CategoryMedia Room

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် သုံးသပ်ချက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်နေသည့် ခရီးစဉ် အခြေအနေနှင့် မြန်မာ – တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့သည့် DVB အယ်ဒီတာ စကားဝိုင်းကို ယနေ့ မွန်းတည့်ချိန်တွင် ရိုက်ကူးခဲ့ပြီး DVB Facebook စာမျက်နှာ၌ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP...

ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများနှင့် ရခိုင်အရေး

အာဆီယံ ထိပ်သီး အစည်းအဝေး အပါအဝင် ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများကို ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာတို့တွင် မကြာသေးမီ ရက်များအတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါ နိုင်ငံတကာ အစည်းအဝေးများ၌ ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားပေးမှု ကျဆင်းစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခဲ့သော အရာများနှင့် လုပ်ဆောင်သင့်သည့် အကြံပြု အကြောင်းအရာများအပေါ် ဆွေးနွေးခြင်းကို ...

ရွေးကောက်ပွဲ နှစ်နှစ်အလွန် ဘာတွေ ပြောင်းလဲပြီလဲ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိခဲ့ပြီး၊ ရွေးကောက်ပွဲ နှစ်နှစ်အလွန် ကာလ အပြောင်းအလဲများအပေါ် DVB သတင်းဋ္ဌာန၏ အပတ်စဉ် ကဏ္ဍဖြစ်သည့် အယ်ဒီတာ စကားဝိုင်း အစီအစဉ်တွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးမှုကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက DVB TV News ၏ Facebook စာမျက်နှာတွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ကာ စကားဝိုင်း၌ DVB သတင်းဋ္ဌာနမှ ဦးတိုးဇော်လတ်၊...

တရုတ်ကွန်မြူနစ် ပါတီညီလာခံ၏ အဖြေများနှင့် ပေးထားချက်အသစ်များ

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် အဓိက အချက်သုံးချက်ကို စောင့်ကြည့်ခဲ့ကြသည်။ ထိုသုံးချက်မှာ ရှီ၏အမည်ကို ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေတွင် ထည့်သွင်းခြင်း ရှိမရှိ၊ ညီလာခံမှ အသစ် ရွေးချယ်ထားမည့် ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်စာရင်းတွင် ၂၀၂၂ ခုနှစ် အလွန် ရှီ၏နေရာကို ဆက်ခံမည့်သူ ပါဝင်းခြင်း ရှိ မရှိ နှင့် ရှီကျင့်ဖိန်၏ လက်ရုံးတဦးဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းဆောင်...

၂၀၁၇ ခုနှစ်က ငြိမ်းချမ်းရေးနှစ်ဆိုတာ ဖြစ်လာမလား

” ငြိမ်းချမ်းရေး ဘယ်လောက်နီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်သေးလဲ” အစရှိသဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သော အယ်ဒီတာစကားဝိုင်း အစီအစဉ်ကို အောက်တိုဘာ ၂၈ ရက်တွင် DVB သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ အစီအစဉ်၌ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ်မှ အယ်ဒီတာ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးသည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။...

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်အပေါ် သုံးသပ်ခြင်း

ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်ကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် အစိုးရ မီဒီယာများက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ တင်ပြချက်အပေါ် သုံးသပ်ချက် အယ်ဒီတာ စကားဝိုင်း ဆွေးနွေးခန်းကို DVB သတင်းဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပြီး DVB TV News Facebook စာမျက်နှာမှ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ ထိုစကားဝိုင်းတွင် The Myanmar Quarterly...

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် သုံးသပ်ချက်

မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် သမ္မတဦးထင်ကျော်ထံ ပေးအပ်ခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး အားနည်းချက်၊ အာသာချက်များအပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား DVB သတင်းဌာနက မေးမြန်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ထုတ်လွှင့်ခဲ့ပါသည်။...

တိုက်ပွဲမှာညီ တိုက်ပွဲပြီးကွဲ ဘာကြောင့်လဲ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲကာလ ကရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေ လွတ်လပ်ရေးရပြီးတဲ့နောက် ပြိုကွဲသွားခဲ့သလို၊ ရှစ်လေးလုံး အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲကာလက ရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေဟာလည်း အခုအချိန်မှာ မှေးမှိန်နေတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ အဲဒီ စည်းလုံးညီညွတ်မှုတွေကို ဘယ်ပုံ ဘယ်နည်း...

ကိုယ့်နိုင်ငံရဲ့ ကိစ္စတွေကို ဘာဖြစ်လို့ နိုင်ငံတကာကိုထွက်ပြီးတော့ မရှင်းပြနိုင်ရတာလဲ

က

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ၏ ခရီးစဉ်အပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဂယက်ရိုက်ခဲ့သည့် အခြေအနေများအပေါ် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား Eleven Broadcasting မေးမြန်းပြီး ထုတ်လွှင့်ခဲ့သော အင်တာဗျူး ဖြစ်ပါသည်။

ရေကပ်ဘေး၊ ရေအကျပ်အတည်းနှင့် နိုင်ငံတော် ရေစီမံမှု

တလောက ထိုင်းနိုင်ငံထုတ်၊ ဘန်ကောက်ပို့စ် သတင်းစာမှာ ထိုင်းနိုင်ငံက ရေစီမံမှုသတင်းကို ဖတ်လိုက်ရပါတယ်။ ထိုင်းနိုင်ငံမှာ ရေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေက ဌာနပေါင်းစုံမှာ ဖြစ်နေကြတော့ ပူးပေါင်း ဆောင်ရွက်မှုအရ ပြဿနာ ရှိနေပါတယ်။ ဘန်ကောက်မြို့တော်နဲ့ ဒွန်မုအန် လေဆိပ်ကြီး ၂၀၁၁ ခုနှစ်မှာ ရေမြုပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကာလမှာ သူတို့က ပြန်ဆန်းစစ်လို့ ထိုင်းနိုင်ငံမှာ ရေစီမံခန့်ခွဲမှုအတွက်...