AuthorISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

နှစ်လခွဲအတွင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၃၃၀ ကျော် ဖြစ်ပွားခဲ့

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ ၂၀ အတွင်းမှာ နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၃၃၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာ ကာလအတွင်း နိုင်ငံအနှံ့က လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဥ်တွေရဲ့ အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။

နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီလဝက်အထိ နိုင်ငံတဝန်းက နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာကာလအတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်တွေအကြား နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေတွေကို အချက်အလက်အခြေပြုပြီး ပိုင်းခြားဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက် အထိ)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ...

နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) ၅၇,၈၀၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အာဏာသိမ်းမှုအလွန် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းသစ်သုံးသွယ်

အာဏာသိမ်းမှုအလွန် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ချိတ်ဆက်တဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လမ်းသစ် သုံးသွယ် ပေါ်ထွက်လာပါတယ်။ I​​SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းအချင်းရာကို အချက်အလက် အခြေပြုပိုင်းခြားဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၈,၀၀၀ ‌ကျော် ဖြစ်ခဲ့

စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာကာလအတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၈,၀၀၀ ကျော် ဖြစ်ခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာကာလအတွင်းက လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

တနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ၈၀ ရာခိုင်နှုန်းနီးပါးတိုးလာ

၂၀၂၂ ခုနှစ်အတွင်းမှာ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေဟာ ၈၀ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာကာလအတွင်းက လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းသစ် သုံးသွယ်

လမ်း ကြောင်းသစ်တွေဟာ အရင်က တရုတ်နိုင်ငံရဲ့ ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ထဲမှာ ပါဝင်ခြင်း မရှိတဲ့ အစီအမံတခု ဖြစ်ပြီး တရုတ်နိုင်ငံရဲ့အနောက်ဘက်က ပြည်နယ်တွေ သမုဒ္ဒရာ ထွက်ပေါက်ရရေး၊ ဒေသတွင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ရေးတွေမှာ မြန်မာနိုင်ငံကို ဗဟိုပြုပြီး လည်ပတ်တဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။

တရုတ်-မြန်မာဆက်ဆံရေး နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ထူးခြားချက်များ

တရုတ်-မြန်မာ ဆက်ဆံရေး ဖြစ်စဉ် ဖြစ်ရပ်များစွာထဲမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း အာရုံစိုက်စရာ ဖြစ်စေတဲ့ ဖြစ်ရပ်ငါးခုရှိပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စု မှာ ဒီအကြောင်းအချင်းရာတွေက ဘာကြောင့် အလေးပေးအာရုံစိုက်စရာဖြစ်တယ်ဆိုတာကို ဖော်ပြသွားပါမယ်။

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါး ရှိလာ

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီကာလနှစ်ရပ်စလုံးမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်ပစစ်ပြေးဒုက္ခသည်တွေကလည်း ၁,၀၀၉,၁၉၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံ့လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်း နီးပါး...