CategorySPECIAL FEATURES

ဦးကြည်မောင်နှင့် ပတ်သက်၍ မျှမျှတတ သုံးသပ် ဆင်ခြင်ကြည့်ခြင်း

ကျွန်တော် ဦးကြည်မောင်နှင့် တွေ့ခဲ့ရသည်မှာ ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးနောက် တစ်လနီးပါးအကြာတွင် ဖြစ်ပါသည်။ ဦးကြည်မောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရရှိရန် ထိန်းသိမ်းပဲ့ကိုင် တာဝန်ခံခဲ့ရသူ တစ်ဦးဖြစ်သော်လည်း ထိုအချိန် (၁၉၉၀ ပြည့်နှစ် ဇူလိုင်တွင်) က နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ပါတီ၏ အနှိုင်းမဲ့ ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင်...

ဦးကြည်မောင်၏ ခေါင်းဆောင်မှုနှင့် မဟာဗျူဟာ 

■ နိဒါန်း ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင် တည်ထောင်ခဲ့ကြတဲ့ ဦးဆောင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဦးဆောင်ခဲ့သူ၊ ၁၉၉၇ ခုနှစ်မှာ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် NLD ပါတီက နုတ်ထွက်သွားခဲ့သူ၊ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၁၃ နှစ် ပြည့်ပါပြီ။ ၁ ဦးကြည်မောင်နဲ့ ပတ်သက်ရင် သမိုင်းရှိတယ်။ သတ္တိရှိတယ်။...

ဦးကြည်မောင်အမှတ်တရ အထူးကဏ္ဍ

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းခြင်းကို ပျက်ပြားစေသည့် အကြောင်းတရားအဖြစ် စွပ်စွဲခံခဲ့ရသည့် ( Asiaweek မဂ္ဂဇင်း၌ ဖော်ပြခဲ့သော) ဦးကြည်မောင်၏ နုရင်ဘတ်ခုံရုံး အင်တာဗျူးနှင့် ဆက်စပ် အခြေအနေကို ဦးကြည်မောင်အား ကိုယ်တိုင်တွေ့ဆုံ မေးမြန်းခဲ့သူ သတင်းစာဆရာ ဒေါမနစ်ဖူလ်ဒါ၏ ပြန်ပြောင်းပြောဆိုချက်များနှင့် ထိုအချိန်က တွေ့ဆုံမေးမြန်းခဲ့ပြီး အပြည့်အ၀ ဖော်ပြခဲ့ခြင်း မရှိသည့် မူရင်းအင်တာဗျူး...

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ သဘောနှင့် နိုင်ငံရေးမှ စစ်တပ် ထွက်ခွာခြင်း

တင်မောင်သန်း ၁ ■ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကျွန်တော် တင်ပြမည့်ထောင့်ကို ဦးစွာပြောပါရစေ။ မတူသော ထောင့်အသီးသီးမှ ကိစ္စရပ်များကို မတူသော အမြင်အသီးသီးဖြင့် ရှုမြင်ကြရာတွင် တင်ပြသူ၏ ရှုထောင့်ကို သိထားမှသာ တင်ပြသူ၏ ဆိုလိုချက်များကို စာဖတ်သူက ချင့်ချိန်နိုင်ပါလိမ့်မည်။ ယခု တင်ပြချက်တွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy) ရှုထောင့်မှ ကျွန်တော် ရှုမြင်တင်ပြမည် ဖြစ်ပါသည်။...

ဒီမိုကရေစီသို့ သွားရာ လမ်းမထက်မှ အန္တရာယ်များနှင့် ဆူးညှောင့်ခလုတ်များ

အီဂေါ ဘလေဇ်ဗစ် ၁ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်၏ အလားအလာ မျှော်လင့်ချက်များနှင့် ပတ်သက်၍ နှိုင်းယှဉ် လေ့လာခြင်းဆိုင်ရာ ရှုထောင့်မှ တွေးဆကြည့်ခြင်း အီဂေါ ဘလာဇီဗစ် (Educational Initiatives) ယခု ဆောင်းပါးကို အပြုသဘော အကောင်းမြင်မှုများဖြင့် စလိုက်ချင်ပါသည်။ ၂၀၁၅ နိုဝင်ဘာ၌ ဒီမိုကရက်တစ် အတိုက်အခံများ၏ အောင်ပွဲသည် မြန်မာပြည်၏ ဒီမိုကရေစီသို့ သွားရာ လမ်းမထက်မှ အထင်ကရ အောင်မြင်မှုပင်...