CategoryWhat Matters

စစ်ဆင်ရေး ၁၀၂၇ နှင့် တရုတ်စီမံကိန်းများအခြေအနေ

‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်စီမံကိန်းများတည်ရှိရာ နေရာဒေသသို့ ညီနောင်မဟာမိတ်နှင့်ပူးပေါင်းတပ်ဖွဲ့များက နယ်မြေချဲ့ထွင်ထိန်းချုပ်လာခဲ့သည်။

ကရင်နီတော်လှန်ရေးတပ်များက လွိုင်ကော်ကို သိမ်းယူရန် ကြိုးပမ်း

က

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (​KNDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ‘စစ်ဆင်ရေး ၁၁၁၁’ ကို စတင်ခဲ့ကြသည်။ စစ်ဆင်ရေးကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်စခန်းပေါင်း ၁၅ ခုထက်မနည်း တိုက်ခိုက်ခံရသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် မြို့ပေါင်း ၁၀ မြို့ကို သိမ်းယူခဲ့

‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ချင်းပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၂၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက မြို့ ခုနစ်မြို့ထက်မနည်းကို သိမ်းထားနိုင်ခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်းတွင်လည်း တိုက်ပွဲပေါင်း ၁၁၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက မြို့သုံးမြို့ကို သိမ်းယူနိုင်ခဲ့သည်။

ရခိုင်မြောက်ပိုင်း ကုလားတန်မြစ်ကြောင်းစီမံကိန်းတဝိုက် တိုက်ပွဲများပိုဖြစ်ခဲ့

‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက််ပိုင်း ရခိုင်ပြည်နယ်တွင်လည်းတိုက်ပွဲများ ပြန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၄၆ ခုထက်မနည်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းယူခဲ့သည်။ ထိုအထဲမှ စခန်း ၄၀ နီးပါးသည် စစ်ကောင်စီက စွန့်ခွာသွားသဖြင့် အလွယ်တကူ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

လောက်ကိုင်မြို့ကို သိမ်းယူရန်သာ ကျန်ရှိ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များက ‘စစ်ဆင်ရေး ၁၀၂၇’ကို စတင်ခဲ့ပြီး ချင်း‌ရွှေဟော်အပါအ၀င် တရုတ်-မြန်မာနယ်စပ်ရှိ မြို့လေးမြို့နှင့် သိန္နီမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့အပြင် ချင်းရွှေ‌ဟော်၊ မုန်းကိုး၊ ပန်ဆိုင်းနှင့် ကျင်စန်းကျော့ရှိ နယ်စပ်ဂိတ်လေးခုကိုလည်း သိမ်းပိုက်ထားသည်။

နိုင်ငံအနှံ့ တိုက်ပွဲဖြစ်မှုနှင့် စိုးမိုးလှုပ်ရှားနိုင်ရေးအတွက် အားပြိုင်မှုများ

ကရင်နီဒေသ၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ မြို့နယ်အားလုံးတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် မြို့နယ် ၃၇ ခု ရှိသည့်အနက် ၃၄ ခုတွင်လည်းကောင်း၊ မန္တလေးတိုင်းတွင် မြို့နယ် ၂၈ ခုရှိသည့်အနက် ၂၅ ခုတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နိုင်ငံအနှံ့ မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း၌ တိုက်ပွဲများဖြစ်ပွား

အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၂၂၁ ခုထက်မနည်း (မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း)၌ လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းတွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် မြို့နယ် ၇၇ ခု၊ ၂၀၂၃ ခုနှစ်တွင် ‘စစ်ဆင်ရေး ၁၀၂၇’စတင်ပြီးနောက်...

စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း တိုက်ပွဲများ ကျယ်ပြန့်သက်ရောက်လာမှု

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များ၏ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း နိုင်ငံအနှံ့ တိုက်ပွဲများ ကျယ်ပြန့်သက်ရောက်လာမှုအခြေအနေကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပါသည်။ အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ် ၂၂၁ ခုထက်မနည်းတွင် လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ တလတာနီးပါးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊...

စစ်ဆင်ရေး ၁၀၂၇ နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအခြေအနေ

‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတည်ရှိရာ နေရာများသို့ ညီနောင်မဟာမိတ်နှင့် ပူးပေါင်းတပ်ဖွဲ့များက နယ်မြေချဲ့ထွင်ထိန်းချုပ်ခဲ့သည်။

စစ်ဆင်ရေး ၁၀၂၇ ဆက်စပ်အခြေအနေ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ‘စစ်ဆင်ရေး ၁၀၂၇’ကို ဆင်နွှဲခဲ့ပြီး ချင်းရွှေဟော်မြို့အပါအဝင် တရုတ်-မြန်မာ နယ်စပ်ရှိ မြို့လေးမြို့နှင့် သိန္နီမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။