Institute for Strategy and Policy – Myanmar

CategorySPECIAL FEATURES

လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေး မုန့်ဆီကြော်၊ နှုတ်ခမ်းနာနှင့် မဟာဗျူဟာမျှခြေ ရှာဖွေခြင်း

ဒီဆောင်းပါးဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်ကပြုလုပ်တဲ့ UNFC Stakeholders ဆွေးနွေးပွဲရဲ့ တင်ပြချက်အပေါ် အခြေခံရေးသားထားတာ ဖြစ်ပါတယ်။ ဒါဟာ အခြေအနေနဲ့ အပြန်အလှန်ဆွေးနွေးချက်တွေအပေါ် မူတည်ပြီး ဆက်လက်ဖြည့်စွက်ရေးသားရမယ့်စာမူ ဖြစ်ပါ တယ်။ ဆောင်းပါးခေါင်းစဉ်မှာ ဖော်ပြထားသလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးအရ သဘော တူချက် ရယူနိုင်မှုမရှိသေးဘဲ လုံခြုံရေးကဏ္ဍကို အပြီးအပြတ်ဧကန်သဘော ဆွေးနွေးကြမယ် ဆိုရင်...

တရုတ်၏ ကျက်သရေထိုးစစ်အား မဟာဗျူဟာယဉ်ကျေးမှုရှုထောင့်မှ ချဉ်းကပ်ကြည့်ခြင်း

တရုတ်နိုင်ငံ၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ သုတေသနစာတမ်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းတွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထို စာတမ်းတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာသော တရုတ်၏ လူထုဗဟိုပြု သံတမန် လှုပ်ရှားမှုများ၊ အစိုးရနှင့်ဆက်ဆံရေးအပြင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစုများ၊ အသိပညာရှင် အတတ်ပညာရှင်များကိုဦးတည်၍ ဆက်ဆံရေး...

လောကဓံနဲ့ အတူနေထိုင်နည်းကို လက်တွေ့သင်ပေးခဲ့သူ (သို့မဟုတ်) ဦးကြည်မောင်

လူတိုင်းလူတိုင်းဟာ အသက်ရှင် နေထိုင်တဲ့ ကာလတစ်လျှောက်မှာ လောကဓံတရားတွေနဲ့ အခါအားလျော်စွာ ရင်ဆိုင်ခဲ့ကြရမှာ အသေအချာပါပဲ။ အချို့လည်း လက်မြှောက် အရှုံးပေးသွားသလို၊ အချို့လည်း ရင်ဆိုင် ဖြတ်သန်းကြပါတယ်။ “ဘဝဟူသည် ခေါက်ရှာငှက်ပျံ လောကဓံ” ဆိုတဲ့ ဆိုးရိုးစကားတစ်ခု ရှိပါတယ်။ ခေါက်ရှာငှက် ဘယ်လိုပျံတယ် ဆိုတာကို မြင်ဖူးရင်တော့ သိပါလိမ့်မယ်။ ခေါက်ရှာငှက်ရဲ့ ပျံသန်းမှုပုံစံက အခြားငှက်တွေနဲ့မတူဘဲ နိမ့်လိုက်...

ရန်ကုန်နှင့် မန္တလေးမှ အပြောင်းအလဲများ

ရန်ကုန် ၊ ၃.၇.၁၉၉၀ အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲ ပေးနေသော်လည်း လူအများက လွယ်လွယ်ကူကူ မေ့ပစ်လိုက်ကြသည်။ ■ ဒေါမနစ် ဖူလ်ဒါ ရန်ကုန် – တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်မှာ အသက် ၅၀ ပင် မပြည့်သေးသော်လည်း ကမ္ဘာပေါ်ရှိ လျှို့ဝှက် ထောက်လှမ်းရေးသမားများအနက် လူသိအများဆုံးသူ တစ်ဦးဖြစ်နိုင်ပါသည်။ သူသည် ယနေ့အချိန်၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု...

၁၉၉၀ ပြည့်နှစ်အတွင်း ဦးကြည်မောင်အား တွေ့ဆုံမေးမြန်းခဲ့ပြီး အပြည့်အ၀ ဖော်ပြခဲ့ဖူးခြင်း မရှိသော မေးမြန်းချက် အပြည့်အစုံနှင့် ဆောင်းပါး

ဦးကြည်မောင်အား တွေ့ဆုံမေးမြန်းခဲ့ခြင်း ■ ဒေါမနစ် ဖူလ်ဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်ခဲ့သည့် ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီး ကြည်မောင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၌ ဒေါမနစ်ဖူလ်ဒါနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံ စကားပြောဖြစ် ခဲ့ပါသည်။ ထိုစဉ်က ဦးကြည်မောင်သည် ပါတီ၏ ယာယီ ခေါင်းဆောင်သဖွယ် ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀...

၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်ထုတ် Asiaweek မဂ္ဂဇင်း နိုင်ငံတကာရေးရာ စာမျက်နှာ-၂၈ ၌ ဖော်ပြခဲ့သော ဦးကြည်မောင်အား မေးမြန်းချက် အင်တာဗျူး

Asiaweek မဂ္ဂဇင်း၊ ၁၃-၇-၁၉၉၀၊ နိုင်ငံတကာရေးရာ စာမျက်နှာ-၂၈ ဦးကြည်မောင်နှင့် တွေ့ဆုံမေးမြန်းခြင်း “ကျွန်တော်တို့ မျှမျှတတ ဆောင်ရွက်ပါ့မယ်” ဗိုလ်မှူးကြီး ကြည်မောင်သည် ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ၊ လွတ်လပ်ရေးတိုက်ပွဲဝင် စစ်သည်တော်တစ်ဦးနှင့် သစ္စာရှိ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပါသည်။ ယခုအချိန်၌ အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးကြည်မောင်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရခိုက်...

ဦးကြည်မောင်နှင့် ပတ်သက်၍ မျှမျှတတ သုံးသပ် ဆင်ခြင်ကြည့်ခြင်း

ကျွန်တော် ဦးကြည်မောင်နှင့် တွေ့ခဲ့ရသည်မှာ ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးနောက် တစ်လနီးပါးအကြာတွင် ဖြစ်ပါသည်။ ဦးကြည်မောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရရှိရန် ထိန်းသိမ်းပဲ့ကိုင် တာဝန်ခံခဲ့ရသူ တစ်ဦးဖြစ်သော်လည်း ထိုအချိန် (၁၉၉၀ ပြည့်နှစ် ဇူလိုင်တွင်) က နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ပါတီ၏ အနှိုင်းမဲ့ ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင်...

ဦးကြည်မောင်၏ ခေါင်းဆောင်မှုနှင့် မဟာဗျူဟာ 

■ နိဒါန်း ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင် တည်ထောင်ခဲ့ကြတဲ့ ဦးဆောင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဦးဆောင်ခဲ့သူ၊ ၁၉၉၇ ခုနှစ်မှာ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် NLD ပါတီက နုတ်ထွက်သွားခဲ့သူ၊ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၁၃ နှစ် ပြည့်ပါပြီ။ ၁ ဦးကြည်မောင်နဲ့ ပတ်သက်ရင် သမိုင်းရှိတယ်။ သတ္တိရှိတယ်။...

ဦးကြည်မောင်အမှတ်တရ အထူးကဏ္ဍ

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းခြင်းကို ပျက်ပြားစေသည့် အကြောင်းတရားအဖြစ် စွပ်စွဲခံခဲ့ရသည့် ( Asiaweek မဂ္ဂဇင်း၌ ဖော်ပြခဲ့သော) ဦးကြည်မောင်၏ နုရင်ဘတ်ခုံရုံး အင်တာဗျူးနှင့် ဆက်စပ် အခြေအနေကို ဦးကြည်မောင်အား ကိုယ်တိုင်တွေ့ဆုံ မေးမြန်းခဲ့သူ သတင်းစာဆရာ ဒေါမနစ်ဖူလ်ဒါ၏ ပြန်ပြောင်းပြောဆိုချက်များနှင့် ထိုအချိန်က တွေ့ဆုံမေးမြန်းခဲ့ပြီး အပြည့်အ၀ ဖော်ပြခဲ့ခြင်း မရှိသည့် မူရင်းအင်တာဗျူး...

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ သဘောနှင့် နိုင်ငံရေးမှ စစ်တပ် ထွက်ခွာခြင်း

တင်မောင်သန်း ၁ ■ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကျွန်တော် တင်ပြမည့်ထောင့်ကို ဦးစွာပြောပါရစေ။ မတူသော ထောင့်အသီးသီးမှ ကိစ္စရပ်များကို မတူသော အမြင်အသီးသီးဖြင့် ရှုမြင်ကြရာတွင် တင်ပြသူ၏ ရှုထောင့်ကို သိထားမှသာ တင်ပြသူ၏ ဆိုလိုချက်များကို စာဖတ်သူက ချင့်ချိန်နိုင်ပါလိမ့်မည်။ ယခု တင်ပြချက်တွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy) ရှုထောင့်မှ ကျွန်တော် ရှုမြင်တင်ပြမည် ဖြစ်ပါသည်။...

Institute for Strategy and Policy – Myanmar