Taglatest notes

သမ္မတသစ် ဦးဝင်းမြင့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ

နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေပြီ ဖြစ်သော သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံတော်တွင် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကျော်လွှားမည် ဆိုသော အချက်နှင့် ပတ်သက်သော ဆွေးနွေးခန်းကို MCN သတင်းဌာနက မတ် ၃၁ ရက်တွင် ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော...

သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း

သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အယ်ဒီတာ စကားဝိုင်းကို မတ် ၂၃ ရက်တွင် DVB ရုပ်သံက ရိုက်ကူး ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ အယ်ဒီတာ စကားဝိုင်းတွင် NLD ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ်မှ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ပါဝင်...

တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာ အစီရင်ခံစာ မိတ်ဆက်ပွဲ

ISP Myanmar မှ ထုတ်ဝေခဲ့သည့် “တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ” သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲနှင့် ဆွေးနွေးမှုများအား တည်းဖြတ် ဖော်ပြထားသော ဗီဒီယို ဖြစ်ပါသည်။
အဆိုပါ သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ Kafe in Town ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
 

၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှစ် ဖြစ်မလား

မွန်ပြည်သစ် ပါတီနှင့် လားဟူအဖွဲ့တို့က တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ထိုးမည်ဟု ကြေညာခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေး အလားအလာနှင့် ပတ်သက်သော အကြောင်းအရာများကို DVB အယ်ဒီတာ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်တွင် DVB ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး စကားဝိုင်း အစီအစဉ်၌ ဦးမောင်မောင်စိုး၊ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP...

သမ္မတ ဘယ်လိုလူမျိုး ဖြစ်သင့်လဲ

မကြာမီ ရွေးချယ်မည့် သမ္မတအသစ်နှင့် ပတ်သက်၍ ဘီဘီစီ မြန်မာပိုင်း သတင်းဌာန၏ မြန်မာ့အရေး၊ ကမ္ဘာ့အရေး အစီအစဉ်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးခန်းတွင် NLD ပါတီ၏ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ ဘီဘီစီ သတင်းဌာနမှ ဦးဘမော်တို့နှင့်အတူ ISP Myanmar ၏ ပြင်ပ ဆက်ဆံ ဆက်သွယ်ရေးဌာန၊ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ မတ် ၂၄ ရက်က ထုတ်လွှင့်ခဲ့သော ဆွေးနွေးခန်းကို...

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် ဘာတွေ ထူးခြားမလဲ

နိုငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်က The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ် အယ်ဒီတာ ကိုနေထွန်းနိုင်အား ဒီဇင်ဘာ ၁ ရက်တွင် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်း ဖြေကြားချက် အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် သုံးသပ်ချက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်နေသည့် ခရီးစဉ် အခြေအနေနှင့် မြန်မာ – တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့သည့် DVB အယ်ဒီတာ စကားဝိုင်းကို ယနေ့ မွန်းတည့်ချိန်တွင် ရိုက်ကူးခဲ့ပြီး DVB Facebook စာမျက်နှာ၌ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP...

ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများနှင့် ရခိုင်အရေး

အာဆီယံ ထိပ်သီး အစည်းအဝေး အပါအဝင် ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများကို ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာတို့တွင် မကြာသေးမီ ရက်များအတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါ နိုင်ငံတကာ အစည်းအဝေးများ၌ ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားပေးမှု ကျဆင်းစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခဲ့သော အရာများနှင့် လုပ်ဆောင်သင့်သည့် အကြံပြု အကြောင်းအရာများအပေါ် ဆွေးနွေးခြင်းကို ...

ရွေးကောက်ပွဲ နှစ်နှစ်အလွန် ဘာတွေ ပြောင်းလဲပြီလဲ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိခဲ့ပြီး၊ ရွေးကောက်ပွဲ နှစ်နှစ်အလွန် ကာလ အပြောင်းအလဲများအပေါ် DVB သတင်းဋ္ဌာန၏ အပတ်စဉ် ကဏ္ဍဖြစ်သည့် အယ်ဒီတာ စကားဝိုင်း အစီအစဉ်တွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးမှုကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက DVB TV News ၏ Facebook စာမျက်နှာတွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ကာ စကားဝိုင်း၌ DVB သတင်းဋ္ဌာနမှ ဦးတိုးဇော်လတ်၊...

တရုတ်ကွန်မြူနစ် ပါတီညီလာခံ၏ အဖြေများနှင့် ပေးထားချက်အသစ်များ

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် အဓိက အချက်သုံးချက်ကို စောင့်ကြည့်ခဲ့ကြသည်။ ထိုသုံးချက်မှာ ရှီ၏အမည်ကို ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေတွင် ထည့်သွင်းခြင်း ရှိမရှိ၊ ညီလာခံမှ အသစ် ရွေးချယ်ထားမည့် ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်စာရင်းတွင် ၂၀၂၂ ခုနှစ် အလွန် ရှီ၏နေရာကို ဆက်ခံမည့်သူ ပါဝင်းခြင်း ရှိ မရှိ နှင့် ရှီကျင့်ဖိန်၏ လက်ရုံးတဦးဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းဆောင်...