မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၆၄)
၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံအနှံ့ နေအိမ်နဲ့ အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာတော့ လက်နက်ပဋိပက္ခနဲ တိုက်ပွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်း နေအိမ်၊အဆောက်အအုံ မီးရှို့ ဖျက်ဆီးခံရမှု အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။