AuthorKo Tar

ကိုတာသည် မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) အဖွဲ့ဝင်တဦး ဖြစ်ပြီး ထင်ရှားသော စာရေးဆရာဖြစ်သည်။

မော်ဒန်ခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေ ဘာလုပ်သင့်သလဲ

အချီး လူမှာ ရုပ်နဲ့နာမ် ရှိတယ်။ ဗုဒ္ဓဘာသာဟာ နာမ် (ဝါ) စိတ်ကိုဟောတဲ့ တရားပဲ။ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲရေးတရား မဟုတ်ဘူး။ သို့သော် ခက်နေတာက အဲဒီနှစ်ခုမှာ ထိုဟာက ဘယ်မှာဆုံးပြီး ဤဟာက ဘယ်မှာစတာလဲ။ ဘာသာတရားရယ်လို့ အမည်တပ်ပြီး အကြမ်းဖက်ခြင်းများ ကျူးလွန်နေကြတဲ့ ခေတ် ကာလ၊ ထိုကာလကြီးထဲမှာ ဘာသာရေးသွေးခုန်ခြင်းရဲ့ မည်းမှောင်တဲ့ဘက်ခြမ်းကို ဘာသာရေး အဖွဲ့အစည်းဟာ မိမိအလိုအလျောက် ပြုပြင်ပြောင်းလဲနိုင်မလား။...

ဦးကြည်မောင် ဘာသာပြန်

(အကျဉ်းချုပ် – ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း၊ “လေးအတတ်နှင့် ဉာဏ်အထူး” ၊ “ပန်းအတတ်နှင့် ဉာဏ်အထူး” စာအုပ်များအကြောင်းနှင့် ထိုစာအုပ်များကို ဘာသာပြန်ပုံ နမူနာ မြည်းစမ်းစရာများ။ဘာသာပြန်ခြင်းနှင့် စပ်လျဉ်းသော အယူအဆများ။ ဘာသာပြန်ရာ၌ သစ္စာရှိသည် ဟူသည်မှာ ဘာလဲ။ ဆရာဇော်ဂျီ၊ ဦးခင်ဇော်တို့၏ ဘာသာပြန်ပုံ နမူနာများ၊ သူတို့ အယူအဆများနှင့် တိုက်ကြည့်သော် ဦးကြည်မောင်၏ လက်ရာမှာ ဘာသာပြန်ကောင်း ဖြစ်သည်) ■ အချီး...

ဒီမိုကရေစီဟာ ဆွေးနွေး တိုင်ပင်ကြခြင်း ဖြစ်သည် 

ကိုတာ ၁ ၁။       ဆွေးနွေး တိုင်ပင်ကြပြီး တိုင်းပြည်ကို တည်ဆောက်ကြရတာပါပဲဟု ပြောလျှင် မှားမည်မထင်။ ဒီမိုကရေစီ တိုင်းပြည်များမှာ ဖြစ်သည်။ ဒီမိုကရေစီဟာ ဆွေးနွေးတိုင်ပင်ခြင်းပဲ democracy is a discussion ဟူသော စကားရှိပါသည်။ သို့သော် ဘယ်လို တိုင်ပင်ဆွေးနွေးမလဲ။ ၂။       တချို့က တွန်းတဲ့နည်း (Push) ကို သုံးကြသည်။ အီလိတွေ၌ “အနာဂတ်ကတော့ဖြင့် ဒီလိုပဲဖြစ်သင့်တယ်” ဟူသော အတွေးအခေါ် အိုင်ဒီယာတစ်ခု...

လူထုလှုပ်ရှားမှုနှင့် ဘောင်ခတ်ခြင်း (Framing) 

လူထုလှုပ်ရှားမှုနှင့် ဘောင်ခတ်ခြင်း (Framing)  ကိုတာ ၁ ၁။       ဧပြီ ၂၀၁၆၊ တောင်ကြီး ပညာရေးဆွေးနွေးပွဲ၌ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER) က ကြေညာချက်တစ်ခု ထုတ်သည်။ ပထမအပိုဒ်၌ အောက်ပါအတိုင်း ပါသည်။ “ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်သည် ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် တန်းတူရည်တူ လွတ်လပ်စွာ ဆောင်ရွက်သော...