CategoryCOVER STORIES

နိုင်ငံသားတိုင်း ကျန်းမာရေး သာတူညီမျှ လွှမ်းခြုံပေးရန် (Universal Health Coverage) မြန်မာလျှောက်ရမည့်လမ်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ Universal Health Coverage (UHC) ဆိုသည့်စကားလုံးကို ဆီလျော်အောင် မြန်မာမှုပြုထားခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အလိုအရ UHC ဆိုသည်မှာ လူသားအားလုံး လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ငွေကြေးအခက်အခဲ တစုံတရာမရှိဘဲ (ရောဂါကြောင့် ကျန်းမာရေးစရိတ်ထောင်းပြီး မွဲပြာကျရခြင်း၊ ကျန်းမာရေးစရိတ်ကြောင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ အလုပ်သမားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ

သုတေသန အကျဉ်းအလုပ်သမားများ၏ အခန်းကဏ္ဍသည် နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးရေးကို အထောက်အပံ့ပေးရာ၌ အခရာကျလှသောကြောင့် အလုပ်သမားများ၏ အခွင့်အရေးများကို အသိအမှတ်ပြုရန်မှာလည်း အလွန်အရေးကြီးသည်။ လက်ရှိတွင် အလုပ်သမား အခွင့်အရေးများမှာ အစိုးရ၏ အသိမှတ်ပြုမှု နည်းပါးသကဲ့သို့ အလုပ်ရှင်များကလည်း အစိုးရကချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် စိတ်ဝင်စားမှုမရှိသလောက် နည်းပါးလှသည်။ မြန်မာနိုင်ငံ၏...

လုပ်ငန်းရှင်လား၊ သားကောင်လား စီးပွားရေးဖွံ့ဖြိုးမှုနှင့် အခြေခံအလွှာမှ အမျိုးသမီးတို့ဘဝ

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် နိုင်ငံရေး အသွင်ကူးပြောင်းခြင်းဖြစ်စဉ်နှင့်အတူ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း မူဝါဒများ ပြောင်းလဲလာကြသည်။ ကုန်သွယ်ရေးမူဝါဒများ ဖြေလျှော့ပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေခြင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်ရာတွင် အမျိုးသမီးတို့၏ ဝင်ငွေနှင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင်ပေးရန် (women’s...

ကွင်းဆက်ပြတ်နေသောချိတ်ဆက်မှု- အသွင်ကူးပြောင်းရေးကာလ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ဆင်းရဲနွမ်းပါးသူဦးစားပေးမူ The Missing Links: Myanmar’s Economic Reforms in transition and Pro-Poor Growth

က

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဆွေးနွေးကြတိုင်း ဗဟိုချုပ်ကိုင်မှုစနစ်အောက် ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲ ချမ်းသာ တဖက်စောင်းနင်းဖြစ်ခဲ့သော လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကို မေ့ထားလို့မရနိုင်ပါဘူး။ပြည်သူလူထုရဲ့ ကြီးမားတဲ့ စားဝတ်နေရေး အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွေက မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသမိုင်းအတွက်...

လူမှုတရားမျှတရေး ကွဲပြားခြားနားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သာနာညီမျှမှုကို ရှာဖွေခြင်း

အဖွင့်၁၉ ရာစုနှောင်းပိုင်းက အင်္ဂလိပ်ခရီးသွားတွေရေးတဲ့ မြန်မာပြည် ခရီးသွားလမ်းညွှန် စာအုပ်တွေကို ကောက်လှန်လိုက်ရင် ဒီတိုင်းပြည်ဟာ ဖွံ့ဖြိုးမှုနောက်ကျတယ် ဆိုဦးတော့ ဗြိတိသျှအင်ပါယာထဲက အေးငြိမ်းသာယာ ကွန်းခိုစရာပဲလို့ လည်ချင့်စဖွယ် ဖတ်ကြရလိမ့်မယ်။ အိန္ဒိယကနေရန်ကုန်အလာ သင်္ဘောဆိုက်လို့ သစ်သားကုန်းပေါင်ထိုးတံတားပေါ်ကနေ ရန်ကုန် မြေကို ခြေချလိုက်တာနဲ့ စိတ်သက်သာရာရစေမယ်။ အိန္ဒိယနိုင်ငံ...

အလှည့်အပြောင်းတစ်ခု လိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

၂၀၁၆ ခုနှစ်တွင် NLD အရပ်သားအစိုးရ တက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုင်းပြည်အတွက် အဓိက အရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် ဌာနများ၊ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အရှိန်မြှင့်၍ လုပ်ဆောင်ခဲ့သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား အစိုးရသစ် တက်ပြီး ငါးလ အကြာတွင် ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံတွင်...

အရေးနိမ့်ဒီမိုကရေစီ အပြောင်းအလဲ – Failed Democratization

■ နိဒါန်း ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဒီမိုကရက်များအတွက် မျှော်လင့်ချက်များ မြင့်မား ရှင်သန်နေသော “ရွှေခေတ်” ဟု ဆိုနိုင်ပါလိမ့်မည်။ ၁၉၇၄ ခုနှစ် ပေါ်တူဂီနိုင်ငံမှ စတင်ခဲ့သော ဒီမိုကရေစီ လှိုင်းကြီးမှာ အာရပ်ကမ္ဘာမှလွဲ၍ တစ်ကမ္ဘာလုံးအနှံ့ ပြန့်နှံ့သွားခဲ့ရာ ဟားဗတ်ပါမောက္ခ ဆမ်မျူရယ်(လ)ဖီ ဟန်တင်တန် (Samuel P. Huntington) က “ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း” ဟု သတ်မှတ် ပေးခဲ့သည်။ ဆိုခဲ့ပါ...

ဒွိစုံလောကနှင့် အားကြီးသူတို့၏အမှန်တရား (Social Darwinism in Dichotomous World)

စာရေးသူဟာ အခြေခံမိသားစုဘဝက ပေါက်ဖွားလာခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေမှာ ပျော်မွေ့ခဲ့ရတာမို့ သူဌေးတွေး မတွေးတတ်ပါ။ ဆည်းပူးခဲ့တဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်းခွင့်ကို ရခဲ့ရတဲ့အတွက် ထိုက်သင့်တဲ့ ဘဝအခြေအနေတစ်ခုမှာ သက်သောင့်သက်သာ နေထိုင်ခွင့်ကို ရနေပေမဲ့ စဉ်းစားသမျှ၊ လုပ်သမျှဟာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝအမြင်တွေအပေါ်မှာ အခြေခံပါတယ်။ ကိုယ် ကိုယ်တိုင် ဆင်းရဲနွမ်းပါးတဲ့ဘဝကို ပညာအခြေပြုလို့...

တရားဥပဒေ စိုးမိုးရေး – ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများ၏ ရှင်းလင်းသော မျှော်မှန်းချက်၊ နိုင်ငံရေးအာသီသနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်

ရက်ပေါင်း ၁၀၀၊ တစ်နှစ်၊ ငါးနှစ် စသဖြင့် တရားဥပဒေစိုးမိုးမှု ထမြောက် အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ အချိန်မည်မျှ လိုအပ်ပါသနည်း။ ၂၀၁၆ ခုနှစ် အောက်တိုဘာလထုတ်၊ Myanmar Quarterly တွင် ရေးသား ဆွေးနွေးခဲ့ဖူးသည့်အတိုင်း NLD အစိုးရက ခံယူ သဘောပိုက်ထားသည့် “တရားဥပဒေစိုးမိုးမှု” နှင့်ပတ်သက်၍ များစွာ မရှင်းလင်းလှပါ။ Prasse-Freeman ထောက်ပြ ပြောဆိုခဲ့သည်မှာ အတိုက်အခံဘဝတွင်...

မြန်မာ့အသွင်ကူးပြောင်းရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမည့် ကိစ္စတစ်ခု ဖြစ်သည်။ ယခုဆောင်းပါးတွင် ၂၀၁၆ ခုနှစ် မတ်လကို အစပြု၍ အသွင်ကူးပြောင်းရေးကာလ တစ်နှစ်ကျော် အချိန်အတွင်း အစိုးရနှင့် တပ်မတော်အကြား ဖြစ်ပေါ်နေသည့် အခြေအနေများကို အကျဉ်းချုံ့ တင်ပြမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်ကို ဥပဒေအရ အာဏာ တစ်စိတ်တစ်ပိုင်း...