ISP Data Matters


ISP PODCASTS




ISP CLIPS




Latest Posts

နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) ၅၇,၈၀၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အာဏာသိမ်းမှုအလွန် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းသစ်သုံးသွယ်

အာဏာသိမ်းမှုအလွန် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ချိတ်ဆက်တဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လမ်းသစ် သုံးသွယ် ပေါ်ထွက်လာပါတယ်။ I​​SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းအချင်းရာကို အချက်အလက် အခြေပြုပိုင်းခြားဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၈,၀၀၀ ‌ကျော် ဖြစ်ခဲ့

စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာကာလအတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၈,၀၀၀ ကျော် ဖြစ်ခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာကာလအတွင်းက လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

တနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ၈၀ ရာခိုင်နှုန်းနီးပါးတိုးလာ

၂၀၂၂ ခုနှစ်အတွင်းမှာ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေဟာ ၈၀ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာကာလအတွင်းက လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းသစ် သုံးသွယ်

လမ်း ကြောင်းသစ်တွေဟာ အရင်က တရုတ်နိုင်ငံရဲ့ ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ထဲမှာ ပါဝင်ခြင်း မရှိတဲ့ အစီအမံတခု ဖြစ်ပြီး တရုတ်နိုင်ငံရဲ့အနောက်ဘက်က ပြည်နယ်တွေ သမုဒ္ဒရာ ထွက်ပေါက်ရရေး၊ ဒေသတွင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ရေးတွေမှာ မြန်မာနိုင်ငံကို ဗဟိုပြုပြီး လည်ပတ်တဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။

တရုတ်-မြန်မာဆက်ဆံရေး နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ထူးခြားချက်များ

တရုတ်-မြန်မာ ဆက်ဆံရေး ဖြစ်စဉ် ဖြစ်ရပ်များစွာထဲမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း အာရုံစိုက်စရာ ဖြစ်စေတဲ့ ဖြစ်ရပ်ငါးခုရှိပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စု မှာ ဒီအကြောင်းအချင်းရာတွေက ဘာကြောင့် အလေးပေးအာရုံစိုက်စရာဖြစ်တယ်ဆိုတာကို ဖော်ပြသွားပါမယ်။

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါး ရှိလာ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီကာလနှစ်ရပ်စလုံးမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်ပစစ်ပြေးဒုက္ခသည်တွေကလည်း ၁,၀၀၉,၁၉၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံ့လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်း နီးပါး...

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်း စစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါးရှိလာ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ ပြည်တွင်း စစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါး တိုးလာခဲ့ပါ တယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ နိုင်ငံတဝန်း တိုးလာတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အကြောင်းချင်းရာတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

ချင်းပြည်နယ်၌ တိုက်ပွဲပေါင်း ၅၉၀ ကျော် ဖြစ်ပွားခဲ့

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာလအထိ ချင်းပြည်နယ်က မြို့နယ် ကိုးခုလုံးမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၅၉၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ စစ်ကောင်စီနဲ့ EAOs တွေအကြားမှာ ဖြစ်ခဲ့တာပါ။ မင်းတပ်မြို့နယ်မှာ တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ကျော် ဖြစ်ခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုအလွန် ချင်းပြည်နယ်တွင် တိုက်ပွဲပေါင်း ၅၉၀ ကျော် ဖြစ်ပွားခဲ့

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာလအထိ ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၉၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ချင်းပြည်နယ်အတွင်းက လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်တဲ့ အကြောင်းချင်းရာတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။