တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ (သုတေသနစာတမ်း)

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ဆောင်ရွက်နေဆဲ ဖြစ်သော သုတေသနများအနက် ပထမဆုံး ထုတ်ဝေလိုက်သော သုတေသန စာတမ်း ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း အလွှာအသီးသီးမှ အရေးပါသူများနှင့် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းခဲ့သော တရုတ်နိုင်ငံ၏ အမျိုးမျိုးသော ဆက်ဆံရေးများကို လေ့လာခြင်းဖြင့် ၎င်းတို့၏ အကျိုးစီးပွား လိုလားချက်များကို စာတမ်းတွင် ပုံဖော်ထားပါသည်။

သုတေသန စာတမ်း Soft copy စာအုပ်ကို Amazon Kindle Store တွင် ရရှိနိုင်ပြီး
အဓိကမြို့ကြီးများရှိ စာအုပ်ဆိုင်များတွင်လည်း ကျပ် ၁၅၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment