/wp-content/uploads/2023/03/isp-logo-200x200-1.png
  • Home
  • About
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • ISP Explainers
    • Explainers
    • ISP OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Events
      • ISP Briefing
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • ISP Community
  • Burmese Version
/wp-content/uploads/2023/03/isp-logo-200x200-1.png
  • Home
  • About
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • ISP Explainers
    • Explainers
    • ISP OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Events
      • ISP Briefing
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • ISP Community
  • Burmese Version
September 3, 2020

ဝန်ကြီးချုပ်များ၏ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းနှင့် အရာချခြင်းဆိုင်ရာ သုတေသန ပုစ္ဆာ

  • By ဒေါက်တာဆုမွန်သဇင်အောင်
  • Articles

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့မှာ ကယားပြည်နယ် လွှတ်တော်ဟာ ပြည်နယ်ဝန်ကြီးချုပ်ကို အခြေခံဥပဒေနဲ့အညီ စွပ်စွဲအပြစ်တင်လို့ အောင်မြင်သွားပါတယ်။ သမ္မတကသာ ဒီရလဒ်ကို အတည်ပြုရင် ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်ဆိုင်းရမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရဟာ ငါးနှစ်တာကာလအတွင်း သမ္မတက တိုက်ရိုက်ခန့်အပ်ထားခဲ့တဲ့ ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးချုပ် ၁၄ ဦးအနက် သုံးပုံတစ်ပုံကို ရာထူးမှ အနားပေးခံရခြင်း၊ နှုတ်ထွက်ခွင့်ပြုခြင်း၊ ကျန်းမာရေးကြောင့် နောက်သက်တမ်းအတွက် ပြန်လည် ကိုယ်စားလှယ်အဖြစ် ပြန်လည် ရွေးချယ်မခံတော့ခြင်းစတဲ့ ခေါင်းစဉ်တွေအောက်မှာ အကြောင်းအမျိုးမျိုးကြောင့် အရာချခဲ့တာ ၅ဦးခန့်ရှိပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၃၇ ရာခိုင်နှုန်းရှိလာခဲ့ပါပြီ။

NLD အစိုးရလက်ထက် ပြည်နယ်၊တိုင်းဒေသကြီး ၀န်ကြီးချုပ်များ အရာကျမှု ရာခိုင်နှုန်းများတယ်၊ ရွေးကောက်ပွဲကာလနား နီးကပ်မှ ပိုအဖြစ်များတဲ့အတွက် အချိန်ကာလအားဖြင့် ဆန်းတယ်၊ နောက်ဖွဲ့မယ့် အစိုးရမှာတောင် မင်းလောင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားသူတွေပါ ပါဝင်ခဲ့တဲ့အတွက် မျှော်လင့်ထားပုံအရလည်း အလှည့်အပြောင်းဆန်ပါတယ်။ 

ခက်တာက ခုထိ ဒီလိုဖြစ်ပုံတွေကို နားလည်နိုင်ဖို့ မူဘောင် framework of analysis မရှိသေးတာပါပဲ။ အကွက်တွေလှတယ်၊ သွားမစဉ်းစားနဲ့ ရူးသွားမယ်ဆိုတဲ့ Facebook အပြောတွေကိုသာ မူဘောင်အဖြစ် အားကိုးနားလည်နေကြတာမို့ သုတေသီတွေအတွက်တော့ ဘဝင်ကျစရာမဟုတ်လှပါဘူး။

ဒီဆောင်းပါးမှာတော့ တင်ကြို အနုမာနအဖြစ် သုံးသပ်ချင်တာက (၁)ဝန်ကြီးချုပ်တွေရဲ့ နိုင်ငံရေးပြစ်ချက်ဖြစ်နိုင်ချေကို ရှောင်ကွင်းချင်တာ၊ (၂) ဖုံးဖိမရလို့ ပုပ်လို့ပေါ် ဟုတ်လို့ကျော်လာမှ အရေးယူလိုက်ရတာမျိုးနဲ့ (၃) အထက်လူကြီးမျက်မာန်ရှလို့ အရာချလိုက်တာ စတဲ့ ဒီအသုံးချက်ထဲက တစ်ချက်ချက်နဲ့ ငြိစွန်းလို့ ဖြစ်နိုင်ပါတယ်။

ပြည်ထောင်စုအစိုးရ (သို့) အာဏာရပါတီမှ ဝန်ကြီးချုပ်များ အရာချခဲ့သည့် အချိန်ကာလများနှင့် အရာချခဲ့တဲ့ အကြောင်းပြချက်များ

ဝန်ကြီးချုပ်များဟာ လူထုနဲ့ထိပ်တိုက်တွေ့တဲ့ကိစ္စတွေမှာ လူအများစုရဲ့ ထောက်ခံမှု အကြီးအကျယ် ကျဆင်းတဲ့အခါ နိုင်ငံရေးပြစ်ချက်ဖြစ်နိုင်တဲ့အတွက် အစိုးရနဲ့ အာဏာရပါတီရဲ့ပုံရိပ် အများကြီး ကျဆင်းနိုင်ပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ ဒီလိုမျိုးအဖြစ်ခံချင်ပုံမရပါဘူး။ ဒါ့ကြောင့် ဒီလိုကိစ္စမျိုးတွေမှာ မကြာခဏဆိုသလို ဝန်ကြီးချုပ်များဘက်မှ ရပ်တည်ပေးခဲ့တာ၊ မသိချင်ယောင် ဆောင်ပေးခဲ့တာ၊  ကြားဝင် စေ့စပ်ညှိနှိုင်း ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။  အောက်ခြေမှာ လှိုက်စားပြီး နောက်ဆုံး ဖုံးဖိမရလို့ ပုပ်လို့ပေါ် ဟုတ်လို့ကျော်လာတဲ့အခါလည်း လူသိရှင်ကြား အရာချ လိုက်လိုက်ရတာ၊ အရေးယူလိုက်ရတာမျိုးလည်း ရှိခဲ့ပါတယ်။ ပထမ ပြောခဲ့တဲ့ အချက်နှစ်ချက်နဲ့ လွတ်ကင်းအောင် ရှောင်တိမ်းနိုင်ပေမယ့်လည်း အတွင်းစည်းအားပြိုင်မှုရှိလာပြီး အထက်လူကြီးမျက်မာန်ရှရင် အရာချလိုက်တဲ့ အခါလည်း ရှိပါတယ်။

ဒီချုပ်အစိုးရလက်ထက် ဝန်ကြီးချုပ်များ အလဲအလှယ်လုပ်ခဲ့တာက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲက စတင်ခဲ့တာပါ။ ပထမဦးစွာ အစိုးရသက်တမ်း တနှစ်မပြည့်တပြည့် အချိန်မှာပဲ မွန်ပြည်နယ် ဝန်ကြီးချုပ်ကို နှုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။ ဒီ့မတိုင်ခင်မှာ ဝန်ကြီးချုပ်ဟာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပတ်သတ်ခဲ့ပြီး အငြင်းပွားစရာ လုပ်ဆောင်ချက်များလည်းရှိခဲ့သလို ပြည်နယ် လွှတ်တော်နဲ့ပွတ်တိုက်မှုတွေရှိခဲ့ပါတယ်။ ၂၀၁၇ခုနှစ် နှစ်ဦးပိုင်းမှာ ချောင်းဆုံတံတား နာမည်ပေးရေးနဲ့ ပတ်သတ်ပြီး ဝန်ကြီးချုပ်ရဲ့ သဘောထားမပြတ်သားမှုကို ပြည်ထောင်စုအစိုးရက သဘောတွေ့ပုံမပေါ်ခဲ့ပါဘူး။ လူထုမကျေနပ်ချက်ကြီးလာစေတဲ့ တံတားနာမည်ပေးတဲ့ကိစ္စမှာ ပြည်ထောင်စုအစိုးရရဲ့ သဘောထားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးဖို့ကို ဝန်ကြီးချုပ်က ပြတ်ပြတ်သားသား မရပ်တည်ခဲ့တဲ့အတွက် အရေးယူရတယ်ဆိုရင် လူထုဆန္ဒကို ဆန့်ကျင်တဲ့ ကိစ္စဖြစ်လို့  နိုင်ငံရေးအရ ပြစ်ချက်ဖြစ်သွားနိုင်ပါတယ်။ ဒါကို ရှောင်ချင်ပုံ ရတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါ့ကြောင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ မွန်ပြည်နယ် ဝန်ကြီးချုပ်ကို နှုတ်ထွက်ခွင့်ပြုတာဟာ အဂတိအမှုများနဲ့ပတ်သတ်နေလို့၊ အထက်မှ အမိန့်ညွှန်ကြားချက်များကို လိုက်နာရာရန်ပျက်ကွက်လို့ စတဲ့ အကြောင်းပြချက်များနဲ့ သို့လောသို့လောဖြင့်သာ နှုတ်ထွက်စာ တင်စေခဲ့ပါတယ်။

နောက်ထပ် တနှစ်မပြည့်ခင်မှာပင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ  ဧရာဝတီတိုင်း ဝန်ကြီးချုပ်ကို ဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့် ပြုခဲ့ပါတယ်။ ဒါဟာလည်း အကြောင်းပြချက်မပါတဲ့ ယခင့်ယခင်က စစ်အစိုးရများ ထုတ်ပြန်လေ့ရှိတဲ့ “ကျန်းမာရေးအရ အနားပေးလိုက်သည် “ဆိုတဲ့ အမိန့် ကြေညာချက် သဘောဆန်ဆန်ပင်ဖြစ်ပါတယ်။

ဒီ့နောက်မှာတော့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခြင်း ခံရတာကြောင့် ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ ထို ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှု အရှုပ်တော်ပုံအတွက် ပြည်ထောင်စု အစိုးရမှနေ၍ ပြည်သူသို့ ရှင်းပြ အသိပေးခြင်းမျိုးလဲ မရှိခဲ့ပါဘူး။

တနင်္သာရီတိုင်း အစိုးရနဲ့ ဝန်ကြီးချုပ်ရဲ့ ဒေသခံလူထုအပေါ် မလျော်ဩဇာသုံးတဲ့ အရေးကိစ္စ၊ ဘဏ္ဍာရေးအရှုပ်အရှင်းဟာ ဝန်ကြီးချုပ်ကို အရေးယူမှု မတိုင်ခင် ၂နှစ်ကျော်ကာလလောက်ထဲက ဒေသတွင်း မီဒီယာများနဲ့  နိုင်ငံရေး သုံးသပ်သူများအကြားမှာ ဝေဖန်မှုများ မြင့်တက်နေခဲ့တာပါ။ ဒါပေမယ့် လူထုမကြိုက်လို့ ဖြုတ်ရတယ်၊ အနားပေးရတယ်ဆိုတဲ့ နိုင်ငံရေးပြစ်ချက်ထက် ဥပဒေအရ အရေးယူမှုတွေ မဖြစ်မနေလုပ်ရတော့မယ့် အခါမှသာ ဝန်ကြီးချုပ်ကို အရာချခဲ့ပါတယ်။ ဒါဟာလည်း NLD အစိုးရက အဂတိလိုက်စားမှုရှိလာရင် ဆန်ရင်းနာနာဖွတ်တယ်ဆိုတဲ့ သဘောမျိုးသာ ဆိုရှယ်မီဒီယာမှာ သုံးသပ်ထားကြပါတယ်။ ဒါဆိုရင် ဘဏ္ဍာရေး စည်းကမ်းများကို မလိုက်နာခဲ့တဲ့၊ လွှတ်တော်မှာ ပြည်သူ့ဘဏ္ဍာဆုံးရှုံးစေလို့ အဂတိမှုမြောက်တယ်လို့ လူထုနဲ့လွှတ်တော်ကပါ အပြစ်တင်ဝေဖန်ခြင်းကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိစ္စမှာတော့ ဒီမူဝါဒနဲ့ မကိုင်တွယ်ပြန်ပါဘူး။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းလွှတ်တော်တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကိစ္စမှာ  ပြည်သူ့ဘဏ္ဍာအမြောက်အမြား ဆုံးရှုံးခဲ့တာကြောင့် အဂတိမှုဖြစ်တန်ချေရှိတယ်လို့ ဆွေးနွေးချက်တွေရှိပေမယ့် ပြည်ထောင်စုအစိုးရက ဝင်ရောက်မှတ်ချက်ပေးခြင်း၊ ထိန်းကျောင်းခြင်း မလုပ်ခဲ့တာကတော့  ထူးဆန်းနေပြန်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ ပြည်ထောင်စုအစိုးရရော၊ အာဏာရပါတီရောရဲ့ ​ကျောထောက်နောက်ခံ ကြီးကြီးမားမားရှိတာကြောင့်  နောက်ဖွဲ့မယ့် အစိုးရအတွက် မင်းလောင်းဟု အများ ခန့်မှန်းပြောဆိုခံခဲ့ရသူပါ ။ ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းကြီးများနှင့် ပတ်သတ်၍ ဘဏ္ဍာငွေ သုံးစွဲခြင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာများ တင်ပြရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများကို လွှတ်တော်သို့ အချိန်မီတင်ပြ မရှိခြင်း စတဲ့ အကြောင်းများကြောင့် လွှတ်တော်မှ ဖိအားပေးခံရခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟာ မီဒီယာများနှင့် သော်လည်းကောင်း၊ လူထုနှင့် သော်လည်းကောင်း ကြိမ်ဖန်များစွာ ထိပ်တိုက်တွေ့ဆုံမှုများလည်း ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ဝန်ကြီးချုပ်၏ လုပ်ဆောင်ချက်များကို သမ္မတမှ ပြန်လည်ဆန်းစစ်ခွင့်ရသည်အထိ မအောင်မြင်ခဲ့ပါ။ ဝန်ကြီးချုပ်နှင့် ဒေသတွင်းလွှတ်တော်၊ မီဒီယာများအကြား  အငြင်းပွားမှုများတွင် ရံဖန်ရံခါ၌ပြည်ထောင်စုအစိုးရ၏ ကျောထောက်နောက်ခံပင် ရရှိသယောင် အထောက်အထားများကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ စွပ်စွဲအပြစ်တင်ခံရသော်လည်း ပါတီမှအမတ်အများစုက ရပ်တည်ပေးတာကြောင့် စွပ်စွဲအပြစ်တင်မှုဟာ အထမမြောက်ခဲ့ပါ။

ဒီလိုလူထုနဲ့လွှတ်တော်ကို မထီမဲ့မြင်ပြုခဲ့တဲ့ နိုင်ငံရေးပြစ်ချက်တွေကို ရှောင်ရှားနိုင်ဖို့ ကျောထောက်နောက်ခံ ပေးမှုများရှိခဲ့ပေမယ့်လည်း အထက်လူကြီး အမျက်မာန်ရှမှုကိုတော့ မရှောင်ရှားနိုင်ခဲ့ပါ။ ရန်ကုန်တိုင်းအစိုးရရဲ့  ကိုဗစ်ကာကွယ်တားဆီးရေး ဆောင်ရွက်ချက်နဲ့ပတ်သတ်ပြီး ပြည်ထောင်စုအစိုးရနဲ့ ရန်ကုန်တိုင်းအစိုးရကြား အငြင်းပွားစရာကိစ္စများ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ အာဏာရပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အချိန်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟာ ကျန်းမာရေးအရ ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ယခု ကယားပြည်နယ်ဝန်ကြီးချုပ်ကိစ္စမှာလည်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကိစ္စကဲ့သို့ပင် အောက်ခြေမှစပြီး လှိုက်စားခဲ့ပြီး နောက်ဆုံးဖုံးဖိလို့ မရတော့တဲ့အချိန်ကျမှ အခြေခံဥပဒေနဲ့အညီ ပြည်နယ်လွှတ်တော်က အရေးယူတာကို လက်ခံ လိုက်ရတဲ့ပုံ ပေါ်ပါတယ်။ လွိုင်ကော်မြို့ ပြည်သူပိုင် ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရေးကိစ္စနှင့် ပတ်သတ်ပြီး ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်ဟာ ဒေသခံလူထုကို များစွာ မကျေမနပ်ဖြစ်စေခဲ့ပါတယ်။ ပြည်နယ်အစိုးရမှ ဆန္ဒပြသူများကို အကြမ်းဖက် ဖမ်းဆီးခြင်း၊ ကြီးလေးသော ပြစ်ဒဏ်များဖြင့် ထောင်ချခြင်းစတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုအစိုးရမှ ကြားဝင် ဖြေရှင်းရာတွင်လည်း ဝန်ကြီးချုပ်၏ သဘောဆန္ဒဘက်တွင်သာ ရပ်တည်ပေးခဲ့သည့် ဖြေရှင်း မှုမျိုးသာ ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဒေသခံတိုင်းရင်းသားများဆန္ဒကို ဆန့်ကျင်ပြီး လုပ်ဆောင်သည့်ကိစ္စမှာ အနာဂတ် ဖက်ဒရယ်ဆိုင်ရာမျှော်မှန်းချက်များ တန်ဖိုးထားမှုများ တိုင်းရင်းသားများနဲ့ ယုံကြည်မှုတည်ဆောက်ရေးလိုအပ်ချက်များနှင့် များစွာကွဲလွဲနေပြီး ပြည်ထောင်စုအစိုးရနဲ့ အာဏာရပါတီ၏ တိုင်းရင်းသားမူဝါဒအပေါ် ကြီးမားစွာ ရိုက်ခတ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ထိုးဖို့ ပြင်ဆင်နေတဲ့ ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNPP နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးကိုပါ အဟန့်အတားတွေ ဖြစ်စေခဲ့ပါတယ်။ ဒေသခံများအကြား ဝေဖန်မှုများစွာ ရှိလင့်ကစား ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပါတီ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်လည်း ဝန်ကြီးချုပ်ကို အမတ်လောင်းအဖြစ် ပြန်လည်လျာထားခဲ့ပြန်ပါသေးတယ်။ မထိန်းနိုင်တော့တဲ့ အခြေအနေရောက်မှသာ အရေးယူလိုက်ရတဲ့ သဘောမျိုးကို တွေ့ရပါတယ်။

ပြည်ထောင်စုအစိုးရအတွက် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေရဲ့ စွမ်းဆောင်ရည်ကို ဆန်းစစ်ဖို့ ဘယ်လို အချက်တွေအပေါ် အခြေခံ စဉ်းစားသင့်ပါသလဲ။

ဖက်ဒရယ်စနစ်ကို အခြေခံတည်ဆောက်ထားတဲ့ နိုင်ငံတွေမှာတော့ ပြည်နယ်တိုင်းဝန်ကြီးချုပ်များဟာ (၁) ကိုယ်ပိုင်အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပီပီပြင်ပြင်ဆောင်ရွက်နိုင်မှု၊ (၂) တည်ဆဲ ဥပဒေကျင့်ဝတ်များလိုက်နာနိုင်မှု၊ ဒေသခံလူထုအကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်မှု၊ (၃) ဒေသန္တရအစိုးရများက အစိုးရရဲ့ လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေကိုဆောင်ရွက်ပေးနိုင်မှု၊ နဲ့ (၄) ပြည်နယ် အစိုးရရဲ့ လုပ်ငန်း ကျွမ်းကျင်ရန်အတွက် သတင်းအချက်အလက်များ စီးဆင်းရန်၊ စောင့်ကြည့်စစ်ဆေးမှုရှိရန်၊ ဘဏ္ဍာရေးအားကောင်းစေရန်အတွက် ဆောင်ရွက်နိုင်မှု စတဲ့အချက်များအပေါ်မှာ တိုင်းတာနိုင်ပါတယ် (López, 2007).။ မြန်မာနိုင်ငံအတွက်ကတော့ ဝန်ကြီးချုပ်များရဲ့ စွမ်းဆောင်ရည်ကို ဆန်းစစ်ရာမှာ ဒီလိုမျိုး ဖက်ဒရယ်တန်ဖိုးများနဲ့ချိတ်ဆက်ပြီး စနစ်တကျ စဉ်းစားချက်မျိုးထက်စာရင် ပါတီပုံရိပ်မကျစေရေးကို ဦးတည်စဉ်းစားထားတယ်လို့ သုံးသပ်ရပါတယ်။

ကနဦးဆန်းစစ်ချက်များအရ ပြည်ထောင်စုအစိုးရဟာ ဝန်ကြီးချုပ်များကို အရာချရန် စဉ်းစားချက်မှာ နိုင်ငံရေးပြစ်ချက် (သို့)လူထုဆန္ဒကို ဆန့်ကျင်မှုကြောင့် ရာထူးမှ ဖြုတ်ချရတယ်ဆိုတာမျိုး မဖြစ်ဖို့ အဓိကကျနိုင်ကောင်းပါတယ်။ နိုင်ငံရေးပြစ်ချက်ကြောင့် လုပ်ရတယ်ဆိုရင် ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရဆိုတဲ့ အစိုးရရဲ့ ပုံရိပ်၊ လူထုပါတီဆိုတဲ့ အာဏာရပါတီရဲ့ပုံရိပ်များစွာ ထိခိုက်နိုင်ပြီး အနာဂါတ်မှာ (အထူးသဖြင့်ရွေးကောက်ပွဲကာလမျိုးလိုမှာ) ပြည်သူ့ယုံကြည်မှုရရန် ပိုမိုခက်ခဲနိုင်ချေရှိတာကြောင့်လို့ သုံးသပ်ရပါတယ်။ အငြင်းပွားစရာ အဂတိကိစ္စရပ်များကြောင့်ဖြစ်စေ၊ အထက်မှ အမိန့်မနာခံမှုကြောင့်ဖြစ်စေ ရာထူးမှ ဖယ်ရှားပါက ဖယ်ရှားခံရသူရဲ့ ပုဂ္ဂိုလ်ရေး ပုံရိပ်နဲ့သာ ပိုမိုသက်ဆိုင်တာကြောင့် လူထုယုံကြည်မှုကို အများကြီး ထိခိုက်နိုင်ဖွယ်မရှိနိုင်ဘူးလို့ စဉ်းစားဟန်တူပါတယ်။

ဒါတွေဟာလည်း အဖြစ်အပျက်တွေပေါ်မှာ အခြေခံပြီး သုတေသနရှုထောင့်ကနေ သုံးသပ်ထားတဲ့ တင်ကြို အနုမာန အဖြစ်သာရှိပါသေးတယ်။ ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးချုပ် စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့ ဘယ်မူဝါဒတွေနဲ့ ကြည့်သလဲဆိုတဲ့ သုတေသနမေးခွန်းကို စနစ်တကျဖြေဆိုနိုင်ဖို့ကြိုးစားတဲ့ မူဝါဒ သုတေသီတွေအတွက်တော့ ခေါင်းခဲစရာပင်ဖြစ်နေပါသေးတယ်။

Reference:

López, A. N. (2007). The relationship between central and local authorities. Report of the European Committee on Local and Regional Democracy, Council of Europe.

ဒေါက်တာဆုမွန်သဇင်အောင်သည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် ဒါရိုက်တာဖြစ်ပြီး မူဝါဒနှင့် အုပ်ချုပ်ရေးဆိုင်ရာ သုတေသန စာတမ်းများ ရေးသားနေသူ ဖြစ်သည်။

About ISP-Myanmar

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.
  •   +66 80 747 9712
  •   [email protected]
  •   PO Box 149, Chiang Mai University PO, Chiang Mai 50202

Recent Publications

  • June 5, 2023
    Energy Sector: 70% of Total Inflow and Key in Foreign Investment
  • May 31, 2023
    Data Matters 46 - Burmese Version
  • May 26, 2023
    Alerted Security in Mae Sot, Thai-Myanmar border in Post-Election: Normal Response?
  • May 26, 2023
    Insight Email 15 - Burmese Version
  • May 24, 2023
    Aligning with China’s Policy Reset: Revitalizing Trade Routes and Economic Plans in Myanmar
Follow us on
Copyright ISP-Myanmar © 2023. All Rights Reserved