ISP-Myanmar က စုစည်းထားတဲ့ မြန်မာ-တရုတ်ဆက်ဆံရေး ရက်စဉ်မှတ်တမ်းကို အခြေခံပြီး ဒီကာလအတွင်း အာရုံစိုက်စရာဖြစ်ရပ်တွေကို ဖော်ပြပါမယ်။ ကိုဗစ်အလွန် တရုတ်နယ်စပ်အဖွင့်မှာ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို နှိမ်နင်းနိုင်ဖို့ တရုတ်နိုင်ငံဘက်က ကြိုးပမ်းလာသလို မြန်မာ-တရုတ် နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင်တွေ (EAOs)နဲ့လည်း ပိုပူးပေါင်းဖို့ လုပ်လာပါတယ်။
တရုတ်အစိုးရနှင့် စစ်ကောင်စီအကြား ကုန်သွယ်မှုတန်ဖိုး ကိန်းဂဏန်း ကွာဟချက်
မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုးကို နှစ်နိုင်ငံ ထုတ်ပြန်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံနီးပါးအထိ ကွာဟချက် ကြီးမားခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီမှ နိုဝင်ဘာလအထိ) ရှစ်လတာကာလအတွင်း ဖြစ်ခဲ့တာပါ။
နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ
စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) ၅၇,၈၀၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါး ရှိလာ
စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီကာလနှစ်ရပ်စလုံးမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်ပစစ်ပြေးဒုက္ခသည်တွေကလည်း ၁,၀၀၉,၁၉၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံ့လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်း နီးပါး...
တရုတ်၊ ထိုင်းနှင့် စင်ကာပူတို့ မြန်မာနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်အထိ ဘဏ္ဍာနှစ်လေးခုရဲ့ ကုန်သွယ်မှုအဆင့်တွေကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံက နံပါတ်လေးနေရာ ရောက်လာပြီး ဂျပန်နိုင်ငံကတော့ နံပါတ်ခုနှစ်ကို ကျဆင်းသွားပါတယ်။
စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၈၀၀ ကျော် ဖြစ်ပွားခဲ့
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇,၈၅၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၄,၅၄၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ
စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း နေအိမ်နဲ့ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံတွေ အပါအဝင်) ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဆက်ဝင်
အာဏာသိမ်းမှုအလွန် အခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကဏ္ဍအလိုက် နှိုင်းယှဥ်ကြည့်ရင် စွမ်းအင်ကဏ္ဍကို အများဆုံးဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော် ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိလာ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁,၆၅၀,၆၁၁ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် ဖြစ်ပွားခဲ့
နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် အထဲမှာ အများဆုံးက ကရင်ပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ ကရင် ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၄,၃၈၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ပါတယ်။