CategoryLatest Notes & Updates

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် သုံးသပ်ချက်

မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် သမ္မတဦးထင်ကျော်ထံ ပေးအပ်ခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး အားနည်းချက်၊ အာသာချက်များအပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား DVB သတင်းဌာနက မေးမြန်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ထုတ်လွှင့်ခဲ့ပါသည်။...

တိုက်ပွဲမှာညီ တိုက်ပွဲပြီးကွဲ ဘာကြောင့်လဲ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲကာလ ကရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေ လွတ်လပ်ရေးရပြီးတဲ့နောက် ပြိုကွဲသွားခဲ့သလို၊ ရှစ်လေးလုံး အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲကာလက ရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေဟာလည်း အခုအချိန်မှာ မှေးမှိန်နေတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ အဲဒီ စည်းလုံးညီညွတ်မှုတွေကို ဘယ်ပုံ ဘယ်နည်း...

ကိုယ့်နိုင်ငံရဲ့ ကိစ္စတွေကို ဘာဖြစ်လို့ နိုင်ငံတကာကိုထွက်ပြီးတော့ မရှင်းပြနိုင်ရတာလဲ

က

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ၏ ခရီးစဉ်အပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဂယက်ရိုက်ခဲ့သည့် အခြေအနေများအပေါ် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား Eleven Broadcasting မေးမြန်းပြီး ထုတ်လွှင့်ခဲ့သော အင်တာဗျူး ဖြစ်ပါသည်။

ရေကပ်ဘေး၊ ရေအကျပ်အတည်းနှင့် နိုင်ငံတော် ရေစီမံမှု

တလောက ထိုင်းနိုင်ငံထုတ်၊ ဘန်ကောက်ပို့စ် သတင်းစာမှာ ထိုင်းနိုင်ငံက ရေစီမံမှုသတင်းကို ဖတ်လိုက်ရပါတယ်။ ထိုင်းနိုင်ငံမှာ ရေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေက ဌာနပေါင်းစုံမှာ ဖြစ်နေကြတော့ ပူးပေါင်း ဆောင်ရွက်မှုအရ ပြဿနာ ရှိနေပါတယ်။ ဘန်ကောက်မြို့တော်နဲ့ ဒွန်မုအန် လေဆိပ်ကြီး ၂၀၁၁ ခုနှစ်မှာ ရေမြုပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကာလမှာ သူတို့က ပြန်ဆန်းစစ်လို့ ထိုင်းနိုင်ငံမှာ ရေစီမံခန့်ခွဲမှုအတွက်...

နန်းတော်တွင်းမှ သီအိုရီဆရာ၊ ကျရှုံးနိုင်ငံ ပြင်ဆင်ရေးနှင့် အစိုးရတစ်ရပ်၏ လုပ်ငန်းတာဝန် (၁၀) ခု

အာဖဂန်နစ္စတန် သမ္မတ အာရှရပ် ဂါနီ (Ashraf Ghani) အကြောင်းကို The New Yorker ဂျာနယ်မှာ ဖတ်ရတယ်။ သူက ထူးခြားတဲ့သူ၊ ဘာဖြစ်လို့လဲ ဆိုတော့ “ကျရှုံးနိုင်ငံများကို ပြန်လည်ပြင်ဆင်ခြင်း” (Fixing Failed States: A Framework for Rebuilding a Fractured World”) ဆိုတဲ့ စာအုပ်ကိုရေးခဲ့ဖူးတဲ့သူ၊ ကျရှုံးနိုင်ငံများအကြောင်းဆိုင်ရာ သိရှိကျွမ်းကျင် သူလို့လည်း ဆိုနိုင်တယ်။ သူ ကိုယ်တိုင်က...

ဆန်ရှင် အလွန်ကာလ စီးပွားရေး အလားအလာကောင်းတွေ ရှိနေ ပြီလား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က DVB Business Debate (စီးပွားရေး ဒီဘိတ် အစီအစဉ်) မှာ ဆွေးနွေးခဲ့ကြပါတယ်။ ပင်တိုင် ဆွေးနွေးသူတွေ အဖြစ် ကျနော်ရယ်၊ ကိုမောင်မောင် (ပြည်သစ်ညွန့်ဝေ) (CTUM) တို့ ဆွေးနွေးကြပါ တယ်။ စီးပွားရေး ဒဏ်ခတ် အရေးယူမှု (ဆန်ရှင်) တွေ ဖြစ်ပေါ်လာရတယ်၊ အကျိုးရယ် အကြောင်းရယ် ရှိပါတယ်။ အထူးသဖြင့် မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနဲ့ များစွာ ဆက်စပ်နေပါတယ်။ အကယ်၍ မြန်မာ အစိုးရ (စစ်အစိုးရ) က...