AuthorISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်နှင့် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှု

ISP-Myanmar က စုစည်းထားတဲ့ မြန်မာ – တရုတ်ဆက်ဆံရေး ရက်စဉ်မှတ်တမ်းကို အခြေခံပြီး ဒီကာလအတွင်း အာရုံစိုက်စရာဖြစ်ရပ်တွေကို ဖော်ပြပါမယ်။ စစ်ကောင်စီက သူ့သက်တမ်းကို နောက်ထပ်ခြောက်လ တိုးခဲ့သလို ရွေးကောက်ပွဲလုပ်နိုင်ရေးကိုလည်း ပထမဦးစားပေး လုပ်ငန်းစဉ်အဖြစ် ပြောင်းလိုက်ပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် ဖြစ်မြောက်စေဖို့ တရုတ်နိုင်ငံဘက်က ကူညီပံ့ပိုးတာတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။

ခြောက်လအတွင်း နေအိမ်အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ခံရ

၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံအနှံ့ နေအိမ်နဲ့ အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာတော့ လက်နက်ပဋိပက္ခနဲ တိုက်ပွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်း နေအိမ်၊အဆောက်အအုံ မီးရှို့ ဖျက်ဆီးခံရမှု အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်မှုကွာဟချက် နှစ်ဆမြင့်တက်

စစ်ကောင်စီနဲ့ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ ထုတ်ပြန်ချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး ကွာဟချက်ဟာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးအထိ ရှိပါတယ်။

မိုခါအလွန် ထူထောင်ရေး နှောင့်နှေးနေဆဲ

မြန်မာနိုင်ငံကို မိုခါ ဆိုက်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့တာ နှစ်လကျော်ရှိသွားပါပြီ။ ဒါပေမဲ့ မုန်တိုင်းအလွန် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကတော့ နှောင့်နှေးနေဆဲ ဖြစ်ပါတယ်။​I​​SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ မိုခါအလွန် ပြန်လည်ထူထောင်ရေးဆိုင်ရာ အခြေအနေတွေကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

ခြောက်လတာအတွင်း နေအိမ်အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ခံရ

စစ်အာဏာသိမ်းအလွန် နှစ်နှစ်ကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) စုစုပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။ ဒီပမာဏထဲက ၃၀ ရာခိုင်နှုန်းနီးပါး (၂၄,၁၃၈ လုံးထက်မနည်း) ဟာ ၂၀၂၃ ခုနှစ် ခြောက်လအတွင်း ဖြစ်ခဲ့တာပါ။

သတိပြုရမည့် နိုင်ငံရေးစတိုရီဇာတ်ကြောင်း

I​​SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်း တွေ့ခွင့်ရခဲ့ပြီးနောက်ပိုင်း သတိပြုရမယ့် နိုင်ငံရေးစတိုရီဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။ နှစ်ရှည်ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်း တွေ့ခွင့် ရခဲ့ပြီးနောက်ပိုင်း ဆက်စပ်အခြေအနေတွေအပေါ် ISP...

အခြေမခိုင် စီးပွားရေး

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာ့စီးပွာရေးဟာ ဂျီဒီပီ သုံးရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းပေမယ့် ဒါဟာ အခြေမခိုင်သေးတဲ့ နာလန်ထမှု (Fragile Recovery) အဖြစ်ပဲ ရှိနေပါလိမ့်မယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာတော့ လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

ရှေ့တန်းပြန်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ

နှစ်ရှည်ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က နေပြည်တော်မှာ တွေ့ခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်း (Don Pramudwinai) က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုပါတယ်။

လုံခြုံရေး၊ သံတမန်ရေးတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းမှု ပိုလုပ်လာ

ISP-Myanmar က စုစည်းထားတဲ့ မြန်မာ – တရုတ်ဆက်ဆံရေး ရက်စဉ်မှတ်တမ်းကို အခြေခံပြီး ဒီကာလအတွင်း အာရုံစိုက်စရာဖြစ်ရပ်တွေကို ဖော်ပြပါမယ်။ စစ်ကောင်စီ ထိုးစစ်ဆင်နေချိန်မှာပဲ ဆဒုံး – ကန်ပိုက်တီလမ်းပိုင်းမှာ တရုတ်အရာရှိတွေ လိုက်ပါလာတဲ့ ယာဉ်တန်း ပစ်ခတ်ခံခဲ့ရပါသေးတယ်။

တရုတ်စီမံကိန်းများ အနီးတဝိုက် တိုက်ပွဲဖြစ်မှု ထက်ဝက်ကျော်လျော့ကျ

အာဏာသိမ်းမှုအလွန် တနှစ်ကျော်မှာ တရုတ်စီမံကိန်းတွေ အနီးတဝိုက် တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့ကျသွားပါတယ်။ I​​SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြောင်းအရာတွေကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။