ISP Products

Articles

18 Jan 2021

ဧရာမ အထိုင်ပြန်ချ

အယ်ဒီတာမှတ်ချက် – The Movement – မြန်မာ့အရွေ့ အဖွဲ့က ထုတ်ဝေသည့် ခေတ်စမ်း ဒစ်ဂျစ်တယ်စာစောင် အမှတ် – ၁ အတွက် ISP-Myanmar ၏ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း ရေးသားသည့် အမှာစာကို ISP-Myanmar က ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသားတွေနဲ့ လူငယ်များက ‘ခေတ်စမ်း’ အမည်နဲ့ ဒစ်ဂျစ်တယ် စာစောင်တခုထုတ်ကြမယ်။ ကျနော့်ကို အဖွင့်အမှာစာရေးပေးပါလို့ ပြောလာတယ်။ သူတို့ဂျာနယ်မှာ အထူးသဖြင့် အုပ်ချုပ်မှုစနစ်၊ လိင်ကွဲပြားမှု၊ သဘာဝ ပတ်ဝန်း ကျင် ခေါင်းစဉ်တွေကို အလေးပေးဖော်ပြမယ်လို့ သိရတယ်။ ကြိုဆိုပါတယ်။ စာစောင်အမည်ကို ‘ခေတ်စမ်း’လို့ သူတို့ရွေးချယ်ထားတာကိုက စိတ်ဝင်စားစရာပါ။ ကျနော်တို့ နိုင်ငံမှာ ၁၉၃၀ ခုနှစ် ပတ်ဝန်း […]
3 Sep 2020

ဝန်ကြီးချုပ်များ၏ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းနှင့် အရာချခြင်းဆိုင်ရာ သုတေသန ပုစ္ဆာ

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့မှာ ကယားပြည်နယ် လွှတ်တော်ဟာ ပြည်နယ်ဝန်ကြီးချုပ်ကို အခြေခံဥပဒေနဲ့အညီ စွပ်စွဲအပြစ်တင်လို့ အောင်မြင်သွားပါတယ်။ သမ္မတကသာ ဒီရလဒ်ကို အတည်ပြုရင် ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်ဆိုင်းရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရဟာ ငါးနှစ်တာကာလအတွင်း သမ္မတက တိုက်ရိုက်ခန့်အပ်ထားခဲ့တဲ့ ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးချုပ် ၁၄ ဦးအနက် သုံးပုံတစ်ပုံကို ရာထူးမှ အနားပေးခံရခြင်း၊ နှုတ်ထွက်ခွင့်ပြုခြင်း၊ ကျန်းမာရေးကြောင့် နောက်သက်တမ်းအတွက် ပြန်လည် ကိုယ်စားလှယ်အဖြစ် ပြန်လည် ရွေးချယ်မခံတော့ခြင်းစတဲ့ ခေါင်းစဉ်တွေအောက်မှာ အကြောင်းအမျိုးမျိုးကြောင့် အရာချခဲ့တာ ၅ဦးခန့်ရှိပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၃၇ ရာခိုင်နှုန်းရှိလာခဲ့ပါပြီ။ NLD အစိုးရလက်ထက် ပြည်နယ်၊တိုင်းဒေသကြီး ၀န်ကြီးချုပ်များ အရာကျမှု ရာခိုင်နှုန်းများတယ်၊ ရွေးကောက်ပွဲကာလနား နီးကပ်မှ ပိုအဖြစ်များတဲ့အတွက် အချိန်ကာလအားဖြင့် ဆန်းတယ်၊ နောက်ဖွဲ့မယ့် အစိုးရမှာတောင် […]