သမ္မတသစ် ဦးဝင်းမြင့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ

နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေပြီ ဖြစ်သော သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံတော်တွင် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကျော်လွှားမည် ဆိုသော အချက်နှင့် ပတ်သက်သော ဆွေးနွေးခန်းကို MCN သတင်းဌာနက မတ် ၃၁ ရက်တွင် ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ဆွေးနွေးခဲ့သည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment