၂၀၂၁ ခုနှစ် ဇူလိုင်လအထိ သိရတဲ့ တရားဝင် စာရင်းတွေအရ မြန်မာ-တရုတ် ကုန်သွယ်မှုဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလနဲ့ ယှဉ်ရင် ၁၃ ဆ နီးပါး ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် အဖြစ် ဆက်ရှိနေပြီး၊ မြန်မာ့ ပြည်ပကုန်သွယ်မှု စုစုပေါင်းရဲ့ သုံးပုံတပုံကျော်ဟာ တရုတ်နဲ့ ကုန်သွယ်မှု ဖြစ်ပါတယ်။