မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၂၀)
စစ်ကောင်စီက ပြန်လည်သတ်မှတ်လိုက်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလတာ(ဧပြီ-ဇွန်)အတွင်းရရှိခဲ့တဲ့ နယ်စပ်ကုန်သွယ်မှုပမာဏကို ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဥ်ရင် အမေရိကန်ဒေါ်လာသန်း ၆၃၀ ကျော် ကျဆင်းခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းချင်းရာတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒ ဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ် မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်နေပါတယ်။