Gabyin Community
Promoting Shared Reality, Appreciating Diversity, and Imagining Possibilities
အဖွဲ့ဝင်အဖြစ် လျှောက်ထားရန်
ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင် ဖြစ်ဖို့ ဒီနေရာမှာ လျှောက်ထားလိုက်ရုံပါပဲ။ လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေး အမြင်မတူမှု စတာတွေအပေါ် ချိုးနှိမ်ခွဲခြားစော်ကားတဲ့ အမုန်းစကား မပြောရဘူး ဆိုတဲ့ စည်းကမ်းကို လိုက်နာဖို့ကလွဲပြီး ကုန်ကျစရိတ်မရှိပါဘူး။
Or
ကပြင်ရပ်ဝန်း
ISP ကပြင်ရပ်ဝန်းဟာ ISP-Myanmar ဆိုတဲ့ အိမ်မကြီးကနေ အမိုးအကာ တဆက်တည်း ထုတ်ထားတဲ့ အိမ်ကပြင်တခု ဖြစ်ပါတယ်။ လွတ်လပ်စွာ ဖိတ်ခေါ်တဲ့ ရပ်ဝန်း တခု၊ ဆုံစည်း ဆွေးနွေး ဖလှယ်စရာ ဌာနေ တခုပါပဲ။ တိုင်းရေးပြည်ရေး နိုင်ငံရေးတော့ စိတ်ဝင်စားတယ်၊ ဆိုရှယ် မီဒီယာက အချက်အလက်တွေကို မယုံတာ များပြီ၊ စိတ်ပျက်နေပြီ ဆိုရင် ISP ကပြင်ရပ်ဝန်းမှာ ဝင်ပါပြီး သိချင်တာ၊ လေ့လာချင်တာတွေကို လာပြောလှည့်ပါ။ ယဉ်ကျေးရင့်ကျက်တဲ့ သဘောထား ကွဲလွဲမှု၊ အချေအတင် ဆွေးနွေးမှုတွေမှာ ဝင်ပါလှည့်ပါလို့ ဖိတ်ခေါ်ပါတယ်။
ISP Data Matters
login to enlarge image
နှစ်နှစ်ခွဲကျော်ကာလအတွင်း နေအိမ်၊ အဆောက်အုံ ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ
Previous
Next
ISP Mapping
login to enlarge image
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဦးတည်ဝင်ရောက်ရာ လမ်းကြောင်းများ
Previous
Next
ISP Events
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ပွဲဦးထွက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာက ‘တရုတ်-မြန်မာ ဆက်ဆံရေး စစ်တမ်း (၂၀၂၃) မိတ်ဆက်၊ မြန်မာ့လူကျော်လူမော်များ၏ အထင်နှင့်အမြင်ကို ဆန်းစစ်ခြင်း’ ဖြစ်ပါတယ်။ ဒါကို ISP-Myanmar ရဲ့ China Studies Program က ၂၀၂၄ ခုနှစ် ဧပြီ ၆ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှာ တင်ပြခဲ့ပါတယ်။ ဒီအစီအစဉ်ကို ISP ကပြင် ရပ်ဝန်းသူ ရပ်ဝန်းသားတွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ISP Podcasts
By ISP Admin /
in Political Economy /
on April 13, 2024
မြန်မာ့ပြည်တွင်းစစ်၏ နိုင်ငံရေးဘောဂဗေဒ ဆန်းစစ်ချက်
၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်တွင် ကရင်ပြည်နယ် မြ၀တီမြို့ကို လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါသည်။
By ISP Admin /
in China Survey /
on April 2, 2024
တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း(၂၀၂၃) – စစ်တမ်းအကျဉ်းချုပ်
‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်မှ စတင်၍ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)က နှစ်စဉ် ပြုလုပ်လျက်ရှိပါသည်။
By ISP Admin /
in ISP Mapping /
on March 15, 2024
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဦးတည်ဝင်ရောက်ရာ လမ်းကြောင်းများ
တရုတ်-မြန်မာနယ်စပ်တလျှောက် မူဆယ်၊ လားရှိုး၊ လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းလား၊ ကျိုင်းတုံ စသည့် မြို့ပေါင်းခုနစ်မြို့၌ ကျားဖြန့်လုပ်ငန်းပေါင်း ၃၅ ခုထက်မနည်း ရှိခဲ့သည်။
By ISP Admin /
in ISP Mapping /
on March 15, 2024
PSLF/TNLA က သိမ်းယူထိန်းချုပ်ထားသော နယ်မြေများ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ‘စစ်ဆင်ရေး ၁၀၂၇’ဖြင့် သိမ်းယူထိန်းချုပ်ခဲ့သော နယ်မြေများ၊ ‘စစ်ဆင်ရေး ၁၀၂၇’ မတိုင်မီ TNLA လှုပ်ရှားထိန်းချုပ်ထားသော နယ်မြေများနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့က ထိန်းချုပ်စိုးမိုးထားသော နယ်မြေများကို ဖော်ပြထားခြင်းဖြစ်သည်။