ISP Data Matters


ISP PODCASTS




ISP CLIPS




Latest Posts

နိုင်ငံအနှံ့ တိုက်ပွဲဖြစ်မှု၊ မြို့များ သိမ်းယူနိုင်မှုနှင့် စိုးမိုးလှုပ်ရှားနိုင်ရေး အားပြိုင်မှုများ

ကရင်နီဒေသ၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ မြို့နယ်အားလုံးတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် မြို့နယ် ၃၇ ခု ရှိသည့်အနက် ၃၄ ခုတွင်လည်းကောင်း၊ မန္တလေးတိုင်းတွင် မြို့နယ် ၂၈ ခုရှိသည့်အနက် ၂၅ ခုတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ဘာကြောင့်အရေးကြီးသလဲ

မြန်မာနိုင်ငံမှာ အရှည်ကြာဆုံးပြည်တွင်းစစ်နဲ့အပြိုင် ခေတ်အဆက်ဆက်မှာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အာဏာသိမ်းမှုအလွန််မှာတော့ ကျုးလွန်ခံရမှုတွေဟာ ပိုမိုဆိုးရွားလာနေတာပါ။

၂၀၂၃ ခုနစ် အတွင်း ISP-Myanmar ၏ လူဖတ်အများဆုံး အကြောင်းအရာ ၁၀ ခု

၂၀၂၃ ခုနစ် အတွင်းမှာ ISP-Myanmar စာဖတ်ပရိတ်သတ်တွေရဲ့ အာရုံကို အဆွဲဆောင်နိုင်ဆုံး ဆောင်းပါး ဆယ်ခု ကို ပြန်လည် ရွေးထုတ်တင်ပြပြီး တင်ပြလိုက်ရပါတယ်။

စစ်ဆင်ရေး ၁၀၂၇ နှင့် တရုတ်စီမံကိန်းများအခြေအနေ

‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်စီမံကိန်းများတည်ရှိရာ နေရာဒေသသို့ ညီနောင်မဟာမိတ်နှင့်ပူးပေါင်းတပ်ဖွဲ့များက နယ်မြေချဲ့ထွင်ထိန်းချုပ်လာခဲ့သည်။

ပယ်မိသားစု ကြမ္မာငင်ချိန်

ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA)နဲ့ ပူးပေါင်းတပ်တွေရဲ့ ‘စစ်ဆင်ရေး ၁၀၂၇’ အရှိန်ရလာချိန်မှာပဲ တရုတ်နိုင်ငံက ကြားဝင်လာပါတယ်။ တရုတ်နိုင်ငံရဲ့ စီစဉ်ပေးမှုနဲ့ နှစ်ဖက်အဖွဲ့တွေ ကူမင်းမြို့မှာ နှစ်ကြိမ်တွေ့ဆုံခဲ့ပေမဲ့ ရေရာတဲ့အဖြေ မထွက်ခဲ့ပါဘူး။

ပြည်တွင်းစစ်ပြေးဒုက္ခသည် လေးသန်းကျော်ရှိလာ

အာဏာသိမ်းမှုအလွန် သုံးနှစ်ပြည့်ခါနီးချိန်မှာ တနိုင်ငံလုံးအနှံ့ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်ဦးရေ လေးသန်းကျော် ရှိလာပါတယ်။ I SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းခြင်းရာကို အချက်အလက် အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး

က

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ အားတက်စရာမရှိဘဲ ကျဆင်းနေပါတယ်။ I SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းခြင်းရာကို အချက်အလက် အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း ပဋိပက္ခကျယ်ပြန့်သက်ရောက်မှုများ

စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ရှမ်းမြောက်ဒေသ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကရင်နီဒေသတွေအပါအဝင် နိုင်ငံအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်သက်ရောက် လာပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းခြင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

ကရင်နီတော်လှန်ရေးတပ်များက လွိုင်ကော်ကို သိမ်းယူရန် ကြိုးပမ်း

က

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (​KNDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ‘စစ်ဆင်ရေး ၁၁၁၁’ ကို စတင်ခဲ့ကြသည်။ စစ်ဆင်ရေးကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်စခန်းပေါင်း ၁၅ ခုထက်မနည်း တိုက်ခိုက်ခံရသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် မြို့ပေါင်း ၁၀ မြို့ကို သိမ်းယူခဲ့

‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ချင်းပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၂၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက မြို့ ခုနစ်မြို့ထက်မနည်းကို သိမ်းထားနိုင်ခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်းတွင်လည်း တိုက်ပွဲပေါင်း ၁၁၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက မြို့သုံးမြို့ကို သိမ်းယူနိုင်ခဲ့သည်။