CategoryWhat Matters

စစ်ကောင်စီနှင့် TNLA အကြား တကျော့ပြန်စစ်ပွဲနှင့်ဆက်စပ်အခြေအနေ

၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာ ၂၄ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့အကြား လက်နက်ကိုင်ပဋိပက္ခများ တကျော့ပြန် ဖြစ်ပွားပြီး ပြင်းထန်ခဲ့သည်။

ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ စီးပွားရေးအင်ပါယာ

တရုတ်အစိုးရက ဖမ်းဆီးခဲ့သည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးအနက် တဦးဖြစ်သူ ဦးမောင်မောင် (Liu Zhengxiang) ပိုင်ဆိုင်သည့် ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ စီးပွားရေးအင်ပါယာကို ဖော်ပြထားခြင်းဖြစ်သည်။

အရပ်သား ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ

အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများအပေါ် ကျူးလွန်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၂၂ ခုထက်မနည်း ရှိခဲ့သည်။ ယခုညွှန်းပြမြေပုံသည် တနေရာတည်း၌ အနည်းဆုံး ၁၀ ဦးနှင့်အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုများအား စုစည်းထားခြင်းဖြစ်သည်။

မုန်လိုင်ခက်ပေါက်ကွဲမှုနှင့် ဆက်စပ်အခြေအနေ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ညပိုင်းက မုန်လိုင်ခက် စစ်ရှောင်စခန်းတွင်ဖြစ်ခဲ့သော စစ်လက်နက် ကျရောက်ပေါက်ကွဲမှု အခြေအနေနှင့် ဆက်စပ်စဉ်းစားနိုင်ရန် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လိုင်ဇာမြို့အနီးရှိ စစ်ဘေးရှောင်စခန်းများ၊ စစ်ကောင်စီတပ်စခန်းများ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာချုပ်နယ်မြေနှင့် ရှေ့တန်းနယ်မြေများကို ဖော်ပြထားခြင်းဖြစ်သည်။

နှစ်နှစ်ခွဲကျော်ကာလအတွင်း နေအိမ်၊ အဆောက် အအုံ ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

စစ်အာဏာသိမ်းအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) စုစုပေါင်း ၈၆,၁၃၄ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။ ဒီပမာဏထဲက ၆၄ ရာခိုင်နှုန်းကျော် (၅၅,၇၀၇ လုံးထက်မနည်း)ဟာ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ခဲ့တာပါ။

တရုတ်-မြန်မာ ကုန်သွယ်မှုကွာဟချက် နှစ်ဆမြင့်တက်

စစ်ကောင်စီနဲ့ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ ထုတ်ပြန်ချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး ကွာဟချက်ဟာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးအထိ ရှိပါတယ်။

ခြောက်လတာအတွင်း နေအိမ်အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ခံရ

စစ်အာဏာသိမ်းအလွန် နှစ်နှစ်ကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) စုစုပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။ ဒီပမာဏထဲက ၃၀ ရာခိုင်နှုန်းနီးပါး (၂၄,၁၃၈ လုံးထက်မနည်း) ဟာ ၂၀၂၃ ခုနှစ် ခြောက်လအတွင်း ဖြစ်ခဲ့တာပါ။

တရုတ်စီမံကိန်းများအနီးတဝိုက်တွင် တိုက်ပွဲဖြစ်မှု ထက်ဝက်ကျော်လျော့ကျ

အာဏာသိမ်း နှစ်နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်အထိ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့ မြို့နယ်တွေနဲ့ အခြား တရုတ်စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ မြို့နယ် ၆၁ ခုမှာ တိုက်ပွဲ ၂,၂၄၈ ကြိမ် ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ဒီအထဲက ၁,၄၈၆ ကြိမ်ထက်မနည်းဟာ ပထမ ၁၄လတာအတွင်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မတ်လအထိ) ဖြစ်ခဲ့တာပါ။

၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် မြင့်တက်လာ

၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ အရင်နှစ်တနှစ်လုံးမှာ သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး အထိ ရှိပါတယ်။

စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားငွေ အများဆုံး ဆက်ရနေ

အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့ပါတယ်။ ဒီအထဲက ၇၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ လေးဘီယံနီးပါး) ဟာ စွမ်းအင်ကဏ္ဍကို ဝင်ခဲ့တာပါ။ စွမ်းအင်ကဏ္ဍကို ဝင်ခဲ့တဲ့ နိုင်ငံခြားငွေတွေထဲက ၂ ဒသမ ၅ ဘီလီယံဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက ခွင့်ပြုခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု မီးလင်းချိုင်...