုက် ICWA သည် အိန္ဒိယနိုင်ငံတွင် သီးခြားလွတ်လပ်သည့် နိုင်ငံတကာရေးရာ think-tank အဖွဲ့တခု ဖြစ်ပြီး ၁၉၄၃ ခုနှစ်ကတည်းကပင် တည်ထောင်ထားပါသည်။ ISP-Myanmar သည် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တည်ထောင်ခဲ့သော လွတ်လပ်သည့် သုတေသန အဖွဲ့အစည်းတခု ဖြစ်ပါသည်။
၃။ စက်တင်ဘာလဆန်းတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သော ISP-Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်၏ ခရီးစဉ်အတွင်း ICWA ၏ ညွှန်ကြားရေးမှူးချုပ် Amb. Vijay Thakur Singh တို့ တွေ့ဆုံပြီး စက်တင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ MoU ရေးထိုးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မှာပင် ICWA ၏ Sapru House ခန်းမ၌ မြန်မာ့အရေးနှင့်ပတ်သက်၍ Time To “ACT EAST”: Myanmar As A Case In Point ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမှုတရပ်လည်း ပြုလုပ်ခဲ့သည်။
၄။ ခရီးစဉ်အတွင်း Association of Asia Scholars နှင့် အိန္ဒိယနိုင်ငံ ပြင်ပဆက်ဆံရေး ဝန်ကြီးဌာန (Ministry of External Affairs) တို့ ပူးတွဲကျင်းပသော Connecting East: Confluence of AOIP & IPOI Visions ကွန်ဖရင့်သို့ တက်ရောက်ခဲ့ပြီး၊ ထိုကွန်ဖရင့်၏ Multi-Sectorial Connectivity: Economic and Technical ကဏ္ဍ၌ Myanmar: A Case in Point for Incorporating the Ocean and Land-based Strategy ခေါင်းစဉ်ဖြင့် စာတမ်းဖတ် ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် Multi-Sectorial Connectivity: Energy ကဏ္ဍ ဆွေးနွေးပွဲ၌ လည်း သဘာပတိ (Chair) အဖြစ် ဆောင်ရွက်ခဲ့ပါသည်။
၅။ ISP-Myanmar သည် ICWA အပါအဝင် အိန္ဒိယနိုင်ငံရှိ think-tank မူဝါဒ အကြံပြု သုတေသီအဖွဲ့များနှင့် သာမက အာရှဒေသကို အထူးပြု၍ ကမ္ဘာတဝန်းရှိ think-tank အဖွဲ့များနှင့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဥတုဘေးဆိုးကျိုးများ ကာကွယ်ကုစားနိုင်ရေး စသည်တို့နှင့် ပတ်သက်၍ သုတေသနအခြေပြု မူဝါဒများအား ကောင်းသန်စွမ်းရေး ကိစ္စများ၌ ပူးပေါင်းဆောင်ရွက်နေပါသည်။ ထိုနည်းတူ မြန်မာ့ဒီမိုကရေစီရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေကြသော ပြည်တွင်းအင်အားစုများနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများနှင့်လည်း အမြင်ဖလှယ် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှုများကို ပုံမှန် လုပ်ဆောင်လျက်ရှိပါသည်။


I’m very interesting for online training