CategoryPodcasts

အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်၀င်္ကပါထဲ ဇွတ်တိုးဝင်ခြင်း

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် နေရာအတော်များများမှာ လက်နက်ကိုင်တော်လှန်မှုကလွဲပြီး အခြား ရွေးစရာမရှိတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင်တပ်ဖွဲ့ ၅၇၇ ဖွဲ့ထက်မနည်း ရှိလာပြီး နှစ်နှစ်အတွင်း တိုက်ပွဲဖြစ်မှု အကြိမ်ရေ ၈,၀၀၀ ကျော် ရှိလာပါတယ်။

အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု

စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်အပေါ် တုံ့ပြန်မှုတွေကို ကြည့်ရင် အခြေအနေသုံးရပ်ကို မြင်သာစေပါတယ်။ ပထမအချက်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေဟာ အရင်ကလို​ပုံမှန်အခြေအနေ (old normal) မဟုတ်တော့ဘူး၊ ဘက်အသီးသီးက တိုင်းပြည်ကို သူတို့လိုလားတဲ့ အခြေအနေသစ် (new normal) အဖြစ် ဖန်တီးဖို့ ကြိုးစားနေကြပြီး၊ တိတိပပ ပုံပေါ်လာတာ မရှိသေးပါဘူး။ သေချာတာကတော့ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် တိုင်းပြည်ဟာ...

မြန်မာ့အရေး အဖြေရှာမှုနှင့် အင်အားကြီး နိုင်ငံများအကြား အားပြိုင်မှုအတွက် အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ

မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူတွေလည်း ရလဒ်ထွက်ပေါ် အောင် မလုပ်နိုင်သေးသလို၊ အခြားတဖက်မှာလည်း ယုံကြည်ထိုက်လိုက်တဲ့ ကိုးစားခံရမှု အားသာချက် (Credibility Leverage) က ကျဆင်းနေပါတယ်။ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေ မစခင်မှာပဲ စစ်တပ်နဲ့ အာဏာခွဲဝေရေး (Power-sharing) ဆိုတဲ့ အင်တာဗျူး စကားရပ်ကြောင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ်...

စစ်အာဏာသိမ်းမှု တနှစ်ပြည့်
ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ်

အာဏာသိမ်းခဲ့တဲ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေဟာ သူတို့အပေါ်ဆန့်ကျင်တဲ့ တွန်းလှန်ပုန်ကန်မှုမျိုးစုံကို နိုင်ငံအနှံ့ ဒေသအများစုမှာ ရင်ဆိုင်နေရပြီး အာဏာကိုင်စွဲအုပ်ချုပ်ခွင့်လည်း အခုထိမရသေးပါဘူး။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမျက်နှာစာမှာ အဖတ်ဆယ်လို့မရအောင် နိုင်ငံရဲ့ ဂုဏ်သိက္ခာက ချွတ်ခြုံကျခဲ့ရပြီဖြစ်သလို ပြည်သူလူထုရဲ့ နိစ္စဓူဝ ရှင်သန်ရပ်တည်ရမှုတွေကလည်း အဆိုးဆုံးသောအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။...

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ “လူသားချင်းစာနာထောက်ထားမှုအပြင်” (Humanitarian Plus) ချဉ်းကပ်မှုနည်းလမ်း

က

စစ်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးက အဓိကကျလာပါတယ်။ ဒီအရေး ဖြေရှင်းနိုင်ဖို့အတွက် Humanitarian Plus ဆိုတဲ့ ချဉ်းကပ်မှုကို ပြောဆိုကြရာမှာတော့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ သက်သက်သာမက၊ “အပြင်” (Plus) ဆိုပြီး ဖြည့်စွက်ထည့်သွင်း ဆောင်ရွက်ရမယ့် ကိစ္စရပ်နဲ့ ဒီလို ဆောင်ရွက်မယ့်နယ်ပယ်က ဘယ်အတိုင်းအတာအထိ...

စောင့်ဆိုင်းခြင်း၊ ရှုတ်ချခြင်းတို့ဖြင့် လူမဆန်သော စစ်ဘေးနှင့် အရပ်သားပြည်သူ ကာကွယ်ရေးအပေါ် ဖြေရှင်းနိုင်ဖွယ်မရှိ

ပြီးခဲ့တဲ့လပိုင်းအတွင်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းထိုးစစ်အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုက စံချိန်တင် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေ လောင်မီးကျနေချိန်မှာပဲအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုလာခဲ့ပြီး လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ့အရေး ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်နှင့် လုပ်နိုင်စွမ်းအကန့်အသတ်

ကနဦးသုံးသပ်ချက် (အမှတ်-၄) ∎ ဖြစ်ရပ်အချက်အလက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်း (Prak Sokhonn) ကို တာဝန်ပေးလိုက်ကြောင်း ၂၀၂၂ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမယ့် ကမ္ဘောဒီးယားနိုင်ငံက ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်သစ် ပရက်ဆုက်ခွန်းဟာ သူ့အရင် တာဝန်ယူခဲ့တဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒါတို အီရီ ဝမ်ယူဆော့ဖ်...

တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီနှင့် မြန်မာနိုင်ငံ

တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်အကြောင်း ဖော်ပြခဲ့တဲ့ စက္ကူဖြူ စာတမ်းတစောင်ကို တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ခဲ့ပါတယ်။ အမေရိကန်က ဦးဆောင်ပြုလုပ်မယ့် ဒီမိုကရေစီထိပ်သီးညီလာခံ မစခင် ငါးရက်အလိုမှာ အဲဒီလို ထုတ်ပြန်ခဲ့တာပါ။

အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်း

ကနဦးသုံးသပ်ချက် (အမှတ်-၂) ဒီဇင်ဘာ ၁၀ ရက် မြန်မာ့အကြမ်းမဖက်လှုပ်ရှားမှု ∎ ဖြစ်ရပ်အချက်အလက် ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ မြန်မာပြည်တဝှမ်း အသံတိတ် သပိတ်မှောက်ကြပါတယ်။ မြေပြင်မှတ်တမ်းဓာတ်ပုံတွေအရ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု အားကောင်း တာ၊ လှုပ်ရှားမှုအောင်မြင်တာ တွေ့ရပါတယ်။ လှုပ်ရှားမှုရဲ့ ကြွေးကြော်သံက “ဆိတ်သုဉ်း နေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဆိုတာပဲဖြစ်ပါတယ်။...