မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၅)
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် ဒီနှစ် ဇူလိုင်လကုန်အထိ နိုင်ငံတဝန်း တိုက်ပွဲ ၆,၆၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ တနိုင်ငံလုံးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအရေအတွက်ရဲ့ ထက်ဝက်ကျော်ဟာ ကရင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စု မှာ ဒီအကြောင်းအချင်းရာကို အချက်အလက် အခြေပြုပိုင်းခြားဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒ ဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ် မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်နေပါတယ်။