နောက်ဆုံးသိရတဲ့ တရားဝင် စာရင်းတွေအရ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၄ ခုရှိတဲ့အထဲက ၁၁ ခုမှာ ကုန်သွယ်မှု ဆက်လက် ကျဆင်းနေပါတယ်။ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းတခုဖြစ်တဲ့ မူဆယ်စခန်းမှာ ဆိုရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ကျဆင်းခဲ့ပါတယ်။ တာချီလိတ် စခန်းမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ကျခဲ့ပေမဲ့ မြ၀တီစခန်းမှာတော့ အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော် တက်လာပါတယ်။ အခု ဖော်ပြထားတဲ့ အတက်အကျတွေဟာ အာဏာမသိမ်းခင် ခြောက်လနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လကို နှိုင်းယှဉ်ထားတာ ဖြစ်ပါတယ်။