အာရှအလင်းရောင်ဆရာတော်အားမေးမြန်းလျှောက်ထားခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲ မွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လို ရှုမြင်ပါသလဲ ဘုရား။
ဖြေ ဘုန်းဘုန်းတို့နိုင်ငံက စစ်အာဏာသိမ်းပြီးချိန်က စပြီးတော့ မမျှတမှုဆိုတာ ရှိခဲ့တာ။ ဒါပေမဲ့ လူတွေက (အာဏာရှင်တွေက) အဲဒီမမျှတမှုကို ဘာနဲ့ဖြေရှင်းသလဲဆိုရင် သယံ ဇာတကို ထုတ်သုံးပြီးတော့ လူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရအောင်၊ သူတို့ လုပ်ပိုင်ခွင့်ရှိသူတွေ အကျိုးအမြတ်အများကြီးရအောင် ဒီလိုပုံစံနဲ့ ဆောင်ရွက်ခဲ့တာ။ လူတွေက အဲဒီမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားဝတ်နေရေး ပြေလည်တာလောက်နဲ့၊ အရိုးအရင်းလေးရတာလေးနဲ့ စီးပွားရေးအဆင်ပြေတယ်ဆိုပြီး ရောင့်ရဲပြီးတော့ ကျေနပ်ခဲ့ကြတာ။ တကယ်တော့ လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေက အကျိုးအမြတ်အများကြီး ရဖို့အတွက် အလုပ်အကိုင် မစို့မပို့ကို ပြည်သူကိုပေးပြီး လုပ်ခဲ့တဲ့အချိန်ပါဗျ။ သယံဇာတ ကနေ ပိတ်ဆို့လိုက်တဲ့အခါ၊ တနည်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ရပ်စဲ လိုက်တဲ့အခါမှာ နဂိုအတိုင်းပါပဲ။ လူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြုတ်သွား တာပါပဲ။ နဂိုက အလုပ်အကိုင် အခွင့်အလမ်းဖြစ်ခဲ့တာ သယံဇာတထုတ်လုပ်လို့ ဖြစ်ခဲ့ တာပါ။ ဘုန်းကြီးတို့ဆီမှာ စီးပွားဖြစ်တာမဟုတ်ဘူး။ အခု စီးပွားရေး အကျပ်အတည်း၊ မညီမျှမှုဖြစ်တယ်ဆိုတာ တော်တော်ကြီး ညီညီမျှမျှဖြစ်သွားပါပြီ။ အရင်က မြိုးမြိုးမြက် မြက် ရခဲ့သူတွေကလည်း ရင်းနှီးမြှုပ်နှံမှု မလုပ်ရဲတော့ဘူး။ ကျန်တဲ့သူတွေကလည်း တပြေးတညီတည်းပါပဲ။ အားလုံး အဆင်မပြေမှုတွေ ဖြစ်နေကြတာပါ။

မေး ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြု ကာကွယ်ပေးခြင်းက အခု အချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလားဘုရား။
ဖြေ အမှန်အတိုင်းပြောမယ်ဆိုရင် လုံလောက်မှုမရှိဘူး။ လုံလောက်မှုရှိအောင်လည်း လက်ရှိ အစိုးရ လုပ်ပေးဖို့အခွင့်အရေး သူ့မှာမရှိဘူး။ ဘာဖြစ်လို့မရှိသလဲဆိုရင် သူ့မှာ လုပ်ပိုင်ခွင့် က အပြည့်မရဘူး။ အပြည့်မရတဲ့အခါ တရားဥပဒေစိုးမိုးရေးကို သူ အကောင်အထည် မဖော်နိုင်တဲ့အခါကျတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်လို့မရဘူး။ နောက်တခါ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တဖက်က ဖိလုပ်တဲ့အခါကျတော့ နိုင်ငံ တကာရဲ့ ရင်းနှီးမြှုပ်နှံမှုက နောက်ဆုတ်တယ်။ ဆင်းရဲမွဲတေမှုရှိနေတဲ့ ပြည်သူကို စောင့် ရှောက်နိုင်တယ် ဒါမှမဟုတ်ရင် ဖြေရှင်းနိုင်ဖို့ဆိုရင် အစိုးရက ၁၀ဝ ရာခိုင်နှုန်း အာဏာ ရဖို့တော့ လိုလိမ့်မယ်လို့ ဘုန်းကြီး ဖြေချင်ပါတယ်။

မေး ကမ္ဘာမှာတော့ မြန်မာဟာ ပေးကမ်းရက်ရောလူ့ဒါန်းမှု ပြုလုပ်မှုအများဆုံး နိုင်ငံတွေထဲ မှာ ထိပ်တန်းဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းမှာတော့ ဆင်းရဲမွဲတေမှုဟာ ကြီးထွားနေဆဲဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေရှိပြီး ဆင်းရဲမွဲတေ မှုကို ကုစားပေးနိုင်ဖို့အတွက် ဘယ်လို ကူညီလှူဒါန်းမှုမျိုးက ထိရောက်နိုင်မလဲဘုရား။
ဖြေ ဘုန်းဘုန်းတို့လည်း သိပါတယ်။ ကမ္ဘာမှာ မြန်မာဟာ အလူ့အတန်း အရက်ရောဆုံးနိုင်ငံ မှာ ထည့်ထားတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီ အလှူအတန်း ရက်ရောနေတာက လိုတဲ့ ပုဂ္ဂိုလ်တွေကို ပေးကမ်းနေတာ မဟုတ်ဘူးဗျ။ သူတို့ဘာသာသူတို့ လိုတဲ့ပုဂ္ဂိုလ်တွေကို မပေးကမ်းဘဲနဲ့ နာမည်ရဖို့အတွက် ဒါမှမဟုတ် ဂုဏ်တခုရဖို့အတွက် ဒါမှမဟုတ်ရင် အကျိုးတခုရဖို့ မျှော်ကိုးပြီးတော့ မလိုတဲ့နေရာတွေကို ပုံအောလှူနေတာကြောင့် ဆင်းရဲမွဲတေမှုကို ဖြေဖျောက်ဖို့အတွက် အလှူ့ရှင်တွေအနေနဲ့ တိုက်ရိုက် မဆောင်ရွက် နိုင်ဘူးလို့ ဘုန်းကြီးက ဖြေချင်ပါတယ်ဗျာ။
မေး ဆင်းရဲမွဲတေမှုက ထူပြောနေတယ်။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အတွက်ကိုယ် သာ ရှင်သန်နေရတယ်။ တခါ လူဦး ရေ အရွှေ့အပြောင်းဖြစ်မှုတွေက လူ အချင်းချင်းအကြား အပြန်အလှန် နားလည်ထိစပ်မှု နည်းပါလာတယ်။ တဦးနဲ့တဦး နေရာတခုတည်းမှာ တဦးအကြောင်း တဦးမသိသူတွေ အဖြစ် နေထိုင်လာရင်း အမုန်းပွားမှုနဲ့ အတူ မလုံခြုံမှုတွေဖြစ်လာကြတယ်။ ဒီလိုဖြစ်လာခြင်းတွေကို ဗုဒ္ဓနည်းကျ ဘယ်လို ကုစားပေးနိုင်မလဲဘုရား။
ဖြေ ဗုဒ္ဓနည်းအရ ကုစားမယ်ဆိုလို့ရှိရင် တော့ ဘုန်းဘုန်းတို့ လူသားအားလုံး ဟာ တန်းတူရည်တူ အခွင့်အရေးရှိ တယ်ဆိုတဲ့ ဗုဒ္ဓရဲ့ သွန်သင်မှုကိုပေါ့၊ လူတွေ နားလည်ဖို့လိုလိမ့်မယ်။ ခက် နေတာက ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာတွေကိုယ်တိုင်က တန်းတူရည်တူဆိုတဲ့ အခွင့်အရေး မျိုးကို တခြားသူထံမပေးချင်တာ ဘုန်းကြီးတို့ တွေ့ရတယ်။ ဗုဒ္ဓသွန်သင်မှုအတိုင်းသာ ဗုဒ္ဓဘာသာဝင်တွေ ကျင့်သုံးနိုင်ခဲ့မယ်ဆိုလို့ရှိရင် တန်းတူရည်တူဆိုတဲ့ အခွင့်အရေးဟာ လူသားအားလုံး၊ နိုင်ငံသားအားလုံးရဖို့ရာ အင်မတန်လွယ်ကူပါတယ်။ အဲဒီတော့ ဗုဒ္ဓ သွန်သင်တဲ့အတိုင်း လူသားအားလုံးက ကိုယ်နဲ့အတူ တန်းတူရည်တူ အခွင့်အရေး ရှိနိုင် တယ်၊ ကိုယ်နဲ့အတူ ချမ်းသာဆင်းရဲ မျှဝေခံစားခွင့်ရှိနိုင်တယ်ဆိုတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ ကျင့်သုံးလိုက်နာနိုင်ခဲ့မယ်ဆိုရင်တော့ ဒကာ ကြီးပြောတဲ့၊ မေးတဲ့မေးခွန်းအတွက် အဖြေရလိမ့်မယ်ထင်ပါတယ်။ ဗြဟ္မစိုရ်တရားပါပဲ ဒကာကြီး။

မေး သမိုင်းကို ပြန်ကြည့်လို့ဖြစ်စေ၊ လက်ရှိ ခေတ်အနေအထားအရဖြစ်စေ မြန်မာ့ လူ့အဖွဲ့ အစည်းမှာ ရဟန်းသံဃာတွေဟာ သာသနာ့တာဝန်နဲ့အတူ ပြည်သူ့ဝန်ဆောင်မှုကိုပါ လုပ်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီလို ပြည်သူ့ဝန်ဆောင်မှုကို လုပ်တဲ့အခါ ကြုံတွေ့ရတဲ့ စိန် ခေါ်မှုတွေက ဘာလဲ။ နိုင်ငံတော်အနေနဲ့ ဒီလုပ်ငန်းစဉ်တွေကို ဘယ်လို ပံ့ပိုးပေးနိုင်မလဲ ဘုရား။
ဖြေ ဘုန်းဘုန်းတို့ ရဟန်းသံဃာတွေဟာ၊ အထူးသဖြင့် ဗုဒ္ဓဘာသာ သံဃာတော်များဟာ ခေတ်သမိုင်းတလျှောက်လုံးမှာ နိုင်ငံတော်မှာရှိတဲ့ ပြည်သူလူထုနဲ့ ဆင်းရဲအတူ၊ ချမ်းသာ အတူ၊ ကိုလိုနီခေတ်ကတည်းကနေပြီးတော့ တိုက်ပွဲဝင်ခဲ့ကြတာ သမိုင်း သက်သေသာ ဓက အတိအကျရှိပါတယ်။ ဒီနေ့အချိန်ထိလည်း ဘုန်းဘုန်းတို့ ရဟန်းသံဃာတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ပရဟိတလုပ်ငန်း စတာတွေပေါ့၊ အစိုးရကနေ ပြည်သူတွေအတွက် ထိရောက်အောင် ဆောင်ရွက်မပေးနိုင်တဲ့ လူမှုရေး၊ ပညာရေး ကဏ္ဍတွေမှာ ရဟန်းသံဃာတွေ ဆောင်ရွက်ခဲ့တာ ရှိနေဆဲပါပဲ ဒကာကြီး။ အဲဒီလို ရှိနေတဲ့ ရဟန်းသံဃာတွေရဲ့ အခက်အခဲကတော့ ဘုန်းဘုန်းတို့ ရဟန်းသံဃာတွေထဲမှာ ဗုဒ္ဓရဲ့ ရဟန်းသံဃာတော် သားတော်အစစ်၊ စစ်စစ်တွေချည်းပဲ မဟုတ်ကြတော့ဘူး။ တချို့က နိုင်ငံရေးအရထိုးထည့်ထားတဲ့ သံဃာတော်အမည်ခံ ပုဂ္ဂိုလ်တွေလည်း အများ ကြီးရောက်နေတယ်ဆိုတာ တွေ့နေရတယ်။ အဲဒီပုဂ္ဂိုလ်တွေက ရဟန်းသံဃာတော်တွေရဲ့ စိတ်နေစိတ်ထား၊ ရဟန်းသံဃာတော်တွေရဲ့ ပြည်သူနဲ့ တသားတည်းကျတဲ့ စိတ်ထား၊ ပြည်သူ့အတွက် ပြည်သူနဲ့ တသားတည်း ရုန်းကန်လှုပ်ရှားမယ်ဆိုတဲ့ စိတ်ထားတွေ ပျောက်ပြီးတော့ ပြည်သူကိုကျောခိုင်းတဲ့၊ ပြည်သူရဲ့ဆန္ဒကို လျစ်လျူရှုတဲ့၊ ပြည်သူမနှစ်မြို့ တဲ့ အလုပ်တွေ၊ အပြောတွေကို ဆောင်ရွက်နေတဲ့ ရဟန်းသံဃာတော်အတုလို့ခေါ်တဲ့၊ နိုင်ငံရေးအရထိုးထည့်ထားတဲ့ ရဟန်းသံဃာအတုတွေ အများကြီး ရောက်နေတဲ့အတွက် ကြောင့် အဲဒါတွေက အဓိကအနှောင့်အယှက်၊ အတားအဆီးတွေလို့ ဘုန်းဘုန်းက ပြော ချင်ပါတယ်။ ဘုန်းဘုန်းတို့ရဲ့ ပရဟိတလုပ်ငန်းတွေမှာ အစိုးရက ပံ့ပိုးပေးဖို့ဆိုတာတော့ မျှော်လင့်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရမတတ်နိုင်လို့ ဘုန်းဘုန်းတို့ ကိုယ် တိုင်က ဒီလုပ်ငန်းတွေ လုပ်ကြရတာဖြစ်တော့ အစိုးရဆီက မျှော်လင့်လို့တော့ မရနိုင်ပါ ဘူး။ အစိုးရအနေနဲ့ တန်ဖိုးထားဖို့တော့ လိုလိမ့်မယ်။ အသိအမှတ်ပြုဖို့ လိုလိမ့်မယ်။ လေးစားမှုပြုဖို့ လိုတယ်။ အဲဒါလေးကတော့ အစိုးရမှာတာဝန်ရှိတယ်လို့ ဘုန်းဘုန်းက ပြောချင်ပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment