ISP Products

The ISP Team

5 Feb 2021

သဘောထားကြေညာချက်

၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) အနေဖြင့် ဆန့်ကျင်ကန့်ကွက်ပါသည်။ ထို့နည်းတူ စစ်အာဏာသိမ်းရန် မည်သည့် အကြောင်းပြချက်မျိုးကိုမျှ လက်သင့်မခံပါ။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု မဖြစ်ခင်အချိန်ကလည်း မည်သည့် နိုင်ငံရေးအကျပ် အတည်းမျိုး ရှိစေကာမူ အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် မလုပ်ဆောင်သင့်ကြောင်း သဘောထားမှတ်ချက်များ ပြုခဲ့ပြီးဖြစ်သည်။ ၂။ ၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့သည့် နိုင်ငံရေးဖြေလျော့မှု (Political Liberalization) ဖြစ်စဉ်မှတဆင့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီတည်ဆောက်ရေး ဦးတည်ချက်များကို အရှိန်အဟုန်မြှင့်တင်ရမည့်အချိန်တွင် ယခုကဲ့သို့ စစ်အာဏာသိမ်းယူခဲ့ခြင်းသည် တိုင်းပြည်၏ နိုင်ငံရေးဖြစ်ထွန်းမှုအား နောက်ပြန်လန်ကျစေသည့် ဖြစ်ရပ်ဆိုးပင်ဖြစ်ပါသည်။ ထို့အတူ ၁၉၅၈ ခုနှစ်မှ စတင်ပြီး ယိုယွင်းပျက်ပြားခဲ့ရသည့် အရပ်ဘက်-စစ်ဘက် […]