BRI မှာ မြန်မာဘက်က အဆိုပြုတဲ့ စီမံကိန်းတွေ ပါဝင်ဖို့လိုပါတယ်

B

တရုတ်နိုင်ငံ၏ ခါးပတ်ကွင်း လမ်းတစင်း (BRI) အစီအစဉ်ကို မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ရာ၌ မြန်မာအစိုးရဘက်က အဆိုပြုသော စီမံကိန်းများ ပါဝင်ရန် လိုအပ်ကြောင်း ISP-Myanmar ၏ China Desk တာဝန်ခံ မခင်ခင်ကျော်ကြီးက ပြောကြားခဲ့သည်။

ဧပြီ ၂၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံမှုအပြီး ထွက်ရှိခဲ့သည့် သတင်းထုတ်ပြန်၌ ပါဝင်ခဲ့သော အကြောင်းအရာများအပေါ် MCN သတင်းဌာနက သီးသန့်ပြုလုပ်သည့် ဆက်သွယ်မေးမြန်းခန်း အစီအစဉ်တွင် မခင်ခင်ကျော်ကြီးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ မခင်ခင်ကျော်ကြီးသည် ISP-Myanmar ၏ China Desk တာဝန်ခံဖြစ်သည့် အပြင် တရုတ်ရေးရာ သုတေသနများကို အစဉ်တစိုက် လုပ်ဆောင်နေသူ ဖြစ်ပါသည်။

BRI မှာ မြန်မာဘက်က အဆိုပြုတဲ့ စီမံကိန်းတွေ ပါဝင်ဖို့လိုပါတယ်

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment