တရုတ်-မြန်မာနယ်စပ်တလျှောက် မူဆယ်၊ လားရှိုး၊ လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းလား၊ ကျိုင်းတုံ စသည့် မြို့ပေါင်းခုနစ်မြို့၌ ကျားဖြန့်လုပ်ငန်းပေါင်း ၃၅ ခုထက်မနည်း ရှိခဲ့သည်။
PSLF/TNLA က သိမ်းယူထိန်းချုပ်ထားသော နယ်မြေများ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ‘စစ်ဆင်ရေး ၁၀၂၇’ဖြင့် သိမ်းယူထိန်းချုပ်ခဲ့သော နယ်မြေများ၊ ‘စစ်ဆင်ရေး ၁၀၂၇’ မတိုင်မီ TNLA လှုပ်ရှားထိန်းချုပ်ထားသော နယ်မြေများနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့က ထိန်းချုပ်စိုးမိုးထားသော နယ်မြေများကို ဖော်ပြထားခြင်းဖြစ်သည်။
တအန်း(ပလောင်) မျိုးဆက်ဟောင်းများ၏ ‘နယ်မြေအိပ်မက်’
၁၉၆၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့/ပလောင်ပြည်လွတ်မြောက်ရေးတပ်မတော် (PSLO/PSLA) စိုးမိုးလှုပ်ရှားခဲ့သည့် ဒေသများနှင့် ၁၉၉၃-၉၄ ခုနှစ် အမျိုးသားညီလာခံတွင် အပစ်ရပ် PSLO အဖွဲ့က တောင်းဆိုခဲ့သော နယ်မြေများဖြစ်ပါသည်။
ရခိုင်မြောက်ပိုင်းရှိ အဓိကစခန်းများကို ရက္ခိုင့်တပ်တော် သိမ်းယူ
‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲများပြန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၂ ခုထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူခဲ့သည်။ ထိုအထဲမှ စခန်းပေါင်း ၄၀ နီးပါးသည် စစ်ကောင်စီက စွန့်ခွာသွားသဖြင့် အလွယ်တကူ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
လောက်ကိုင်မြို့ကို သိမ်းယူပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များက ‘စစ်ဆင်ရေး ၁၀၂၇’ ကို စတင်ခဲ့ပြီး စစ်ဆင်ရေး၏ ဦးတည်ရာဖြစ်သော လောက်ကိုင်မြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ချင်းရွှေဟော်၊ မုန်းကိုး၊ ပန်ဆိုင်း (ကြူကုတ်)နှင့် ကျင်စန်းကျော့ရှိ နယ်စပ်ဂိတ်လေးခုကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။
တအန်း(ပလောင်)ပြည်နယ်မျှော်မှန်းချက်နှင့် ဖြန့်ကြက်မှု
၁၉၆၃ ခုနှစ်တွင် စတင်ခဲ့သော တအန်း (ပလောင်) လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများအတွင်း ထင်ရှားခဲ့သည့် ပလောင်ပြည်လွတ်မြောက်ရေးတပ်မ တော် (PSLO/PSLA) နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့များ၏ သက်ဆိုင်ရာကာလများအတွင်း ထိန်းချုပ်စိုးမိုးထားနိုင်ခဲ့သည့် ဒေသ အခြေအနေများကို ဖော်ပြထားခြင်း ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အကျပ်အတည်း မြင့်မား
ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အညွှန်းကိန်း အကျပ်အတည်း မြင့်မားနေသည့် မြို့နယ်ပေါင်း ၅၇ ခုရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှ ၁၄ မြို့နယ်အထိပါဝင်ကာ အများဆုံးဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်မှ မြို့နယ် ၁၁ ခု ပါဝင်ပြီး ဒုတိယအများဆုံး ဖြစ်ခဲ့သည်။
စစ်ကိုင်းတိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း မြင့်မား
လူသားချင်းစာနာမှုဆိုင်ရာ အညွှန်းကိန်း အကျပ်အတည်း မြင့်မားနေသည့် မြို့နယ်ပေါင်း ၄၅ ခုရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှ ၁၉ မြို့နယ်အထိပါဝင်ကာ အများဆုံးဖြစ်ခဲ့သည်။
မြို့နယ်စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းတွင် လုံခြုံရေးဆိုင်ရာ ပြင်းထန်သက်ရောက်မှု မြင့်မား
လုံခြုံရေးဆိုင်ရာ အကျပ်အတည်း မြင့်မားနေသည့် မြို့နယ်ပေါင်း ၁၄၁ မြို့နယ်ရှိခဲ့ပြီး မြို့နယ်စုစုပေါင်း ၄၃ ရာခိုင်နှုန်းအထိရှိခဲ့သည်။ စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၀ တွင် လုံခြုံရေးဆိုင်ရာ အကျပ်အတည်း မြင့်မားခဲ့ပြီး အများဆုံးဖြစ်ခဲ့သည်။
နိုင်ငံအနှံ့ တိုက်ပွဲဖြစ်မှု၊ မြို့များ သိမ်းယူနိုင်မှုနှင့် စိုးမိုးလှုပ်ရှားနိုင်ရေး အားပြိုင်မှုများ
ကရင်နီဒေသ၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ မြို့နယ်အားလုံးတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် မြို့နယ် ၃၇ ခု ရှိသည့်အနက် ၃၄ ခုတွင်လည်းကောင်း၊ မန္တလေးတိုင်းတွင် မြို့နယ် ၂၈ ခုရှိသည့်အနက် ၂၅ ခုတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။