Institute for Strategy and Policy – Myanmar

မြန်မာနိုင်ငံမှ ဒီမိုကရက်တစ် အပြောင်းအလဲအတွက်နိုင်ငံရေး လှုပ်ရှားပြောင်းလဲမှုတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး နည်းနာအယူအဆများကို အသုံးပြုခြင်း-၁၉၈၈ မှ ၂၀၁၁ အထိ အတွေ့အကြုံများ

၁။ နိဒါန်း
ယခုဆောင်းပါးမှာ မြန်မာနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာ အယူအဆ များကို ယခင်ကတည်းက အသုံးပြုခဲ့ခြင်းအား ဆန်းစစ်လေ့လာ တင်ပြထားခြင်းဖြစ်ပါသည်။ ထို့အပြင် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း တက်ကြွလှုပ်ရှားသူများက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆများကို မည်သို့ ချမှတ်ကျင့်သုံးခဲ့ကြောင်းနှင့် လူ့အခွင့် အရေးသုတေသန၊ စာအုပ်စာတမ်း ရေးသားပြုစုဖော်ပြခြင်း၊ လူ့အခွင့်အရေး ထောက်ခံအားပေးမှု တို့ အပါအဝင် ဒီမိုကရက်တစ် နိုင်ငံရေးနှင့် လူမှုရေး အပြောင်းအလဲများကို ရရှိအောင်မြင်နိုင်ရန် ရုန်းကန်လှုပ်ရှားခဲ့ရပြီး နည်းဗျူဟာများကို ချဲ့ထွင်ဆောင်ရွက်ခဲ့ရသည့် အကြောင်းကိုလည်း ဖော်ပြထားပါသည်။
မြန်မာနိုင်ငံ၏ ခုခံတော်လှန်မှုမှာ ရှည်လျားလှသည့် သမိုင်းကြောင်းရှိသော်လည်း ၁၉၈၈ ခုနှစ်မှာမူ တိုင်းပြည်၏သမိုင်းတွင် အရေးပါသော လမ်းဆုံလမ်းခွတခု ဖြစ်ခဲ့ပါသည်။ ထိုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အပါအဝင် ဒီမိုကရေစီလိုလားသည့် အဖွဲ့ အစည်းများ မွေးဖွားပေါ်ပေါက်လာကြပြီး နိုင်ငံရေးစိတ်ဓာတ် နိုးကြားလာသည့် ပြည်သူလူထု ကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တပါတီအုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ နေထိုင် ခဲ့ရရာမှ အသစ်တဖန် ဖြစ်လာခဲ့ပါသည်။ တချိန်တည်းမှာပင် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကြီးက တပ်မတော်၏ အာဏာရယူထားခြင်းကို တိုက်ထုတ် ဖယ်ရှားမပစ်နိုင်ခဲ့ပါ။ ထို့နောက် မြန်မာနိုင်ငံသည်လည်း စစ်အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ)တို့၏ အုပ်ချုပ်မှု အောက်တွင် ဆယ်စုနှစ်နှစ်ခုခန့် ကျရောက်ခဲ့ရပါသည် (Lintner, 1991; Nakanishi, 2013)။ မည်သို့ပင်ဖြစ်စေ ၂၀၁၁ ခုနှစ်တွင် တပ်မတော်အုပ်ချုပ်မှုမှ အရပ်သားအစိုးရအဖြစ် ဖြည်းဖြည်း နှင့်မှန်မှန် အသွင်ကူးပြောင်းလာခဲ့ပါသည်။ ထို့နောက် ၂၀၁၅ ခုနှစ်၌ နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် လွတ်လပ်သည့် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အနိုင် ရရှိစေရန် ဦးဆောင်နိုင်ခဲ့ပါသည်။ သို့ရာတွင် အစိုးရအဖွဲ့မှာ စပ်ကြားအုပ်ချုပ်မှုစနစ်တွင်သာ ရှိနေသေးပြီး အာဏာနှင့် ဩဇာလွှမ်းမိုးမှုရရှိရန် အရပ်သားများနှင့် တပ်မတော်သားများအကြား ဆက်လက် တိုက်ပွဲဆင်နွဲနေရဆဲပင် ဖြစ်ပါသည်။
၁၉၈၈ ခုနှစ် မတိုင်မီကလည်း မြန်မာနိုင်ငံ၏ တံခါးပိတ်မူဝါဒကြောင့် လူအများစုက လူ့ အခွင့်အရေးနှင့်ပတ်သက်သည့် ဘာသာစကားကို ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ကြပါ။ သို့သော်လည်း နောက်ပိုင်း ဆယ်စုနှစ်များ၌ မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများက အဖွဲ့အစည်းအမျိုးမျိုး ပါဝင်သည့် နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုများနှင့် အတူတကွ အောင်အောင်မြင်မြင် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ၎င်းတို့၏ အမိမြေမှ ဖိနှိပ်ချုပ်ခြယ်မှုများကို နိုင်ငံတကာနှင့် ပြည်တွင်းမှ သတိပြုလာစေရန် ဆွဲဆောင်နိုင်ခဲ့ပြီး ဒီမိုကရေစီနှင့် တရားမျှတမှုကို တောင်းဆိုခဲ့ကြပါသည်။
ယခုဆောင်းပါးမှာ မြန်မာနိုင်ငံရှိ လက်ရှိအသွင်ကူးပြောင်းမှုအပေါ် အဓိကထား ချဉ်းကပ် ထားခြင်း မဟုတ်ပါ။ ထိုအစား ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှသည် ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရုန်းကန်လှုပ်ရှားမှုများအတွင်း အပြည်ပြည်ဆိုင် ရာ လူ့အခွင့်အရေး နည်းနာအယူအဆများကို တက်ကြွလှုပ်ရှားသူများက မည်ကဲ့သို့ ခံယူကျင့်သုံး ကြောင်း လေ့လာသုံးသပ်ထားခြင်း ဖြစ်ပါသည်။
၂၀၁၁ ခုနှစ် မတိုင်မီအထိ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေးဆိုင်ရာ သုတေသနနှင့် စာအုပ်စာတမ်း ရေးသားပြုစုဖော်ပြခြင်းတို့အား ပြည်တွင်း၌ ဖိနှိပ်ချုပ်ခြယ်မှုများ ရှိနေခြင်းကြောင့် နယ်စပ်ဒေသများနှင့် ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် အခြေစိုက်သည့် အဖွဲ့အစည်းများက အဓိက လုပ်ဆောင်ခဲ့ရခြင်း ဖြစ်ပါသည်။ ထို့နောက် အမျိုးမျိုးသော လူ့အခွင့် အရေးဆိုင်ရာ အကြောင်းအရာများကို အဓိကထား ရေးသားထားသည့် အစီရင်ခံစာ ၂၀ဝ ခန့် ကိုလည်း ၁၉၉၀ ပြည့်လွန်နှစ်များမှ ၂၀၁၅ ခုနှစ်အတွင်း ဒေသဆိုင်ရာ အဖွဲ့အစည်းများက ပုံနှိပ် ထုတ်ဝေခဲ့ကြပါသည် (Khin Ohmar & O’Kane, 2015: p. 285-310)။ ယခုဆောင်းပါးအတွင်းမှ ရှာဖွေတွေ့ရှိထားသော အချက်အလက်များမှာလည်း အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည့် ထို အစီရင်ခံစာ ၅၀ ခန့်အား လေ့လာသုံးသပ်မှုအပေါ် အခြေခံထားပါသည်။
အစီရင်ခံစာ အများစုမှာ နယ်စပ်ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများရှိ အဖွဲ့အစည်းများက ပုံနှိပ်ထုတ်ဝေခြင်းဖြစ်သော်လည်း ဤဆောင်းပါးထဲတွင်မူ ပြည်တွင်းရှိ အဖွဲ့အစည်းများက ပုံနှိပ် ထုတ်ဝေသော အစီရင်ခံစာတချို့လည်း ပါဝင်နေပါသည်။ အားလုံးကို စုပေါင်းလိုက်ပါက ယင်း အစီရင်ခံစာများသည် အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ၊ အမျိုးသမီးအခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေး စသည့် လူ့အခွင့်အရေးဆိုင်ရာ အဓိက အခန်းကဏ္ဍကြီးလေးခုကို ခြုံငုံဖော်ပြထားပါသည်။ အချို့သော အစီရင်ခံစာများမှာ မြန်မာနိုင်ငံ ပြင်ပတွင် နာမည်ကျော်ကြား လူသိများသော်လည်း အချို့မှာ လူသိများထင်ရှားမှု မရှိပါ။
ယခုဆောင်းပါး၏ အဓိက ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်မှုမှာ ‘ဘောင်ခတ်ခြင်း’ဆိုင်ရာ သဘောတရားပင် ဖြစ်ပါသည်။ အမှန်စင်စစ် လူ့အခွင့်အရေးဆိုင်ရာ နည်းနာအယူအဆသည် မှန်ကန်ခြင်းနှင့် မှားယွင်းခြင်းကို ဖော်ပြနိုင်သည့် နည်းလမ်းအမျိုးမျိုးအနက် တခုဖြစ်ပါသည်။ နည်းနာအယူအဆဆိုင်ရာ ရွေးချယ်မှုပြုလုပ်ရန်မှာလည်း မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း၊ မိမိ တို့ ကျင်လည်နေသည့် ပတ်ဝန်းကျင်အနေအထားနှင့် မိမိတို့၏ပရိသတ်မှာ မည်သူတို့ဖြစ်ကြောင်း စသည့် အချက်အလက်များဖြင့် ဆုံးဖြတ်ပါသည်။ တချိန်တည်းမှာပင် မိမိတို့ ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကကြီးအပေါ် နားလည်သဘောပေါက်သည့် နည်းလမ်းကိုလည်း ပုံဖော်ပေးပါသည်။ နည်းနာအယူအဆနှင့် မူဘောင် တခုပြီးနောက်တခု ရွေးချယ်ခြင်းအားဖြင့် အဖြစ်အပျက်များ အပေါ် ကျွနု်ပ်တို့၏ နားလည်သဘောပေါက်မှုနှင့် ရွေးချယ်ထားသည့် နည်းနာအယူအဆတို့ ဆက်သွယ်စေပြီး အချို့သော လှုပ်ရှားဆောင်ရွက်မှုများကို ဖြစ်စေကာ အချို့သောလှုပ်ရှားမှုများကို တင်ကူးပိတ်ပင်စေသည်။ လူ့အခွင့်အရေးဆိုင်ရာ နည်းနာအယူအဆကိစ္စတွင်လည်း အဆိုပါ နည်းနာအယူအဆက လူမှုဆိုင်ရာ တရားမျှတမှုအတွက် ရုန်းကန်လှုပ်ရှားမှု၏ စံနှုန်းများနှင့် ကျင့်သုံးမှုများ၊ ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်များအရ လှုပ်ရှားလည်ပတ်နေသော ပြဌာန်းချက်များနှင့် အင်စတီကျူးရှင်းများအတိုင်း ရေးဆွဲထားသည့် အပြည်ပြည်ဆိုင်ရာ စံနှုန်း များနှင့် ကျင့်သုံးမှုများကို ရည်ညွှန်းပါသည်။
မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအကြောင်း တွင်တွင်ကျယ်ကျယ် ပြောဆိုလာသော အချိန်ကာလသည် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးများ ပြောင်းလဲလာနေပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့မှာ ထင်ရှားသော ကမ္ဘာလုံးဆိုင်ရာ အကြောင်းချင်းရာများ ဖြစ်လာသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။ ထိုရလဒ်အနေဖြင့် မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများသည် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာ နေဆဲ ကာလအတောအတွင်း ကမ္ဘာလုံးဆိုင်ရာအဆင့်တွင်လည်း ဩဇာအင်အားကြီးမားသည့် အခြေအနေကို ရရှိလာသည့် နည်းနာအယူအဆနှင့် ထိတွေ့ကြုံဆုံလာခဲ့ကြရပါသည်။
ထိုအချိန်အတောအတွင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးခေတ်စနစ်လည်း ပေါ် ထွက်လာခြင်းကြောင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပြုမူဆောင်ရွက်မှုအတွက် အခွင့်အလမ်း ပုံစံအမျိုးမျိုးနှင့် ကန့်သတ်မှုအမျိုးမျိုး တွေ့ရှိလာရပြီး မည်သို့ဆောင်ရွက်သင့်သည်နှင့် မည်သို့ အသုံးပြုသင့်သည်ဟူသော အကျိုးသက်ရောက်မှုလည်း ရှိလာခဲ့ပါသည်။
ယခုဆောင်းပါးတွင် အေဂျင်စီ အဖွဲ့အစည်း ပုံစံအမျိုးမျိုးထံသို့ ကွဲပြားခြားနားသော နည်းစနစ်အထွေထွေကို မည်ကဲ့သို့ ပေးပို့ရောက်ရှိစေနိုင်ပုံ၊ အမှန်တရားကို ထုတ်ဖော်ပြောသည့် အခြားသော ရွေးချယ်စရာပုံစံများကို လူ့အခွင့်အရေး အစီရင်ခံစာများက မည်ကဲ့သို့ ပံ့ပိုး ကူညီ လေ့ရှိပုံ၊ လူ့အခွင့်အရေးဆိုင်ရာ နည်းနာအယူအဆက ပြုမူဆောင်ရွက်မှုအတွက် အခြားသော ရွေးချယ်စရာ အခွင့်အရေးများရရှိစေပုံ စသည်တို့ကို အဓိက ရေးသားတင်ပြထားပါသည်။ အဆိုပါအစီရင်ခံစာများကို လေ့လာရခြင်းအားဖြင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအဖြစ်အပျက်များ၏ အသစ် ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြေမပြတ် လိုက်ပါနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ပို၍ အရေးပါသောအချက်မှာ အစီရင်ခံစာများထဲမှ လူ့အခွင့်အရေးဆိုင်ရာ ပြောဆိုဆွေးနွေးမှုများအား အသုံးပြုသည့် ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှုကို အကဲဖြတ်နိုင်ပြီး ရုန်းကန်လှုပ်ရှားမှု၌ နည်းဗျူဟာ သစ်များ ချမှတ်ကျင့်သုံးသည့် အခြေအအနေ၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ခုခံတော်လှန်မှု အတွက် စုစည်းဆောင်ရွက်နေသော ပုံစံသစ်များ စသည်တို့ကိုသာမက စစ်အေးကာလနောက် ပိုင်း ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေ စသည်တို့ကိုပါ အကဲဖြတ်နိုင်ပါသည်။

၂။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆကို ချမှတ်ကျင့်သုံးခြင်းနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းခြင်း

၂ – ၁ လူ့အခွင့်အရေးအခြေအနေ သတ်မှတ်ချက်နှင့်
လူ့အခွင့်အရေးသူရဲကောင်း အမျိုးသမီးတဦး ဖန်တီးခြင်း
မြန်မာနိုင်ငံမှ အတိုက်အခံလှုပ်ရှားမှုက အသုံးပြုခဲ့သည့် အစောပိုင်း လူ့အခွင့်အရေး ဆိုင်ရာ အကြောင်းချင်းရာများမှာ ဒေါ်အောင်ဆန်းစုကြည်၏ အရေးအသားများပင် ဖြစ်ပါသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက ရေးသားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အကျော်ကြားဆုံး အက် ဆေးများထဲတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ နည်းနာအယူအဆများမှာ မြန်မာနိုင်ငံမှ အပြောင်းအလဲအတွက် ရုန်းကန်လှုပ်ရှားမှုကို ဘောင်သွင်းကန့်သတ်ရန်ဖြစ်သည်ဟု ရေးသားခဲ့ ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့သည် နိုင်ငံရပ်ခြားမှ အတွေးအခေါ်အယူအဆများ ဖြစ်သည့် အတွက် မြန်မာနိုင်ငံတွင် မကျင့်သုံးသင့်ဟူသောအဆိုကို ဆန့်ကျင်ကြရန် တိုက်တွန်းခဲ့ပါသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အက်ဆေးများမှာ မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှဒေသတွင်သာမက ကမ္ဘာတဝန်းလုံးရှိ လူ့အခွင့်အရေးဆိုင်ရာ အခြေအတင် အဖြေရှာမှု များတွင် အဓိကထားဆွေးနွေးရသည့် အကြောင်းအရာများအနက် တခုဖြစ်လာပြီး ထိုစဉ် ကတည်းက ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။၂ တချိန်တည်းမှာပင် ထိုအက်ဆေးများထဲ၌ မြန်မာနိုင်ငံရှိ ဖြစ်ရပ်များအပေါ် လူ့အခွင့်အရေး နည်းနာအယူအဆအရ ဘောင်သွင်းဖော်ပြရာတွင် ဒေါ်အောင် ဆန်းစုကြည်က ပေါ့ပါးသည့်အသုံးအနှုန်းများကိုသာ သုံးစွဲသွားခဲ့ပြီး မြန်မာနိုင်ငံ၏ အနေအထား များကို ဖော်ပြရာတွင်လည်း ရင်းနှီးကျွမ်းဝင်မှုမရှိသေးသည့် စာဖတ်သူများ၏အကျိုးအတွက် အဓိက ရည်ရွယ်ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ လူ့အခွင့်အရေး ခုခံကာကွယ်သူဟူသည့် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ဂုဏ်သတင်းမှာလည်း သူ၏ ပုဂ္ဂိုလ်ရေးအခန်းကဏ္ဍအပေါ် များစွာ အခြေခံတည်ဆောက် ထားခြင်းဖြစ်ပြီး အထူးသဖြင့် ကာလရှည်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရချိန်တွင် ဟောပြော ရေးသားခဲ့သည့် အရေးအသားများနှင့် မိန့်ခွန်းများအပေါ်တွင် အခြေခံပါသည်။ အမှန်စင်စစ် Khor(2013) မှတ်ချက်ပြုပြောကြားခဲ့သည့်အတိုင်း လူ့အခွင့်အရေး လောကပြင်ကျယ်ကြီးတွင် လူ့အခွင့်အရေးနည်းနာအယူအဆအရ အမျိုးအစားခွဲခြားနိုင်သည့် စံပြအခန်းကဏ္ဍများလည်း ရှိပါသည်။ အဓိကတခုမှာ နစ်နာခံစားရသူ၊ ကျူးလွန်ခံရပြီး အသက်ရှင်ကျန်ရစ်သူ၏ အခန်းကဏ္ဍဖြစ်ပြီး လူ့အခွင့်အရေး၏ ကံပုဒ်(အပြုခံရသူ)လည်း ဖြစ်ပါသည်။ အခြား အခန်းကဏ္ဍများမှာ လူ့အခွင့်အရေး ကတ္တားပုဒ်(ပြုသူ)၊ အခြေအနေပေါ်မူတည်၍ ကောင်းသည့်အခန်းမှဖြစ်စေ မကောင်းသည့်အခန်းကဏ္ဍမှဖြစ်စေ ဘေးမှရပ်ကြည့်သူ၊ အဖျက်သဘောဆောင်သည့် အခန်း ကဏ္ဍဖြစ်လေ့ရှိသည့် အပြစ်ကျူးလွန်သူ လက်သည်တရားခံ စသည်တို့ ဖြစ်ကြပါသည် (Khor, 2013: p. 40)။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏အခန်းကဏ္ဍမှာ အဆိုပါ မူဘောင်အတွင်း အကျုံး ဝင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝနှင့်ပတ်သက်၍ တူညီသောအမြင်တခုမှာ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် လူ့အခွင့်အရေး လောကပြင်ကျယ်ကြီးထဲ၌ နစ်နာခံစားရသူနှင့် သူရဲ ကောင်း အခန်းကဏ္ဍနှစ်ခုလုံးတွင် ပါဝင်ကပြ အသုံးတော်ခံခဲ့ပြီး Khor ၏ လေ့လာသုံးသပ်မှု တခုဖြစ်သည့် လူ့အခွင့်အရေး၏ ကတ္တားပုဒ်နှင့်ကံပုဒ်ဟူသော အချက်နှင့်လည်း ကိုက်ညီနေပါ သည်။ အချို့သော အကြောင်းချင်းရာများမှာလည်း လေ့လာသုံးသပ်နေသည့် အချိန်ကာလ အတောအတွင်း ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့ပါသည်။ ထိုအချက်များထဲမှတခုမှာ ဒေါ်အောင်ဆန်း စုကြည်သည် လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးသွားသော တိုင်းပြည်၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည်။ အခြားအချက်တချက်မှာ ဗြိတိသျှလူမျိုး ပညာရှင်တဦးနှင့် လက်ထပ်ထိမ်းမြားပြီးနောက် ပညာရှင်အဖြစ်မှ မိခင်တဦးဖြစ် လာ၍ အင်္ဂလန်တွင်နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာသောအခါ မြန်မာနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင်နှင့် ၁၉၉၈ ခုနှစ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ပူးတွဲတည်ထောင်သူ ဖြစ်လာခဲ့ပါသည်။ နေအိမ်အကျယ်ချုပ်ကျခံနေရသည့် နှစ်များအတွင်းတွင်လည်း ဒေါ်အောင် ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးရေးမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ထောက်ခံအားပေးမှုရရှိသည့် အကြောင်းချင်းရာတခုဖြစ်ပြီး မြန်မာနိုင်ငံမှ ဒီမိုကရက်တစ် အပြောင်းအလဲအတွက် လှုပ်ရှားမှုများ၏ နိုင်ငံတကာပြယုဂ်တခုလည်း ဖြစ်လာခဲ့ပါသည်။
အဆိုပါ ဘဝဇာတ်လမ်းများက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံ၌ အပြောင်းအလဲအတွက် ထင်ရှားသည့် ရုန်းကန်လှုပ်ရှားမှုများ ပြုလုပ်ရာတွင် များစွာ စွန့်လွှတ် အနစ်နာခံခဲ့သည့် အခန်းကဏ္ဍအား ထပ်တလဲလဲဖော်ပြနေပြီး တိုင်းပြည်မှ စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ခုခံတော်လှန်သည့် ထင်ရှားသော အမှတ်သင်္ကေတတခု ဖြစ်လာစေခဲ့ပါသည်။ သို့ရာ တွင် လူ့အခွင့်အရေး လောကပြင်ကျယ်ကြီး၌ တက်ကြွလှုပ်ရှားသူများ၏ ဘဝဇာတ်လမ်းများကို ဖန်တီးထိန်းချုပ်နိုင်မည့်နယ်ပယ် အနည်းငယ်သာရှိခြင်းကြောင့် ထိုသူများ၏ ဘဝများကို အကန့် အသတ်ဖြင့် ပုံဖော်ပြခံရသည်ဟု Khor က မှတ်ချက်ပြုခဲ့ပါသည်။ နှိုင်းယှဉ်ကြည့်ပါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကျယ် တဝင့် ဖော်ပြပြောဆိုချက်များအရ မြန်မာ နိုင်ငံမှ အတိုက်အခံလှုပ်ရှားမှုတွင် ပါဝင် ပတ်သက်ရသည့် အရင်းခံအကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုနောက်ခံ ကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် ဒေါ်အောင် ဆန်းစုကြည်က ဖခင်ဖြစ်သူ၏ ခြေရာနင်းပြီး ဗိုလ်ချုပ်အောင်ဆန်းလက်သစ် ဖြစ်လိုနေ သည့် ဆန္ဒကြောင့်ဖြစ်ပြီး မိမိ၏ စွန့်လွှတ် အနစ်နာခံလိုသည့်ဆန္ဒနှင့် ပတ်သက်၍ ခပ်ဖော့ဖော့သာ ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောကြား ခဲ့သည့် စကားအရ လူ့အခွင့်အရေးခုခံကာ ကွယ်သူတဦး မဟုတ်မူဘဲ နိုင်ငံရေးသမား တဦးသာဖြစ်သည်ဟု ဆိုပါသည် (“I started as a politician”, DVB, 29 october 2013)။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ အတိုက်အခံလှုပ်ရှားမှုအဖြစ် အင်တိုက်အားတိုက် ရုပ်လုံးဖော်ထားမှုအပေါ် အခြားသော အတိုက် အခံများ၏ မေးခွန်းထုတ်မှုများလည်း များပြားလာခဲ့ပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍအပေါ် ဖြည်းဖြည်းချင်း ပြန်လည်ပုံရိပ်ဖော်မှုများလည်း ပေါ်ပေါက်လာပြီး ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် စံနမူနာပြ လူ့အခွင့်အရေးခုခံကာကွယ်သူတဦး၏ အခန်းကဏ္ဍတွင် ရှိမနေတော့ဟု ဆိုလာခဲ့ကြပါသည် (Aung Zaw, 2013; Lintner, 1991; Lintner, 2011; Pederson, 2015; Popham, 2011; Victor, 1998; Wintler, 1998)။

၂ -၂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆကို အသုံးပြုမှု
ဆင့်ကဲတိုးတက်ပြောင်းလဲလာခြင်း (၁၉၈၈-၂၀၁၁)
၁၉၉၀ ပြည့်လွန်နှစ်များတွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြောဆို ဆွေးနွေးမှုများကို ပြုလုပ်သူမှာ ဒေါ်အောင်ဆန်းစုကြည်တဦးတည်း မဟုတ်ခဲ့ပါ။ ထို့အပြင် လူ့ အခွင့်အရေးဆိုင်ရာ နည်းနာအယူအဆများကိုလည်း တိုင်းပြည်၏ ဒီမိုကရက်တစ်နှင့် တိုင်းရင်း သား လူနည်းစု ခုခံတော်လှန်ရေး လှုပ်ရှားမှုများတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူများက ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါသည်။ အကယ်၍ မြန်မာနိုင်ငံမှ အတိုက်အခံလှုပ်ရှားမှုတွင် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆများကို အသုံးပြုမှုနှင့် အစောပိုင်းကာလများက ခုခံတော်လှန်မှုများကို မည်ကဲ့သို့ ပုံဖော်ဆောင်ရွက်ခဲ့ကြောင်းကို ဒေါ်အောင်ဆန်းစုကြည် အကြောင်း အရေးအသားများထက် ကျော်လွန်ဖတ်ရှုရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြောင်း စာရွက်စာတမ်းများ စတင်ရေးသားထုတ်ဝေခဲ့ချိန်မှာ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပါသည်။ ၁၉၉၅ ခုနှစ်ခန့်၌ အဖွဲ့အစည်းများက လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ အပြည့်အစုံကို စတင် ပုံနှိပ်ထုတ်ဝေလာခဲ့ကြပါသည်။ အစပိုင်းတွင် အစီရင်ခံစာအများစုကို ကျောင်းသားလှုပ်ရှားမှုနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ အထူးသဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) က ပုံနှိပ်ထုတ်ဝေခဲ့ပြီး များသောအားဖြင့် နိုင်ငံ သားနှင့် နိုင်ငံရေးအခွင့်အရေးများကို အဓိကထားဖော်ပြခဲ့ပါသည်။ အချို့စာတမ်းများမှာ တိုင်း ပြည်အတွင်းရှိ အကျဉ်းထောင်များ၏အခြေအနေကို အသားပေးရေးသားထားသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကိုယ်တိုင်ရေးမှတ်တမ်းများ ဖြစ်ကြပါသည် (ABSDF, 1997; Moe Aye, 1998; Win Naing Oo; 1996)။
ထို့အပြင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စီမံကိန်းများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပေါ်ပေါက်နေခြင်းကို အဓိကထား ပြီး အစီရင်ခံစာများလည်း ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ အဆိုပါအစီရင်ခံစာများကို လူ့အခွင့်အရေး ဘာသာရပ်အား စတင်လေ့လာသင်ယူနေသည့် တက်ကြွလှုပ်ရှားသူကျောင်းသားများက ရေး သားခဲ့ခြင်းဖြစ်ပါသည်။ သာဓကတခုအနေဖြင့် ၁၉၉၆ ခုနှစ်မှ ABSDF ၏ အစီရင်ခံစာ “Total Denial” တွင် ၁၉၉၀ ပြည့်လွန်နှစ်များက ပြင်သစ်ရေနံကုမ္ပဏီ TOTAL နှင့် အမေရိကန် ရေနံ ကုမ္ပဏီ UNOCAL တို့သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် ရေနံပိုက်လိုင်းများ တည် ဆောက်ခဲ့ရာ၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ကြောင်း ရေးသားဖော်ပြခဲ့ကြပါသည် (ABSDF, 1996)။ ထိုမှတဖန် တဖြည်းဖြည်း ကြီးထွားလာနေသော မြန်မာနိုင်ငံမှ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု အတိုင်းအတာပမာဏနှင့်ပတ်သက်၍ နိုင်ငံတကာက အာရုံစူးစိုက်လာ သည်နှင့်အမျှ သတင်းအချက်အလက်များ စုဆောင်းလာခဲ့ကြပြီး အထူးသဖြင့် အပြည်ပြည်ဆိုင် ရာ အလုပ်သမားအဖွဲ့အစည်း (ILO) က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလကို ဇောင်းပေးရေးသားထားသည့် လူ့အခွင့်အရေး အစီရင်ခံစာများ လည်း များများစားစားမရှိခဲ့ပါ။ သို့သော်လည်း ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၏ အခွင့်အရေးကို ချိုးဖောက်မှုများနှင့် NLD ပါတီအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတို့ကို ရေးသား ထားသည့် အစီရင်ခံစာများလည်း ရှိခဲ့ပါသည် (ABSDF, 1998)။ ထို့နောက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ပြည် ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) က လူ့အခွင့်အရေး သက်သေမှတ် တမ်းပြုစုရေးအဖွဲ့ (HRDU) ကို ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်မှစတင်၍ လူ့အခွင့်အရေး နှစ်ပတ်လည် မှတ်တမ်းစာအုပ်များကို နှစ်စဉ် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။
HRDU ၏ နှစ်ပတ်လည်မှတ်တမ်းစာအုပ်ပုံစံမှာ နီပေါနိုင်ငံတွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် လူ့အခွင့်အရေး နှစ်ပတ်လည်မှတ်တမ်းစာအုပ်နှင့်လည်း ဆင်တူပါသည်။ HRDU အနေဖြင့် သတင်းရင်းမြစ် အမျိုးမျိုးထံမှ ပြီးပြည့်စုံသော သတင်းအချက်အလက်များ ရရှိရန် ကြိုးပမ်းခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု နယ်ပယ်ကဏ္ဍတခုလုံးကို လွှမ်းခြုံနိုင်ရန်အတွက် ထိုစဉ်က စတင် ဖွဲ့စည်းတည်ထောင်နေဆဲဖြစ်သော တိုင်းရင်းသားဒေသများမှ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ အစည်းများထံမှပါ သတင်းအချက်အလက်များ ရယူခဲ့ပါသည်။၃ တချိန်တည်းမှာပင် မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ပထမဆုံးသော ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများလည်း စတင်လာခဲ့ပါသည်။ ထို့အပြင် အခြားသော တက်ကြွ လှုပ်ရှားသူများကလည်း မြန်မာနိုင်ငံ၏အခြေအနေကို တရားဥပဒေနည်းလမ်းအတိုင်း နိုင်ငံ တကာ၏ အာရုံစူးစိုက်မှု ရရှိစေရန်အတွက် အပြည်ပြည်ဆိုင်ရာဥပဒေများကို စတင် အသုံးပြု လာခဲ့ကြပါသည်။ ၁၉၉၆ ခုနှစ်၌ မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူများ တည်ထောင်ထားသည့် Earthrights International နှင့် အမေရိကန်နိုင်ငံမှ ရှေ့နေများက UNOCAL-TOTALS ရေနံပိုက်လိုင်းတည်ဆောက်သည့်ကိစ္စအတွက် UNOCAL ကုမ္ပဏီကို တရား စွဲဆိုမှု စတင်ပြုလုပ်ခဲ့ပါသည်။ ထိုအမှုမှာ ဆယ်စုနှစ်တခုကြာအောင် ဆက်လက်ဖြစ်ပွားခဲ့ရာ ၂၀ဝ၅ ခုနှစ်ရောက်ရှိချိန်တွင်မှ တရားရုံးပြင်ပ စေ့စပ်ကြေအေးမှု ပြုလုပ်နိုင်ခဲ့ပါသည် (ABSDF, 1996; Simpson, 2014)။
၂၀ဝ၀ ပြည့်နှစ်မှစ၍ ဆယ်စုနှစ်တခုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာများမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများ၊ ကာကွယ်ပေးမှု လိုအပ်ချက်များနှင့် အမျိုးသမီးများ၏ အခွင့်အရေးတို့အပေါ် ပိုမို အဓိကထားလာခဲ့ပါသည်။ ၂၀ဝ၁ ခုနှစ်၌ ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေးညွန့်ပေါင်းအဖွဲ့ (TBCC) (ယခု နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်း အဖွဲ့အစည်း-TBC) နှင့် ဒေသခံ ဒုက္ခသည်ကော်မတီများက မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ နေရပ်စွန့်ခွာဒုက္ခသည်များ (IDPs) ၏အခြေအနေကို အဓိကထားသည့် နှစ်ပတ်လည် အစီရင် ခံစာများ စတင် ရေးသားထုတ်ဝေခဲ့ပါသည်။ မြန်မာအမျိုးသမီးအဖွဲ့ချုပ် (WLB) အဖွဲ့ဝင် အဖွဲ့ အစည်းများနှင့် WLB တို့ကလည်း မြန်မာနိုင်ငံအနှံ့အပြားရှိ လိင်ပိုင်းဆိုင်ရာနှင့် လိင်အခြေပြု အကြမ်းဖက်မှု (GBV) ကို အဓိကထားသည့် အစီရင်ခံစာများ စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။၄ ၎င်းတို့၏ ပထမဆုံးအစီရင်ခံစာမှာ ‘အဓမ္မပြုကျင့်ခွင့် တရားဝင်လိုင်စင်’ “License to Rape” ဖြစ်ပြီး ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) နှင့် ရှမ်း လူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) တို့က ၂၀ဝ၂ ခုနှစ်၌ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။
အဆိုပါအစီရင်ခံစာက ၁၉၉၀ ပြည့်လွန်နှစ်များ၌ ရှမ်းပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားရ သည့် အကြောင်းရင်းနှင့် တိုင်းရင်းသားလူမျိုးစု နောက်ခံသမိုင်း အကြောင်းပြချက်ဖြင့် တိုင်းရင်း သူများအပေါ် အဓမ္မပြုကျင့်မှုအား စစ်လက်နက်တခုသဖွယ် အသုံးပြုလာခြင်းတို့ကို အထောက် အထား အခိုင်အမာ ရေးသားဖော်ပြခဲ့ခြင်းကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ၏အာရုံစူးစိုက်မှု ရရှိခဲ့ပါသည် (SHRF & SWAN 2002)။ ထိုသို့ နိုးကြားလာမှုနှင့်အတူ အစီရင်ခံစာများကိုလည်း ဆက်တိုက် ပုံနှိပ်ထုတ်ဝေခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အခြားနေရာဒေသများရှိ အလားတူ လူ့ အခွင့်အရေးချိုးဖောက်မှုများကိုလည်း အာရုံစူးစိုက်မိစေခဲ့ပါသည်။၅
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN)နှင့် အခြား သော ရှမ်းအဖွဲ့အစည်းများဖြစ်သည့် ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (၂၀ဝ၂)၊ ရှမ်း စပါးဝါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း (၂၀၁၀) တို့နှင့် တွဲဖက်ထုတ်ဝေခဲ့သည့် အစီရင်ခံစာ နှစ်စောင်မှလွဲ၍ အစီရင်ခံစာအများစုမှာ အဖွဲ့အစည်းတခုချင်းစီမှ ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) နှင့် မြန်မာအမျိုး သမီးသမဂ္ဂ (BWU) တို့ကလည်း အမျိုးသမီး နိုင်ငံရေးအကျဉ်းသားများကို အလေးပေး ဖော်ပြ သည့် ပူးတွဲအစီရင်ခံစာတစောင်ကို ၂၀ဝ၄ ခုနှစ်၌ ထုတ်ဝေခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်၌ WLB နှင့် Nobel Women’s Initiative (NWI) တို့ ပူးပေါင်းပြီး အမျိုးသမီးများအား အကြမ်းဖက်ခြင်းကို ဆန့်ကျင်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ ခုံသမာဓိအဖွဲ့ကိုဖွဲ့စည်း၍ ကြားနာစစ်ဆေး ခဲ့ရာ ထောက်ခံမှုအများအပြားရရှိသည့် အစီရင်ခံစာတစောင် ပေါ်ထွက်လာခဲ့ပါသည် (WLB & NWI, 2010)။ ၂၀ဝ၄ ခုနှစ်၌ လူ့အခွင့်အရေဆိုင်ရာ သက်သေမှတ်တမ်းပြုစုရေးကွန်ရက် (ND-Burma) ဖွဲ့စည်းတည်ထောင်မှုကြောင့်လည်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများအနေ ဖြင့် အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို အဓိက ထားပြီး တိုင်းပြည်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဓိပ္ပာယ်ဖွင့်ဆိုရေးနှင့် လေ့လာသုံးသပ်ရေးတို့အတွက် အများ သဘောတူသည့် မူဘောင်တခုရရှိရန် ကြိုး ပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ကြပါသည်။၆
အခြားသော အပြောင်းအလဲများမှာ လည်း ၂၀ဝ၅ ခုနှစ်နောက်ပိုင်း အစီရင်ခံစာ များထဲတွင် သိသာထင်ရှားလာခဲ့ပါသည်။ ပထမအချက်မှာ လူမှုရေးနှင့် စီးပွားရေး အခွင့်အရေးအတွက် ပြောဆိုဆွေးနွေးမှုများ ကို ပိုမိုအသုံးပြုလာခြင်းဖြစ်ပါသည်။ ထို့ အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများမှ လူထု ရပ်ရွာအခြေပြု အဖွဲ့အစည်းများက ပုံနှိပ်ထုတ်ဝေသည့် အစီရင်ခံစာများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သည့် အကြောင်းချင်းရာများအပေါ် အဓိကထား အစီရင်ခံခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ ထိုအစီရင်ခံစာများထဲ၌ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာ အယူအဆ အသုံးပြုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြည့်စုံစွာဖော်ပြမှု နည်းပါးပါသည်။ ထို့ကြောင့် လက်တွေ့အသုံးချ နည်းစနစ်ဗေဒဖြင့် သုတေသနပြုမှု ပိုမို နက်ရှိုင်းလာသည်နှင့်အမျှ မတူ ကွဲပြားမှုများ ပိုများလာပြီး စုဆောင်းရရှိထားသည့် အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာ လေ့လာ သုံးသပ်ခြင်းမှာလည်း ဖိအားပိုများလာမည် ဖြစ်ပါသည် (AHRC , 1999; Hudson-Rodd et al., 2008; Vickary, 2010)။ နောက်ဆုံးအချက်မှာ ထိုအစီရင်ခံစာများမှ ထောက်ခံချက်ပေးသည့် အရာများ နည်းပါးခြင်းပင်ဖြစ်ပြီး မြန်မာအစိုးရ သို့မဟုတ် အခြားသော အရေးပါသည့်ပုဂ္ဂိုလ်များ ထက် နိုင်ငံတကာမှပုဂ္ဂိုလ်များကို ပစ်မှတ်ထားခြင်းဖြစ်ပါသည်။ အထူးသဖြင့် ၂၀ဝ၇-၂၀ဝ၈ နောက်ပိုင်း ပုံနှိပ်ထုတ်ဝေသည့် အစီရင်ခံစာများဖြစ်ပြီး အစီရင်ခံစာအရေအတွက်လည်း လျော့ နည်းလာခဲ့ပါသည်။
ဖတ်ရှုခဲ့ပြီးသည့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာများထဲတွင် အချို့သော အကြောင်းအရာများမှာ ထပ်ပြန်တလဲလဲ ပါဝင်နေသည်ကို တွေ့ရပြီး ထပ်ကျော့နေသည့် အကြောင်းအရာတခုမှာ နေရပ်စွန့်ခွာ စစ်ပြေးဒုက္ခသည် (IDPs)များ၏ အခြေအနေပင် ဖြစ်ပါသည်။ ထိုအကြောင်းအရာများနှင့်ပတ်သက်၍ အစီရင်ခံစာများ၏ အဓိကသတင်းရင်းမြစ်မှာ TBBC/TBC နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ၊ စစ်ဘေးရှောင် လူမှုအသိုက်အဝန်းများများထံမှ နှစ်ပတ်လည် အစီရင်ခံစာများ ဖြစ်နေပါသည်။ ဒုတိယမြောက် ထပ်ကျော့ပါဝင်နေသည့် အကြောင်းအရာမှာ နိုင်ငံရေး အကျဉ်း သားများ၏ အခြေအနေနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အထိန်းသိမ်းခံရစဉ် နေခဲ့ရသည့် အကျဉ်းထောင်များအကြောင်း ဖြစ်နေပါသည်။ အဆိုပါခေါင်းစဉ်နှင့် ပတ်သက်၍ ပထမဆုံး အစီရင်ခံစာကို ABSDF က ထုတ်ဝေခဲ့သော်လည်း ထိုကဲ့သို့သော အစီရင်ခံစာများ၏ အဓိက သတင်းရင်းမြစ်မှာ AAPP-B ဖြစ်ပါသည်။ တတိယအကြောင်းအရာမှာ အမျိုးသမီးများ၏ အခွင့် အရေး ချိုးဖောက်ခံရခြင်းနှင့် အထူးသဖြင့် လိင်နှင့် လိင်အခြေပြုအကြမ်းဖက်မှု (GBV) ဖြစ်ပါ သည်။ ထိုအစီရင်ခံစာများမှာလည်း ၁၉၉၀ နှောင်းပိုင်း ပြည်ပသို့ ရောက်ရှိနေသူများက ဖွဲ့စည်း တည်ထောင်ထားသည့် အမျိုးသမီး အဖွဲ့အစည်းများက အမျိုးသမီးအခွင့်အရေးနှင့် လိင် သဘော သဘာဝနှင့် ဆက်စပ်သည့်ကိစ္စရပ်များကို အဓိကဦးစားပေးရာမှ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ အဆိုပါ အစီရင်ခံစာများကို ပို၍ စေ့စေ့စပ်စပ် လေ့လာကြည့်ပါက လူ့အခွင့်အရေးကို လေ့လာနေ သည့် အချိန်ကာလအတောအတွင်း လူ့အခွင့်အရေးအစီရင်ခံစာများ မည်ကဲ့သို့ ထွက်ပေါ်လာ ကြောင်း သိရှိရပါလိမ့်မည်။

၃။ လိုရင်းမရောက်သည့် အမျိုးအစားဖြစ်သော လူ့အခွင့်အရေး အစီရင်ခံစာ
၁၉၆၀ ပြည့်လွန်နှစ်များ၌ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က လူ့ အခွင့်အရေး အစီရင်ခံစာများကို ပထမဦးဆုံး ရှေ့ဆောင်လမ်းပြ ထုတ်ဝေခဲ့ချိန်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသားများ၏ အခြေ အနေကို များသောအားဖြင့် ဦးစားပေးခဲ့ပါသည်။ ထိုအစီရင်ခံများမှာ ရိုးရှင်းပြီး အရည်အသွေး အသားပေး အချက်အလက်၊ လူတဦးချင်း၏ သီးသန့်အမှုကိစ္စများနှင့် တရားဥပဒေသဘောအရ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်မှုတို့လည်း ပါဝင်ပါသည်။ ထို့အပြင် ၎င်းတို့၏ အဓိကရည်ရွယ်ချက် မှာလည်း အများပြည်သူနှင့်သက်ဆိုင်သည့် ကမ်ပိန်းလှုပ်ရှားမှုများ ဆောင်ရွက်ရန်ဖြစ်ပါသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများအနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ လူ့အခွင့်အရေး ချိုး ဖောက်မှုများအကြောင်း မှတ်တမ်းတင်လာနိုင်ပြီး ပေါ်ထွက်လာသည့် အစီရင်ခံစာများကိုလည်း ချဲ့ထွင် အသုံးပြုလာခဲ့ကြပါသည်။ သာဓကအဖြစ် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ က အရေအတွက်အသားပေး အချက်အလက်များပေါ် အခြေခံ၍ အစီရင်ခံစာများ ရေးသားလာ ခဲ့ကြသော်လည်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အစီရင်ခံစာများမှာ ရှေ့နောက်ဆက်စပ်သည့် ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်မှု (contextual analysis) ကို ပိုမို အလေးပေးလာခဲ့ပါသည်။ ဂြိုဟ်တု၊ ဒရုန်းတို့ဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကဲ့သို့ နည်း ပညာအသစ်များမှတဆင့် အချက်အလက်ရရှိလာခြင်းကလည်း လူ့အခွင့်အရေးဆိုင်ရာ သက် သေမှတ်တမ်းများ ပြုစုမှုနှင့် အစီရင်ခံစာရေးသားမှု ဆင့်ကဲဖြစ်စဉ်ကို အားဖြည့်ကူညီပေးခဲ့ပါ သည်။
ထို့အပြင် လူ့အခွင့်အရေးကို သုတေသနပြု မှတ်တမ်းပြုစုနေသည့် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးမှသည် အမျိုးသမီးအခွင့်အရေး၊ လူနည်းစုအခွင့် အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ စသည်တို့အပြင် စီးပွား ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေး စသည့် နယ်ပယ်ကဏ္ဍများအထိ ၎င်းတို့၏ အာရုံ စူးစိုက်မှုကို ဖြန့်ကျက်လာခဲ့ကြပါသည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း၌ အဆိုပါ စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှုအခွင့်အရေးတို့မှာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အေဂျင်စီအဖွဲ့အစည်းများ၏ လုပ်ပိုင် ခွင့်နယ်ပယ်ထဲတွင် ပိုမိုမြင်တွေ့လာရပါသည် (Roth, 2004: p. 63-73)။ တချိန်တည်းမှာပင် အစီရင်ခံစာအများစု၏ အခြေခံကျသော မဟာဗျူဟာဆိုင်ရာ ရည်ရွယ်ချက်မှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် ‘နာမည်ဖော်ထုတ်၍ အရှက်ရစေခြင်း’မှတဆင့် လုပ်ဆောင်နေဆဲပင် ဖြစ်ပါ သည်။ (A Basic Approach to human rights research) ၂၀ဝ၁ ခုနှစ်၌ အဆိုပါ အသစ်ဖြစ်ပေါ် တိုးတက်မှုများသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR, 2001) မှ ချမှတ်ထား သည့် လူ့အခွင့်အရေးသုတေသနနှင့် အစီရင်ခံစာရေးသားမှုအတွက် လမ်းညွှန်ချက်များအတိုင်း စုစည်းဆောင်ရွက်လာခဲ့ပါသည်။ သို့ဖြစ်၍ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာမှာ လိုရင်းမရောက် သည့် အမျိုးအစားအဖြစ် ပေါ်ထွက်လာသည်ဟု အခိုင်အမာ ပြောကြားနိုင်ပါသည်။
မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး သုတေသနနှင့် မှတ်တမ်းပြုစုရေးသားခြင်းတို့မှာ ရိုးရှင်း သော ဤလမ်းကြောင်းအတိုင်းသာ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် အစောပိုင်း အစီ ရင်ခံစာများတွင်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအသုံးအနှုန်းကို အသုံးပြု၍ ရှင်းလင်း ပြည့်စုံစွာ ဖော်ပြခြင်းမျိုး နည်းပါးပါသည်။ ထိုသို့ အစီရင်ခံစာများ ရေးသားရာတွင်လည်း လူ့ အခွင့်အရေးအရ အကျင့်စာရိတ္တနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စောဒကတက်မှုအပေါ် အဓိကအသား ပေးလေ့ရှိပြီး မြန်မာနိုင်ငံသားများ၏ ‘အခွင့်အရေး ရပိုင်ခွင့်’ကို လေးနက်စေရန်အတွက် သနား ကြင်နာမှု ဓာတ်ခံရှိသည့် စာဖတ်သူများအား ဆွဲဆောင်ခဲ့ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ အစီရင်ခံစာများထဲတွင် ဥပဒေနှင့်အညီဖြစ်သော လူ့အခွင့်အရေး အသုံးအနှုန်းများကို စတင် ချမှတ်ကျင့်သုံးလာပြီး အကြမ်းဖက် နှိပ်စက်ညှင်းပန်းမှုများနှင့် နစ်နာချက်များကိုလည်း လူ့အခွင့် အရေးချိုးဖောက်မှုအဖြစ် အမျိုးအစား ခွဲခြားသတ်မှတ်ကာ လှုပ်ရှားဆောင်ရွက်မှုအတွက် ထောက်ခံချက်များကိုလည်း ပုံဖော်လာခဲ့ကြပါသည်။ အစပိုင်းတွင် အမျိုးသမီးအခွင့်အရေး ချိုး ဖောက်မှုကို အဓိကထားသည့် စနစ်အကျဆုံး အစီရင်ခံစာများဖြစ်ခဲ့ပြီး မြန်မာနိုင်ငံမှ အမှုအခင်း ကိစ္စရပ်များကို ဆန်းစစ်အကဲဖြတ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေမူဘောင်နှင့် သက်ဆိုင်ဆီလျော်သော အခန်းကဏ္ဍများ လည်း ပါဝင်ခဲ့ပါသည်။ ၂၀ဝ၂ ခုနှစ်၌ ‘အဓမ္မပြုကျင့်ခွင့် တရားဝင်လိုင်စင်’ (License to Rape) အစီရင်ခံစာသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခင်းများ၏ ဝေါဟာရအသုံးအနှုန်းများကို အသုံးပြုထားသည့် ပထမဆုံးသောအစီရင်ခံစာ ဖြစ်လာခဲ့ပါသည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (Burma Lawyers’ Council) နှင့် မြန်မာနိုင်ငံအမျိုးသားကောင်စီ (National Council of the Union of Burma) တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော NLD ပါတီ ခေါင်းဆောင်များ ၂၀ဝ၃ ခုနှစ်၌ ဒီပဲယင်းတွင် တိုက်ခိုက်ခံရသည့်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများအား နှိပ်စက်ညှင်းပန်းမှု ပြုလုပ်ခြင်းကို အဓိကဖော်ပြထားသည့် AAPP-B ၏ အစီရင်ခံစာများတွင်လည်း အလားတူ ပညာရပ်ဆိုင်ရာဝေါဟာရ အသုံးအနှုန်းများကို သုံးစွဲလာခဲ့ကြပါသည် (AAPPB , 2005 ; BLC et al. 2003)။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ တရားဥပဒေ မူဘောင်များကို အသုံးပြုခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစနစ်များမှ ထူးခြားထင်ရှားသည့် နေ့ရက်၊ အခမ်းအနားများ ကို ရည်ရွယ်သည့် အစီရင်ခံစာများလည်း ပေါ်ထွက်လာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာလမ်းကြောင်းကို အသုံးပြုလာခဲ့ကြပါသည်။ အဆိုပါ အစီရင်ခံစာများထဲတွင် မြန်မာနိုင်ငံ ၌ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေး ပြဋ္ဌာန်းချက် (CEDAW) အတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆန်းစစ်သုံးသပ်ထားသည့် WLB ၏ အစီရင်ခံစာ နှစ်စောင်မှာ ၁၉၉၉ ခုနှစ်နှင့် ၂၀ဝ၈ ခုနှစ်တို့တွင် ထွက်ပေါ်လာခဲ့ပြီး အစိုးရ၏ တရားဝင်အစီရင်ခံစာများနှင့် အပြိုင် ဖြစ်နေခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးရေးအဖွဲ့ (HREIB) ၏အစီရင်ခံစာတစောင်လည်း ပါဝင်ခဲ့ရာ ၂၀ဝ၈ ခုနှစ်၌ မြန်မာနိုင်ငံမှ ကလေးသူငယ်များ အခွင့် အရေးနှင့် လက်နက်ကိုင်ပဋိပက္ခကို အဓိကထား ရေးသားဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြမှုသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အထွေထွေညီလာခံသို့ တင်သွင်းသော နှစ်ပတ် လည် အစီရင်ခံစာထက် စောပါသည် (HREIB 2008)။
တတိယဥပမာမှာ ၂၀ဝ၆ ခုနှစ်၌ တောင်အာဖရိကမှ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနှင့် ချက်သမ္မတဟောင်း ဗားကလပ်ဟာဗယ်တို့က မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေ အနေများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူပေးပါရန် တင်သွင်းသည့် အစီရင်ခံစာ တစောင်လည်း ပါဝင်ခဲ့ပါသည်။ ထိုအစီရင် ခံစာမှာ လူ့အခွင့်အရေးဆိုင်ရာ နည်းနာအယူ အဆ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နည်းနာအယူအဆတို့ကို အတူတကွ ဆောင် ကြဉ်းလာနိုင်ရန် ရည်ရွယ်ပါသည် (Threat to peace, 2005)။
လူ့အခွင့်အရေးဆိုင်ရာ နည်းနာ လမ်းကြောင်းများကို ချမှတ်ကျင့်သုံးရန် အတွက် အဖွဲ့အစည်းများက ထောက်ပြခဲ့ ကြသည့် အကြောင်းပြချက်တခုမှာ နိုင်ငံ တော်၏ အခန်းကဏ္ဍကိုယူ၍ လူ့အခွင့်အရေး များ ချိုးဖောက်နေသည့်အဖြစ်ကို စူးစမ်းစစ် ဆေးကြည့်ရန်ပင် ဖြစ်ပါသည်။ တပြိုင်တည်း မှာပင် အဆိုပါအစီရင်ခံစာများကို ပုံနှိပ်ထုတ် ဝေခဲ့သူများက လူ့အခွင့်အရေး ချိုးဖောက်ခံရ သူများ တွေ့ကြုံခံစားခဲ့ရသည့် ရှက်ရွံ့မှု ဝန်ထုပ်ဝန်ပိုးကို အစိုးရနှင့် ထိုပြစ်မှုကို ကျူး လွန်ခဲ့ကြသူများထံ ပြောင်းရွှေ့စေခြင်းဖြစ်ပါသည်။ ကရင်အမျိုးသမီး အဖွဲ့အစည်းဖြစ်သော WLB ၏ ၂၀ဝ၄ ခုနှစ်မှ အစီရင်ခံစာများဖြစ်သည့် ‘တိတ်ဆိတ်မှုများ ပြိုကွဲသွားခြင်း’ (Shattering Silences) နှင့် ‘အပြစ်ရှိသော်လည်း အရေးယူခံရခြင်း ကင်းလွတ်နေသည့်စနစ်’ (System of Impunity) တို့ထဲတွင် အဆိုပါအစီရင်ခံစာများထဲမှ လူ့အခွင့်အရေးမူဘောင် ချမှတ်ကျင့်သုံးရ သော ရည်ရွယ်ချက်သည် နိုင်ငံတခု၏ တာဝန်ယူတာဝန်ခံမှုနှင့် ချိတ်ဆက်မှုကို ထူထောင်ရန်ဖြစ် သည်ဟု ပါရှိပါသည်။ ထို့အပြင် ‘လူ့အခွင့်အရေးမူဘောင်တခုအတွင်းမှ အဆိုပါဖြစ်ပွားမှု ပမာဏ များကို ပြသခြင်းအားဖြင့် အဆိုပါ ပြုမူဆောင်ရွက်မှုများအပေါ် နိုင်ငံတော်၏ တာဝန်မကင်း ကြောင်းကို ပုံဖော်နိုင်မည့် အရေးပါသော ရှုထောင့်အမြင်တခု ဖြစ်ပါသည်’ဟု အလေးအနက် တိုက်တွန်းခဲ့ပါသည် (KWO, 2004; KWO, 2007; WLB, 2004)။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေမူဘောင်ကို ချမှတ်ကျင့်သုံးခြင်းအားဖြင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိသော နေရာများတွင် အကြမ်းဖက်နှောင့်ယှက်မှုများ ဖြစ်ပွားခဲ့ခြင်းကို ပိုမိုဂရုပြုမိစေရေး တောင်းဆိုရန် လမ်းကြောင်းဖော်ဆောင်နိုင်ခဲ့ပါသည်။ ၂၀ဝ၄ ခုနှစ်မှ Shattering Silences တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်များအနေဖြင့် ဒီမိုကရက်တစ်ပုံစံ အုပ်ချုပ်မှုစနစ်တခုအတွက် အတိုက်အခံ နိုင်ငံရေး ရုန်း ကန်လှုပ်ရှားမှုအပေါ် အလေးပေးစဉ်းစားနေကြကြောင်း KWO က တွေ့ရှိခဲ့ရပါသည်။ သို့သော် လည်း တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာဒေသများမှ လက်နက်ကိုင်ပဋိပက္ခများကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပေါ်ပေါက်နေမှုနှင့် ထိုဒေသများ၌ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများလည်း လိုအပ်နေကြောင်း နိုင်ငံတကာက အာရုံပြု သတိထားမိလာ စေရန် တိုက်တွန်းခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် အကြမ်းဖက်မှုပဋိပက္ခများ အဆုံး သတ်စေမည့် လိုအပ်ချက်ကို အသိအမှတ်ပြုနိုင်မည့် လှုပ်ရှားဆောင်ရွက်မှုအတွက် အခိုင်အမာ တောင်းဆိုမှုများ ဖြစ်လာစေပြီး နိုင်ငံရေးအရ အပြောင်းအလဲအတွက် လိုအပ်ချက်ဖြစ်သည့် ငြိမ်း ချမ်းရေးဆီသို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။ တနည်းပြောရမည်ဆိုပါက လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေမူဘောင်နည်းနာအယူအဆများကြောင့် မြန်မာ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ခြယ်မှုတို့အပေါ် အဖွဲ့အစည်းများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေနိုင်ခဲ့ပါသည် (KWO, 2004)။
မည်သို့ပင်ဖြစ်စေ တခါတရံ၌ လူ့အခွင့်အရေး နည်းနာအယူအဆမှာ စစ်မှန်သည့် ဖြစ် တည်နေမှုများကို နက်နက်နဲနဲဖွင့်ဆိုရှင်းပြမှု မပြုလုပ်နိုင်ဟု ရှုမြင်ခံရနိုင်ပါသည်။ အဆိုပါ အမှန် ဖြစ်တည်နေမှုများသည်လည်း လူ့အခွင့်အရေးချိုးဖောက်မှုတချို့နှင့် ယှဉ်တွဲတည်ရှိနေပြီး လူ တို့၏ ဘဝအခြေအနေတခုလုံး ဖိနှိပ်ချုပ်ခြယ်မှုနှင့် ကြုံတွေ့ခံစားခဲ့ရခြင်းမျိုးဖြစ်ပါသည်။ ၂၀ဝ၈ ခုနှစ်၌ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် ၂၀ဝ၇၊ ၂၀ဝ၈ ခုနှစ်တို့တွင် စည်းရုံးဆောင်ရွက်ခဲ့ သည့် ‘ရင်ဖွင့်စာလှုပ်ရှားမှု’ (Open Heart Campaign) အရ တနိုင်ငံလုံးမှ ရေးသားပေးပို့သည့် ပေးစာများမှ အချက်အလက်များပါဝင်သော အစီရင်ခံစာတစောင်ကို ထုတ်ဝေခဲ့ပါသည်။ အဆို ပါကမ်ပိန်းတွင် မြန်မာနိုင်ငံ တနံတလျားမှ ပြည်သူလူထုအနေဖြင့် မိမိတို့၏ နေ့စဉ်ဘဝမှ နစ်နာမှု များအကြောင်းကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ထံ ပေးပို့ကြရန် ဖိတ်ခေါ်ခဲ့ပါသည်။ အစီရင် ခံစာကို ရေးသားပြုစုခဲ့ကြသူများက အစီရင်ခံစာအတွင်းဖော်ပြထားသည့် အကြမ်းဖက် နှောင့် ယှက်မှု ကိစ္စရပ်တခုချင်းစီအား အသားပေးရေးသားခဲ့ပြီး လူ့အခွင့်အရေး ခေါင်းစဉ်အမျိုးမျိုးနှင့် ကိုက်ညီစေရန် တိကျသည့်ခေါင်းစဉ်များဖြင့် အစဉ်လိုက် စီစဉ်ဖော်ပြခဲ့ပါသည်။ ထို့အပြင် အစီရင် ခံစာရေးသားထားသည့် အမှုကိစ္စတခုချင်းစီသည်လည်း အကြမ်းဖက်နှောင့်ယှက်မှု ပုံစံများကို ရည်ညွှန်းဖော်ပြခဲ့ပါသည်။ ဤသို့ နည်းနာအယူအဆတခုကို အသုံးပြုဖော်ပြခြင်းကြောင့် ခံစား ခဲ့ရခြင်းနှင့်ပတ်သက်၍ ဖွင့်ဆိုရှင်းပြမှုအပြည့်အစုံ ရရှိစေပါသည်။ လူ့အခွင့်အရေးဆိုင်ရာ နည်း နာလမ်းကြောင်းကို အသုံးပြု၍ နစ်နာခံစားနေရသည့် အခြေအနေကို အပြည့်အစုံ ဖော်ပြရမည့် အစား ၎င်းတွင်ပါဝင်သော အစိတ်အပိုင်းများအဖြစ် အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေပါသည်။ ထို့ ကြောင့် စာများနှင့် အစီရင်ခံစာများ ကမ္ဘာအနှံ့ပျံ့နှံ့စေရန် အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန် ဆိုရန် လိုအပ်ပြီး မူလ မြန်မာစကားလုံး အသုံးအနှုန်းအတိုင်း ဖြစ်စေရေးအတွက် တိကျပြည့်စုံ သည့် အင်္ဂလိပ်စကားလုံးအသုံးအနှုန်းများကို အမျိုးအစားခွဲခြား အသုံးပြုရမည့် စိန်ခေါ်မှုလည်း ရှိနေပါသည်။ ထိုအချက်များကို နည်းနာအယူအဆအရ သိမြင်မှုမရှိပါက ရင်းနှီးကျွမ်းဝင်ခြင်း မရှိသည့် မြန်မာပြည်မှ ဘဝအတွေ့အကြုံများ အကြောင်းကိုလည်း အပြည့်အဝ နားလည်သဘော ပေါက်နိုင်မည် မဟုတ်ပါ (88 Generation Students Group, 2008)။

၃.၁ လူ့အခွင့်အရေး ရည်မှန်းချက်နှင့် အေဂျင်စီအဖွဲ့အစည်းများ၏ ထုတ်ဖော်ပြောဆိုမှု
လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူ နစ်နာသူများ၏ အေဂျင်စီ အဖွဲ့အစည်းသဘောကို နားလည်သဘောပေါက်နိုင်စေရန် စာရေးသူများနှင့် လူ့အခွင့်အရေး အစီရင်ခံစာများထဲတွင် ပါဝင်သည့် အကြမ်းဖက်မှုများမှ အသက်ရှင်လွတ်မြောက်လာသူများအကြား ဆက်နွယ်မှုများကို လေ့လာခြင်းအားဖြင့် ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်နိုင်ပါသည်။
ABSDF ၏ အစောပိုင်း အစီရင်ခံစာများမှာ အစဉ်အလာအတိုင်းပင် စာရေးသူတဦး၊ သို့မဟုတ် စာရေးသူ အများအပြား၏ အာဘော်များ ပါရှိပါသည်။ ထို့အပြင် ၂၀ဝ၁ ခုနှစ်၌ AAPP-B ၏ ပထမဆုံးအစီရင်ခံစာပါ အမှုကိစ္စဖြစ်သည့် ‘ရှင်သန်လိုသည့်စိတ်ဓာတ်’ (Spirit of Survival) တွင် ကွဲပြားသော စာသားများကို မိတ်ဆက်ပေးရန်အတွက် စာရေးသူ၏ အထ္ထုပ္ပတ္တိ များကို အသုံးပြုထားပါသည်(AAPP-B, 2001)။ အဆိုပါ အစောပိုင်းအစီရင်ခံများမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ အကြောင်းများဖြစ်ပြီး စာရေးသူများကိုယ်တိုင်သည်ပင်လျှင် အစီ ရင်ခံစာထဲ၌ပါဝင်သည့် သတင်းအချက်အလက်များ၏ အဓိကရေသောက်မြစ် ဖြစ်ပါသည်။ ထိုသူ တို့သည် အကြမ်းဖက်နှောက်ယှက်ခံရသည့် နစ်နာသူများနှင့် မျက်မြင်သက်သေများ ဖြစ်သည့် အတိုင်း ယင်း လူ့အခွင့်အရေးအစီရင်ခံစာများ၏ ပုံစံကိုလည်း မိမိတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ ရေးသားခဲ့ကြပါသည်။ ထို့ကြောင့် အစီရင်ခံစာများအပေါ် အများယုံကြည်လက်ခံနိုင် စွမ်းမှာလည်း အစီရင်ခံစာထဲတွင်ဖော်ပြထားသည့် အဖြစ်အပျက်များအား စာရေးသူ၏ မျက်မြင် တွေ့ရှိမှု အခန်းကဏ္ဍအရ သိမှတ်ခံစားခဲ့ကြပြီး ထိုအစီရင်ခံစာကို စုစည်းပုံနှိပ်ထုတ်ဝေသည့် အဖွဲ့ အစည်းများကို အနည်းငယ်သာ အာရုံစူးစိုက်ခဲ့ပါသည်။
အဆိုပါ ကနဦးအစီရင်ခံစာများကို အကြမ်းဖက် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသည့် စာရေးသူများက မူကြမ်းရေးသားထားခြင်းကြောင့် အကြမ်း ဖက်ခံခဲ့ရသည့် အခြေအနေကို တုံ့ပြန်မှုများအား ထည့်သွင်းဖော်ပြခဲ့ပြီး အေဂျင်စီအဖွဲ့အစည်း၏ ပြင်းပြသည့်စိတ်ခံစားမှုကို ပေးစွမ်းနိုင်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ အစီရင်ခံစာများ၏ပုံစံမှာ ပြောင်းလဲသွားပြီး နောက်ပိုင်းထွက်ပေါ်လာသည့် အစီရင်ခံစာများမှာ စာရေးသူ၏ကွဲပြားခြားနား သောအာဘော် ပါဝင်လေ့မရှိတော့ပါ။ အချို့သောအစီရင်ခံစာများတွင် စာရေးသူအနေဖြင့် အမှာ များရေးသားပြီး ခွဲခြားဖော်ပြနိုင်သော်လည်း အစီရင်ခံစာများအပေါ် အများ ယုံကြည်လက်ခံနိုင် စွမ်းမှာမူ အဆိုပါအစီရင်ခံစာများကို ပုံနှိပ်ထုတ်ဝေသည့် အဖွဲ့အစည်းအပေါ်အခြေခံ၍ အကဲဖြတ် မှုများ တိုးပွားလာခဲ့ပါသည်။ ထို့အပြင် စာရေးသူများနှင့် အဖွဲ့အစည်းများကိုလည်း အစီရင်ခံစာ များထဲတွင် ဖော်ပြခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်ခံမှုများ၏ နစ်နာသူများအဖြစ် တိုက်ရိုက် ခွဲခြားဖော်ထုတ်ခြင်း မပြုတော့ပါ။ ထိုအစား တွေ့ဆုံမေးမြန်းခန်း မေးခွန်းဖြေဆိုမှုများအား အသက်ရှင်လွတ်မြောက်ခဲ့သူများ၏ အာဘော်များကို ကိုယ်စားပြုဖော်ပြရန် အသုံးပြုခဲ့ပါသည်။ ထို့ကြောင့် အကြမ်းဖက်နှောက်ယှက်ခံရသည့် နစ်နာသူများ၏ အေဂျင်စီအဖွဲ့အစည်းမှာ အဓိက ထား အာရုံစူးစိုက်မှု လျော့ကျသွားပြီး အစီရင်ခံစာများထဲမှ လူ့အခွင့်အရေး ခုခံကာကွယ်သူများ ဖြစ်သည့် စာရေးသူ၊ ထုတ်ဝေသူများနှင့် မူလသတင်းအချက်အလက်ကို ပံ့ပိုးပေးသည့် လူ့အခွင့် အရေးချိုးဖောက်ခံရသူ နစ်နာသူများအကြား အစီရင်ခံစာက ပေးစွမ်းနိုင်သည့် သိမှုနယ်ပယ်မှာ လည်း ပိုမိုဝေးကွာသွားခဲ့ပါသည်။ အဖြစ်အပျက်များတွင် ပါဝင်ပတ်သက်ခဲ့သူများနှင့် မျက်မြင် သက်သေများ ဖြစ်ခဲ့ကြခြင်းကြောင့် အများယုံကြည်လက်ခံနိုင်စွမ်း ရရှိစေရန်အတွက် သမာ သမတ်ကျမှုမှာ ပိုမို အရေးပါခဲ့ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ Open Heart ကမ်ပိန်းကို စံနမူနာအဖြစ် ဥပမာပေးရ မည်ဆိုပါက ‘ဤအစီရင်ခံစာထဲတွင် ကျွနု်ပ်တို့၏ ပုဂ္ဂိုလ်ရေးဘက် လိုက်မှုများမပါဝင်ဘဲ ပြည်သူ များ၏ စစ်မှန်သော မူလအသံများပါဝင်စေရန် ကြိုးပမ်းထားပါသည်’ဟု စာရေးသူများက မှတ် ချက်ပြုခဲ့ပါသည် (88 Generation Students Group, 2008)။ အဆိုပါ အသစ်ဖြစ်ပေါ်တိုးတက်မှု၏ အစိတ်အပိုင်းအဖြစ် လူ့အခွင့်အရေး နည်းနာအယူအဆ အသုံးပြုမှုနှင့် လူ့အခွင့်အရေးကို သုတေ သနပြု မှတ်တမ်းရေးသားပြုစုသည့် နည်းနာများမှာ အစီရင်ခံစာ များထဲမှ အချက်အလက်များ၏ မှန်ကန်ခိုင်မာမှုကို တိကျစွာ ထောက်ပြပြောဆိုနိုင်မည့် အရေးပါသောရင်းမြစ်များအဖြစ် ပေါ် ထွက်လာခဲ့ကြပါသည်။
စာရေးသူ၊ ထုတ်ဝေသူနှင့် သတင်းရင်းမြစ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူများကြားမှ ဆက်နွယ်မှုမှာ အကျပ်ရိုက်စရာပြဿနာ ဖြစ်နိုင်ကြောင်းကိုလည်း ၂၀ဝ၂ ခုနှစ်တွင် License to Rape အစီရင်ခံစာထွက်ရှိပြီးနောက် SWAN အဖွဲ့၏ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုတွင် ထင်ဟပ်နေ ပါသည်။ ဤနေရာတွင် အစီရင်ခံစာထဲတွင် ဖော်ပြထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းအရာများကြောင့် သက်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်ခံရသူများထံ အန္တရာယ် မကျရောက်စေရန်နှင့် ပြည်ပမှသူများ၏ ဆောင်ရွက်ချက်များအပေါ် အနည်းငယ်သာ ထိန်းချုပ် နိုင်ခဲ့သည်ဟု အဖွဲ့အစည်းအနေဖြင့် ခံစားမိကြောင်း SWAN က ဖော်ပြခဲ့ပါသည် (SWAN First Newsletter, 1999; SWAN Third Newsletter, 2002; SWAN, 2009)။ အဆိုပါအချက်များမှာ ၂၀၁၀ ပြည့်နှစ် ကရင်လူ့အခွင့်အရေးအဖွဲ့အစည်း KHRG နှင့် KWO တို့၏ အစီရင်ခံစာ ‘ဓားသွား များအကြား လမ်းလျှောက်ရခြင်း’ (Walking amongst Sharp Knives) တွင် လမ်းကြောင်း ပုံစံသစ်တခုအဖြစ် ထင်ဟပ်နေပြီး လူ့အခွင့် အရေး သုတေသနပြုမှတ်တမ်း ပြုစုရာတွင် လည်း လူ့အခွင့်အရေး အကြမ်းဖက်မှုမှ အသက်ရှင် လွတ်မြောက်လာသူများ၏ အေဂျင်စီအဖွဲ့အစည်းများအပေါ် ပို၍ အဓိက ထားခဲ့ပါသည် (KWO, 2010)။
နောက်ဆုံးအနေဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှ လမ်းကြောင်းပုံစံ သစ်တခုမှာ အဖွဲ့အစည်းများအနေဖြင့် မိမိ တို့၏ တာဝန်ယူမှုနှင့် အခန်းကဏ္ဍတို့ကို အဓိကထားနိုင်ရန် လူ့အခွင့်အရေးမူဘောင် ကို အသုံးပြု၍ အစီရင်ခံစာများ ရေးသား ထုတ်ဝေခဲ့ကြပါသည်။ သာဓကတခုမှာ ၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့သည့် ကရင်နီ အမျိုးသမီးအဖွဲ့အစည်း (KnWO) ဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကရင်ပြည်နယ်၌ တပ်မတော်က ကျူးလွန်ခဲ့သည့် အဓမ္မမှုများနှင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ကရင်နီအမျိုးသမီးများ၏ နေ့စဉ်ဘဝ အတွေ့အကြုံများအား အဓိကထား ဖော်ပြခဲ့ပါသည်။
အဆိုပါအစီရင်ခံစာထဲတွင် ရှာဖွေတွေ့ရှိချက်များ၏ရလဒ်အဖြစ် မည်သည့် ပြဌာန်းချက် များကို အဖွဲ့အစည်းများအနေဖြင့် အသုံးပြုသင့်ကြောင်းကိုလည်း KnWO က အကြံပြုချက်များ ပြုလုပ်ထားပါသည် (know, 2010)။ အခြားသော အစီရင်ခံစာများတွင်လည်း အဖွဲ့ အစည်းများ၏ တာဝန်ယူတာဝန်ခံမှုကို အဓိကထားလာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များက ကချင်ပြည်နယ်၌ ABSDF အဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်ရပ်ကို အဓိက ရေးသားထား သည့် ABSDF အဖွဲ့၏အစီရင်ခံစာ (၂၀၁၅ ခုနှစ်)၊ ထိုင်းနိုင်ငံရှိ ကရင်ဒုက္ခသည် စခန်းများမှ လူထု ရပ်ရွာအခြေပြု တရားစီရင်မှုစနစ်များ၊ လိင်ပိုင်းဆိုင်ရာနှင့် လိင်အခြေပြု အကြမ်းဖက်မှု(GBV) ကို အဓိကထားသည့် KWO အဖွဲ့၏ အစီရင်ခံစာတို့ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပါသည် (ABSDF, 2015; KWO, 2016)။

၃-၂ အချက်အလက် မှန်ကန်ခိုင်မာမှုနှင့် တင်ပြပုံစာဟန်ပေဟန် မဟာဗျူဟာများ
(Claims of Truthfulness and Strategies of Inter-Textuality)
အစီရင်ခံစာများအတွက် စေ့ဆော်မှုတခုမှာ မြန်မာနိုင်ငံမှ အဖြစ်အပျက်များနှင့် ပတ် သက်၍ ဖြစ်ရပ်မှန်များကို ထုတ်ဖော်ပြသနိုင်မည့် အလှည့်အပြောင်းပုံစံတခု ရရှိစေရန် ဖြစ်ပါ သည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မြန်မာအစိုးရကထုတ်ပြန်သည့် တရားဝင်သတင်း များမှာ တခုတည်းသောအမှန်တရားအဖြစ် မရပ်တည်တော့ပါ။ ထို့နောက် အစီရင်ခံစာ ဖတ်ရှု သူများကိုလည်း အဆိုပါအစီရင်ခံစာများထဲတွင် ဖော်ပြထားသည့် အမှန်တရားအတွက် မျက်မြင် သက်သေများဟု ခေါ်ဆိုနိုင်ပါသည်။
လူ့အခွင့်အရေး အစီရင်ခံစာများကို ရေးသားသူများသည် ၎င်းတို့၏ အစီရင်ခံစာများကို စာဖတ်သူများ နားလည်သဘောပေါက်စေရန်အတွက် လိုရင်းမရောက်သည့် မဟာဗျူဟာများကို အသုံးပြုတတ်ကြသည်ဟု Khor က မှတ်ချက်ပြုခဲ့ပါသည်။ အဆိုပါ မဟာဗျူဟာများအနက် ပထမဆုံးအချက်မှာ လူ့အတွေးအခေါ် အယူအဆနှင့် လူ့အခွင့်အရေး ကျင့်ဝတ်များတွင် အမြစ် တွယ်နေသည့် အခွင့်အရေးဆိုင်ရာ အလေ့အထများ၏ ပြဋ္ဌာန်းချက်များအပေါ် အခြေခံ၍ လူ့ အခွင့်အရေး အစီရင်ခံစာများကို ရေးသားလေ့ရှိခြင်းပင် ဖြစ်ပါသည်။ သာဓကအနေဖြင့် လူ့အခွင့် အရေး အစီရင်ခံစာ တင်သွင်းခြင်းနှင့် ရှေ့ဆောင်ဦးရွက်ပြုခြင်း၏ ထိရောက်မှုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ကိုရပ်တန့်ရမည်ဆိုသော အခြားသူများ ထိခိုက်ခံစားနေရမှု အဆုံးသတ် ရေးသည် လူတို့၏ကျင့်ဝတ်တာဝန်ဖြစ်သည်ဟု ယူဆသည့်အပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် လူ့အခွင့်အရေး အစီရင်ခံစာတစောင်တွင် ၎င်း၏ကိုယ်ပိုင်အခွင့်အရေးရှိသည့် လူ့ အခွင့်အရေးစာသားနှင့် အခြားသော နည်းနာအယူအဆများဖြင့် ရေးဆွဲထားခြင်း နှစ်ခုလုံး ပါဝင် ရမည်ဖြစ်ပြီး တရားဥပဒေဆိုင်ရာ စာသားများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ စာရွက်စာတမ်း များနှင့် လူသုံးများသည့် နည်းနာအယူအဆများလည်း ပါဝင်ရပါမည်။ သို့မှသာလျှင် စာဖတ်သူ များအနေဖြင့် စောဒကတက်မှုများ ပြုလုပ်နိုင်ပြီး အမှန်တရားနှင့် လှုပ်ရှားဆောင်ရွက်ချက်တို့ အတွက် မည်သို့ ပြောဆိုတိုက်တွန်းခဲ့သည်ကိုလည်း စာဖတ်သူများ နားလည်သဘောပေါက်နိုင် မည် ဖြစ်ပါသည်။ ယင်းမှာ စာဟန်ပေဟန်ဖြင့် အခြားစာသားများကို အသုံးပြုမှု (inter-textuality) ဟု သိကြသော လိုရင်းမရောက်သည့် နည်းစနစ်တခုပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာများကို ရေးသားခဲ့ကြသော အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ ရှာဖွေတွေ့ရှိချက်များ၏ ယုံကြည်စိတ်ချနိုင်စွမ်းနှင့် ယုံကြည်ထိုက်ဖွယ်ရှိမှုတို့ကို အားကောင်းလာစေရန် နည်းစနစ်အမျိုးမျိုးကို ချမှတ်အသုံးပြုခဲ့ကြပါသည်။ အချို့သော အစီရင် ခံစာများမှာ မိမိတို့ ရှာဖွေတွေ့ရှိချက်များ အင်အားကောင်းလာစေရန် အကြမ်းဖက် လူ့အခွင့် အရေး ချိုးဖောက်ခံရမှုများကို ရေတွက်တိုင်းတာခဲ့ကြပါသည်။ သာဓကအနေဖြင့် ၂၀ဝ၇ ခုနှစ်မှ KWO ၏ ‘နိုင်ငံတော်အကြမ်းဖက်မှု’ (State of Terror) အစီရင်ခံစာတွင် ၁၉၈၁ ခုနှစ်မှ ၂၀ဝ၆ ခုနှစ်အတွင်း အမျိုးသမီးများ၏ အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရသည့် မှတ်တမ်းဝင်အမှုကိစ္စရပ် ပေါင်း ၉၅၉ ခုကို အသေးစိတ် ထည့်သွင်းဖော်ပြခဲ့ပါသည်။ သို့သော်လည်း အစီရင်ခံစာအများစုမှာ အရည်အသွေးအသားပေး သုတေသနပြု လက်တွေ့အသုံးချ နည်းစနစ်ဗေဒအပေါ် အခြေခံပြီး အဓိကချဉ်းကပ်မှု အမျိုးအစားနှစ်မျိုးကိုသာ အမျိုးအစား ခွဲခြားနိုင်ပါသည်။
ပထမချဉ်းကပ်မှုမှာ လူ့အခွင့်အရေး နယ်ပယ်တွင် နာမည်ဂုဏ်သတင်းကြီးသည့် ပြင်ပ ဆောင်းပါးရှင်များကို အစီရင်ခံစာအတွက် နိဒါန်းတခု အကြမ်းရေးသားစေခြင်း ဖြစ်ပါသည်။ ယင်းတို့မှာ ထိုင်းပညာရှင်နှင့် ငြိမ်းချမ်းရေးသုတေသီ ပါမောက္ခ ဂိုထမ်အာရိယာ (Gothom Arya) ၏ ‘အင်းစိန်ထောင်တွင်း အပြစ်မရှိကြောင်း ထုချေရခြင်း’ (Pleading Not Guilty in Insein, 1997) အစီရင်ခံစာမှ နိဒါန်း၊ ABSDF ၏ ‘’၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို လေ့လာခြင်း’ အစီရင်ခံစာ အတွက် ရတ်ဂျားစ်တက္ကသိုလ်မှ မြန်မာ့အရေးနှင့်ပတ်သက်၍ လူအများလေးစားခံရသည့် ကျွမ်း ကျင်သူ ပါမောက္ခ ဂျိုးဇက် ဆေးလ်ဗားစတိန်း (Joseph Silverstein) ၏ နိဒါန်းတို့ ဖြစ်ကြပါသည်။ AAPP-B ၏ အစီရင်ခံစာများတွင်လည်း အဆိုပါချဉ်းကပ်မှုမျိုးကို အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အထူးအစီရင်ခံစာတင်သွင်းသူ၊ သို့မ ဟုတ် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch) ကဲ့သို့သော နိုင်ငံ တကာတွင် ကျော်ကြားသော လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များက နိဒါန်း ရေးသားပေးခဲ့ကြပါသည်။ ထို့အပြင် အစီရင်ခံစာများ၏ ကျိုးကြောင်းဆီလျော်မှု အားကောင်း စေရန် AAPP-B နှင့် အခြားအဖွဲ့အစည်းများ၏ အစီရင်ခံစာများသည် အခြားသူများ၏ အသိ အမှတ်ပြုမှုနှင့် တရားနည်းလမ်းကျမှု ဖြစ်စေသည်ဟူသော ဂုဏ်ကိုလည်း အဆိုပါ အစီရင်ခံစာ များထဲတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ အခြားသော အစီရင်ခံစာများသည်လည်း မိမိတို့ ရှာဖွေ တွေ့ရှိချက်များ၏ တရားဝင်မှု အင်အားကောင်းစေရန် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော စာသားများကိုလည်း ရွေးထုတ်ကောက်နှုတ် ဖော်ပြခဲ့ကြပါသည် (AAPP-B, 2001; AAPP-B/BWU, 2004)။
ဒုတိယချဉ်းကပ်မှုတခုကို အမျိုးသမီးအဖွဲ့အစည်းများက တသီးတသန့် အသုံးပြုခဲ့ပြီး အခြားသော အဖွဲ့အစည်းများကလည်း အလားတူ အကြောင်းကိစ္စရပ်များကို ဆန်းစစ်လေ့လာခဲ့ ကြပါသည်။ ပြောရမည်ဆိုလျှင် License to Rape (2002) မှာ မြန်မာနိုင်ငံရှိ ဒေသအတော်များများ တွင် ဖြစ်ပွားနေသည့် လိင်ပိုင်းဆိုင်ရာနှင့် လိင်အခြေပြုအကြမ်းဖက်မှု (GBV) များနှင့် ပတ်သက် သော အစီရင်ခံစာများ ပေါ်ထွက်လာစေရန် ပထမဆုံးအစီရင်ခံစာ ဖြစ်ခဲ့ပါသည်။ အဆိုပါ အစီရင် ခံစာများကို အမျိုးမျိုးသော အမျိုးသမီးအဖွဲ့အစည်းများက နှစ်အတန်ကြာ ပုံနှိပ်ထုတ်ဝေခဲ့ကြပြီး နိုင်ငံတဝန်းဖြစ်ပေါ်နေသည့် တပ်မတော်၏ အပြုအမူကို မှတ်တမ်းပြုစု ရေးသားနိုင်ခဲ့ပါသည်။ ထို့အပြင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ဖြစ်ပေါ်နေသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို စနစ်တကျချိုးဖောက်မှုများအား ဖြစ်နိုင်သမျှ တရားဥပဒေအတိုင်းလိုက်နာစေရန် အကြမ်းဖက်မှု များကို သက်သေသာဓက တင်ပြနိုင်ခဲ့ပါသည်။ ထို့နောက် အမျိုးသမီးအဖွဲ့အစည်းများနှင့် AAPP-B တို့က အစီရင်ခံစာများထဲတွင် ထပ်ခါထပ်ခါ ပါရှိနေသည့် လှုပ်ရှားဆောင်ရွက်မှုအတွက် အလားတူထောက်ခံချက်များနှင့် ဆွေးနွေးမှုများကို ဖြည်းဖြည်းချင်း တိုးချဲ့ဆောင်ရွက်ခဲ့ကြပါ သည်။

၃.၃ လှုပ်ရှားဆောင်ရွက်မှုအတွက် အဆိုပြုချက်များနှင့် အကြံပြုချက်များ၏ အခန်းကဏ္ဍ
လူ့အခွင့်အရေးဆိုင်ရာ နည်းနာအယူအဆ၏ ပြဋ္ဌာန်းချက်များအနက် တခုမှာ လူ့အခွင့် အရေး အစီရင်ခံစာတစောင်သည် လှုပ်ရှားဆောင်ရွက်မှုအတွက် အကြံပြုချက်များနှင့် အဆုံး သတ်ရမည်ဟူသော အချက်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့သော လူ့အခွင့်အရေး နည်းနာအယူအဆမှာ တရားဥပဒေနှင့် နိုင်ငံရေးအရ နည်းနာအယူအဆတခုဖြစ်ပြီး တိကျရေရာသော ဆောင်ရွက် ချက်များ မပြုလုပ်နိုင်အောင် ပိတ်ဆို့တားဆီးထားသည့် အခြေအနေမှ အဆိုပြုချက်များကို ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် မည်သို့လမ်းကြောင်း ဖော်ဆောင်သင့်ကြောင်း လေ့လာသုံးသပ်သင့်ပါ သည် (Fairclough & Fairclough, 2012)။
ယခုဆောင်းပါးထဲတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အစီရင်ခံစာများကိုသာ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ထားခြင်းဖြစ်ပြီး မြန်မာအစိုးရနှင့် နိုင်ငံတကာမှ စာဖတ်ပရိသတ် များအား အဓိကပစ်မှတ်ထားသည်ကို တွေ့ရှိရသည်။ အချို့သောအစီရင်ခံစာများမှာ မြန်မာ့လူ့ အဖွဲ့အစည်းမှ အခြားသော အရေးပါသည့်ပုဂ္ဂိုလ်များကို အာရုံစူးစိုက်မိစေရန် လုပ်ဆောင်ထားပါ သည်။ ထိုကဲ့သို့သော အစီရင်ခံစာများတွင် အမျိုးသမီးများ၏ အခွင့်အရေး ချိုးဖောက်ခံရသည့် အချက်ကို ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များတွင် စွဲမြဲနေသည့် ခွဲခြားဆက်ဆံခံရမှု အဖြစ် အသားပေးဖော်ပြထားပါသည်။ အစောပိုင်း အစီရင်ခံစာတချို့တွင် ထောက်ခံချက် အနည်းအကျဉ်းသာပါဝင်ပြီး များသောအားဖြင့် ယေဘုယျ အသုံးအနှုန်းများကိုသာ ပုံသေနည်း အဖြစ်အသုံးပြုထားကာ မြန်မာအစိုးရကို အဓိကပစ်မှတ်ထားခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ အချိန် ကြာလာသည်နှင့်အမျှ ထောက်ခံချက်များမှာလည်း ပိုမိုကျယ်ပြန့်လာပြီး ပစ်မှတ်ထားသည့် နေရာကဏ္ဍများလည်း ပို၍ကျယ်ပြန့်လာရာ မြန်မာအစိုးရမှသည် နိုင်ငံခြားအစိုးရအဖွဲ့များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ NGOs အဖွဲ့အစည်းများကဲ့သို့ သော နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးပါသည့်ပုဂ္ဂိုလ်များအထိပါ ပစ်မှတ်ထားလာခဲ့ပါသည်။
License to Rape (2002) အစီရင်ခံစာတွင် မြန်မာအစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း နှစ်ခုလုံးနှင့် ထိတွေ့ဆက်ဆံနိုင်စေမည့် ကိစ္စရပ်တခုကို ထည့်သွင်းဖော်ပြခဲ့ပါသည် (SWAN/SHRF, 2002)။ SWAN ၏ ပထမဦးဆုံး သတင်းလွှာတွင် မြန်မာနိုင်ငံရှိ လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် အခြေ အနေ၊ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့နှင့် ပတ်သက်၍ အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က အစီရင်ခံ တင်ပြခဲ့သော်လည်း ထိုကဲ့သို့ သော အမှုကိစ္စများ ဖြစ်ပွားသည့်ပမာဏ လျော့ကျမသွားသေးကြောင်း မိမိတို့အဖွဲ့ အစည်းမှ သတိထားမိပါသည်ဟု မှတ်ချက်ပြု ရေးသားခဲ့ပါသည်။ ထို့ကြောင့် SWAN အနေ ဖြင့် အဓမ္မပြုကျင့်မှုနှင့်ပတ်သက်၍ အများ ပြည်သူ သိစေရန် ထုတ်ပြန်ကြေညာသော သတင်းအချက်အလက်များကို မြန်မာ ဘာသာဖြင့်ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ပြီး ထို ကိစ္စအတွက် တပ်မတော်တွင် တာဝန်ရှိ ကြောင်း ရှေ့တလှမ်းတိုး ဆောင်ရွက်နိုင်ခဲ့ပါ သည်။
ထို့အပြင် မိမိတို့၏ဆောင်ရွက်ချက်များအပေါ် စောင့်ကြည့်ခြင်းခံရပြီး ရေးသားထုတ်ဝေခဲ့ သည့် စာရွက်စာတမ်းများကိုလည်း ပိတ်ပင်ဟန့်တားခံရနိုင်ကြောင်း သိရှိမျှော်လင့်ထားခဲ့ကြ ပါသည်။ ထို့နောက် SWAN နှင့် SHRF တို့က မြန်မာနိုင်ငံမှ အာဏာသိမ်းအစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ပေါ်ပေါက်နေသည့် အကြမ်းဖက်နှောင့်ယှက်မှုများနှင့် ပတ်သက်၍ ရေး သားထားသည့် အစီရင်ခံစာများကို အသရေဖျက် အပုပ်ချလိမ့်မည်ဟု အခိုင်အမာဆိုခဲ့ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးပါသည့်ပုဂ္ဂိုလ်များသည်လည်း အာဏာရှိနေဆဲဖြစ်သည့် တပ်မတော်အစိုးရကို ဆက်လက် ဖိအားပေးရမည့်အစား သံသယ၏ အကျိုးခံစားခွင့်အဖြစ် ထောက်ပံ့ကူညီမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်တော့မည်ဟုလည်း ထောက်ပြရေးသားခဲ့ ကြပါသည်။ ရလဒ်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ရောက်ရှိစေရန် တိုင်းပြည်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများအား ပိုမိုစနစ်ကျနစွာ တင်ပြနိုင်ရန် လိုသည်ဟုလည်း ထိုအဖွဲ့ အစည်းနှစ်ခုက အခိုင်အမာ ပြောကြားခဲ့ကြပါသည် (SWAN/SHRF, 2002)။
License to Rape အစီရင်ခံစာ၏ ရိုက်ခတ်မှု နောက်ဆက်တွဲအဖြစ် အချို့သော ဖြစ်ရပ် များကလည်း ခိုင်မာမှုရှိကြောင်း အထောက်အထား ဖြစ်စေခဲ့ပါသည်။ အစီရင်ခံစာ ရေးသား ထုတ်ဝေခြင်းကြောင့် မြန်မာအစိုးရအနေဖြင့် အဓမ္မပြုကျင့်မှုများကို စုံစမ်းစစ်ဆေးခဲ့သော်လည်း အစီရင်ခံစာမှ အချက်အလက်အများစုကို အလျင်အမြန် ငြင်းဆန်ခဲ့ပါသည် (Buzzi, 2003)။ ထို့အပြင် ၂၀ဝ၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအခြေအနေကို အဓိက အာရုံစူးစိုက် လာခဲ့ပြီးနောက် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်များ၌ ပုံမှန်ပါဝင်မြဲ အကြောင်းအရာတခု ဖြစ်လာ သည့် လက်နက်ကိုင်တပ်ဖွဲ့များက ဆက်တိုက် ထပ်တလဲလဲ လုပ်ဆောင်လာသော အဓမ္မပြုကျင့်မှု နှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ရှိသည်ဟူသော မေးခွန်းကို သေချာစေသည့် အရေးပါသော အစီရင်ခံစာ ဖြစ်လာခဲ့ပါသည် (Buzzi, 2003)။ ထိုရိုက်ခတ်မှုကို တိုင်းတာသည့် တတိယမြောက် ပေတံမှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန (U.S State Department) ၏ နှစ် ပတ်လည်အစီရင်ခံစာကဲ့သို့သော အခြား လူ့အခွင့်အရေးအစီရင်ခံစာများမှ အထောက်အထား အကိုးအကားများပင် ဖြစ်ပါသည် (Buzzi, 2003)။
SWAN က နိုင်ငံတကာ၏ ရှေ့ဆောင်ဦးရွက်ပြုမှုနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဆက်လက်ဖိအားပေးရန် တောင်းဆိုခဲ့သော်လည်း အဖွဲ့အစည်းတချို့မှ ထုတ်ဝေခဲ့သည့် သတင်း လွှာများကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာမှထိတွေ့ဆက်ဆံမှု အခန်းကဏ္ဍမှာ မတင်မကျဖြစ် နေသည့်အမြင်မျိုး ရှိနေခဲ့ပါသည်။ ထိုအချက်ကလည်း ထုတ်ဝေခဲ့သည့် အစီရင်ခံစာအပေါ် ပိုမို ကျယ်ပြန့်စွာ နားလည်သဘောပေါက်ရန်လိုသေးကြောင်း ထောက်ပြနေပါသည်။ SWAN ၏ သတင်းလွှာအချို့တွင် ထိုစဉ်က မြန်မာနိုင်ငံ၌ နိုင်ငံတကာအဖွဲ့အစည်းများ ရှိနေခြင်းကြောင့် ပေါ်ပေါက်လာသည့် ပြဿနာအမျိုးမျိုးရှိကြောင်း ထင်ဟပ်ဖော်ပြနေပြီး အစိုးရအနေဖြင့်လည်း ထို နိုင်ငံတကာအဖွဲ့အစည်းများ ရှိနေခြင်းကို အသုံးပြု၍ အခြေအနေများ တိုးတက်နေကြောင်း ဂုဏ်ယူနေခဲ့သည်ဟုလည်း ညွှန်းဆိုဖော်ပြခဲ့ပါသည်။
နိုင်ငံတကာမှ အရေးပါသောပုဂ္ဂိုလ်များ အတွက် စိန်ခေါ်မှုများဖြစ်သည့် အကြမ်းဖက် နှောင့်ယှက်မှုများနှင့်ပတ်သက်၍ အများသိအောင် သက်သေမခံနိုင်ခြင်းနှင့် သက်သေခံလိုစိတ် မရှိခြင်း၊ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများ၏ ကောင်း ကျိုးဆိုးပြစ်များ အကြောင်းကိုလည်း သတင်းလွှာများထဲတွင် ထင်ဟပ်ဖော်ပြထားပါသည်။ အဆုံးသတ်အားဖြင့် SWAN အဖွဲ့တည်ထောင်သည့် ၁၀ နှစ်မြောက် နှစ်ပတ်လည်အစီရင်ခံစာတွင် နိုင်ငံတကာရှိ အရေးပါသောပုဂ္ဂိုလ်များက မြန်မာနိုင်ငံရှိ အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာများကြောင့် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် စတင်တောင်းဆိုလာပြီး နစ်နာရသူများနှင့် မျက်မြင်သက်သေများကို ကာကွယ်ပေးမှုနှင့်ပတ် သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလာသောအခါ မိမိတို့အဖွဲ့အစည်းအနေဖြင့် စိန် ခေါ်မှုများနှင့် ရင်ဆိုင်လာရကြောင်းလည်း ထည့်သွင်းရေးသားဖော်ပြခဲ့ပါသည် (SWAN, 2009)။ တနည်းပြောရမည်ဆိုပါက အစီရင်ခံစာတစောင်ကို မည်သို့ အသုံးပြုမည်ဆိုခြင်းနှင့် မည်သည့် ရိုက်ခတ်မှုရှိမည်ဆိုသည့်အပေါ် ကြိုတင်မခန့်မှန်းနိုင်ကြောင်း SWAN အဖွဲ့က ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

၄။ လူ့အခွင့်အရေး နည်းနာအယူအဆကိုအသုံးပြု၍ ပြဿနာတခုကို ပုံသွင်းဖော်ပြခြင်း
မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆများကို မည်သို့ ချမှတ်ကျင့်သုံးခဲ့သည်ဟူသည့် သမိုင်းကြောင်းမှာ အခြား သော နိုင်ငံများ၏ သမိုင်းကြောင်းနှင့်လည်း ဆင်တူပါသည်။ နိုင်ငံတနိုင်ငံတွင် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ခြယ်သည့် အနေအထားတခုနှင့် ကြုံတွေ့လာသောအခါ လူ့အခွင့်အရေး နည်းနာအယူ အဆကို ဦးစွာခံယူလိုက်နာပြီး အကြမ်းဖက်မှုပဋိပက္ခကိုလည်း နိုင်ငံတော်အပေါ် ခုခံတော်လှန်မှု အမှတ်သင်္ကေတအဖြစ် သဘောပိုက်လိုက်ကြပါသည်။ ထို့ကြောင့် လူ့အခွင့်အရေး နည်းနာအယူ အဆများနှင့် အဟိံသ(အကြမ်းမဖက်)လှုပ်ရှားမှုတို့ကို မိမိ၏ မိန့်ခွန်းများနှင့် စာအရေးအသား များမှတဆင့် မိတ်ဆက်ပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာလည်း အရေးပါ ပါ သည်။ အထူးသဖြင့် ကျောင်းသားများနှင့် လူငယ်ထုအကြားတွင်ဖြစ်ပြီး အပြောင်းအလဲအတွက် တမူထူးခြားစွာ တွေးဆနိုင်ရန် ကနဦးတွန်းအားတခုလည်း ဖြစ်စေခဲ့ပါသည်။
အစပိုင်းတွင် မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ အယူအဆများအပေါ် စောဒကတက်မှုမှာ လူသားတဦးနှင့်တဦး ဂုဏ်သိက္ခာချင်း အတူတူပင် ဖြစ်သည်ဟူသော စာရိတ္တကျင့်ဝတ်အပေါ် ခံယူပြောဆိုမှုမှ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ထို့ အပြင် တက်ကြွလှုပ်ရှားသူများက နိုင်ငံတော်၏ တာဝန်ယူတာဝန်ခံမှုကိုလည်း တောင်းဆိုကြပါ သည်။ မည်သို့ပင်ဖြစ်စေ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆကို အမျိုးမျိုး သော ပုဂ္ဂိုလ်များက အမျိုးမျိုးသော ရည်ရွယ်ချက်များအတွက် ချမှတ် အသုံးပြုခဲ့ကြပါသည်။ ကျောင်းသားအရေးလှုပ်ရှားသူများအနေဖြင့် အစပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ၏ အခြေ အနေများကို မှတ်တမ်းပြုစုရန်နှင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး နိုးထလာပြီးနောက် စည်းရုံးဆောင်ရွက်ခဲ့သည့် လက်နက်ကိုင်တော်လှန်မှု မှန်ကန်ကြောင်းပြသရန် လူ့အခွင့်အရေး နည်းနာအယူအဆကို အသုံးပြုခဲ့ကြပါသည်။ နောက်ပိုင်းတွင်မှ နိုင်ငံတကာ၏ ကြံ့ကြံ့ခံရပ်တည် ပေးမှုနှင့် လက်နက်ကိုင်ပုန်ကန်မှုအတွက် အလှည့်အပြောင်းတခုအဖြစ် ပံ့ပိုးကူညီပေးရန် တောင်းဆိုလာခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစုများကလည်း စစ်ကြောင့် ပျက်စီးဒုက္ခရောက်နေရသော တိုင်းရင်းသားတို့၏ နယ်မြေဒေသအခြေအနေများကို မှတ်တမ်းပြုစုရန်နှင့် လုပ်ပိုင်ခွင့်ပိုမိုများပြားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် တိုင်းရင်းသားများ၏ တောင်းဆိုမှုများ အင်အားကောင်းလာစေရန် လူ့အခွင့်အရေး နည်းနာအယူအဆကို အသုံးပြုလာခဲ့ကြပါသည်။ အမျိုးသမီးအဖွဲ့အစည်းများကလည်း ကျား-မ တန်းတူညီမျှမှုကို ပိုမိုလက်ခံလာစေပြီး အမျိုးသားများ လွှမ်းမိုးကြီးစိုးသည့် ခုခံတော်လှန်ရေး လှုပ်ရှားမှုကို စိန်ခေါ်ရန်နှင့် အမျိုးသမီးများ၏ခေါင်းဆောင်မှုကို လက်ခံပြီး နိုင်ငံတော်၏ တာဝန် ယူတာဝန်ခံမှုကို ဆုပ်ကိုင်နိုင်ရန်တို့အတွက် လူ့အခွင့်အရေး နည်းနာအယူအဆကို ချမှတ်ကျင့်သုံး လာခဲ့ကြပါသည်။
ဤသို့ဖြင့် တက်ကြွလှုပ်ရှားသူများမှာ မြန်မာနိုင်ငံမှ လူ့အသိုင်းအဝိုင်းများနှင့် နိုင်ငံ တကာအသိုင်းအဝိုင်း၊ အဖွဲ့အစည်းများ၏ အရေးပါသောပုဂ္ဂိုလ်များအကြား ပြေလည်မှုရအောင် ဆောင်ရွက်ဖျန်ဖြေပေးသည့် စွန့်ဦးတီထွင်သူများ ဖြစ်လာခဲ့ပါသည်။ အချိန်ကြာလာသောအခါ အတိုက်အခံလှုပ်ရှားမှု၏ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုမှာ အဓိကလမ်းကြောင်းသုံးခုအဖြစ် ကျယ်ပြန့်လာခဲ့ပါသည်။ ယင်းတို့မှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ဦးဆောင်ရှေ့ရွက်ပြုမှု၊ လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးပညာပေးမှုနှင့် လူသားချင်း စာနာထောက်ထားမှု လုပ် ငန်းများတွင် လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှုများ စသည်တို့ဖြစ်ကြပြီး နည်းနာအယူအဆနှင့် ဆက်နွယ်သည့် အမူအကျင့်ပုံစံအမျိုးမျိုးလည်း ပေါ်ထွက်လာပါသည်။
မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများသည် ၁၉၉၀ ပြည့်လွန်နှစ်များ၌ အပြည်ပြည်ဆိုင် ရာ လူ့အခွင့်အရေး နည်းနာအယူအဆများဆီသို့ အဘယ်ကြောင့် ပြောင်းလဲသွားခဲ့ကြောင်း နားလည်သဘောပေါက်နိုင်ရန်မှာ ထိုအချိန်ကာလအတောအတွင်း လက်နက်ကိုင်လှုပ်ရှားမှုမှ အဟိံသ(အကြမ်းမဖက်)လှုပ်ရှားမှုသို့ ဖြေးဖြေးချင်း အသွင်ကူးပြောင်းသွားသည်ကို နားလည် သဘောပေါက်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံမှ နိုင်ငံရေးအပြောင်းအလဲအတွက် ရုန်းကန်လှုပ် ရှားရာတွင် လွှမ်းမိုးကြီးစိုးနေသည့် နည်းဗျူဟာများမှာ များသောအားဖြင့် လက်နက်ကိုင်တော် လှန်မှုနှင့် မြေအောက်လှုပ်ရှားမှုတို့သာ ဖြစ်နေလေ့ရှိပြီး နိုင်ငံတကာမှ ဦးဆောင်ရှေ့ရွက်ပြုခြင်း နှင့် အရပ်ဘက်အဖွဲ့အစည်းများဖြင့် စုစည်းဆောင်ရွက်ခြင်းတို့မှာ ၁၉၉၀ ပြည့်လွန်နှစ်များတွင်မှ ရေပန်းစားလာခဲ့ခြင်း ဖြစ်ပါသည်။
ထို့နောက် မြန်မာနိုင်ငံမှ အတိုက်အခံများအနေဖြင့် အကြောင်းပြချက်အမျိုးမျိုးအတွက် နည်းဗျူဟာအသစ်များကို ချမှတ်ကျင့်သုံးလာခဲ့ကြရာ အပြောင်းအလဲအတွက် လက်တွေ့ကျ သည့် လိုအပ်ချက်ဖြစ်သော ပြောင်းလဲခဲ့ပြီးအခြေအနေများ၊ သင်တန်းပေးပိုင်ခွင့်နှင့် အတွေး အခေါ် အယူအဆသစ်များ ဖော်ထုတ်ခြင်းတို့အပြင် အလှူရှင်များ၏ ဖိအားပေးမှုတို့လည်း ပါဝင် ပါသည်။ ထို့အပြင် ရုန်းကန်လှုပ်ရှားမှုအတွက် နည်းဗျူဟာတခုအဖြစ် နိုင်ငံတကာ၏ ဦးဆောင် ရှေ့ရွက်ပြုမှုကို ချမှတ်ကျင့်သုံးမှုနှင့်အတူ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆ များအား အသုံးပြုရန် လိုအပ်လာပါသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခုခံ တော်လှန်မှုနှင့် အတိုက်အခံလှုပ်ရှားမှုအတွင်းမှ ထင်ရှားသည့် အရေးပါသောပုဂ္ဂိုလ်များထံသို့ ထပ်ဆင့်တောင်းဆိုမှုများ ပြုလုပ်ရန် လူ့ အခွင့်အရေး နည်းနာအယူအဆကို အသုံးပြု ခဲ့ကြပြန်ပါသည်။ ထို့ကြောင့် ရုန်းကန်လှုပ် ရှားမှု၏ ရည်မှန်းချက်များ ကျယ်ပြန့်လာစေ ရန် ထိုဖြစ်ရပ်ကလည်း အလှည့်အပြောင်း တခုအဖြစ် ပါဝင်လာခဲ့ပါသည်။ သို့ဖြစ်၍ ရလဒ်မှာ ရုန်းကန်လှုပ်ရှားမှု၏ ရည်မှန်းချက် ပန်းတိုင် ကျယ်ပြန့်လာခြင်းနှင့်အတူ ကျား-မ တန်းတူညီမျှမှု ပိုမိုရရှိရေးနှင့် တိုင်းပြည် အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် စသော ရည်မှန်းချက် များကိုပါ ထည့်သွင်းပါဝင်လာစေပါသည်။
မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများသည် နိုင်ငံတကာမှ ရှေ့ ဆောင်ဦးရွက်ပြုမှုဖြင့် စတင်ထိတွေ့ ဆောင် ရွက်လာခဲ့ရာ မြန်မာနိုင်ငံ၏အရေးကို ကိုယ် ချင်းစာနာဟန်ရှိသည့် အနောက်တိုင်းမှ လှုပ်ရှားမှုများနှင့် အစိုးရအဖွဲ့များကို ဦးစွာတွေ့ရှိခဲ့ပြီး ခုခံတော်လှန်ရေးလှုပ်ရှားမှု မူဝါဒများနှင့် တသားတည်းဖြစ်သည့် မူဝါဒများကို ချမှတ်ကျင့်သုံးခဲ့ပါသည်။ မြန်မာအစိုးရအပေါ် ဆယ်စုနှစ် နှစ်ခုနီးပါးခန့် ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ခဲ့သည့် အနောက်အုပ်စု အစိုးရအဖွဲ့များသည် မြန်မာ နိုင်ငံသို့ပေးအပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကုလသမဂ္ဂ နှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ သို့မဟုတ် NGOs များနှင့် အရပ်ဘက်အဖွဲ့အစည်း များထံမှတဆင့် ပေးအပ်ခဲ့ပါသည်။ အာရှတိုက်မှအစိုးရအဖွဲ့များက ‘အပြုသဘောဆောင်သည့် ချဉ်းကပ်မှု’အစား ကွဲပြားခြားနားသော ချဉ်းကပ်မှုမျိုးကို အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံ၏ အာဆီယံ အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံအချို့မှာလည်း အကြီးမားဆုံးကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ များ ဖြစ်လာခဲ့ပါသည် (Giumelli et al., 2013: p. 27-32)။ အာရှနိုင်ငံများမှာ ယေဘုယျအားဖြင့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ လက်ရှောင်နေခဲ့ကြပြီး မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂမှချမှတ်သည့် ဆုံးဖြတ်ချက်များအား ထောက်ခံရန်လည်း များသောအားဖြင့် ရှောင်ကြဉ်ခဲ့ကြပါသည် (Charney, 2009)။ ထို့အပြင် မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်နိုင်ငံ အဖြစ် လက်ခံလိုက်သည့် ဆုံးဖြတ်ချက်မှာလည်း အငြင်းပွားဖွယ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှ အတိုက်အခံများက မြန်မာကို အဖွဲ့ဝင်အဖြစ်လက်မခံမီ ခြွင်းချက်များ ထားရှိသင့်သည်ဟု တောင်းဆိုခဲ့ကြပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှ အရေးပါသော ပုဂ္ဂိုလ် များအကြား ထိုကဲ့သို့သော သဘောမတူညီမှုများရှိသော်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ မည် သည့်ချဉ်းကပ်မှုမျိုးဖြင့် ရှေ့ဆက်ဆောင်ရွက်မည်နည်းဟူသော မေးခွန်းမှာလည်း ထိုအချိန် ကာလတလျှောက်လုံး ဆက်လက် ပေါ်ပေါက်နေခဲ့ပါသည် (Giumelli et al., 2013: p. 27-32)။
မည်သို့ပင်ဖြစ်စေ အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသောအခါ အနောက်အုပ်စု အစိုးရ အဖွဲ့များ၏ အခြေအနေလည်း ပြောင်းလဲလာခဲ့ပြီး မြန်မာနိုင်ငံရှိ အတိုက်အခံများက ဆက်လက် လုပ်ဆောင်နေသည့် လူ့အခွင့်အရေးနည်းနာအယူအဆများ၏ နည်းဗျူဟာများအပေါ် စတင် မေးခွန်းထုတ်ခြင်းမှာလည်း နိုင်ငံတကာ၏ အယူအဆတခုအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။ အထူး သဖြင့် International Crisis Group (ICG)က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာများကို ၂၀ဝ၀ ပြည့်နှစ်၌ စတင်ပုံနှိပ်ထုတ်ဝေလာခဲ့ပြီး မြန်မာအစိုးရ၏ ကမ္ဘာကြီးအပေါ် အမြင်နှင့် တိုးတက်များပြားလာသည့် အပြောင်းအလဲပုံစံ၇ကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက် ရန်အတွက် စတင်တိုက်တွန်းခဲ့ပါသည်။ အဆိုပါ အပြောင်းအလဲပုံစံမှ ရှိရင်းစွဲအချက်မှာ မြန်မာ နိုင်ငံ၏ နိုင်ငံရေးအရ သောင်မတင်ရေမကျအနေအထားကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ အုပ်ချုပ်မှု ဆိုင်ရာ တာဝန်ယူတာဝန်ခံမှုမရှိခြင်းနှင့် အရေးပါသည့် ပြည်တွင်းမှ သဘောထားကွဲလွဲမှုတို့ ဆိုသည်ထက် အရေးပါသည့်ပုဂ္ဂိုလ်များကြားမှ ပဋိပက္ခအပေါ် ပိုမိုအဓိကထားသည့် အချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ICG က ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများမှာ အပြောင်းအလဲ အတွက် အရှိန်အဟုန်မြှင့်တင်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်နေဟန်မတူဘဲ အရပ်ဘက်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍမှာ ဆုံးဖြတ်ချက်ရလဒ်များကို တရားဥပဒေနှင့်အညီ ဖြစ်စေခြင်းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်များကို စုစည်းခိုင်မာစေသည့် အဖြစ်ကိုသာ မြင်တွေ့နေရ သည်ဟု တိုက်တွန်းပြောကြားခဲ့ပါသည် (ICG, 2001)။
အဆိုပါပုံစံတွင် ပြည်ပရောက် အတိုက်အခံလှုပ်ရှားမှုများက ချမှတ်ကျင့်သုံးသည့် ခုခံ တော်လှန်မှုနည်းနာများအပေါ် ဝေဖန်မှုများတိုးပွားလာပြီး ပိတ်ဆို့ဒဏ်ခတ်အရေးယူရန် တောင်း ဆိုခြင်း၊ ထောက်ပံ့ကူညီမှုကို ပြန်လည်သုံးသပ်စေခြင်း၊ သို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်သူ များကို ရာဇဝတ်မှုဖြင့်တရားစွဲဆိုရေး စသည်တို့ပါ ပါဝင်လာခဲ့ပါသည်။ ထို့အပြင် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်အတွက် အစိုးရအဖွဲ့မှ အရေးပါသည့်ပုဂ္ဂိုလ်များထံ ချဉ်းကပ် ဆောင်ရွက်မည့်အစား ထောက်ပံ့ကူညီမှုနှင့် ချေးငွေများအတွက် ပြဌာန်းချက်များ၊ သံတမန်ရေး ဆိုင်ရာ ထိတွေ့ဆက်ဆံမှုနှင့် အချိန်ကြာလာသောအခါ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့မှာလည်း အပြောင်းအလဲ၏ နည်းနာများဖြစ်ကြောင်း ICG က အလေးအနက် တိုက်တွန်းပြောကြားခဲ့ပါသည် (ICG, 2004)။ ICG ၏ နောက်ထပ် တိုက်တွန်းမှုတခုမှာလည်း မြန်မာနိုင်ငံမှ ဒီမိုကရေစီအင်အားစု များကို ထောက်ခံသည့် ‘အပြုသဘောဆောင်မှု’နှင့် ‘ကူညီသည်ထက် ဟန့်တားခြင်း’တို့အကြား ထင်ရှားမှုကြောင့် အကြံပြုထားသည့် နိုင်ငံတကာ၏ ထိတွေ့ဆက်ဆံမှုပုံစံများမှာ ပဋိပက္ခကို ဆက်လက်ဖြစ်စေသည်ဟု ဆိုခဲ့ပါသည်။ ထို့ကြောင့် အဆိုပါတိုက်တွန်းမှုများက လိုရင်းကို မရောက်နိုင်သည့် အပြောင်းအလဲကို ကိုယ်စားပြုနေခြင်းကြောင့် မြန်မာအစိုးရအပေါ် နိုင်ငံ တကာမှ ပိုမို ထိတွေ့ဆက်ဆံလာရေးအတွက် လမ်းကြောင်းဖြစ်စေလိမ့်မည် ဖြစ်ပါသည်။ ထို့ အပြင် မြန်မာနိုင်ငံမှ အပြောင်းအလဲအတွက် မဟာဗျူဟာများချမှတ်ရာ၌ ပြည်ပမှပုဂ္ဂိုလ်များက ပိုမိုအရေးပါသည့် အခန်းကဏ္ဍကိုယူရန် အကြောင်းလည်း ဖြစ်စေလိမ့်မည်။

၅။ လူ့အခွင့်အရေး နည်းနာအယူအဆ၏ သက်ရောက်မှုကို အကဲဖြတ်ခြင်း
၁၉၉၀ ပြည့်လွန်နှစ်များ၌ နိုင်ငံတကာဆက်ဆံရေးသုတေသီများက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆများသည် တိုင်းပြည်တပြည်အပေါ် မည်မျှ သက်ရောက်မှုရှိ ကြောင်း ရှင်းလင်းပြနိုင်ရန်အတွက် ဘွန်းမားရင်း (Boomerang) သို့မဟုတ် ပစ်လိုက်လျှင် မိမိထံ ပြန်လာသည့် ပစ္စည်းလက်နက်အယူအဆကို စတင်အသုံးပြုခဲ့ကြပါသည် (Keck & Sikkink, 1998; Risse et al., 1999)။ အဆိုပါပုံစံအရ တိုင်းပြည်တပြည်၌ ပြည်တွင်းမှ အရေးပါသောပုဂ္ဂိုလ်များအား လမ်းကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ရေး ပိတ်ပင်ခံနေရချိန်တွင် ထိုတိုင်းပြည်၏ အပြုအမူ ပြောင်းလဲရန်အတွက် ပြင်ပမှဖိအားပေးမည့် နိုင်ငံဘောင်ကျော် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍမှာ အဓိကကျပါသည်။ ထိုပုဂ္ဂိုလ်များမှာ ရုပ်ပိုင်းဆိုင်ရာအရ ရှင်သန်ရပ်တည်မှုကို ကာကွယ်ပေးသည့်အပြင် ဝင်ထွက် ပေါက်ရောက်နိုင်မှုရှိခြင်း၊ တွန်းအားပေးနိုင်ခြင်း၊ သတင်း အချက်အလက်နှင့် ပြည်တွင်းရှိအုပ်စုများအတွက် ရန်ပုံငွေ ပံ့ပိုးကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ကြပါသည်။ တချိန်တည်းမှာပင် အရေးပါသည့် အကြောင်းပြချက်များအတွက် ကမ္ဘာ့စံချိန်စံနှုန်းများကို ကနဦး ချမှတ်ကျင့်သုံးခဲ့ကြသော ပြည်တွင်းရှိအုပ်စုများကလည်း ထို အချက်ကို ဖြည်းဖြည်းချင်း လက်ခံလာကြသည်။ မသိစိတ်ဖြင့် မသိမသာ လက်ခံလာခဲ့ကြခြင်း ဖြစ်သည့်အတွက် ၎င်းတို့နှင့် တသားတည်းဖြစ်လာသည်ဟု ဆိုနိုင်ပါသည်။ ထို့အတွက်ကြောင့် ‘ကမ္ဘာလုံးဆိုင်ရာအသွင်’ကို လက်ခံကျင့်သုံးမှု ဖြစ်လာစေသည်။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း သုတေသနစာပေများ ကြီးထွားလာရာ ယင်းတို့က နိုင်ငံ ဟိုဘက်သည်ဘက် ဘောင်ကျော်အဖွဲ့အစည်းကွန်ရက်အနေဖြင့် နိုင်ငံတနိုင်ငံ၌ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများနှင့် အလေ့အထများကို အမှန်တကယ် လေးစားလိုက်နာခြင်း ထက် တရားဝင် အဖွဲ့အစည်းစနစ်ဆိုင်ရာ အပြောင်းအလဲများ အမြစ်တွယ်ခိုင်မာစေရန် ပိုမို အောင်မြင်စွာ ဖိအားပေးလာနိုင်သည်ဟု ဆိုကြပါသည်။ နိုင်ငံတနိုင်ငံအနေဖြင့် သမားရိုးကျ ဒီမို ကရေစီ အဆောင်အယောင်များကို ချမှတ်ကျင့်သုံးနိုင်သော်လည်း ဒီမိုကရက်တစ်လုပ်ငန်းစဉ်မှာ ပိုမိုနက်ရှိုင်းလာမည်ဟု သေချာပေါက်မပြောနိုင်ပါ (Lewitsky et al., 2010; Posner, 2014; Risse et al., 2009)။ ထိုအစား စပ်ကြားအုပ်စိုးမှုစနစ်သာ ပိုမိုရှည်ကြာနိုင်သည့်ရလဒ် ပေါ်ပေါက် လာနိုင်ပါသည်။
မြန်မာနိုင်ငံအနေဖြင့်မူ ဘွန်းမားရင်း (boomerang) ပုံစံမျိုးဖြင့် သင့်တော်မည်ဟု ယူဆ မိပါသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပြိုကွဲသွားပြီးနောက် ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲအရ စစ်အာဏာသိမ်းအစိုးရက အာဏာလွှဲပြောင်းမပေးခဲ့သောအခါ တက်ကြွလှုပ်ရှား သူများသည် ပြည်တွင်းမှအခြေအနေများကို ထိန်းချုပ်နိုင်ရန် လူ့အခွင့်အရေး နည်းနာအယူအဆ များကို ချမှတ်ကျင့်သုံးခဲ့ကြပါသည်။ သို့သော်လည်း တိုင်းပြည်အတွင်းမှ တက်ကြွလှုပ်ရှားမှု၏ နေရာ အဝန်းအဝိုင်းမှာ ဖိနှိပ်ချုပ်ခြယ်သည့် အခြေအနေများကြောင့် ကျပ်တည်းမှုဖြစ်နေသည်။ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအခြေအနေမှာ နိုင်ငံတကာ၏ ပုံမှန် စေ့စေ့စပ်စပ် စိစစ်မှုအောက် ရောက်ရှိလာပြီး ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (ယခင်ကကော်မရှင်)တို့က နှစ်စဉ် ဆုံးဖြတ်ချက်ချမှတ်ရသည့် အကြောင်းအရာတခု ဖြစ်လာခဲ့ပါ သည်။ ထို့အပြင် မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို ခံလာရသည်။ ထို့အတူ ၂၀ဝ၆ ခုနှစ်၌ ဆုံးဖြတ်ချက်ချမှတ်ရန် နောက်ဆက်တွဲ ကြိုးပမ်းမှုတခု ရှုံးနိမ့်ခဲ့ခြင်းကြောင့်လည်း မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွက် အစည်းအဝေးလုပ်ငန်းစဉ် (agenda) တခု ဖြစ်လာခဲ့ပါသည်။
မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထူးစီရင်ခံစာ တင်သွင်းသူတဦးကလည်း ၁၉၉၂ ခုနှစ်ကတည်းက အစီရင်ခံစာများ ရေးသားတင်သွင်းနေခဲ့ပါ သည်။ ၂၀ဝ၃ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံသည် တိုက်ရိုက် စစ်အုပ်ချုပ်ရေးမှ အသွင်ကူး ပြောင်းမှုတခု စတင်ခဲ့ပြီး ‘စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်’ဟုခေါ်သော နိုင်ငံရေး လမ်းပြ မြေပုံတခုကို အစိုးရက ချမှတ်အကောင်အထည်ဖော်ခဲ့ပါသည် (Khin Maung Win, 2004)။ ထို လမ်းပြမြေပုံ၏ ငါးခုမြောက်အချက်မှာ ရွေးကောက်ပွဲသစ်တခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပ ခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သည့်အပြင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဟု မဆိုနိုင်ပေ။ နိုင်ငံရေးနှင့် စီးပွားရေးဖြေလျှော့ ပေးမှုလုပ်ငန်းစဉ်၏ စမှတ်တခုဟု ဆိုနိုင်ပါသည်။ ထို့နောက် အသွင်ကူးပြောင်းမှုမှာလည်း ရှေ့ ဆက်သွားနေခဲ့ပြီး ၂၀၁၂ ခုနှစ်၌ လွှတ်တော်အတွင်းမှ လစ်လပ်နေရာများအတွက် ကျင်းပ ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့်အပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့ပြီး သံတမန်ရေးရာဆက်ဆံမှုများ၊ အကူအညီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတို့ကိုလည်း ဦးစားပေး လုပ်ဆောင်လာခဲ့ပါသည်။ ယင်း ကဲ့သို့ ပိုမို ပြေလျော့လာသည့် အနေအထား တွင် တိုင်းပြည်အတွင်း၌ ကန့်သတ်ပိတ်ပင်မှု များ ကျန်ရှိနေဆဲဖြစ်ပြီး လူ့အခွင့်အရေး ခုခံ ကာကွယ်သူများကို ဆက်လက် လက်တုံ့ပြန် မှုများရှိခဲ့သည်။ ပိုမိုကျယ်ပြန့်သည့် လူ့အခွင့်အရေးဆိုင်ရာ အခြေအတင် အဖြေ ရှာမှုများမှာလည်း ဖြည်းဖြည်းနှင့်မှန်မှန် စတင်ပေါ်ပေါက်လာခဲ့ပါသည် (Yang Hee Lee, 2017)။ တချိန်တည်းမှာပင် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်း များ၏ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ လည်း လျော့ပါးလာခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဆိုးရွားသည့် လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းများကြောင့် ဖယ်ကြဉ် ဒဏ်ခတ်ခံထားရသည့် နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ခံထားရခြင်းလည်း မရှိတော့ပါ။
၂၀၁၆ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံအတွင်းမှ လူ့အခွင့်အရေးအခြေအနေနှင့် ပတ် သက်၍ ဝေဖန်မှုများရှိနေဆဲဖြစ်သော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်သစ်တခု ချမှတ်ကျင့်သုံးရန် ရှောင်ဖယ်နေခဲ့ ပါသည်။ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများမှာလည်း အထူးသဖြင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင် ဆက်လက်ဖြစ် ပေါ်နေဆဲဖြစ်ကာ၊ နိုင်ငံအနောက်ပိုင်းတွင်လည်း ဘာသာရေးအရနှင့် တိုင်းရင်းသားလူနည်းစုများ အပေါ် ပြင်းထန်ဆိုးရွားသည့် ဖိနှိပ်ချုပ်ခြယ်မှုများ ရှိနေဆဲဖြစ်ပါသည်။
တချိန်တည်းမှာပင် သုတေသီများက မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုကို ရှင်းလင်း ဖွင့်ဆိုရာ၌ အများအားဖြင့် သဘောချင်းကြိုက်ညီကြသည့်အချက်မှာ အသွင်ကူးပြောင်းမှုအချိန် ရှည်ကြာလာသည်ဖြစ်စေ၊ လက်ရှိအချိန်တွင်ဖြစ်စေ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ တိုးတက်စေရန်မှာ တပ်မတော်အတွက် အဓိကကျသည့် အရင်းခံအကြောင်းတခုမဟုတ်ဟူသော အချက်ပင် ဖြစ်ပါသည်။ ထိုသုတေသီများ ရေးသားခဲ့သည့် စာအုပ်စာတမ်းများထဲတွင်လည်း အဓိကကျသည့် နိုင်ငံရေးအရဆုံးဖြတ်ချက်များမှာ တပ်မတော်၏ လက်ထဲတွင်သာ ရှိနေ သေးခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် တရားဝင် ဒီမိုကရေစီ အဆောင်အယောင်များနှင့် လူ့ အခွင့်အရေးဆိုင်ရာ အင်စတီကျူးရှင်းများ ချမှတ်ကျင့်သုံးနေသော်လည်း ဒီမိုကရေစီ အသွင် ကူးပြောင်းမှုဖြစ်စဉ်ကို နက်နက်ရှိုင်းရှိုင်း အကောင်အထည်မဖော်နိုင်သေးသည့် နိုင်ငံဟူသော ခေါင်းစဉ်နှင့်သာ သင့်လျော်သည်ဟု ဆိုခဲ့ကြပါသည် (Bowman, 2006; Min Zin et al., 2012; Slater, 2014)။ မြန်မာနိုင်ငံ အနောက်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသ များ၌ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက် ထားမှု ဥပဒေများကို ချိုးဖောက်နေသည့် ပြင်းထန်ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ တနည်းပြောရမည်ဆိုပါက လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ပြည်ပမှပုဂ္ဂိုလ်များ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆ အသုံးပြုမှု မှာ မြန်မာနိုင်ငံမှ အရေးပါသည့်ပုဂ္ဂိုလ်များ၏ ပြုမူဆောင်ရွက်မှုအသစ်များအပေါ် အနည်းငယ် သာ သွေးဆောင်မြှူဆွယ်နိုင်ခဲ့သည်ဟု ဆိုရပါမည်။
ထို့ကြောင့် လူ့အခွင့်အရေး နည်းနာအယူအဆကို နားလည်သဘောပေါက်စေရန်နှင့် ထို နည်းနာအယူအဆနှင့် ဆက်နွယ်နေသော အလေ့အထ၊ အမူအကျင့်များကို မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော အပြောင်းအလဲတွင် ထည့်သွင်းပါဝင်စေရေးတို့အတွက် ပြည်တွင်းမှ အရေးပါသည့်ပုဂ္ဂိုလ်များက ကမ္ဘာ့စံနှုန်းများကို ချမှတ်ရေးဆွဲပြီး အပြောင်းအလဲအတွက် မည်သို့ ပုံဖော်ဆောင်ရွက်မည်နည်း ဟူသည့်အချက်က ပို၍ အရေးကြီးပါသည် (Moyn, 2010; Moyn, 204; Weyland, 2010)။ သို့ရာတွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး နည်းနာအယူအဆများကို အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် အသုံးပြုခြင်းမှာ များစွာ မကြာလှသေးပါ။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ပြောဆိုဆွေးနွေးမှုမှာ အစိုးရကို ဖြုတ်ချမည့် ကြိုးပမ်းမှုအဖြစ် ရှုမြင်ခံခဲ့ရပါသည်။ ထို့ပြင် တရားဝင် ကျောင်းသင်ရိုးညွှန်းတမ်းများ၌ လူ့အခွင့်အရေး ပညာပေးသင်ကြားမှု မပါဝင်ဘဲ လူ့အခွင့်အရေးအတွက် လှုံ့ဆော်ပြီး အမိန့်ပေး အာဏာပြအုပ်ချုပ်မှုစနစ်ကို ခုခံတော်လှန်မည့် တက်ကြွလှုပ်ရှားသူများကိုလည်း အာဏာပိုင် များက ဖြိုခွဲချေမှုန်းမည်သာ ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ ပွင့်လင်းလွတ်လပ်လာမှု ကြောင့် လူ့အခွင့်အရေး အခြေအတင် ဆွေးနွေးအဖြေရှာမှု အသစ်တခုလည်း ပေါ်ထွက်လာခဲ့ပါ သည်။ တခြားတဖက်တွင်လည်း အမျိုးမျိုးသော အရပ်ဘက်အဖွဲ့အစည်းများက လူ့အခွင့်အရေး ပြောဆိုဆွေးနွေးမှုကို တိုင်းပြည်၏ပြဿနာများအား ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင် မည့် အရာတခုအဖြစ် ယူဆလာခဲ့ကြပြီး လိုအပ်နေသည့် အပြောင်းအလဲအတွက် တောင်းဆိုမှုများ ပြုလုပ်လာခဲ့ကြပါသည်။ တချိန်တည်းမှာပင် လူ့အခွင့်အရေးဆိုင်ရာ ပြောဆိုဆွေးနွေးမှုမှာလည်း လူအများစုနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောအရာအဖြစ် ကျန်ရစ်နေဆဲပင်ဖြစ်ပါသည်။ မည်သို့ပင် ဖြစ်စေ အရည်အသွေးပြည့်မီသည့် လူ့အခွင့်အရေးတွင် ကန့်သတ်ပိတ်ပင်မှုများလည်း ရှိသင့် သည်ဟူသော နည်းနာအယူအဆနှင့် လူ့အခွင့်အရေး၊ အမျိုးသားလုံခြုံရေးမှာ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်မှ အရာများဖြစ်သည်ဟူသည့် အယူအဆတခုလည်း ပေါ်ထွက်လာပါသည်။ ထို့ ကြောင့် မြန်မာနိုင်ငံ၏ အကူးအပြောင်းကာလတွင် အမျိုးသား လူ့အခွင့်အရေးကော်မရှင်သစ် ဖွဲ့စည်းတည်ထောင်မှုနှင့်အတူ ဘိသိက်သွန်းလောင်းခံခဲ့ရသည့်တိုင် ကော်မရှင်အနေဖြင့် ပါရီ သဘောတူညီချက်အရ ရှိရင်းစွဲ အပြည်ပြည်ဆိုင်ရာစံနှုန်းများအတိုင်း လိုက်နာ ဆောင်ရွက်နိုင် မည့် စွမ်းဆောင်ရည်လိုအပ်ချက်များ ဆက်ရှိနေပါသေးသည် (“Chart of the status of national institutions”, GANHRI, 26 May 2017)။
မြန်မာနိုင်ငံ၌ လွန်ခဲ့သည့်ခေတ်များက တင်းကျပ်ချုပ်ချယ်သည့် ဥပဒေများလည်း ဆက် ရှိနေဆဲဖြစ်ပြီး ၁၉၀၈ မတရားအသင်း အက်ဥပဒေကဲ့သို့ ကိုလိုနီခေတ်တွင် ပြဌာန်းခဲ့သော ဥပဒေကို တွင်တွင်ကျယ်ကျယ်အသုံးပြု၍ သတင်းစာဆရာများကို တရားစွဲဆိုမှုများလည်း လွန်ခဲ့သောနှစ်များအတွင်းက ပေါ်ပေါက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေကဲ့သို့ ဥပဒေသစ်များကိုလည်း ချမှတ်ကျင့်သုံးခဲ့ပြီး ထိုဥပဒေထဲတွင် အတိုက်အခံများကို ဖိနှိပ်ရာတွင် အသုံးပြုခဲ့သည့် ကန့်သတ်ပိတ်ပင်ခြင်းဆိုင်ရာ စာပိုဒ်များ ထည့်သွင်းထားသဖြင့် ပြည်သူလူထု၏ အလွန်အမင်းအာရုံစူးစိုက်မှု ခံခဲ့ရပါသည်။ ထို့အပြင် ပိုမို ဖြေလျှော့ပေးထားသည့် ဥပဒေများ ပေါ်ပေါက်လာစေရန်အတွက် နောက်ဆက်တွဲ ပြင်ဆင်ပြဌာန်းချက် ထည့်သွင်းရေးကိုလည်း ပြည်သူ့လွှတ်တော်က များစွာဆန္ဒမရှိခဲ့ပါ (“Myanmar’s Lower House Approves Minor Changes to Telecom Law”, RFA, 18 August 2017)။ မည် သို့ပင်ဖြစ်စေ အထင်ရှားဆုံးအချက်မှာ ကမ္ဘာလုံးဆိုင်ရာ အခြေခံမူဖြစ်သည့် ရှိရင်းစွဲ လူ့အခွင့်အရေးအယူအဆများမှာလည်း ရိုဟင်ဂျာ လူနည်းစုအပေါ် ဖိနှိပ်ချုပ်ခြယ်မှုများပြုလုပ်ခြင်းက တရားမျှတသည်ဟူသော ခံယူချက်များ ကြောင့် စိန်ခေါ်မှုခံခဲ့ရပါသည်။ တနည်းပြောရလျှင် ဗမာ၊ ဗုဒ္ဓဘာသာဝင်များ လွှမ်းမိုးကြီးစိုးသည့် မြန်မာနိုင်ငံ၌ လူဝင်မှုကြီးကြပ်ရေးကို ကြပ်ကြပ်မတ်မတ် စစ်ဆေးနိုင်ခြင်းမရှိသည့်အန္တရာယ်နှင့် အလားအလာရှိသော လူသားဘဝဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုတို့ကို တန်ပြန်နိုင်မည့် စီမံ ဆောင်ရွက်မှုများ လိုအပ်နေပါသေးသည် (UNHCR, 2017: Section C)။

နိဂုံး
လိုရင်းမရောက်သော အမျိုးအစားတခုဖြစ်သည့် လူ့အခွင့်အရေး အစီရင်ခံစာအနေဖြင့် စာဖတ်သူများ အနက်ပြန်ဆိုနိုင်ရန်နှင့် အဖြစ်အပျက်များကို အရေးယူဆောင်ရွက်နိုင်ရန် အသိဉာဏ်ပညာပိုင်းဆိုင်ရာ မူဘောင်တခု ပေးအပ်နိုင်ပါသည်။ မြန်မာနိုင်ငံ၌ ယခင်က လူ့အခွင့် အရေးဆိုင်ရာ အစီရင်ခံစာများ ရေးသားထုတ်ဝေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ လူ့အခွင့်အရေး အစီရင်ခံစာမှာ အမှန်တရားကိုထုတ်ဖော်သည့် နေရာလွတ်တခုဖြစ်ပြီး မှတ်တမ်းထဲတွင် သမိုင်း ကြောင်း အလှည့်အပြောင်းတခုကိုလည်း ထည့်သွင်းပေးနိုင်ပါသည်။ လူ့အခွင့်အရေးအစီရင်ခံစာ များ၏ ဆင့်ကဲတိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုအရ မြန်မာနိုင်ငံမှ နိုင်ငံရေး အဖြစ်အပျက်များ၏ အသစ်တိုးတက်ဖြစ်ထွန်းမှုရလဒ် အစိတ်အပိုင်း၊ ရုန်းကန်လှုပ်ရှားမှုအတွက် နည်းဗျူဟာသစ်များ ချမှတ်ကျင့်သုံးရာမှ ရောင်ပြန်ဟပ်မှု၊ တိုင်းပြည်အတွင်းရှိ အသစ်ဖြစ်ပေါ် တိုးတက်မှုများကို တုံ့ပြန်ရန် စုစည်းစည်းရုံးဆောင်ရွက်ခဲ့သည့် ခုခံတော်လှန်မှုပုံစံသစ်များကိုလည်း အထက်ပါ အတိုင်း ခြေရာခံခဲ့ပြီးဖြစ်ပါသည်။
အပြောင်းအလဲအတွက် ရုန်းကန်လှုပ်ရှားမှုများ၌ လူ့အခွင့်အရေး နည်းနာအယူအဆကို ချမှတ်ကျင့်သုံးခြင်းအားဖြင့် မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများသည် ယခင်က တိုင်းပြည်တွင် လွှမ်းမိုးကြီးစိုးနေသည့် ခုခံတော်လှန်မှုဆိုင်ရာ နည်းဗျူဟာများကို ပြန်လည်ပုံဖော်နိုင်ခဲ့ပြီး အရပ် ဘက်အဖွဲ့အစည်းများ လှုံ့ဆော်စည်းရုံးစုစည်းခြင်းနှင့် နိုင်ငံတကာမှ ရှေ့ဆောင်ဦးရွက်ပြုခြင်းတို့လည်း အပါအဝင်ဖြစ်ခဲ့ပါသည်။ ထို့နောက် အဆိုပါ နည်းနာအယူအဆမှာ လက်နက်ကိုင် တော် လှန်မှုများနှင့် ဆက်စပ်နေသည့် နည်းနာအယူအဆများ၊ မြန်မာနိုင်ငံတွင်သာမက တကမ္ဘာလုံး တွင်ပါ ပြောင်းလဲနေသည့် အခြေအနေဖြင့် ရင်ဆိုင်နေရသော မြေအောက်လှုပ်ရှားမှုများထက် အရေးပါမှုကို ဖြည်းဖြည်းချင်း ရရှိလာခဲ့ပါသည်။
တချိန်တည်းမှာပင် တိကျရေရာသည့် ပြုမူဆောင်ရွက်မှုအတွက် ပေါ်ထွက်လာသော နည်းနာအယူအဆဆိုင်ရာ လုပ်ပုံလုပ်နည်းနှင့် အခြားသူများ တစုံတခုမပြုလုပ်နိုင်ရန် ပိတ်ပင် တားဆီးထားခြင်းတို့မှာလည်း လွန်ခဲ့သော ဆယ်စုနှစ်သုံးခုအတွင်း ပေါ်ထွက်လာသည့် နိုင်ငံ တကာ အခြေအနေတရပ်၏ ထင်ဟပ်မှုဖြစ်ပါသည်။ ထို့အပြင် တက်ကြွလှုပ်ရှားသူများအနေဖြင့် မိမိတို့၏ ရုန်းကန်လှုပ်ရှားမှုများမှာ သဘောတူညီချက်၊ ပြဌာန်းချက်များနှင့် ဘောင်ဝင်မှု ရှိမရှိ ကိုလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နည်းနာအယူအဆက တမဟုတ်ခြင်း အဆုံးအဖြတ် ပေးခဲ့ပါသည်။ မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ်သက်သည့် အစီရင်ခံစာ အများအပြားမှာလည်း အပြောင်းအလဲအတွက် ရုန်းကန်လှုပ်ရှားမှု၌ လူ့အခွင့်အရေး နည်းနာ အယူအဆ၏ အရေးပါမှု ပြယုဂ်တခုဖြစ်ပါသည်။ ထို့နောက် အဆိုပါ နည်းနာအယူအဆကို အသုံး ပြု၍ ဖိနှိပ်ချုပ်ခြယ်မှုများကို နိုင်ငံတကာမှ အာရုံစူးစိုက်လာစေရန်နှင့် အပြောင်းအလဲအတွက် ဖိအားပေးနိုင်ရန်တို့မှာလည်း အရေးပါပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော အပြည်ပြည်ဆိုင်ရာ နည်းနာအယူအဆ၏ နောက်ဆက်တွဲ အပြောင်းအလဲမှာ အမှန်စင်စစ် ဖြစ်ပွားခဲ့ပြီးနောက် များသောအားဖြင့် ထိုသို့သောချဉ်းကပ်မှုများ ဆက်လက်လုပ်ဆောင်ခြင်း ကိုလည်း တင်ကြို ပိတ်ပင်တားဆီးခဲ့ပါသည်။ သို့သော်လည်း ရလဒ်အဖြစ် အသွင်ကူးပြောင်းမှုတခု ပေါ်ပေါက်လာခဲ့ပြီး လျစ်လျူရှုခံထားရသည့် လူ့အခွင့်အရေးဆိုင်ရာ ယူဆချက်များလည်း အများ အပြား ရှိပါသေးသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အသွင်ကူးပြောင်းမှုတခု စတင် လုပ်ဆောင်နေပြီဖြစ်သော်လည်း ရှိရင်းစွဲ လူ့အခွင့်အရေး နည်းနာအယူအဆအရ ပိုမိုလေးနက် သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ ကတိကဝတ်ကို ဖြည့်ဆည်းဆောင်ရွက်ခြင်း မပြု နိုင်သေးပါ။
လူ့အခွင့်အရေးဆိုင်ရာ နည်းနာအယူအဆကို အဆင့်တိုင်းအဆင့်တိုင်းတွင် စီမံ လုပ် ဆောင်နိုင်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ နည်းနာအယူအဆမှာ နိုင်ငံအတွင်းမှ ခုခံတော်လှန်မှု ၏ ဘာသာစကားတရပ်ဖြစ်ပြီး ပြည်သူလူထုနှင့် အစိုးရတို့ကြားမှ ဆက်နွယ်မှုအတွက် စံနှုန်းများ သတ်မှတ်ပေးသည်သာမက နိုင်ငံများအကြား သဘောတူညီထားသည့် စံနှုန်းများ၏ ဂုဏ်ဒြပ် တခုလည်းဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ တရားဝင် အသိအမှတ် ပြုမှု မည်ကဲ့သို့ရရှိနိုင်မည်ဆိုခြင်းနှင့်လည်း ဆက်နွယ်နေပါသည်။ ထို့ကြောင့် မည်သည့် ပြုမူ ဆောင်ရွက်မှုများ လုပ်ဆောင်မည်ဆိုသည်မှာ အရေးပါသကဲ့သို့ မည်ကဲ့သို့လုပ်ဆောင်မည်ကို မည်သူက အဆုံးအဖြတ်ပေးမည်နည်း ဟူသောအချက်ကလည်း ပို၍ အရေးကြီးပါသည်။ ထို အချက်မှာ အဆင့်တိုင်းအဆင့်တိုင်း၌ နည်းနာအယူအဆက မည်ကဲ့သို့ အသုံးဝင်အလုပ်လုပ်သည် ဟူသော ရလဒ်လည်းဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အနေအထားမှာ အဆိုပါအဆင့်များ အကြား လွန်းထိုးသွားလာလှုပ်ရှားနေရသည့် တက်ကြွလှုပ်ရှားသူများအတွက် စိန်ခေါ်မှုများ ရှိသည်ဟုသာ ဆိုရပါတော့မည်။

ကျမ်းကိုးစာရင်း
A Basic Approach to Human Rights Research. (n.d.). In: Human Rights Advocacy and the History of International Human Rights Standards”. Retrieved from http://www.humanrightshistory.umich.edu.

Chart of Status of National Institutions. Accreditation Status as of 26 May 20917. Global Alliance of National Human Rights Institutions. Retrieved from https://nhri.ohchr.org/EN/Documents/Status%20Accreditation%20Chart%20.pdf.
I Started as a Politician, Not a Human Rights Defender. 29 October 2013. Retrieved from Democratic Voice of Burma (DVB) online: http://www.dvb.no/news/suu-kyi-i-started-as-a-politician-nota-human-rights-defender/33976.

Myanmars Lower House Approves Minor Changes to Telecom Law. 18 August 2017. Retrieved from Radio Free Asia online: http://www.rfa.org/english/news/myanmar/myanmars-lower-house-approves-minor-changes-to-telecom-law-08182017161716.html.

Threat to Peace: A Call for the UN Security Council to Act in Burma. (2005). (Report commissioned by The Honorable Vaclav Havel, former president of the Czech Republic, and Bishop Desmond Tutu, Archbishop Emeritus of Cape Town and Nobel Peace Prize Laureate (1984) and prepared by DLA Piper Rudnick Gray Cary). n.p.: DLA Piper Rudnick Gray Cary.

88 Generation Students Group. (2008). Report from the Open Heart Campaign. Yangon, Myanmar: Author.

All Burma Students Democratic Front (ABSDF). (1996). Total Denial. Bangkok, Thailand: Author.

All Burma Students Democratic Front (ABSDF). (1997). Pleading Not Guilty in Insein. Bangkok, Thailand: Author.

All Burma Students Democratic Front (ABSDF). (1998). Tortured Voices. Bangkok, Thailand: Author.

All Burma Students Democratic Front (ABSDF). (1998b). To Stand and Be Counted. Bangkok, Thailand: Author.

All Burma Students Democratic Front (ABSDF). (2015). Dignity: The Report of the Truth and Justice Commission of the ABSDF. Yangon: Truth and Justice Committee of the ABSDF.

Asian Human Rights Commission (AHRC). (1999). Voices of the Hungry NationThe People’s Tribunal on Food Scarcity and Militarization in Burma. Hong Kong: Author.

Assistance Association for Political Prisoners Burma (AAPPB). (2005). The Darkness We See. Mae Sot, Thailand: Author.

Assistance Association for Political Prisoners – Burma (AAPPB) and Burmese Women Union (BWU). (2004). Women Political Prisoners in Burma. Mae Sot, Thailand: Authors.

Aung San Suu Kyi. (1991). Freedom from Fear and Other Writings. New York: Penguin Books. Reprint 2010.

Aung San Suu Kyi. (1996). Voice of Hope. New York: Penguin Books.

Aung San Suu Kyi. (1997). Letters from Burma. New York: Penguin Books.
Aung Zaw. (2013). The Face of ResistanceAung San Suu Kyi and Burma’s Fight for Freedom. Chiang Mai, Thailand: Mekong Press.

Bowman, Vicky. (2006). Assessing Political/Military Developments after the Departure of Khin Nyunt The Political Situation in Myanmar. In Monique Skidmore and Trevor Wilson (Eds.). Myanmar: The State, Community and the Environment. Canberra, Australia: ANU Press.

Burma LawyersCouncil (BLC) and the National Council of the Union of Burma (NCUB). (2003). Preliminary Report of the Ad-Hoc Commission on Depayin Massacre (Burma). n.p.: Authors.

Buzzi, Camilla. (2003). Documenting Human Rights Abuses: Tracking International Responses to License to Rape. Paper presented at the First International Conference on Women and Politics in Asia, Halmstad, Sweden, June 2003.

Charney, Michael W. (2009). A History of Modern Burma. Cambridge, UK: Cambridge University Press.

Engelkamp, Stephen and Katharina Glaab. (2015). Writing Norms: Constructivist Norm Research and the Politics of Ambiguity. Alternatives: Global, Local, Political 40(3-4), 20118. doi:10.1177/0304375415612270.

Fairclough, Isabela and Norman Fairclough. (2012). Political Discourse AnalysisA Method for Advanced Students. London/New York: Routledge. Kindle edition.

Forum-Asia and Progressive Voice. (2016). Human Rights Situation in Burma/Myanmar. Briefing Paper for the 34th session of the UN Human Rights Council. Retrieved from http://progressivevoicemyanmar.org/2017/03/13/forum-asia-and-progressive-voice-release-briefing-paper-on-the-human-rights-situation-in-burmamyanmar/.

Gaens, Bart. (2013). Political Change in MyanmarFiltering the Murky Waters of Disciplined Democracy. FIIA Working Paper No.78. Helsinki, Finland: FIIA.

Giumelli, Francesco and Paul Ivan. (2013). The Effectiveness of European SanctionsAn Analysis of Iran, Belarus, Syria and Myanmar (Burma). EPC Issue Paper No. 76. Brussels, Belgium: European Policy Centre.

Horsey, Richard. 2011. Ending Forced Labour in Myanmar Engaging a pariah regime. London/New York: Routledge.

Hudson-Rodd, Nancy and Sein Htay. (2008). Arbitrary Confiscation of Farmers Land by the State Peace and Development Council (SPDC) Military Regime in Burma. Washington D.C.: Burma Fund/National Coalition Government of the Union of Burma.

Human Rights Education Institute of Burma (HREIB). Forgotten FutureChildren and Armed Conflict in Burma. n.p.: Author.

International Crisis Group. (2001). The Role of Civil Society. Asia Report No. 27. Bangkok, Thailand: Author.

International Crisis Group. (2004). Sanctions, Engagement or Another Way Forward? Asia Report No.78. Bangkok, Thailand: Author.

Karen Women Organization (KWO). (2004). Shattering Silences. n.p.: Author.

Karen Women Organization (KWO). (2010). Walking Amongst Sharp KnivesThe Unsung Courage of Karen Women Village Chiefs in Conflict Areas of Eastern Burma. n.p.: Author.

Karen Women Organization (KWO). (2016). Salt in the Wound: Justice Outcomes and SBGC Cases in Karen Refugee Camps, 2011-2013. n.p.: Author.

Karenni National Women Organization (KNWO). (2010). Tales of Terror and GriefVoices of Karenni Women Caught in Conflict. n.p.: Author.

Keck, Margareth E. and Kathryn Sikkink (Eds.). (1998). Activists beyond BordersActivist Networks in International Politics. Ithaca, NY: Cornell University Press.

Khin Maung Win. (2004). Myanmar Roadmap to Democracy: The Way Forward. Speech by His Excellenecy (H.E). U Khin Maung Win, Deputy Minister for Foreign Affairs of the Union of Myanmar. Yangon, Myanmar: Myanmar Institute for Strategic Studies.

Khin Ohmar and Mary OKane. (2015). The Other Side of Political TraumaProtest, Empowerment and Transformation,} in Kathleen Allden and Nancy Murakami (Eds.). Trauma and Recovery on War’s Border A Guide for Global Health Workers. Hanover, NH: Dartmouth College Press.

Khor, Lena. (2013). Human Rights Discourse in a Global Network Books beyond Borders. Farnham, UK: Ashgate.

Lewitsky, Steven and Lucan A. Way. (2010). Competitive AuthoritarianismHybrid Regimes after the Cold War. Cambridge, UK: Cambridge University Press.

Risse, Thomas, Stephen C. Ropp, and Kathryn Sikkink (Eds.). (1999). The Power of Human RightsInternational Norms and Domestic Change. Cambridge, UK: Cambridge University Press.

Risse, Thomas, Stephen C. Ropp, and Kathryn Sikkink (Eds.) (2009). The Persistent Power of Human Rights-From Commitment to Compliance. Cambridge, UK: Cambridge University Press.
Lintner, Bertil. (1990). Outrage-Burma’s Struggle for Democracy. Bangkok, Thailand: White Lotus Press.

Lintner, Bertil. (1991). Aung San Suu Kyi and Burma’s Unfinished Renaissance. Bangkok, Thailand: White Lotus Press.

Lintner, Bertil. (2011). Aung San Suu Kyi and Burma’s Struggle for Democracy. Chiang Mai, Thailand: Silkworm Books.

Min Zin and Brian Joseph. (2012). The Democrats Opportunity in Journal of Democracy 23(4), 4, 10419.

Moe Aye. (1998) Ten Years On. Bangkok, Thailand: All Burma Students Democratic Front (ABSDF).

Moyn, Samuel. (2010). The Last Utopia-Human Rights in History. Cambridge, MA: Harvard University Press.

Moyn, Samuel. (2014). Human Rights and the Uses of History. London, UK: Verso.

Nakanishi, Yoshihiro. 2013. Strong Soldiers, Failed Revolution: The State and Military in Burma, 1962-1988. Kyto: NUS and Kyoto University Press.

Office of the High Commissioner of Human Rights. (2004). Chapter 13: Human Rights Reporting in Manual on Human Rights Monitoring. Retrieved from www.ohchr.org.

Pederson, Rena. (2015). The Burma Spring: Aung San Suu Kyi and the New Struggle for the Soul of a Nation. New York: Pegasus Books LLC.

Popham, Peter. (2011). The Lady and the Peacock-The Life of Aung San Suu Kyi. London, UK: Random House.

Posner, Eric. (2014). The Twilight of Human Rights Law. Oxford, UK: Oxford University Press.

Roth, Kenneth. (2004). Defending Economic, Social and Cultural Rights: Practical Issues Faced by an International Human Rights Organization in Human Rights Quarterly 26(1), 6373.

Shan Women’s Action Network (SWAN) and Shan Human Rights Foundation (SHRF). (2002). License to Rape. Chiang Mai, Thailand: Authors.

Shan Women’s Action Network (SWAN). (1999). SWAN Newsletter#1. Retrieved from http://www.shanwomen.org/images/publications/newsletters/newsletter1.pdf;

Shan Women’s Action Network (SWAN). (2002). SWAN Newsletter#3. Retrieved from http://www.shanwomen.org/images/publications/newsletters/newsletter3.pdf;

Shan Women’s Action Network (SWAN). (2009). SWAN: A Ten-Year Journey. Chiang Mai, Thailand: Author.
Simpson, Adam. (2017). Energy, Governance and Security in Thailand and Myanmar (Burma) A Critical Approach to Environmental Politics in the South. Copenhagen: NIAS Press.

Slater, Dan. (2014) The Elements of Surprise: Assessing Burmas Double-edged Détente in South East Asia Research 22(2), 17182.

United Nations Human Rights Council (UNHRC). (2005). Report of the Special Rapporteur on the Situation of Human Rights in Myanmar to the UN Human Rights Council, E/CN.4/2005/36. Geneva, Switzerland: Author.

United Nations Human Rights Council (UNHRC). (2017). Report of the Special Rapporteur on the Situation of Human Rights in Myanmar to the UN General Assembly. A/72/382. New York: Author.

Vickary, Allison et al. (2010). We Have to Give them So Much That Our Stomachs Are Empty of Food-The Hidden Impact of Burma’s Arbitrary and Corrupt Taxation. Report. n.p.: ND-Burma.

Victor, Barbara. (1998). The Lady: Aung San Suu Kyi. Chiang Mai, Thailand: Silkworm Books.

Webb, Paul. (2009). The Peacock’s Children The Struggle for Freedom in Burma, 1885-Present. Bangkok, Thailand: Orchid Press.

Weyland, Kurt. (2010). The Diffusion of Regime Contention in European Democratization, 18301940 in Comparative Political Studies 43(89), 114376.

Win Naing Oo. (1996). Cries from Insein. Bangkok, Thailand: All Burma Students Democratic Front (ABSDF).

Wintler, Justin. (1998). Perfect Hostage: A Life of Aung San Suu Kyi. New York: Skyhorse.

Women’s League of Burma (WLB). (1999). Shadow Report to the 22nd Section of the CEDAW Committee. Chiang Mai, Thailand: Author.

Women’s League of Burma (WLB). (2004). System of Impunity. Chiang Mai, Thailand: Author.

Women’s League of Burma (WLB). (2008). In the Shadow of the Junta CEDAW Shadow Report. Chiang Mai, Thailand: Author.

Women’s League of Burma (WLB) and Nobel Women’s Initiative (NWI). (2010). International Tribunal on Crimes Against Women of Burma. n.p.: Authors.

Yanghee Lee. (2017). End of Mission Statement by the UN Special Rapporteur on the Situation of Human Rights in Myanmar, 20 January 2017, Yangon, Myanmar, retrieved from http://www.ohchr.org/.

အောက်ခြေမှတ်စုများ
၁ ယခုဆောင်းပါးမှာ စာရေးသူ၏ ပါရဂူဘွဲ့ယူ စာတမ်းအတွက် လုပ်ဆောင်ခဲ့သည့် သုတေသနအပေါ် အခြေခံထားပြီး ၂၀၁၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ မူလဆောင်းပါးကို Alternatives-Global, Local, Political 41(4),214-230 ပုံနှိပ် ဖော်ပြခဲ့ပါသည်။
၂ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းများ၊ ပြည်သူလူထုထံပြောကြားသည့် မိန့်ခွန်းများအပါအဝင် ဒေါ်အောင် ဆန်းစုကြည်အမည်ဖြင့် ရေးသားထားသည့် အဓိက စာအရေးအသားများမှာ ၁၉၉၅ ခုနှစ် ပတ်ဝန်းကျင်၌ ပုံနှိပ်ထုတ်ဝေ ခဲ့သော စာအုပ်များမှဖြစ်ပါသည်။ နှောင်းပိုင်းအချိန်ကာလများ၌ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ဖြင့် ရေးသားထား သည့် စာသားများ နည်းပါးလာသည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အချိန် ကာလများနှင့် နေအိမ်အကျယ်ချုပ်ကို သက်တမ်းတိုးသည့် ကာလအပိုင်းအခြား အထူးသဖြင့် ၂၀ဝ၃-၂၀ဝ၉ ခုနှစ် အတွင်း ရောက်ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ ၂၀၁၀ ပြည့်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန်မှစ၍ ကြား ဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာချိန်နှင့် နောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာခဲ့သည့် အချိန်ကာလအတောအတွင်း၌လည်း စာအနည်းအကျဉ်း ရေးသားခဲ့ပါသည်။
၃ HRDU ၏ လူ့အခွင့်အရေး နှစ်ပတ်လည်အစီရင်ခံစာစာအုပ်ကို ၁၉၉၄ မှ ၂၀ဝ၈ ခုနှစ်အတွင်း နှစ်စဉ် ပုံနှိပ်ထုတ်ဝေခဲ့ပါ သည်။ ထို နှစ်ပတ်လည် အစီရင်ခံစာ စာအုပ်များကို အကြမ်းဖျဉ်း လေ့လာလိုပါက the collection at the Burma Online Library, www.burmaonlinelibrary.org. တွင် ကြည့်ပါ။
၄ ထိုင်း-မြန်မာ နယ်စပ် အကျိုးတူကိစ္စရပ်များအတွက် ပူးပေါင်းအဖွဲ့အစည်း (နောက်ပိုင်းတွင် နယ်စပ်ဒေသ အကျိုးတူ ကိစ္စရပ်များအတွက် ပူးပေါင်းအဖွဲ့အစည်း)က ပုံနှိပ်ထုတ်ဝေသည့် အစီရင်ခံစာများကို အကြမ်းဖျဉ်း လေ့လာလိုပါက www.theborderconsortium.org ၊ WLB နှင့် ယင်း၏ မိတ်ဘက်အဖွဲ့အစည်းများက ပုံနှိပ်ထုတ်ဝေသော အစီရင်ခံစာ များကို www.womenofburma.org တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
၅ Forum-Asia နှင့် Progressive Voice တို့၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှ လိင်ပိုင်းဆိုင်ရာနှင့် လိင်အခြေပြု အကြမ်းဖက်မှု(GBV) တို့အကြောင်း အဓိကရေးသားထားသည့် အစီရင်ခံစာ အနည်းဆုံး ၃၃ စောင်အား ၂၀ဝ၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ပုံနှိပ်ထုတ်ဝေခဲ့သည်ဟု ဖော်ပြထားပါသည်။
၆ ND-Burma Network ၏ တင်ဆက်ဖော်ပြမှုကို www.nd-burma.org တွင်ကြည့်ပါ။
၇ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် International Crisis Group (ICG) ၏ အစီရင်ခံစာများအကြောင်း အကြမ်းဖျင်း ဖတ်ရှု လေ့လာလိုပါက http://www.crisisgroup.org/Myanmar တွင်ကြည့်ပါ။

အယ်ဒီတာမှတ်ချက်
ယခုဆောင်းပါးကို စည်သူကျော် ဘာသာပြန်ဆိုသည်။
ယခုဆောင်းပါးတွင် ဆောင်းပါးရှင်က ရိုဟင်ဂျာဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများ က ဘင်္ဂါလီဟု သုံးစွဲပါသည်။

About the author

Camilla Buzzi

Camilla Buzzi is completing a PhD in human rights and peace studies at the Institute for human rights and peace studies, Mahidol University, Thailand. She is a political scientist from the University of Oslo, where she also obtained her first cycle degree (Candidata Magistrii) in French, political science and philosophy as well as her teacher education diploma. Her research interests are in the field of comparative politics, with a particular focus on civil society, human rights and peace advocacy, discourse and discourse analysis. She is a former coordinator for PD Burma and a former country program manager for Norwegian Church Aid.

Add comment

Institute for Strategy and Policy – Myanmar