CategoryMedia Room

ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (Talk Show)

ဇူလိုင် ၈ ရက် (တနင်္ဂနွေ) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုလုပ်ခဲ့သည့် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ ပွဲဦးထွက်အစီအစဉ်တွင် စစ်ကိုင်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ၏ ကျောင်းအုပ်ကြီး အရှင် သောဘိတ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ သမိုင်းပညာရှင်နှင့် စာရေးဆရာ ဒေါက်တာ သန့်မြင့်ဦး၊ စာရေးဆရာမ ဂျူး၊ Myanmar...

သမ္မတသစ် ဦးဝင်းမြင့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ

နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေပြီ ဖြစ်သော သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံတော်တွင် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကျော်လွှားမည် ဆိုသော အချက်နှင့် ပတ်သက်သော ဆွေးနွေးခန်းကို MCN သတင်းဌာနက မတ် ၃၁ ရက်တွင် ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော...

သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း

သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အယ်ဒီတာ စကားဝိုင်းကို မတ် ၂၃ ရက်တွင် DVB ရုပ်သံက ရိုက်ကူး ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ အယ်ဒီတာ စကားဝိုင်းတွင် NLD ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ်မှ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ပါဝင်...

တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာ အစီရင်ခံစာ မိတ်ဆက်ပွဲ

ISP Myanmar မှ ထုတ်ဝေခဲ့သည့် “တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ” သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲနှင့် ဆွေးနွေးမှုများအား တည်းဖြတ် ဖော်ပြထားသော ဗီဒီယို ဖြစ်ပါသည်။
အဆိုပါ သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ Kafe in Town ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
 

၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှစ် ဖြစ်မလား

မွန်ပြည်သစ် ပါတီနှင့် လားဟူအဖွဲ့တို့က တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ထိုးမည်ဟု ကြေညာခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေး အလားအလာနှင့် ပတ်သက်သော အကြောင်းအရာများကို DVB အယ်ဒီတာ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်တွင် DVB ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး စကားဝိုင်း အစီအစဉ်၌ ဦးမောင်မောင်စိုး၊ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP...

သမ္မတ ဘယ်လိုလူမျိုး ဖြစ်သင့်လဲ

မကြာမီ ရွေးချယ်မည့် သမ္မတအသစ်နှင့် ပတ်သက်၍ ဘီဘီစီ မြန်မာပိုင်း သတင်းဌာန၏ မြန်မာ့အရေး၊ ကမ္ဘာ့အရေး အစီအစဉ်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးခန်းတွင် NLD ပါတီ၏ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ ဘီဘီစီ သတင်းဌာနမှ ဦးဘမော်တို့နှင့်အတူ ISP Myanmar ၏ ပြင်ပ ဆက်ဆံ ဆက်သွယ်ရေးဌာန၊ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ မတ် ၂၄ ရက်က ထုတ်လွှင့်ခဲ့သော ဆွေးနွေးခန်းကို...

တရုတ် စီမံကိန်းတွေကို ဘယ်လို ကိုင်တွယ်မလဲ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်၊ မြန်မာ – တရုတ် ဆက်ဆံရေး အခြေအနေနှင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် တရုတ် စီမံကိန်းများနှင့် ပတ်သက်၍ သတိပြုစရာ အချက်များ၊ ကြိုတင် ပြင်ဆင်သင့်သည်များ အပေါ် ဆွေးနွေးခဲ့ကြသည့် မျက်မှောက်ရေးရာ သုံးသပ်စရာ အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ခဲ့ပါသည်။ MCN သတင်းဌာနက...

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါလဲ

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်၏ အခန်းကဏ္ဍ မည်မျှ အရေးသနည်း ဆိုသော အကြောင်းအရာနှင့် ပတ်သက်သည့် DVB Debate အစီအစဉ်ကို ဒီဇင်ဘာ ၂ ရက်တွင် DVB သတင်းဌာနက ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်၌ စာရေးဆရာ ဦးဟိန်းလတ်၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးအေးမောင်ကျော် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး...

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် ဘာတွေ ထူးခြားမလဲ

နိုငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်က The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ် အယ်ဒီတာ ကိုနေထွန်းနိုင်အား ဒီဇင်ဘာ ၁ ရက်တွင် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်း ဖြေကြားချက် အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။