CategoryCOVER STORIES

အရပ်သား အစိုးရ၏ တစ်နှစ်တာကာလနှင့် မူဝါဒ လေ့လာသုံးသပ်ချက်

■ နိဒါန်း ၂၀၁၆ ခုနှစ် မတ်လမှာ အာဏာရလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရ တာဝန်ယူခဲ့တာ ၂၀၁၇ ခုနှစ် မတ်လမှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရ ဖြစ်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးမှာ မျှော်မှန်းသလောက် မရောက်ဖြစ်ခဲ့ရတာတွေ ရှိလာပါတယ်။ နိုင်ငံရေးအရ လူထုထောက်ခံမှုများ ရထားတဲ့ NLD အစိုးရဟာ ဘာကြောင့် မူဝါဒ အကောင်အထည်ဖော်ရာမှာ ရှေ့မရောက်နိုင် ဖြစ်ရတယ်ဆိုတာကို...

အကူးအပြောင်းများ၊ အသွင်ကူးပြောင်းခြင်းများနှင့် အဆုံးအဖြတ်ကာလကို ရောက်ရှိနေသည့် မြန်မာနှင့် ရှေ့ရေး

■ ၁။ နိဒါန်း ကမ္ဘာ့ဘဏ်နှင့် အခြားသော အလှူရှင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်များအတွင်းက အကူးအပြောင်း သုံးခု စတင်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ ယင်းတို့မှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း၊ စစ်ပွဲများမှ ငြိမ်းချမ်းရေးသို့ အကူးအပြောင်းနှင့် ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ အကူးအပြောင်းတို့ပင် ဖြစ်ကြပါသည် (World Bank, 2012)။...

အသွင်ကူးပြောင်းရေးကာလ မြန်မာ့ စီးပွားရေးနှင့် ငြိမ်းချမ်းရေး အကျပ်အတည်းအတွက် အဖြေ တရုတ်ဆီမှာ ရှိသလား

နိုင်ငံတစ်နိုင်ငံ၏ အသွင်ကူးပြောင်းမှုကို လေ့လာရာတွင် ပြည်တွင်းရှိ နိုင်ငံရေးမျှခြေများ၊ မူဝါဒ အကောင်းအဆိုးများအား လေ့လာသုံးသပ်ခြင်းသည် အရေးပါသကဲ့သို့ ပြင်ပ အချင်းအရာများ ဖြစ်သော ပထဝီနိုင်ငံရေး၊ အိမ်နီးချင်းများကိုလည်း လုံး၀ လျစ်လျူရှုထား၍ မရပါ။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အတူ သူ၏ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ရှိ အခန်းကဏ္ဍသည် တစ်စထက်တစ်စ အရေးပါလာသည်။ ကမ္ဘာ့ရေးရာများကို သုံးသပ်ရာတွင်...

ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား

(၁) ဤဆောင်းပါးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြင်ပ ကိစ္စများဖြစ်သည့် ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားပြဿနာ ရှုထောင့်များမှ ချဉ်းကပ်ထားသည်။ အခြားသုံးသပ်သူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်၊ ဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၊ ပစ်ခတ်တိုက်ခိုက်မှု...

ရက်စက် ယုတ်မာမှုများကို တုံ့ပြန်ခြင်း

မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ချိန်သည် စစ်အေးတိုက်ပွဲ အဆုံးသတ်ခါနီး အချိန်ကာလ ဖြစ်သည်။ ကမ္ဘာတစ်လွှားတွင်လည်း အသွင်ကူးပြောင်းမှုများ အလျင်အမြန် ပေါ်ပေါက်နေချိန် ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၌ ဘာလင်တံတိုင်းကြီးလည်း ပြိုကျသွားပြီ ဖြစ်သည်။ ကျန်သည့် အရှေ့ဥရောပ နိုင်ငံများမှာလည်း အသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေဆဲပင် ဖြစ်ပါသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်း၌...

Transition စမှတ်နှင့် အောင်မြင်မှု

T

မြန်မာ့အသွင်အကူးအပြောင်း စမှတ်ယူပုံပေါ် မူတည်ပြီး အောင်မြင်မှု၊ ကျရှုံးမှု၊ သွားမည့် လမ်းကြောင်းတို့ကို တွက်နိုင်ပါသည်။ “Transition ဘယ်ကစ”  သည်ကို သတိထားနိုင်လျှင် “Transition ဆုံးအောင်”  တစ်နည်း အောင်မြင်အောင် ပိုဆောင်ရွက်နိုင်မည်။ Transition သည် ၁၉၈၈ ခုနှစ် လှုပ်ရှားမှုကြီးအပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာစွန့်အပြီးတွင် စတင်သလား။ အဆင့် ခုနစ်ဆင့်ပါသော လမ်းပြမြေပုံ ခုနစ်ချက်...

ဘဏ္ဍာရေး လိုငွေပြမှုနှင့် ကုန်သွယ်ရေး လိုငွေပြမှု (Budget Deficit and Trade Deficit)

ယနေ့ မြန်မာနိုင်ငံ စီးပွားရေးတွင် ဘဏ္ဍာရေးလိုငွေပြမှု (Budget Deficit) ပြဿနာနှင့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) ပြဿနာကို အဓိကထား ထောက်ပြကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ သေးငယ်သော တံခါးဖွင့် စီးပွားရေး (Small Open Economy) နိုင်ငံ၊ အသွင်ကူးပြောင်းစနိုင်ငံ (Transitional Economy)၊ စက်မှုကဏ္ဍများ မဖွံ့ဖြိုးသေးသောနိုင်ငံ (Undeveloped Economy) တစ်နိုင်ငံအနေဖြင့် (လက်တွေ့ကျကျ ကြည့်ပါက)...

အသွင်ကူးပြောင်းမှုများ အောင်မြင်ခြင်း၊ နောက်ပြန်ခြင်း အကြောင်းချင်းရာများနှင့် မြန်မာနိုင်ငံအတွက် မူဝါဒရေးရာ အဆိုပြုချက်များ

ကျွန်တော်က ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူ။ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်တော်မပြန်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မ၍ အပြောင်းအလဲများ ဖန်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြည်ပရောက်နေသူများ အိမ်ပြန်နိုင်ရေး ဖိတ်ခေါ်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံအတွင်း၌လည်း ပြုပြင်ပြောင်းလဲမှုအချို့ စတင်ဆောင်ရွက်နေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်သို့...

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦး အဆိုပြုချက်များ

မင်းဇင် ၁ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးဖြေလျော့မှု နောက်ပိုင်း ထူးခြားချက် တစ်ခုကတော့ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းခဲ့ချိန်ကစလို့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု ပြိုကွဲခွဲထွက်ရေး ထပ်တူပြုထားတဲ့ အမြင်ဟာ အားနည်းသွားတာပါပဲ။ ဖက်ဒရယ်ဟာ နိုင်ငံရေးအရ တားမြစ်ချက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ကို ဘယ်လို အနက်ကောက်မလဲ ဆိုတာကတော့ အင်အားစု အသီးသီးကြားမှာ အငြင်းအခုန် ဝိဝါဒပွားစရာ ဖြစ်နေဆဲပါ။ အားရစရာ တစ်ခုကတော့...

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်

ကိုရဲ ၁ ■ ၁။ မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်အတွင်းမှ ဖက်ဒရယ်ဝေါဟာရ ၁၉၄၉ ခုနှစ် ဇွန် ၁၇ ရက်က ကျင်းပခဲ့တဲ့ တိုင်းပြည်ပြု လွှတ်တော်မှာ ဖာပွန်မဲဆန္ဒနယ်အမတ် စောဝီရီကျော်က ဗမာပြည်ထောင်စု နိုင်ငံတော်ကို အင်္ဂလိပ်ဘာသာနဲ့  Union of Burma လို့ ဆိုရာမှာ ဇဝေဇဝါဖြစ်စေတဲ့အတွက် ပြည်ထောင်စု ဆိုတာကို Federal Union of Burma လို့ ခေါ်ရင် အဓိပ္ပာယ် ပိုရှင်းမယ်ဆိုတဲ့အကြောင်း ဆွေးနွေး တင်ပြခဲ့ပါတယ် (“တိုင်းပြည်ပြု...