Institute for Strategy and Policy – Myanmar

မဖြည့်ဆည်းပေးနိုင်သေးသည့် ကတိကဝတ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအား ဆန်းစစ်ဝေဖန်ခြင်း

မြေဟူသည်မှာ ကျွနု်ပ်တို့အတွက် အလွန်နက်ရှိုင်းသော အဓိပ္ပာယ်နှင့် တန်ဖိုးရှိ၏။ မြေသည် ကျွနု်ပ်တို့ဘဝ၊ ကျွနု်ပ်တို့၏ အသက်သွေးကြော ပင်။ မြေမရှိလျှင် ကျွနု်ပ်တို့၏ အမျိုးသားရေးလက္ခဏာသည် နတ္တိ။ မြေသည် ကျွနု်ပ်တို့၏ ဂုဏ်သရေပင်ဖြစ်သည်။၁

အနှစ်ချုပ်ဖော်ပြချက်
ဤအစီရင်ခံစာအား ပြည်နယ်လေးခုနှင့် တိုင်းဒေသကြီး လေးခုတွင် လယ်သမားများ အား ကူညီလျက်ရှိသော အဖွဲ့အစည်းများနှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီဝင်များ (မြေ/စစ်)ပါဝင်၍ အတူတကွ ရေးသားထားခြင်း ဖြစ်သည်။ ဤအစီရင်ခံစာသည် အတိတ်တွင် အာဏာပိုင်အမျိုးမျိုး၏ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ ရသည့် မြေယာများကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံမှုအတွက် ထိုမြေယာများ ကို လိုအပ်နေသော မိသားစုများထံ အစိုးရမှ ပြန်လည်ပေးအပ်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။ အဆုံးစွန်အားဖြင့် မြန်မာနိုင်ငံတလွှားရှိ ပြည်သူလူထုအသီးသီးမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်၍ အကျိုးခံစားနိုင်ကြရန်အတွက် မြေယာလုပ်ကိုင်ခွင့်ဆိုင်ရာ မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော စနစ်တရပ်သည် မရှိမဖြစ်လိုအပ်လှသည်။ တရုတ်၊ တောင်ကိုရီးယား အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ပြုလုပ်ခဲ့သော သုတေသနများအရ တောင်ပေါ် မြေမြင့် ဒေသရှိ ရွှေ့ပြောင်းတောင်ယာသမားများအပါအဝင် လုပ်ကွက်ငယ် လယ်သမားများအား ကာ ကွယ်စောင့်ရှောက်ခြင်းသည် အကြီးစား စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းများထက်ပို၍ စီးပွားရေး အရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း ရေရှည်တည်တံ့နိုင်သည့် အကျိုးကျေးဇူးများကို ရရှိစေကြောင်း တွေ့ရှိရသည်။၂
ဤသုတေသနတွင် တည်ဆဲဥပဒေများသည် အစိုးရအဖွဲ့အစည်းများ၏ လယ်သမားများ ထံမှ မြေသိမ်းဆည်းခြင်းအား အကာအကွယ်ပေးမထားကြောင်းနှင့် အဆိုပါဥပဒေများသည် လယ်သမားများ၏ မြေယာပြန်လည်တောင်းဆိုခွင့်ကိုလည်း ပေးအပ်မထားကြောင်း တွေ့ရှိရ သည်။ ထို့အပြင် ဥပဒေကြောင်းအရ အများပြည်သူအကျိုး (ဥပမာ – ရွေးကောက်ခံ အစိုးရ၏ ဖွံ့ဖြိုးရေးစီမံချက်များဟု ခေါင်းစဉ်တပ်ထားသည့် မြေသိမ်းမှုများတွင် ဥပဒေသည် ဝေဝါးလှပြီး သိမ်းဆည်းသူ အစိုးရအဖွဲ့အစည်းများမှ လိုသလိုအဓိပ္ပာယ်ဖွင့်နိုင်သည့်သဘော ဖြစ်နေပါသည်။ ရလဒ်အားဖြင့် လယ်သမားများသည် လုံလောက်၍ တရားမျှတသော လျော်ကြေးပေးအပ်မှု (ငွေကြေးဖြင့်ဖြစ်စေ၊ လုပ်ကိုင်စားသောက်ရန် အလားတူ အစားထိုးမြေယာအားဖြင့်ဖြစ်စေ) မရ ရှိကြတော့ပေ။
အဆိုပါဥပဒေများသည် လယ်သမားအခွင့်အရေးများကို အကာအကွယ်ပေးမှု လျော့ရဲ သည့်အတွက် အစိုးရသည် မြေယာများ ပြန်လည်ပေးအပ်နိုင်စေမည့် အခြား လုပ်ထုံးလုပ်နည်း များအား ဖန်တီးရှာဖွေရတော့သည်။ အဆိုပါ လုပ်ထုံးလုပ်နည်းများသည် မြေသိမ်းသူများနှင့် အသိမ်းခံရသူများကြား ပဋိပက္ခအတွက် အဓိကသော့ချက်တခု ဖြစ်လာသည်။ မြေ/စစ် ကော် မတီထားရှိသည့် လုပ်ငန်းစဉ်သည် မူလမြေသိမ်းရာတွင် ပါဝင်ပတ်သက်သူ ဌာနဆိုင်ရာများအား မြေယာပြန်လည်ပေးအပ်ခြင်းကို ဆုံးဖြတ်မည့်သူများ ဖြစ်စေသည့်အတွက် အကျိုးစီးပွားများ လက်ဝယ်ကိုင်စွဲထားသည့် မညီမျှသောရင်ဆိုင်ရမှုကို ဖြစ်စေသည်။
မြေ/စစ်ကော်မတီများကို အဆောတလျင် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပါသည်။ မည်သည့် မြေယာပြန်လည်ခွဲဝေပေးအပ်မှုမဆိုသည် အဓိပ္ပာယ်အားဖြင့် ပြုပြင်ပြောင်းလဲရန် အတွက် ခိုင်မာသော နိုင်ငံရေးရည်ရွယ်ချက်တခုလိုအပ်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မြေယာပြန်လည်ပေးအပ်မှုသည် ဥပဒေပြုရေးမဏ္ဍိုင်မှ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များအပေါ် သမာသမတ်ရှိစွာဖြင့် တွန်းအားပေး ဆောင် ရွက်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကြေညာစာတမ်းနှင့် နောက်ဆက်တွဲမူဝါဒများတွင် သိမ်းဆည်းခံလယ်ယာမြေများအား လယ်သမားငယ်များကို ပြန် လည်ပေးအပ်ရန် ကတိပြုခဲ့သော အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စိတ်ဓာတ်ရေးရာ ဩဇာကို ရွေးကောက်ပွဲအနိုင်ရပြီးသည့်နောက်တွင် ရှောင်ဖယ်ငြင်းပယ်၍ မရနိုင်ပါ။ နိုင်ငံလူဦး ရေ၏ ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည့် ကျေးလက်နေ လယ်သမားများသည် မြေအသုံးချ ခွင့်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် မျှော်လင့်လျှက်ရှိနေပါသည်။
အစိုးရက မြေအား စွန့်လွှတ်ခဲ့သည့်တိုင် မှန်ကန်ကြောင်းအဆိုပြုနိုင်သည့် လယ်သမား နှစ်ဦးနှစ်ဖက်လုံးအကြားရှိ တောင်းဆိုမှုများအား ဆုံးဖြတ်သည့်လုပ်ငန်းစဉ်ကို ဒေသတွင်း လူထု ညှိနှိုင်းဆွေးနွေးမှုဖြင့်သာ ဖြေရှင်းသင့်သည်။ သို့အားဖြင့် အခြေအမြစ်မရှိသည့် တောင်းဆိုမှုများနှင့်ပတ်သက်၍ ရပ်ရွာလူထုကိုယ်တိုင် ရှင်းလင်းစွာသိမြင်နိုင်ပြီး မိသားစုတစုထက်ပို၍ သိမ်းဆည်းမခံရမီ မြေအား အသုံးပြုခဲ့သည်များရှိပါက ရပ်ရွာကိုယ်တိုင်ပင်လျှင် အငြင်းပွားမှုကို ဖြေရှင်းခွင့်ရသင့်သည်။ အငြင်းပွားမှုများ၏ ရလဒ်အား ၂၀၁၆ အမျိုးသား မြေအသုံးချမှုမူဝါဒတွင် အဆိုပြုထားသည့်အတိုင်း ဒေသခံရပ်ရွာလူထုပါဝင်သော မျှတ၍ လူထုပါဝင်မှုရှိသည့် လုပ်ငန်း စဉ်ဖြင့်သာ ဆုံးဖြတ်ပြီးပြတ်စေသင့်သည်။
ဤအစီရင်ခံစာသည် မြေ/စစ်ကော်မတီများအား အဓိကကဏ္ဍလေးခုတွင် ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် အကြံပြုချက်များ ပေးအပ်ထားသည်။ အဆိုပါ အကြံပြုချက်များ သည် ရပ်ရွာလူထုအား အခွင့်အရေးများ လက်လွှတ်ဆုံးရှုံးစေသည့်၊ မြန်မာ့ဒီမိုကရေစီနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေးကို အဟန့်အတားပြုစေသည့် ဆန္ဒာဂတိအရ ဆုံးဖြတ်မှုများနှင့် အဂတိ လိုက်စားမှုများအား ရှောင်ရှားနိုင်စေရန်အပြင် မြန်မာပြည်၏ လုပ်ကွက်ငယ်လယ်သမားများ အား တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်စေရန်အတွက် မျှတ၍ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှု ရှိသောဖြစ်စဉ်မျိုး ဖြစ်ထွန်းသေချာစေရန် ရည်ရွယ်ပါသည်။
၁။ သုတေသနနည်းနာ
ဤသုတေသနသည် ဥပဒေမဲ့ သိမ်း ဆည်းခံခဲ့ရသော မြေယာများကို ပြန်လည် ရရှိရန် ကြိုးပမ်းနေသူများအကြောင်းပင် ဖြစ် သည်။ ယခုအစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ မြေ/စစ်ကော်မတီမှတဆင့် မြေ ပြန်လည် ရရှိရန် တောင်းဆိုလျှက်ရှိသည့် လယ်သမား များနှင့် အခြား ကျေးလက်နေ တိုင်းရင်းသား ပြည်သူလူထု ရင်ဆိုင်နေရသော အခက်အခဲ အတားအဆီးများကို မီးမောင်းထိုးပြရန် ဖြစ် သည်။ ထို့အပြင် အစိုးရ၊ မူဝါဒချမှတ်သူများ နှင့် မြေ/စစ်ကော်မတီဝင်များအား မျှတပြီး ထိရောက်မှုရှိသည့် မြေယာ ပြန်လည်ပေး အပ်မှုလုပ်ငန်းစဉ် ဖြစ်ထွန်းလာစေရေး အတွက် လက်တွေ့ကျပြီး မြေပြင်အခြေ အနေကို ထင်ဟပ်သည့် အကြံပြုချက်များ ပေးနိုင်ရန် ဖြစ်ပါသည်။
ဤသုတေသန လိုအပ်လျှက်ရှိခြင်းကို ကနဦးအားဖြင့် သာသည့်မြေဖောင်ဒေးရှင်းမှ ၂၀၁၇ မေလတွင် ကျင်းပသော သုံးရက်တာအလုပ်ရုံဆွေးနွေးပွဲ၌ ပါဝင်ခဲ့သော မြန်မာနိုင်ငံအနှံ့မှ လယ်သမားအခွင့်အရေး လှုပ်ရှားသူများ၊ ရှေ့နေများ၊ မြေ/စစ်ကော်မတီဝင်များနှင့် ဆွေးနွေး သဘောတူညီမှု ရခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြေ/စစ်ကော်မတီ လုပ်ငန်းစဉ်အကြောင်း အများပြည်သူထံ ကျယ်ပြန့်စွာ ထုတ်ပြန်ကြေညာမှု အားနည်းသောကြောင့် နေရာဒေသအသီး သီးမှ မြေ/စစ်ကော်မတီဝင်များအကြားတွင် စုံစမ်းစစ်ဆေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများ ပြုလုပ်ပုံနှင့်ပတ်သက်၍ မရှင်းလင်းဘဲ အမျိုးမျိုးသော နားလည်သဘောပေါက်ထားမှုများ ရှိနေ ကြသည်ကို တွေ့ရှိရသည်။ (အဖွင့်စာမျက်နှာတွင် ဖော်ပြထားသော) အသင်းအဖွဲ့ ၁၂ ခုနှင့် တက်ကြွလှုပ်ရှားသူများသည် မြေ/စစ်ကော်မတီအဆင့်ဆင့်၌ လယ်သမားများ ကြုံတွေ့ခဲ့ရ သည့် အတွေ့အကြုံများကို အသေးစိတ်အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ သုတေသနအချက်အလက် ကောက်ယူသည့် အခါ တက်ရောက်သူအမျိုးမျိုးပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ငါးခုကို အစဉ်လိုက်ကျင်းပခဲ့ပြီး သုတေသနဒီဇိုင်း၊ လုပ်ငန်းစဉ်၊ တွေ့ရှိချက်များနှင့် အစီရင်ခံစာမူကြမ်းတို့ကို ဆွေးနွေးခဲ့ကြ ပါသည်။ ဤအစီရင်ခံစာသည် အဆိုပါဆွေးနွေးပွဲများ၏ ရလဒ်ဖြစ်ပြီး ပါဝင်သူအားလုံးတွင် ညီတူ ညီမျှသော ပြောရေးဆိုခွင့် အပြည့်အဝရှိပါသည်။
အထက်ပါတက်ရောက်သူများသည် သုတေသနအား အတူတကွလုပ်ဆောင်ရန် ဆုံး ဖြတ်ပြီး ၂၀၁၇ ခုနှစ် ဇွန် ၁၆-၁၇ ရက်များတွင် နှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲကို ကနဦး စတင် ခဲ့သည်။ အဆိုပါဆွေးနွေးပွဲအား သုတေသနလုပ်ဆောင်မည့် တဦးတယောက်ချင်းမှ ပါဝင်စီစဉ် ရေးဆွဲကာ ဖြစ်မြောက်စေခဲ့သည်။ အဆိုပါအစုအဖွဲ့အတွက် ဧည့်ပညာရှင်များအဖြစ် မဟာတန်း ကျောင်းသားများဖြစ်သူ ဘီလီဖို့ဒ်၃နှင့် ကိုထူးကျော်ဝင်း၄မှ နည်းပညာပိုင်း အကူအညီပေးခဲ့သည်။ တက်ရောက်ပါဝင်သူများသည် သုတေသနအား ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေးနှင့် စစ်ကိုင်း စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြ သည်။ အဆိုပါဒေသများအား ရွေးခဲ့ကြခြင်းမှာ ပါဝင်သူများ၏ ကိုယ်တိုင်အခြေချနေထိုင်ရာ သို့မဟုတ် မိတ်ဖက်အဖွဲ့များ ကောင်းစွာတည်ရှိရာဖြစ်ခြင်းအပြင် ဗမာနှင့် အခြားတိုင်းရင်းသား ဒေသများ ညီမျှစွာပါဝင်စေရန်လည်း ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ကွင်းဆင်း အချက်အလက်ကောက်ယူခြင်းများ ပြုလုပ် ခဲ့ပြီး မြေ/စစ်ကော်မတီဝင် ၂၃ ဦး၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၅ ဖွဲ့၊ လယ်သမား ၅၉ ဦး အပါ အဝင် စုစုပေါင်း လူဦးရေ ၂၃၀ ကို တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။ သုတေသန၌
၁။ အဓိကသတင်းပေးနိုင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်း – ၁၀ ဦး
၂။ ဒေသ ရှစ်ခုတွင် ဦးတည်အုပ်စုဆွေးနွေးခြင်း ၁၃ ခု – ၉၃ ဦး
၃။ လယ်သမားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မြေ/စစ်ကော်မတီဝင်များ ထံမှ စစ်တမ်းကောက်ယူခြင်း – ၉၈ ဦး
၄။ အတည်ပြုစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သုံးပွဲ
(နှစ်ပွဲအား နှစ်ရက်ကြာ ကျင်းပခဲ့သည်)
၅။ ပဏာမအထောက်အထားများနှင့် တဆင့်ခံရရှိသည့် အထောက်အထားများ အား သုံးသပ်လေ့လာခြင်း။

အချက်အလက်များကောက်ယူ၍ အဓိကတွေ့ရှိချက်များအား မူကြမ်းပြုစုပြီးနောက် အတည်ပြုစစ်ဆေးနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်၍ ကောက်ယူရရှိသည့် အချက်အလက် များအား ခွဲခြမ်းစိတ်ဖြာခြင်း၊ သတင်းအချက်အလက်များ ထပ်မံလိုအပ်မှုရှိမရှိ ဆန်းစစ်ခြင်းနှင့် အကြံပြုချက်မူကြမ်းများ ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဩဂုတ် ၅ ရက်တွင် အနှစ်ချုပ်သုတေသနအစီရင်ခံစာ အချောသတ်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့သည်။ ဩဂုတ် ၂၄ ရက်တွင် ဤအစီရင်ခံစာ၏ မာတိကာအား ဆွေးနွေး အတည်ပြုခဲ့ပါသည်။ အစီရင် ခံစာ အပြီးသတ်မူကြမ်းကို ပါဝင်သူများအားလုံးက ထုတ်ဝေခြင်းမပြုမီ စိစစ်ခဲ့ကြပါသည်။ စံ နမူနာပြု ကောက်ယူဦးရေမှာ နည်းပါးသော်လည်း ပါဝင်ခဲ့သော အစုအဖွဲ့များမှာ မြန်မာပြည်အနှံ့ တွင် တရားမျှတမှုနှင့် လယ်ယာမြေအရေးများကို သက်ဆိုင်ရာ ဒေသအသီးသီးတွင် ဆယ်နှစ် ကျော် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့များပင်ဖြစ်သည်။

၂။ နောက်ခံအကြောင်းအရင်း
၂.၁။ အဘယ်ကြောင့် မြေယာပြန်လည်ပေးအပ်မှုသည် အရေးကြီးသည့်ကိစ္စတခုဖြစ်ပါသလဲ။
မြေ အဓမ္မသိမ်းဆည်းခြင်း၏ နောက်ဆက်တွဲပြဿနာများသည် မြန်မာနိုင်ငံ၏ ကျေး လက်ပြည်သူလူထုအတွက် အကြီးအကျယ် ပျက်စီးခြင်းဘေးဆိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် ဒို့မြေကွန်ရက်က ထုတ်ပြန်ခဲ့သည့် လူထုပူးပေါင်းပါဝင်သော သုတေသန အစီရင်ခံစာ တွင် လူပေါင်း ၂၆၀ဝ ကျော်ပါဝင်ခဲ့ပြီး ကျေးလက်နေလူထုအပေါ် ထိခိုက်ပျက်စီးစေခဲ့သော အကျိုးရလဒ်များကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ မြေသိမ်းမှုသည် စားဝတ်နေရေးကိုသာ ထိခိုက်စေ သည်မဟုတ်ပါ။ မြေသည် လူမှုရေး၊ ဓလေ့ထုံးတမ်း၊ ယုံကြည်မှု၊ နိုင်ငံရေးနှင့် စီးပွားရေး ဘဝ မျက်နှာစာတို့၏ အလယ်ဗဟိုတွင် တည်ရှိပြီး မြေသိမ်းခြင်း၏ အကျိုးသက်ရောက်မှုမှာ ကျယ်ပြန့် ပြီး ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေသည်။ ဒို့မြေကွန်ရက်၏ အစီရင်ခံစာတွင် မြေအသိမ်းခံရပြီး နောက် သိမ်းဆည်းခံရသူများ၏ ၁၈ ရာခိုင်နှုန်းကသာ လယ်သမားများအဖြစ် ဆက်လက် ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရှိရသည်။ လယ်ယာမြေကိုအခြေပြုသော အသက်မွေးဝမ်း ကျောင်းများနှင့် စိုက်ပျိုးမြေများအား ဖယ်ရှားလိုက်ခြင်းကြောင့် ၎င်းတို့၏ မိသားစုဝင်များမှာ မြန်မာပြည်အတွင်းရှိ အခြားနေရာများ၊ နိုင်ငံရပ်ခြားများသို့ ရွှေ့ပြောင်းလုပ်ကိုင်ရသဖြင့် မိသားစု ဝင်များ ဝေးကွာခဲ့ကြရသည်။ ထို့အပြင် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ကြရသည့်အခါ သေချာ မှုမရှိ၊ ခက်ခဲသည့် အခြေအနေအောက်များတွင် ဖိနှိပ်မှုများ၊ စွန့်စားမှုများနှင့် အလုပ်လုပ်ကိုင် ကြရသည်။၅
လယ်သမားများနှင့် ကျေးလက်ပြည်သူများထံမှ မြေသိမ်းဆည်းခံရမှုသည် များပြားလှ သော ပမာဏဖြင့်ရှိခဲ့ပြီး ဆက်လက် ရှိလျှက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း သည် လုပ်ကွက်ငယ် အသေးစားလယ်သမားများသာ ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစတင်၍ တပ်မတော်အစိုးရလက်အောက်တွင် မြေသိမ်းမှုမှာ အဆမတန် မြင့်တက်ခဲ့ပါသည်။၆ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်းတွင်ပင် လယ်သမားများထံမှ မြေသိမ်းမှုပမာဏမှာ ဧကပေါင်း ၅ ဒသမ ၂ သန်းကျော်ရှိမည်ဟု ခန့်မှန်းရသည်။၇
၂၀၁၀ ပြည့်နှစ်မှစ၍ စီးပွားရေးနှင့် နိုင်ငံရေး ဖြေလျှော့မှုများသည် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ပုဂ္ဂလိကတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရနှင့် လက်ရှိ NLD အစိုးရသည် စီမံကိန်းလယ်ယာစိုက်ပျိုးရေး၊ အကြီးစားစိုက်ပျိုးရေးအခြေပြု စက်မှုလုပ်ငန်း စီမံကိန်းများနှင့် အထူးစီးပွားရေးဇုန်များအတွက် မြေအသုံးပြုခြင်းမှတဆင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါစီးပွားရေးပုံစံအား စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့ပြီး မြေယာမှတ်ပုံတင်ရေး စီမံချက်များအား ပံ့ပိုးပေးခဲ့သည့် နိုင်ငံခြားအစိုးရများမှ ကျယ်ပြန့်စွာ ထောက်ခံခဲ့ကြသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရတွေ့ရှိရသည်မှာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးမြေဧက ၃၁ သန်းကျော် ရှိနေသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းများအရ ၁၉၉၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်းတွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး ရေးအတွက် မြေလွတ်မြေလပ်ဟု သတ်မှတ်ထားသည့် မြေဧက ၃ ဒသမ ၈ သန်းအား သိမ်းဆည်း ကာ ဝန်ကြီးဌာနများ၊ ကုမ္ပဏီများ၊ တပ်မတော်နှင့်ပုဂ္ဂလိကများသို့ ငှားရမ်းပေးအပ်ခဲ့သည်ဟု သိရသည်။ ၎င်းတွင် (ဥပမာ – တပ်မတော်မှ ယာယီတပ်စွဲရန်အတွက်၊ အခြေခံအဆောက်အဦများ တည်ဆောက်ရန်အတွက် စသည့်) အခြားရည်ရွယ်ချက်အတွက် သိမ်းဆည်းခြင်းမျိုး မပါဝင်သေး ပေ။ Kevin Woods နှင့် Global Witness မှ ပြုလုပ်သော အခြား သုတေသနတခုတွင် ၅ ဒသမ ၂ သန်းဟု ဖော်ပြထားသည်။၈ အခြားဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အသေးစား လယ်သမားများထံမှ ဩဇာတိက္ကမ ရှိသူများ၊ ချမ်းသာကြွယ်ဝသူများထံ လွှဲပြောင်းပေးအပ်သည့် မြေသိမ်းဆည်းမှုများ ကိုပါ ထည့်တွက်ပါက ထိုပမာဏထက် ပိုများနိုင်ပါလိမ့်မည်။
မြေသည် တိုင်းရင်းသား လက်နက် ကိုင် ပဋိပက္ခများ၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့်လည်း နီးကပ်စွာ ဆက်နွယ်နေသည်။ တိုင်းရင်းသားဒေသများရှိ လူဦးရေအများစု သည် အသေးစား လယ်သမားများသာဖြစ်ပြီး တောင်ပေါ်ကုန်းမြင့်ဒေသ စိုက်ပျိုးမှုပုံစံကို ကျင့်သုံးကြသူများဖြစ်သည်။ ထိုဒေသများ တွင် မြေသည် ဓလေ့ထုံးတမ်း၊ ယုံကြည်မှုနှင့် လူမှုရေးအရ ကြီးစွာသော အဓိပ္ပာယ်ကို ဆောင်သည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်များသည် မြေဧကပေါင်းများစွာကို ထိန်း ချုပ်ထားပြီး ၎င်းတို့၏ ကိုယ်ပိုင် မြေယာ အသုံးချခွင့်စနစ်နှင့် မူဝါဒများ ရှိကြသည်။၉ သို့သော်လည်း အဆိုပါဒေသများတွင် တိုက် ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေ၍ (ဥပမာ- ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက် ပိုင်း) တပ်မတော်မှ မြေသိမ်းဆည်းမှုများ ဆက်လက်ပြုလုပ်လျှက်ရှိရာ ပဋိပက္ခနှင့် ကြောက်ရွံ့စေခြင်းမှတဆင့် ဒေသခံလူထုအား နေရပ် စွန့်ခွာစေခဲ့သည်။ ရလဒ်အားဖြင့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူပေါင်း ခန့်မှန်းခြေ ၁ ဒသမ ၃ သန်းခန့် ရှိစေခဲ့သည်။ ငြိမ်းချမ်းရေးမရသရွေ့ ထိုကြီးမားသောမြေပမာဏကို ပြန်လည်ပေးအပ် နိုင်မည်မဟုတ်ပါ။၁၀
မြေ/စစ်ကော်မတီအား သေချာဂရုပြု၍ ပြုပြင်ပြောင်းလဲရေးသည် တသန်းကျော်သော ဒုက္ခသည်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာရသူများ (အချို့မှာ ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် အဖြစ် ရောက်ရှိပြီးဖြစ်သည်)၁၁ အချိန်မီ နေရပ်ပြန်နိုင်ရေးအတွက် အလွန် အရေးကြီးလှသည်။ နေရပ်ပြန်ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများအား မြေယာပြန်လည်ပေးအပ်မှုသည် လက်ရှိ မြေ/စစ်ကော်မတီ၏ လုပ်ကိုင်ဆောင်ရွက်ပုံထက် ပိုမိုထိရောက်သော လုပ်ငန်းစဉ်တရပ် လိုအပ် ပေသည်။၁၂

၂.၂။ ဥပဒေနှင့် အုပ်ချုပ်မှု မူဘောင်ဆိုသည်မှာ အဘယ်နည်း။၁၃

မြေအသုံးပြုခွင့်သာဖြစ်သည်၊ ပိုင်ဆိုင်ခွင့်မဟုတ်
ပင်မအထွတ်အထိပ်ဥပဒေဖြစ်သည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သည် မြေအားလုံးကို ပိုင်စိုးသည်။၁၄ ဆိုလိုသည်မှာ ပြည်သူတဦးတယောက်ချင်းနှင့် အစိုးရမဟုတ်သည့် မည်သည့်အဖွဲ့အစည်းမဆို မြေပိုင်ဆိုင်ရန် မဖြစ်နိုင်ဘဲ မြေအသုံးပြုခွင့်သာရရှိနိုင်သည်။ သို့သော် ၂၀၁၇ ခုနှစ် ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတည်ပြုပါက ပြည်တွင်း ပြည်ပကုမ္ပဏီများသည် နှစ် ၅၀ အထိ စိုက်ပျိုးမြေများအပါအဝင် မြေအား ငှားရမ်း အသုံးပြုနိုင်သည်။ ယင်းသည် လယ်သမားများထက် ကုမ္ပဏီများအား အခွင့်အရေး ပိုပေးထားရာ ကျနေသည်။၁၅

လယ်ယာမြေအမျိုးအစား ခွဲခြားခြင်းနှင့် မှတ်ပုံတင်ခြင်း
မြန်မာနိုင်ငံတွင် မြို့ပြနှင့် ကျေးရွာ မြေအမျိုးအစား အဆင့်ဆင့်ခွဲခြားပုံများ အမျိုးမျိုး ရှိနေသည်။ ဤအစီရင်ခံစာမှာ လယ်သမားများအား မြေ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ရည်ရွယ်သဖြင့် အောက်ဖော်ပြပါအပိုင်းတွင် ၎င်းတို့အား အဓိကအကျိုးသက်ရောက်မှုရှိနေသည့် မြေအမျိုးအစားများ (အထူးသဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း)ကို ဦးစားပေး ဖော်ပြသွားမည် ဖြစ်သည်။
၂၀၁၂ လယ်ယာမြေဥပဒေသည် လယ်ယာမြေအသုံးပြုပုံ၊ စိုက်ပျိုးရေးနည်းစနစ်နှင့် စိုက်ပျိုးသီးနှံ အမျိုးအစားများကို ပြဌာန်းထားသည်။ ကန့်သတ်ထားသည့် အမျိုးအစားများ အတွင်း မြေအသုံးပြုမှုကို (ပုံစံ-၇ ဟု ခေါ်ဆိုကြသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ဖြင့်) မှတ်ပုံတင်ရန် လယ်သမားများတွင်တာဝန်ရှိကြောင်း ဖော်ပြထားသည်။ သဘောတရားအားဖြင့် ထိုလက်မှတ်ကိုအသုံးပြု၍ လယ်သမားများသည် သုံးစွဲခွင့်ကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ အမွေ ဆက်ခံခြင်း၊ ပေါင်နှံခြင်းတို့ကို ပြုလုပ်နိုင်စေသည်။ ထိုလက်မှတ်များ ထုတ်ပေးခြင်းသည် မူအား ဖြင့် မြေအသုံးပြုခွင့်ကို လုံခြုံစိတ်ချစေနိုင်မည် ဖြစ်သည်။ လက်တွေ့တွင်မူ မှတ်ပုံတင်လုပ်ငန်းစဉ် သည် ရှည်ကြာရှုပ်ထွေးလှပြီး နိုင်ငံတော်မှ အဆိုပါအခွင့်အရေးများကို အချိန်မရွေး ရုတ်သိမ်းနိုင် သဖြင့် စိတ်ချရမှုမှာ အလွန်အင်မတန် နည်းပါးလှသည်။
အဆိုပါဥပဒေသည် ရပ်ရွာလူထုများစွာမှ အသုံးပြုလျှက်ရှိသော ဓလေ့ထုံးတမ်းအရ မြေ အသုံးပြုမှုများ၊ နည်းစနစ်များကို အသိအမှတ်ပြုမထားပေ။၁၆ လယ်သမားများ၏ ၁၅ ရာခိုင်နှုန်း ခန့်ကသာ စိုက်ပျိုးမြေအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ရှိကြကြောင်း ခန့်မှန်း ထားသည်။၁၇ ထိုလက်မှတ်မရှိဘဲ လယ်သမားများနှင့် ကျေးလက်နေပြည်သူများသည် ငွေကြေး အရှိန်အဝါကြီးသူများမှ မြေပိုင်ဆိုင်မှုလွှဲပြောင်းပေးအပ်ရန်၊ သို့မဟုတ် မြေလွတ်မြေလပ်အဖြစ် သတ်မှတ်ရန် တောင်းဆိုခြင်းအန္တရာယ်ကို ကြုံတွေ့ရနိုင်သည်။

မြေပြန်လည်ရရှိခွင့် ရှိပါသလား
သိမ်းဆည်းခံမြေအား ပြန်လည်ရရှိရန် အခွင့်အရေး၊ စစ်ဆေးမှု၊ သို့မဟုတ် လုပ်ငန်းစဉ် များအား ပြဌာန်းထားသည့် ဥပဒေများမရှိပါ။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပိုင်ဆိုင်မှု များအား ပြန်လည်ရရှိခွင့်ကို ပြည်သူတဦးချင်းအား ပေးအပ်ထားသည်ဟု ဆိုနိုင်သည့် အကာ အကွယ်ပေးမှုများကို ပြဌာန်းထားသည်။၁၈ သို့သော် ပြည်သူတဦးချင်းသည် အခြေခံဥပဒေခုံရုံးသို့ တိုက်ရိုက်လျှောက်ထားနိုင်သည့် အခွင့်အရေးမရှိ၁၉သည့်အတွက် မြေ ပြန်လည်ရရှိနိုင်ရန် ကြိုး စားနိုင်မည် မဟုတ်ပါ။
နိုင်ငံတော်က မြေပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဥပဒေများမှ မည်သို့ ပြဌာန်း ထားပါသလဲ။
အစိုးရက မြေယာအသုံးပြုခွင့်ကို ပယ်ဖျက်နိုင်ရန် ခွင့်ပြုထားသော ဥပဒေတချို့ ရှိပါ သည်။ မြေပြန်လည်ပေးအပ်မှုနှင့် ပတ်သက်သော စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားသည့် ပြဌာန်းဥပဒေများမှာ –
• ၂၀၁၂ လယ်ယာမြေဥပဒေ
• ၂၀၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ
• ၁၈၉၄ မြေသိမ်းအက်ဥပဒေ၂၀

၂၀၁၂ လယ်ယာမြေဥပဒေ
အဆိုပါဥပဒေတွင် လယ်သမားတဦးသည် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်တွင် ဖော်ပြထားသည့် အသုံးပြုလမ်းညွှန်ချက်များအား ဖောက်ဖျက်ပါက လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၂၁မှ ဒဏ်တပ်ခြင်း၊ အဆုံးစွန်အားဖြင့် အသုံးပြုခွင့်ကို ပယ်ဖျက်ခြင်း၊ ပြစ်မှုနှင့်ဆိုင်သော ငွေနှင့်ပစ္စည်းများအား သိမ်းယူခြင်းနှင့် နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်းများအား ပြုလုပ်နိုင် ပါသည်။

၂၀၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ
ဤဥပဒေတွင် နိုင်ငံတော်အား အောက်ဖော်ပြပါမြေများအား အသုံးပြုခွင့်ကို ပေးထား သည်။
(က) မြေရိုင်း – တကြိမ်တစ်ခါမျှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းမရှိသော မြေ
(ခ) မြေလွတ်နှင့် မြေလပ် – အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့်မြေနှင့် နိုင်ငံတော်က သီးသန့်လျာထားသတ်မှတ်သည့် မြေများ၂၂

ထိုပြဌာန်းချက်သည် ရွှေ့ပြောင်းတောင်ယာအစရှိသည့် ရိုးရာဓလေ့အရ စိုက်ပျိုးနည်း စနစ်များကို ထည့်သွင်းစဉ်းစားခြင်းမပြုသည့်၊ အကန့်အသတ်ရှိလှသော မျိုးတူစုပြုခြင်းကို သတိ ပြုဆင်ခြင်သင့်သည်။ ရလဒ်အားဖြင့် ရိုးရာတောင်ယာဓလေ့ကို ကျင့်သုံးသည့် (အထူးသဖြင့် တိုင်းရင်းသားဒေသများတွင်) ကျေးလက်ပြည်သူလူထုမှ အသုံးချလျက်ရှိသည့်၊ သို့မဟုတ် မှတ်ပုံတင်ထားခြင်းမရှိသည့် မြေများသည် မြေလွတ်မြေလပ်များအဖြစ် သတ်မှတ်ခံရနိုင်လေ သည်။ အဆိုပါမြေများသည် ပုဂ္ဂလိက တဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ မြေအသုံးပြု လုပ်ကိုင်ခွင့်ကို တောင်းခံရန် အခြေအနေပေးနေပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ သည် လယ်သမားများအား မသေချာသော တောင်းဆိုသူများကို မှားယွင်းစွာ ထုတ်ပေးမိသကဲ့သို့ ဖြစ်စေနိုင်သည်။
ထိုဥပဒေအား မြို့ရွာများ၏ လူမှုယဉ် ကျေးမှုနှင့် အသက်မွေးဝမ်းကျောင်းအတွက် အရေးပါလှသော ဘုံမြေများ (ဥပမာ- ကစား ကွင်း၊ စားကျက်မြေ၊ ရပ်ရွာပိုင်ရေကန်နှင့် အခြား ဘုံပိုင်မြေများ)အား ပြန်လည် ခွဲဝေ သတ်မှတ်နိုင်ခွင့်ကို ပေးထားသည်။

၁၈၉၄ မြေသိမ်းအက်ဥပဒေ
ဤဥပဒေသည် အလွန်တရာ ခေတ် နောက်ကျနေပြီဖြစ်၍ လက်ရှိ မြန်မာနိုင်ငံ၏ မြေယာစီမံအုပ်ချုပ်မှုကို ထင်ဟပ်ဖော်ပြနိုင် ခြင်း မရှိတော့ပေ။ အဆိုပါဥပဒေတွင် နိုင်ငံ တော်မှ အများပြည်သူအကျိုးအတွက် မြေ သိမ်းပါက လျော်ကြေးပေးအပ်မှု လုပ်ငန်းစဉ် ကို ဖော်ပြထားသည်။ ၁၉၆၂ ခုနှစ်မှစ၍ နိုင်ငံ တော်က မြေသိမ်းသည့် ကိစ္စရပ်တိုင်းတွင် အဆိုပါလုပ်ငန်းစဉ်ကို လိုက်နာခဲ့သည်မှာ အလွန်နည်းပါးလှပါသည်။ ဥပမာ- ၁၈၉၄ ခုနှစ် ဥပဒေသည် မြေသိမ်းရန်လိုအပ်ပါက လက်ရှိ အသုံးပြုနေသူများအား ကြိုတင်အကြောင်းကြားရန် လိုအပ်ကြောင်းနှင့် ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားသော်လည်း ၂၀၁၅ ခုနှစ် သုတေသန အစီရင်ခံစာအရ လယ်သမားများသည် ၎င်းတို့ မြေအသိမ်းမခံရမီ မည်သည့်အကြောင်းကြားမှုမှ မရရှိခဲ့ကြောင်း သိရှိရသည်။၂၃

တရားစီရင်ရေးမှ သုံးသပ်ဆုံးဖြတ်နိုင်ခွင့် ရှိပါသလား
၂၀၁၂ မြေယာဥပဒေများတွင် လယ်သမားတဦးအတွက် အုပ်ချုပ်ရေးကဏ္ဍ၏ လယ်ယာ မြေလုပ်ပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်ခြင်း၊ ရုတ်သိမ်းခြင်း စသည့် ဆုံးဖြတ်ချက်များအပေါ် တရားရုံး၌ စောဒကတက်တိုင်ကြားရန် လမ်းကြောင်းမရှိပါ။ ပညာရပ်သဘောအရဆိုလျှင် တရားရုံး၏ စီရင် ဆုံးဖြတ်မှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၂၄ စာချွန်တော်ထုတ်ဆင့်ခြင်းဖြင့် ဖြစ်နိုင်သော် လည်း လက်တွေ့တွင် ရှည်ကြာလှပြီး ကုန်ကျမှုများသော လုပ်ငန်းစဉ်သာဖြစ်၍ တရားရင်ဆိုင် ရာတွင်လည်း ရှုံးနိမ့်လေ့ရှိပါသည်။၂၅ ထို့အပြင် ၂၀၁၂ ဥပဒေများတွင် အရေးဆိုခြင်းနှင့် အငြင်း ပွားမှုများအတွက် ဖြေရှင်းရန် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကိုသာ ဖော်ပြထားပြီး တရားရုံး၏ ပါဝင်စီရင်မှုအား ထည့်သွင်းမထားပါ။ ယင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်လျက်ရှိပြီး အာဏာသုံးရပ် ပိုင်းခြားကျင့်သုံးမှုအရ အုပ်ချုပ်ရေးကဏ္ဍ၏ ဆုံးဖြတ်ချက်များအား တရားစီရင် ရေးက ပြန်လည်စိစစ်သုံးသပ်နိုင်ရေးကို လျစ်လျူရှုလျှက်ရှိပေသည်။၂၆

၂.၃။ မြေယာစီမံအုပ်ချုပ်မှုတွင် မည်သူတို့ အဓိက ပါဝင်နေသလဲ
အစိုးရအုပ်ချုပ်ရေးကဏ္ဍသည် မြန်မာနိုင်ငံရှိ မြေစီမံခန့်ခွဲမှုတွင် ပင်မတာဝန်ရှိနေသည်။ အစိုးရအဖွဲ့ (သမ္မတရုံးနှင့် ဒု-သမ္မတရုံးများ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး)မှ ထုတ်ပြန်သော မြေယာ မူဝါဒများနှင့် အမိန့်ညွှန်ကြားချက်များသည် အဓိကဝန်ကြီးဌာနများသို့ သက်ဆင်းသည်။ အဓိက ဝန်ကြီးဌာနများမှာ –
• စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
• ပြည်ထဲရေးဝန်ကြီးဌာန
• သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၂၇

တပ်မတော်သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ၎င်း၏ အုပ်ချုပ်ရေးလက်တံဖြစ်သော အစိုးရအဆင့်ဆင့်၏ မြေယာစီမံခန့်ခွဲရေးတွင် ပါဝင်နေသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် မြေယာစီမံခန့်ခွဲမှုကို ထိန်းချုပ်ထားသည်။၂၈
လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွင် ပါဝင်နေသည့် အုပ်ချုပ် ရေးကဏ္ဍမှ ဌာနအဖွဲ့အစည်းများမှာ –
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာနအပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သမ္မတရုံးနှင့် အစိုးရအဖွဲ့သို့ တာဝန်ခံရသည်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများသည် ကျယ်ပြန့်လှ သော လုပ်ငန်းများအတွက် တာဝန်ရှိနေပြီး ဝန်နှင့်အား မမျှရှိနေသည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ၎င်းတို့တာဝန်ခံရသည့် တပ်မတော်၏ မြေသိမ်းမှုများအပါအဝင် မြေသိမ်းဆည်း မှုများအပေါ် သိသာထင်ရှားသော ဆုံးဖြတ်နိုင်သည့်အာဏာ ရှိနေသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
ယင်းဌာနသည် ကွင်းများဖော်ထုတ်ခြင်းနှင့် မြေစာရင်းပြုလုပ်ခြင်းအတွက် တာဝန်ရှိ သည်။ ထို့အပြင် မြေအသုံးပြုမှုစိစစ်ခြင်းနှင့် ပုံစံ(၇) လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေး ခြင်းအတွက်လည်း တာဝန်ရှိသည်။
ထို့အပြင် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကော်မတီများလည်း ရှိနေသည်။ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ (FAB) သည် အခြားတာဝန်များအပြင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ပူးပေါင်းကာ မြေအသုံးပြုမှုကို စိစစ်ရန်၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များ ချပေးရန်၊ ရုတ်သိမ်းရန်၊ မြေတန်ဖိုးသတ်မှတ်ပေးရန်နှင့် အငြင်းပွားမှုများအား ဖြေရှင်းပေးရန် တာဝန်ရှိသည်။၂၉
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအား မြေသိမ်းခံရသည့်သူများအနေဖြင့် မြေပြန်လည်ရရှိရေး တောင်းဆိုမှုများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည်။ မြေ/စစ်ကော်မတီဝင်များတွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်ထောင်စုအဆင့်မဟုတ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် ပါဝင် ရသော အခန်းကဏ္ဍမှာ အကန့်အသတ်ဖြင့်သာ ရှိနေသည်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာ အဘယ်နည်း
ဥပဒေပြုရေးကဏ္ဍ (ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ နှစ်ရပ်ပေါင်း ပြည် ထောင်စုလွှတ်တော်)၏ တာဝန်မှာ အုပ်ချုပ်ရေးကဏ္ဍအား စောင့်ကြည့်ထိန်းကျောင်းရန်နှင့် ဥပဒေများ ပြင်ဆင်ရန်၊ ပြုစုရန်တို့ ဖြစ်သည်။
အစိုးရအား စိစစ်ထိန်းကျောင်းမှုကို လွှတ်တော်၏ နေ့စဉ်အစည်းအဝေးများတွင် ဝန်ကြီး များ၊ ဝန်ကြီးဌာနများမှ စေလွှတ်သူများအား မေးခွန်းထုတ်ခြင်းဖြင့် ဆောင်ရွက်လျှက်ရှိသည်။ ယင်းကို လွှတ်တော်ရေးရာကော်မတီများမှတဆင့်လည်း ဆောင်ရွက်ကြသည်။ ကော်မတီများ သည် ကျွမ်းကျင်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ဖိတ်ခေါ်လျှက် အစိုးရမူဝါဒများ၊ ဥပဒေများ၏ ပြည်သူများအပေါ် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခြင်း၊ သို့မဟုတ် ဥပဒေ ပြင်ဆင်မှုများအတွက် သုံးသပ်ခြင်းများ ပြုလုပ်ရာတွင် သက်သေအထောက်အထားများ ရယူနိုင် သည်။ လယ်ယာမြေနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် ထိုသို့ ဆောင်ရွက်နိုင်သည့် ကော်မတီများစွာ ရှိနေသည်။၃၀
ဥပဒေအသစ်တင်ခြင်း၊ သို့မဟုတ် တည်ဆဲဥပဒေပြင်ဆင်ခြင်းကို လွှတ်တော်ရေးရာ ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ စ၍ တင်သွင်းနိုင်သည်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များကိစ္စများဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ကလည်း ဥပဒေမူကြမ်းများနှင့်ပတ်သက်၍ အကြံပြုနိုင်ပြီး ဥပဒေများအားလုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခြားတည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်းရှိမရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ရသည်။ သို့သော်လည်း ဥပဒေများ နောက်ဆုံးအတည်ပြုခြင်းကိုမူ လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ပြီး သမ္မတ၏သဘောတူညီချက်ဖြင့် အတည်ဖြစ်လာသည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် တဦးချင်းသည် ၎င်းတို့မဲဆန္ဒနယ်မြေရှိပြည်သူများ ကြုံတွေ့ရသည့် အခက်အခဲများ၊ ပူပင်သောကများကိုလည်း တင်ပြရသည်။ ၎င်းတို့သည် ၎င်းတို့ ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်များနှင့် ၎င်းတို့ကိုယ်စားပြုသော မဲဆန္ဒ နယ်မြေရှိ ပြည်သူများအား (ထိုပြည်သူများအနက် အများအပြားမှာ မြေသိမ်းခံရသူများ) တာဝန်ခံရသည်။

၂.၄။ မြေယာစီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ
ဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသည် ၂၀၁၂ လယ်ယာမြေဥပဒေနှင့် ၂၀၁၂ မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြဌာန်းခဲ့သည်။ အထူးဂရုပြုသင့်သည်မှာ အဆိုပါဥပဒေများသည် ကျေးလက်နေပြည်သူများအား ရပ်ရွာလူထု၏ ဘုံအခွင့်အရေးများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မြေအသုံးချခွင့်ကို မှတ်ပုံတင်နိုင်ရန်၊ အဆိုပါအခွင့်အရေးများအား ရောင်းဝယ်ပေါင်နှံနိုင်ရန် မျိုးဆက်နှစ်ဆက်အတွင်း ပထမဆုံးသော အခွင့်အရေး ဖြစ်သည်။၃၁
မြန်မာနိုင်ငံတွင် မြေအား ကုန်ပစ္စည်းတခုသဖွယ် ပထမဆုံးအနေဖြင့် ရောင်းဝယ်နိုင် စေသည့် လယ်ယာမြေ မှတ်ပုံတင်လုပ်ငန်းစဉ်မတိုင်မီတွင်ပင် မြေသိမ်းမှုများမှာ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း သိသာစွာ မြင့်မားခဲ့ပါသည်။ ထိုကာလတွင် နိုင်ငံ၏နေရာအများအပြား တွင် စစ်ဥပဒေသာ လွှမ်းမိုးခဲ့သည်။ ၂၀၁၂ မြေယာဥပဒေများ ပြဌာန်းပြီးနောက်တွင် မြေ သိမ်း ဆည်းမှု (ဆိုလိုသည်မှာ အချိန်မတိုင်ဘဲ မြေသိမ်းမှုများ) မြင့်တက်ခဲ့ပြီး ဦးသိန်းစိန်အစိုးရသည် ယာယီ မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား၃၂ စတင်ခဲ့သည်။ ထို့ကြောင့် လယ် သမားများ၊ ရဲတပ်ဖွဲ့များနှင့် တပ်မတော်ထံမှ မြေဝယ်ခဲ့သော ကုမ္ပဏီများအကြား ဆန္ဒဖော်ထုတ်မှု များ၊ ထိပ်တိုက်တွေ့ဆုံမှုများ (အချို့မှာ အကြမ်းဖက်မှုများ) ဖြစ်ပွားခဲ့သည်။၃၃ အဆိုပါပဋိပက္ခများ လျော့ကျစေရန် ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် (PLIC)၃၄ နှင့် မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီတို့ကို ဖွဲ့စည်း၍ ဥပဒေမဲ့သိမ်းဆည်းခံမြေများကို စုံစမ်းစစ်ဆေး ရန်နှင့် မြေယာပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်စေခဲ့သည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့်
ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်
ကော်မရှင်များဖွဲ့စည်းရာတွင် အခက်အခဲများ ရှိခဲ့သည်။ ထိုအချိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှမ်းမိုးသည့် လွှတ်တော်တွင် အဆိုပြုချက် တင်သွင်းမဲခွဲသည့်အခါ မဲပေါင်း ၃၀ဝ ဖြင့် ၁၇၆ မဲကို အနိုင်ရခဲ့သော်လည်း ပြင်းထန်သည့် အချေအတင် ငြင်းခုံမှုများ ဖြစ်ခဲ့သည်။ ဆွေးနွေးမှုအတွင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ မြေသိမ်းမှုအားလုံးသည် ဥပဒေနှင့် အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မြေသိမ်းခံရသည်ဟု စောဒကတက် သော၊ အဆိုပါလှုံ့ဆော်မှုပြုသော လယ်သမားများကိုသာ စုံစမ်းစစ်ဆေးသင့်သည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။၃၅
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင်ကို လယ်သမားများထံမှ တိုင်တန်းချက်များအား လက်ခံရန် နှင့် မြေပြန်ပေးအပ်သင့်သည့် ဝန်ကြီးဌာနများအား အကြံပြုချက်ပေးရန် ဖွဲ့စည်းခဲ့သည်။ အစပိုင်း တွင် ကော်မရှင်သည် တိုင်ကြားစာပေါင်း ၃၀ဝ ခန့်ရရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း အမှန်တကယ် အားဖြင့် ၁၅၀ဝ၀ ကျော် လက်ခံရရှိခဲ့သည်။၃၆ ကော်မရှင်တွင် အဖွဲ့ဝင် ၇၄ ဦး ပါဝင်ပြီး အားလုံး သည် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကာ အကြံပြုချက်များအား သက်ဝင်စေရန် လုပ်ပိုင်ခွင့် အာဏာမရှိဘဲ ဝေဝါးလှသည့်တာဝန်သာ ပေးအပ်ထားသည်။ အကြံပြုချက်များ ထွက်ပေါ်လာ ပါက ကော်မရှင်သည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သို့မဟုတ် မြေပြန်လည်ပေးအပ်မှုကို ကိုင် တွယ်ရသည့် လယ်ယာမြေစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ ပေးပို့ရသည်။
ကော်မရှင်အဖွဲ့ဝင်များသည် မြေသိမ်းမှုများအား နိုင်ငံတဝန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကွင်းဆင်းစစ်ဆေးနိုင်ရန် အဖွဲ့ငယ် ၁၁ ခု ဖွဲ့စည်းထားသည်။ ကော်မရှင်သည် ၁၉၈၀ မှ ၂၀ဝ၀ ပြည့်နှစ်အထိ မြေသိမ်းမှုများအား စစ်ဆေးခဲ့ပြီး တပ်မတော်၊ အစိုးရ အဖွဲ့အစည်း များနှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ တရားမဝင် မြေသိမ်းမှုများသည် အနည်းဆုံး ဧက ၅၀ဝ,ဝဝဝ ရှိကြောင်း တွေ့ရှိရသည်။
ကျွမ်းကျင်သူများအား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ကော်မရှင်က ဖြေရှင်းပေးခဲ့သော အမှု အနည်းငယ်သာလျှင် လွယ်ကူချောမွေ့ခဲ့ပြီး မြေသိမ်းသူ အာဏာပိုင်များအတွက် တန်ဖိုးနည်း လှသည့် အမှုများသာလျှင်ဖြစ်သည်။ ဥပမာ- တပ်မတော်မှ သိမ်းဆည်းမြေများအား ပြန်လည် စွန့်လွှတ်ခဲ့ရာတွင် လုံးဝအသုံးမပြုခဲ့သည်မြေ၊ သို့မဟုတ် တန်ဖိုးအလွန်နည်းပါလှသည့် မြေများ သာလျှင် ဖြစ်သည်။
ကော်မရှင်သည် ဆုံးဖြတ်ချက်များအား သက်ဝင်စေရန် တွန်းအားပေးနိုင်သည့် လုပ်ပိုင် ခွင့်အာဏာ မရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်အချို့သည် ၎င်းတို့၏ဩဇာနှင့် မီဒီယာ အား အသုံးပြုကာ ကုမ္ပဏီများနှင့် တိုက်ရိုက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ အောင်မြင်ခဲ့ သော အမှုအချို့ ရှိခဲ့သော်လည်း အများစုမှာ မြေပြန်လည်ပေးအပ်မှုတွင် ယာယီသဘော သာဖြစ်သည်။ လယ်သမားများမှာ လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် မရရှိခဲ့ကြပါ။ အဆို ပါ ညှိနှိုင်းမှုများမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီအထိ မြင့်တက်ခဲ့ သည်။၃၇ သို့သော်လည်း ကော်မရှင်နှင့် လယ် ယာမြေ စီမံခန့်ခွဲမှုကော်မတီအကြား ရှင်း လင်းသော တရားဝင်ဆက်နွှယ်မှုနှင့် လုပ် ငန်းစဉ် မရှိခဲ့ပေ။
အနှစ်ချုပ်အားဖြင့် ကော်မရှင်သည် မြေသိမ်းမှုများအားဖြေရှင်းရန် ကတိကဝတ် ပြု ခြေလှမ်းစခဲ့ပြီး ယင်း၏ အစီရင်ခံစာများ သည် ရှုပ်ထွေးနက်နဲလှသော ပြဿနာကို လူသိရှင်ကြား ဖော်ထုတ်အသိအမှတ်ပြုခဲ့၍ တန်ဖိုး ရှိလှသည်။ သို့သော် ကော်မရှင်သည် အောက်ပါအကြောင်းများကြောင့် ထိရောက်မှုတော့ မရှိခဲ့ပေ။
• ကော်မရှင်အဖွဲ့ဝင်များကိုယ်တိုင်သည် စုံစမ်းစစ်ဆေးလျက်ရှိသည့် မြေသိမ်းမှုများ တွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်နေခြင်း၊
• ထိရောက်သော တွန်းအားပေးနိုင်စွမ်း မရှိခြင်း၊
• စုံစမ်းစစ်ဆေးခြင်းနှင့် အကြံပြုချက်များပြုလုပ်ခြင်းအတွက် တိကျရှင်းလင်းသော လုပ်ငန်းစဉ်များ မရှိခြင်း၊
• မြေသိမ်းခံပြည်သူများအား အမှန်တကယ် မြေပြန်လည်ပေးအပ်မှုများ မပြုလုပ်နိုင် ခဲ့ခြင်း။၃၈
အမျိုးသား မြေအသုံးချမှု မူဝါဒ
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းသည့်တချိန်တည်းတွင် ဘက်စုံလွှမ်းခြုံသည့် မြေယာ ဥပဒေသစ်အတွက် အခြေခံဖြစ်လာမည့် အမျိုးသား မြေအသုံးချမှုမူဝါဒကို ဖော်ထုတ်နိုင်ရေး သုံးသပ်ဆွေးနွေးမှုများ ရှိခဲ့သည်။ မျှော်လင့်ချက်မှာ အဆိုပါ မြေယာဥပဒေသစ်သည် မြေယာ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်တို့နှင့် ဆီလျော်ပြီး တည်ဆဲဥပဒေများ၊ ဥပဒေပါအပိုင်းကဏ္ဍများအား တရားဝင် ပယ်ဖျက်နိုင်လိမ့်မည်ဟု ဖြစ်သည်။
နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ အထူးသဖြင့်USAIDသည် အဆိုပါမူဝါဒ၏ အကျိုးဆက်များအား ဆင်ခြင်စဉ်းစား၍ မူကြမ်းထွက်ပေါ်လာနိုင်စေရန် အစိုးရအား ကူညီခဲ့ သည်။ ပထမဆုံးအကြိမ်အနေဖြင့် အစိုးရသည် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် မူကြမ်းနှင့်ပတ်သက်၍ လူထုပါဝင်ဆွေးနွေးမှုလုပ်ငန်းစဉ်အား ထည့်သွင်းခဲ့သည်။၃၉ ဆွေးနွေးပွဲများသည် ပြီးပြည့်စုံမှု အလျဉ်းမရှိသော်လည်း လယ်သမားသမဂ္ဂများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအား မြေယာ ဥပဒေအကြောင်း လေ့လာ၍ အသက်မွေးဝမ်းကျောင်းဖူလုံမှုကို ကာကွယ်ပြီး လွတ်လပ်သော စိုက်ပျိုးမှု ရွေးချယ်ခွင့်ရရှိနိုင်ရေးအတွက် ဆွေးနွေးခွင့်ကို ပေးခဲ့သည်။
အမျိုးသားမြေအသုံးချမှုမူဝါဒ၏ အစောပိုင်းမူကြမ်းများမှာ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိခဲ့ဘဲ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ ၂၀၁၂ ဥပဒေများတွင် လယ်သမားအခွင့်အရေးများ ပါဝင်ခြင်းမရှိခဲ့သည့်အတွက် ဤမူဝါဒသည်လည်း လယ်သမားများနှင့် တိုင်းရင်းသားလူနည်းစုများအား အကျိုးရှိစေမည်ဟု မမျှော်လင့်ခဲ့ကြပေ။ သို့သော်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလ အစိုးရသက်တမ်းကုန်ခါနီးတွင်မှ ဦးသိန်းစိန်အစိုးရ၏နောက်ဆုံးမူကြမ်းသည် နိုင်ငံတကာစံနှုန်းများနှင့် တစိတ်တပိုင်းအားဖြင့် ကိုက်ညီမှုရှိနေပြီး (တိုင်းရင်းသားလူထုအတွက်) အရေးပါလှသော ဓလေ့ထုံးတမ်းဥပဒေများကို အသိအမှတ်ပြု ထားခြင်း၊ မြေပိုင်ဆိုင်မှုဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာပြေး သူများ၊ ဌာနေပြန်ဒုက္ခသည်များအတွက် မြေယာပြန်လည်ပေးအပ်မှုဆိုင်ရာ လုပ်ငန်းစဉ်မူဘောင် များ ထည့်သွင်းထားသည်ကို တွေ့ရသည်။၄၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြေယာပြုပြင်ပြောင်းလဲမှု
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သောင်ပြိုကမ်းပြို အနိုင်ရရှိမှုသည် လယ်သမားများအား မြေယာပြန်လည်ပေးအပ်မည်ဆိုသော ပါတီ၏ကတိ ကဝတ်ကြောင့်လည်း တစိတ်တပိုင်းအားဖြင့် ဖြစ်သည်။၄၁ အစိုးရသစ်ဖွဲ့စည်းပြီး နောက်နေ့တွင် စိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လယ်သမားများအား မြေယာ ပြန်လည်ပေးအပ်မှုသည် အစိုးရ၏ တာဝန်တရပ်ဖြစ်သည်ဟု အတည်ပြုပြောဆိုခဲ့သည်။၄၂ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့် ကို ဦးစားပေးပြီး စီးပွားရေးဖွံ့ဖြိုးမှုအတွက် တွန်းအားတရပ်အဖြစ် အသေးစား လုပ်ကွက်ငယ် လယ်သမားများအား အကူအညီများ ပေးအပ်သွားမည်ဟု ကတိပြုထားသည်။ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် –
‘’နိုင်ငံ၏ လူဦးရေအများစုနေထိုင်ရာ ကျေးလက်ဒေသတွင် လူနေမှုဘဝ မြင့်မားလာ ရေးနှင့် ဆင်းရဲမှုလျှော့ချရန် အထူးလိုအပ်နေပါသည်။ လွတ်လပ်စွာ စိုက်ပျိုးမှုကို ကန့် သတ်ခြင်း၊ လယ်ယာမြေပိုင်ဆိုင်မှု လုံခြုံမှုမရှိခြင်းတို့သည် တောင်သူလယ်သမားတို့၏ အကျိုးကို များစွာထိခိုက်စေပါသည်။
၄.၁.၅။ … လယ်ယာမြေပြဿနာများ တရားမျှတစွာ ဖြေရှင်းရေး၊ လယ်ယာမြေ အသုံးချခွင့် အာမခံချက်ရှိစေရေးအပြင် လယ်ယာမြေ ထိန်းသိမ်းခြင်း၊ လွှဲပြောင်းပေးခြင်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ထင်သာမြင် သာရှိအောင် ဆောင်ရွက်မည်။
၄.၂(ဃ)။ တောင်သူလယ်သမားများ၏ ဥပဒေမဲ့ ဆုံးရှုံးခဲ့သော လယ်ယာမြေများ ပြန် လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးများ ရရှိရေး ဥပဒေနှင့်အညီ ဆောင် ရွက်မည်။
၄.၂(င)။ ဥပဒေနှင့် ညီညွတ်မှုမရှိသော လယ်ယာမြေသိမ်းဆည်းမှုများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးမည်။’’၄၃

သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အမျိုးသား မြေအသုံးချမှု မူဝါဒ နှင့်ပတ်သက်၍ နှုတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ မီဒီယာများတွင် ဖော်ပြချက်များအရ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် အဆိုပါမူဝါဒအား ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်သို့ ပေးပို့ခဲ့ကြောင်းသိရသည်။၄၄ ထိုကော်မရှင်အား ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုအချိန်တွင် သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး တပ်မတော် ကျောထောက်နောက်ခံပြုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် အစိုးရသစ်ကို ဖွဲ့စည်းခြင်း မပြုမီ ကော်မရှင်၏လုပ်ပိုင်ခွင့်တာဝန်များကို ပြန်အသက်သွင်းခဲ့ပြီး သူရဦးရွှေမန်းအား ဥက္ကဋ္ဌ အဖြစ် ထားရှိခဲ့သည်။ ထိုအချိန်တွင် ၂၃ ဦး ပါကော်မရှင်၌ အဖွဲ့ဝင်အများစုမှာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ယခင်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။၄၅ [အဆိုပါကော်မရှင်အား ၂၀၁၉ ခုနှစ် မတ် ၁ ရက်တွင် ဖျက်သိမ်းခဲ့သည် – အယ်ဒီ တာ] သတင်းထုတ်ပြန်ချက်များအရ ကော်မရှင်သည် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ကောင်း မွန်တိုးတက်သည့်အပိုင်းကဏ္ဍများ အထူးသဖြင့် အခန်း(၈)ပါ တိုင်းရင်းသားလူမျိုးများ၏ မြေ ယာအခွင့်အရေးများအား အသိအမှတ်ပြုရေးလမ်းညွှန်မှုများကို ပယ်ဖျက်ခဲ့ကြောင်းသိရသည်။၄၆
ကောင်းစွာရေးသားထားသော အမျိုးသားမြေအသုံးချမှုမူဝါဒကို အခြေခံ၍ ပြည့်စုံသော မြေယာဥပဒေအား ပြင်ဆင်ရေးဆွဲရန် အခွင့်အရေးယူရမည့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်းအားဖြင့် မြေ ဆုံးရှုံးခံ တောင်သူများအား အလျင်အမြန်ကူညီရေးကို ဇောင်းပေးခဲ့သည်။ ၂၀၁၂ လယ်ယာမြေ ဥပဒေကို ပြင်ဆင်ရေးလုပ်ငန်းစဉ် စတင်ခဲ့ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကိုလည်း ပြန်လည်သုံးသပ်ရန် ကတိပြုခဲ့သည်။ ဥပဒေအား ဆန်းစစ်သုံးသပ်ရာတွင် လွှတ် တော်ကော်မတီအဆင့်တွင် ထိခိုက်နစ်နာသူ အကျိုးသက်ဆိုင်သူများအား တွေ့ဆုံမှုရှိခဲ့သော် လည်း တောင်သူလယ်သမားများ၏ အဓိကတောင်းဆိုမှုများအား ထည့်သွင်းစဉ်းစားရန် လိုအပ် နေသေးသည်။၄၇
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေ ရေးအတွက် စုံစမ်းရေးကော်မရှင်၏လုပ်ငန်းအား အပြီးသတ်ရန် ၂၀၁၆ ခုနှစ် မေလတွင် အစိုးရ သစ်သည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ကော်မတီ၏မူဝါဒနှင့် ဖွဲ့စည်းပုံတွင် အရပ်ဘက် လူမှုအဖွဲ့အစည်း များ၊ လယ်သမားအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးခြင်း မရှိခဲ့ပါ။ ကော်မတီလုပ်ငန်းစဉ်သည် မြေ သိမ်းမှုတွင် ပါဝင်ခဲ့သော အင်အားကြီးသူများ၏ အကျိုးစီးပွားများကို တွန်းလှန်နိုင်ခြင်း မရှိမည် ကိုလည်း စိုးရိမ်ရပါသည်။
ထို့အပြင် ကော်မတီဖွဲ့စည်းပြီးနောက် ၁၈ လအတွင်း သိမ်းဆည်းခံမြေပေါ်တွင် ဆက် လက်လုပ်ဆောင်နေသည့် လယ်သမားများသည် အဖမ်းဆီးခံနေရဆဲပင်ဖြစ်ပြီး ကော်မတီသို့ တင်ပြတောင်းဆိုခဲ့သည့် အချို့လယ်သမားများမှာ ဥပဒေပုဒ်မအမျိုးမျိုးဖြင့် အရေးယူခံခဲ့ကြရ သည်။ ဥပမာ –
• ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် သိမ်းဆည်းခံမြေယာများအတွက် ဆန္ဒဖော်ထုတ်ခဲ့ သည့်အတွက် ထောင်ဒဏ်ချမှတ်ခံရသည့် လယ်သမား ၃၅၀ ခန့် ရှိကြောင်း မဇ္ဈိမ သတင်းစာ၌ ဖော်ပြခဲ့သည်။ အမှုအများစုတွင် လယ်သမားများသည် ကျုးကျော်ဝင် ရောက်မှု၊ သို့မဟုတ် နှောင့်ယှက်ဖျက်ဆီးမှုဖြင့် ပြစ်ဒဏ်ခံခဲ့ရခြင်းဖြစ်သည်။ အစိုးရ က ယခင်မြေသိမ်းဆည်းမှုများကို စုံစမ်းစစ်ဆေးမှု မပြီးသေးသရွေ့ နောက်ထပ်မြေ သိမ်းမှုများ ပြုလုပ်မည်မဟုတ်ဟု ကြေညာချက်များ ရှိခဲ့သော်လည်း လယ်သမား ၁၅ ဦး၏မြေများမှာ ယခင်နှစ်ကမှ သိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည်။၄၈
• ၂၀၁၇ ခုနှစ် ဧပြီတွင် ရှမ်းပြည်နယ်ရှိ တောင်သူ ၁၀ ဦး မှာ သိမ်းဆည်းခံမြေပေါ်တွင် လုပ်ကိုင်ခြင်းကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၆ လ ကျခံခဲ့ရသည်။၄၉

ထိုအခြေအနေကို တုံ့ပြန်ရန် မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် လွင်က လွှတ်တော်တွင် အစိုးရက တောင်သူလယ်သမားများအား အကယ်၍ ၎င်းတို့၏သိမ်း ဆည်းခံမြေများအတွက် တောင်းဆိုမှုပြုခဲ့လျှင် ကျူးကျော်မှုဖြင့် တရားစွဲခြင်းကို ရပ်ဆိုင်းရန် ဆွေးနွေးမှုပြုခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် [ထိုအချိန်က] ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ဦးမြင့်အောင် (ယခင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး)၏ မြေယာအငြင်းပွားမှုများအား စစ်ဆေးလျှက်ရှိစဉ်တွင် တရားစီရင်ရေးမှအမှုများအား လက်ခံမှုရပ်တန့်ရန် မဖြစ်နိုင်ကြောင်းနှင့် ရှိရင်းစွဲ တရားရင်ဆိုင်နေသည့်အမှုများအားရပ်ဆိုင်းရန်မဖြစ်နိုင်ကြောင်း ဖြေကြားမှုကို ထောက် ခံပြီး ၎င်းက မြေသိမ်းမှုများသည် အခွင့်အာဏာရှိသော (လုပ်ပိုင်ခွင့်ရှိသော) အဖွဲ့အစည်းများက အုပ်ချုပ်ရေးအာဏာကို အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။၅၀ ထူးခြားပြီး ပြင်းထန်သောကြားဝင်မှုအဖြစ် [ထိုအချိန်က] ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ‘မြေ သိမ်း ခံရသူများသည် စားစရာပင်မရှိကြောင်း၊ သို့သော် မြေသိမ်းသူများသည် ၎င်းတို့ပိုင်ဆိုင်မှုများကို မည်သို့မည်ပုံသုံးစွဲရမည်ကို တွေးဆနိုင်သည့်ပမာဏထက် ကျော်လွန်သော ပိုင်ဆိုင်မှုများ ရှိနေ ကြသည်။ မြေအငြင်းပွားမှုများကို တရားရုံးတွင်သာရင်ဆိုင်ရပါက မျှတသော တရားဥပဒေစိုးမိုးမှု မှာ ဖြစ်နိုင်ခြေမရှိ’ဟု ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုချက်သည် ကြွယ်ဝချမ်းသာသူများသည် တရားသူကြီး များ၏ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိနေသည်ကို ရှင်းလင်းစွာညွှန်ပြနေသည်။ သို့သော်လည်း လက်တွေ့တွင် သိမ်းဆည်းသူများအား ဒေသအုပ်ချုပ်ရေးပိုင်းက လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးခဲ့သဖြင့် လယ်သမားများသည် မြေပြန်လည်ရရှိစေရန် တရားဝင် တောင်းဆိုခွင့် မရှိကြပေ။

၃။ သုတေသန တွေ့ရှိချက်များ
၃.၁။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ
ပြန်လည်စိစစ်ရေးကော်မတီနှင့် ၎င်း၏လုပ်ပိုင်ခွင့်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီကို သမ္မတ၏ အမိန့်ကြော်ငြာစာ အမှတ် ၁၄/၂၀၁၆ ဖြင့် ၂၀၁၆ ခုနှစ် မေ ၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ အဆိုပါ အမိန့်ကြော်ငြာစာ သည် ကော်မတီမှ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ပြီးဆုံးခြင်းမပြုမီ နောက်ထပ် မြေသိမ်းမှုများ မပြုလုပ်ရန်နှင့် အမှုအားလုံးကို ခြောက်လအတွင်း ပြီးပြတ်စေရန် မျှော်မှန်းထားကြောင်း ဖော်ပြ ခဲ့သည်။၅၁
ဇွန်လတွင် ပြည်ထောင်စုဝန်ကြီးအားလုံးသို့ ညွှန်ကြားစာတွင် ပြည်ထောင်စုဝန်ကြီးများ သည် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းမှ ပြည်သူများ နစ်နာဆုံးရှုံးခြင်းများ မခံ စားရစေရေးအတွက် မြေသိမ်းကိစ္စရပ်များအား အဆောတလျင် ကိုင်တွယ်ဖြေရှင်းနိုင်ရန် မူဝါဒ များ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာကြရန် ဖော်ပြထားသည်။ ဗဟိုကော်မတီသည်
၁။ ကော်မတီအဆင့်ဆင့်အား ဖွဲ့စည်းရန်၊
၂။ တောင်းဆိုမှုများအား စိစစ်ရာတွင် လက်အောက်ကော်မတီအဆင့်အဆင့်အား ကူညီပေးရန်၊
၃။ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ကောင်စီများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများနှင့် ပြည်ထောင်စုလွှတ်တော်အား အစီရင်ခံရန်၊
၄။ ဝန်ကြီးဌာနများ၊ ကုမ္ပဏီများ၊ တပ်မတော် စသည်တို့ကို မြေယာပြန်လည်ပေးအပ် ရေးတွင် ကူညီရန်၊
၅။ လက်အောက်ကော်မတီအဆင့်ဆင့်သည် အမှုများအား ဥပဒေနှင့်အညီ ကိုင်တွယ် ဖြေရှင်းမှုရှိမရှိ စစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရသည်။၅၂
အပြီးသတ်ဆုံးဖြတ်ချက်အား မည်သူက မည်သို့ဆုံးဖြတ်မည်ကို ပြဌာန်းထားသည့်မူ၊ သို့မဟုတ် လုပ်ထုံးလုပ်နည်းများ မရှိပါ။ ဤအစီရင်ခံစာ၏ သုတေသနတွင် ဖြေဆိုသူအများစုသည် ဗဟိုကော်မတီမှ လက်အောက်ကော်မတီအဆင့်ဆင့်ရှိ ဆုံးဖြတ်ချက်များကို အပြီးသတ် အတည် ပြုခြင်း ပြုလုပ်နိုင်သည်ဟု ဆိုငြားသော်လည်း လက်တွေ့တွင် ဗဟိုကော်မတီသည် ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့် ရှိဟန်မတူပေ။
သို့သော် ပထမအကြိမ်အနေဖြင့် အောက်ခြေအဆင့်ကော်မတီများတွင် လယ်သမားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းခဲ့သော်လည်း ဗဟိုကော်မတီဝင်များမှာ ပြည် ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များသာဖြစ်နေရာ လုပ်ငန်းစဉ် သည် ဥပဒေပြုရေးကဏ္ဍမှ အုပ်ချုပ်ရေးကဏ္ဍထံ ဆုံးဖြတ်ခွင့်ကို ရွှေ့ပြောင်းဖယ်ရှားလိုက်သလို ဖြစ်နေသည် (နောက်ဆက်တွဲ – ၂ တွင် မြေ/စစ်ကော်မတီ အဆင့်ဆင့်ရှိ ကော်မတီဝင်များ စာရင်းအား ကြည့်ပါ၊ စာ-၄၂၆ ရှု)။ သို့သော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်နှင့် မတူသည်မှာ မြေ/စစ် ကော်မတီများ ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်၌ အကြံပြုချက်များအား သက်ဝင်ခိုင်မာစေရန် (ယင်းသည်လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်မှုမရှိခြင်း၏ အကြောင်းပြချက် ဖြစ်နိုင် သည်)ဖြစ်သည်ဟု ယူဆရသည်။ ဤသုတေသနသည် မြေယာပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ သော တောင်းဆိုမှုများ ရှိမရှိနှင့် မြေ/စစ်ကော်မတီလုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာစေရန် အမိန့်များ၊ အမိန့်ကြော်ငြာစာများသည် ဆုံးဖြတ်ချက်ချရာတွင် နှုတ်ဆိတ်နေမှုရှိမရှိ ဖော်ထုတ် နိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် မြေ/စစ်ကော်မတီသည် ဆုံးဖြတ်ချက်များအား သက်ဝင်စေသော လုပ်ပိုင်ခွင့်ရှိသည့် အတိုင်းအတာပမာဏမှာ မရှင်းလင်းလှပေ။
ဒေသအများစုတွင် ကော်မတီများအား မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားပြီး ရပ်ကျေး အဆင့်တွင်မူ ဖွဲ့စည်းထားခြင်း မရှိပါ။ အဆင့်အများစုတွင် ကော်မတီများသည် သက်ဝင်လှုပ်ရှားမှု မရှိကြပေ။ မန္တလေးတိုင်းဒေသကြီးတွင် ဥပမာအားဖြင့် ဖြေဆိုသူများက ရပ်ကျေးကော်မတီများ သည် အမည်ခံ ဖွဲ့စည်းရုံသက်သက်ဖြစ်ပြီး မည်သည့်လုပ်ငန်းဆောင်တာကိုမျှ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ဖြေဆိုခဲ့သည်။ ဖြေဆိုသူများမှ မြို့နယ်ကော်မတီများသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ခရိုင်၊ သို့မဟုတ် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်သို့ တိုက်ရိုက် အစီရင်ခံကြရ ကြောင်း ပြောဆိုခဲ့သည်။ အချို့နေရာများတွင် မြေ/စစ်ကော်မတီသည် အကြိမ်ရေအနည်းငယ် သာ တွေ့ဆုံစည်းဝေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံစည်းဝေးမှုရှိသည့်အခါ၌ပင် ကော်မတီဝင်အားလုံး တက်ရောက်နိုင်မှုမှာ နည်းပါး လှသည်။ Namati အဖွဲ့၏ သုတေသနအရ ‘ကော်မတီဝင်အားလုံး ဆုံတွေ့ရန်မှာ ခက်ခဲလှသည့် အတွက် ၇၅ ရာခိုင်နှုန်း တက်ရောက်မှုရှိလျှင် အတည်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြရသည့် ကော် မတီအချို့ ရှိနေသည်’ဟု တွေ့ရှိထားသည်။၅၃ ထို့ကြောင့် အကယ်၍ လယ်သမားများနှင့် အရပ် ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များသည် အခြားလုပ်ငန်းကိစ္စများကြောင့် မတက်ရောက် နိုင်သော်လည်း အစည်းအဝေး ဆက်လက်ဆောင်ရွက်နိုင်စေရန် နှပ်ကြောင်းပေးထားသကဲ့သို့ ဖြစ်နေသည်။ တခါတရံတွင် ၎င်းတို့မှာ ဖိတ်ကြားခြင်းပင် မခံရပေ။
ကော်မတီများဖွဲ့စည်းခြင်းနှင့်ပတ်သက်သည့် အမိန့်စာ (Notification) တွင် အထူး ဂရုပြု သင့်သည့် အချက်များမှာ –
၁။ ကော်မတီများသည် ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်စေရန် ဝန်ထမ်းအင်အား အလုံအလောက်ရှိရန်နှင့် လူထု၏ ယုံကြည်အားကိုးမှုကို ရရှိနိုင်စေရန် ဆောင်ရွက် ရမည်၊
၂။ မြေယာကိစ္စများ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရန်၊
၃။ မြေယာအငြင်းပွားမှုများကို စနစ်တကျဖြေရှင်းရန်၊
၄။ စုံစမ်းစစ်ဆေးမှုစရိတ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများ ၏ ဘဏ္ဍာငွေမှ သုံးစွဲရန်တို့ဖြစ်သည်။၅၄

မြေ/စစ်ကော်မတီဖွဲ့စည်းပြီး တနှစ်ကျော်အကြာတွင် အဆိုပါကိစ္စများသည် ပို၍ပင် အလေးထားရန် လိုအပ်နေပေသည်။
၃.၂။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ
ပြန်လည်စိစစ်ရေးကော်မတီ၏ လုပ်ငန်းစဉ်
အောက်ပါဖော်ပြပါအချက်များသည် သုတေသနကာလတလျှောက် ကောက်ယူရရှိ သော အချက်အလက်များကို စုစည်းတင်ပြထားခြင်းဖြစ်သည်။ မြေ/စစ်ကော်မတီများ၏ မြေ ယာတောင်းဆိုမှုအပေါ် လုပ်ဆောင်ချက်များမှာ အများပြည်သူသိရှိနိုင်ရန် မှတ်တမ်းတင် ထုတ် ပြန်ထားခြင်း မရှိသဖြင့် တောင်သူလယ်သမားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မြေ/ စစ် ကော်မတီအဆင့်ဆင့်ရှိ ကော်မတီဝင်များ၏ အတွေ့အကြုံများကို စုစည်း၍ မြေပြင်အခြေ အနေတွင် မည်သို့ဖြစ်ပျက်နေသည်ကို ရှင်းလင်းစွာ တင်ပြထားခြင်းဖြစ်သည်။ ကျွနု်ပ်တို့၏ တွေ့ ရှိချက်များမှာ ၂၀၁၇ ခုနှစ် ဇွန်တွင် ထုတ်ပြန်ခဲ့သော Namati အဖွဲ့၏ အစီရင်ခံစာနှင့် များစွာ ဆင်တူနေသော်လည်း မြေ/စစ်ကော်မတီများသည် ဒေသအမျိုးမျိုးတွင် ပုံစံအမျိုးမျိုးဖြင့် လုပ် ကိုင်ဆောင်ရွက်နေကြောင်း တွေ့ရှိချက်ကို သတိပြုမိရန်လိုပါသည်။ ထို့အပြင် အချို့အချက် အလက်များ၊ အထူးသဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများနှင့် ပတ်သက်လျှင် တိကျသော အချက် အလက်များ မရှိခဲ့ပါ။ မြေပြန်လည်ပေးအပ်ရန် တောင်းဆိုချက်များပြုလုပ်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများမရှိခြင်းသည် မူလမြေယာ အသုံးပြုသူများအပေါ် ဦးစားပေး၍ ဥပဒေမဲ့မြေသိမ်းခြင်းကို ဖြေရှင်း နိုင်မည့် နောက်ဆုံးနည်းလမ်းဖြစ်သော မြေ/စစ်ကော်မတီလုပ်ငန်းစဉ်၏ အားနည်းချက်ကို ဖော်ပြနေသည်။

၃.၂.၁။ တောင်းဆိုမှုတင်သွင်းခြင်း
မြေပြန်လည်တောင်းဆိုမှုကို မြေ/စစ်ကော်မတီသည် မည်သည့်အဆင့်တွင်မဆို ပြု လုပ်နိုင်ကြောင်း အစိုးရမီဒီယာများတွင် တရားဝင်ကြေညာထားခြင်းမှလွဲ၍ လယ်သမားများအား မည်သို့လျှောက်ထားရမည်ကို အစိုးရ၏ အသိပေးအကြောင်းကြားရန် ကြိုးပမ်းမှုမှာ အလွန် နည်းပါးလှသည်။၅၅ လိုအပ်သည့် သတင်းအချက်အလက်များကို တင်ပြနိုင်ရန် လယ်သမားများ အတွက် လျှောက်လွှာပုံစံများထားရှိခြင်း မရှိပါ။ ထို့ကြောင့် အသနားခံစာများ ရေးသားတင်သွင်း ကြရသည်။ တွေ့ဆုံမေးမြန်းခဲ့သော လယ်သမားအများစုသည် မြေ/စစ်ကော်မတီအဆင့်ဆင့်နှင့် အခြားအစိုးရအဖွဲ့အစည်းများ ဥပမာ- ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်၊ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သို့မဟုတ် [ထို အချိန်က] သမ္မတ ဦးထင်ကျော် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုက်ရိုက်တင်သွင်းမှုများ ပြုလုပ်ခဲ့ကြသည်။၅၆ မြေ/စစ်ကော်မတီများအကြောင်း သိရှိနားလည်ထားမှုသည် တိုင်းဒေသ ကြီးများထက် ပြည်နယ်များတွင် ပိုမိုနည်းပါးနေပြီး ပြည်နယ်အဆင့်ကော်မတီများသည် တွေ့ဆုံ စည်းဝေးမှုများ ရှားရှားပါးပါးသာရှိသည်။
တောင်သူလယ်သမားများသည် မည်သို့အရေးဆိုရမည်ကို မသိကြဘဲ မြေ ပြန်လည်ရရှိ ရန် အလွန်တောင့်တလျှက် လုပ်ပိုင်ခွင့်ရှိမည်ဟုထင်သော မည်သူ့ကိုမဆို စာလွှာပေါင်းများစွာ ရေးသားတင်ပြနေကြရသည်။ အဆင့်များစွာသို့ အမှုကိစ္စများတင်ပြခြင်းသည် စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်အား ရှုပ်ထွေးစေပြီး အမှုတခုချင်းအတွက် ကော်မတီပေါင်းစုံ ဝင်ရောက်စစ်ဆေးမှုများ ဖြစ်လာစေနိုင်သည်ဟု မြေ/စစ်ကော်မတီဝင်များက ပြောဆိုကြသည်။
ထို့အပြင် ထောင်ပေါင်းများစွာသော လယ်သမားများသည် မြေ/စစ်ကော်မတီ အကြောင်း မသိရှိ၍ တိုင်ကြားနိုင်ခြင်းမရှိကြပေ။ လယ်သမားများသည် မြေ/စစ်ကော်မတီကို လက်လှမ်းမီရန် ဒေသအုပ်ချုပ်ရေးပိုင်း သို့မဟုတ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကိုသာ မှီခို နေရကြောင်း တွေ့ရှိရသည်။

၃.၂.၂။ ကနဦးစုံစမ်းစစ်ဆေးခြင်း
၂၀၁၆ ခုနှစ် ဇွန် ၁၆ ရက်စွဲပါ ဗဟိုကော်မတီ၏ စာအရ မြေ/စစ်ကော်မတီများသည် မြေပြန်လည်ပေးအပ်ရန် တောင်းဆိုမှုများကို မူဝါဒ အချက်ငါးချက်ဖြင့် သုံးသပ်ရမည်ဖြစ်သည်။ အကယ်၍ တပ်မတော်ပိုင်မြေဖြစ်ပါက ထပ်ဆောင်းစဉ်းစားရန် အချက်သုံးချက် ရှိနေပေသည်။ မြေပြန်လည်ပေးအပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက် စုစုပေါင်း ရှစ်ချက်ရှိသည်။
အောက်ပါဇယားတွင် ကြည့်ပါ။

မြေ/စစ်ကော်မတီ၏ မြေယာစုံစမ်းစစ်ဆေးခြင်းဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ

သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ မူဝါဒများ
(၁) သိမ်းဆည်းထားသည့် မြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်မှုအခြေအနေဆိုင်ရာ၊ ဝန်ကြီးဌာနများ၏ လုပ်ငန်းလိုအပ်ချက်အရ အဆောက်အအုံများ ဆောက်လုပ်မှုအခြေအနေ၊ အများပြည်သူ အကျိုးပြုအခြေအနေ၊ အခြေခံ အဆောက်အအုံများ အတွက် အသုံးပြုထားသည့်အခြေအနေ စသည်ဖြင့် မြေ အမှန်တကယ်အသုံးချမှုကို စိစစ်ရန်၊
(၂) သိမ်းဆည်းထားသည့် မြေများအား ဒေသစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအတွက် အကျိုးရှိစွာ အသုံးချမှုရှိမရှိ စိစစ်ရန်၊
(၃) မြေဧကများစွာ လွှဲပြောင်းရယူထားသော်လည်း လုပ်ငန်း အကောင်အထည်ဖော်ခြင်းမရှိဘဲ အကျိုးမဲ့ဖြစ်နေမှုများကို စိစစ်ရန်၊
(၄) ဥပဒေနှင့်အညီ လွှဲပြောင်းရယူထားပြီး လက်တွေ့တွင်လည်း နိုင်ငံတော်နှင့် အများပြည်သူအကျိုး ငှာ အမှန်တကယ် ထိရောက်စွာ အသုံးပြုနေသည့်မြေများကို ဆိုင်ရာဌာနများမှ စွန့်လွှတ်ခြင်းမပြု ဘဲ လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်နေမှုရှိမရှိ စိစစ်ရန်၊
(၅) နိုင်ငံတော်နှင့်အများပြည်သူအတွက် အကျိုးမဲ့ဖြစ်နေသည့် သိမ်းဆည်းမြေများကို ဆိုင်ရာ သိမ်း ဆည်းထားသည့် ဌာနအဖွဲ့အစည်းများအနေဖြင့် ပြန်လည် စွန့်လွှတ်မည်ဆိုပါက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ အစစ်အမှန်များသို့ မြေယာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စိစစ်လွှဲပြောင်းပေးရန်။

တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်း၍ ချမှတ်ထားသော မူဝါဒ(၃)ရပ်
(၁) တပ်မတော်က တပ်တည်ဆောက်ရန် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသည့်မြေများတွင် အရပ် သားများအား သီးစားချထားခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းများ လုံးဝ မပြုလုပ်ရန်၊
(၂) တပ်၊ ဌာနချုပ်များ၏ လုံခြုံရေးလိုအပ်ချက်များနှင့် လေ့ကျင့်ရေးကွင်း လိုအပ်ချက်များအတွက် အမှန်တကယ်လိုအပ်သည့် အနည်းဆုံးမြေဧရိယာ အကျယ်အဝန်းကိုသာ တိုင်းတာတွက်ချက် ရယူဆောင်ရွက်သွားရန်၊
(၃) နိုင်ငံအတွင်း နေရာဒေသအနှံ့အပြားနှင့် လွှတ်တော်အသီးသီး သိမ်းဆည်းခံထားရသည့်မြေများ ပြန်လည်ရရှိရေးနှင့်ပတ်သက်၍ နည်းမျိုးစုံဖြင့် တောင်းဆိုနေမှုများအပေါ် တပ်များအနေဖြင့် အမှန်တကယ်လိုအပ်သည့် မြေဧရိယာ အကျယ်အဝန်းကိုသာ ရယူပြီး ကျန်မြေပိုများကို မူလ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး ပြန်လည်စွန့်လွှတ် သွားရန်။

စွန့်လွှတ်သည့်မြေများ သက်ဆိုင်သူများလက်ဝယ် အမြန်ဆုံးရောက်ရှိရေး လုပ်ငန်းစဉ်များ
(၁) အသုံးချခွင့်ရှိခဲ့ကြောင်း စာရွက်စာတမ်းများ သက်သေခံအထောက်အထား ခိုင်လုံစွာ ပြသနိုင် သောသူများအား အမြန် ယာယီလွှဲပြောင်းပေးပြီး လုပ်ကိုင်ခွင့်ပြုရန်နှင့် အသုံးချပိုင်ခွင့် အမည် ပေါက်ရရှိရေးအတွက် ဌာနဆိုင်ရာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ရုံးပိုင်းဆိုင်ရာလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ခြင်းကို အမြန်ဆုံးဆောင်ရွက်ရန်၊
(၂) အကြောင်းအမျိုးမျိုးကြောင့် သက်သေခံအထောက်အထား မပြနိုင်သော်လည်း အများက ကြည် ညိုလေးစားသည့် ရပ်မိရပ်ဖများ၏ ထွက်ဆို ထောက်ခံချက်များဖြင့် အသုံးချပိုင်ခွင့်ရှိကြောင်း၊ သက်သေထင်ရှားပြနိုင်ပါက အမြန် ယာယီ ပြန်လည်လွှဲပြောင်းပေးပြီး ပိုင်ဆိုင်မှုမှန်ကန်မှုရှိမရှိ စိစစ်၍ ကာလအပိုင်းအခြား သတ်မှတ်လုပ်ကိုင်ခွင့်ပြုရန်၊ မှန်ကန်မှုမရှိပါက ပြန်လည်သိမ်းဆည်း သွားရန်နှင့် မှန်ကန်ပါက လွှဲပြောင်းခံရသူ အသုံးချပိုင်ခွင့် အမည်ပေါက်ရန်အတွက် ဌာနဆိုင်ရာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်စိစစ်ပြီး ရုံးပိုင်းဆိုင်ရာလုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ရန်၊
(၃) ပြန်လည်စွန့်လွှတ်မည့်မြေများတွင် မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး နှစ်ဦး၊ သို့မဟုတ် နှစ်ဦးထက် ပိုသောလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အငြင်းပွားမှုပေါ်ပေါက်ပါက ဥပဒေနှင့်အညီ အမှုရင်ဆိုင်ပြီး ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ဆောလျင်စွာခံယူစေရန်၊
(၄) သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအနေဖြင့် မစွန့်လွှတ်သည့် မြေများအတွက် နစ်နာကြေး၊ လျော်ကြေးပေးအပ်ပြီးစီးမှုများအား စိစစ်ပြီး မှတ်တမ်းတင်ထားရှိရန်နှင့် နစ်နာကြေး၊ လျော်ကြေး ပေးအပ်ရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရသုံးမှန်းခြေ ဘဏ္ဍာငွေ စာရင်းတွင် ထည့်သွင်းရေးဆွဲတင်ပြသွားရန်၊
(၅) လျော်ကြေးပေးရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပိုင်ဆိုင်သူ ကာယကံရှင်များ နစ်နာမှုမရှိစေရန်နှင့် အငြင်းပွားနိုင်သည့်နှုန်းထားမျိုး မဖြစ်စေရန် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ညှိနှိုင်းသတ်မှတ်ပေးသည့် နှုန်းထားများအတိုင်း ဆောင်ရွက်ရန်၊
(၆) ယာယီလုပ်ပိုင်ခွင့်ကာလများကို တရာသီ အများဆုံး တနှစ်ထက်ပို၍ ခွင့်မပြုရန်၊
(၇) လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်သူများသိရှိရန် သတင်းထုတ်ပြန်မှုများကို တလ လျှင်တကြိမ် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားရန်၊
(၈) ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့် ပေးအပ်ထားသည့်မြေ များတွင် အမှန်တကယ် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေနေရာများအား နိုင်ငံတော်နှင့် ဒေသခံ ပြည်သူလူထုအကျိုးငှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်သိမ်းဆည်းသွားရန်။

စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက်များ
(၁) ၁၈၉၄ မြေသိမ်းအက်ဥပဒေ၊ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေတို့နှင့် မြေ သိမ်းထားခြင်းရှိမရှိ စိစစ်ရန်၊
(၂) သက်ဆိုင်သူများသို့ လျော်ကြေး ပေးပြီး မပြီး စိစစ်ရန်၊
(၃) လျော်ကြေးမပေးရသေးပါကလည်း ပေးလျော်နိုင်ရန် ရသုံးမှန်းခြေငွေစာရင်းတွင် လျှောက်ထား တင်ပြထားခြင်း ရှိမရှိ စိစစ်ရန်၊
(၄) လျော်ကြေးပေးပြီးပါကလည်း အဆိုပါမြေအား သိမ်းဆည်းထားသည့် အဖွဲ့ အစည်း အမည်ပေါက် ဆောင်ရွက်ထားပြီး မပြီး စိစစ်ရန်၊
(၅) စီမံကိန်း အကောင်အထည်ဖော်မှု ရှိမရှိ ကွင်းဆင်းစိစစ်ရန်၊
(၆) လုပ်ငန်းအကောင်အထည်ဖော်မှု မရှိသေးပါက အနာဂတ်စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်မည့် အချိန်ဇယားပုံစံ တိကျစွာရေးဆွဲထားရှိမှုစိစစ်ရန်၊
(၇) သက်ဆိုင်သူများသို့ စွန့်လွှတ်နိုင်မှုမရှိကြောင်း ပွင့်လင်းမြင်သာစွာ အသိပေး အကြောင်းကြားခြင်း ရှိမရှိ စိစစ်ရန်။
၂၀၁၆ ခုနှစ် ဇွန် ၁၀ ရက်တွင် ထုတ်ပြန်သော လယ်ယာမြေနှင့် အခြားမြေများ
သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ ထုတ်ပြန်ချက်မှ

အမှုတခုအား လက်ခံရရှိပြီးနောက် မြေ/စစ်ကော်မတီသည် ထိုအမှုအား စုံစမ်းစစ် ဆေးရန် သင့်မသင့် ဆုံးဖြတ်သင့်သည်။ စုံစမ်းစစ်ဆေးမှုပြုရန် ဆုံးဖြတ်ပါက အောက်ခြေအဆင့် သို့ စုံစမ်းမှုပြုရန် ညွှန်ကြားရမည်ဖြစ်သည်။ ဥပမာ- ခရိုင်မြေ/စစ်ကော်မတီထံမှ သိရသည်မှာ အမှုအများစုသည် ပြည်နယ်နှင့်တိုင်းဒေသကြီး ကော်မတီထံမှလာကြောင်း သိရသည်။မြို့နယ် ကော်မတီဝင်များကလည်း ၎င်းတို့သည် တိုက်ရိုက်တင်သွင်းသောအမှုများကို လက်ခံရရှိသော် လည်း အထက်အဆင့်များမှလည်းလာကြောင်း ပြောဆိုကြသည်။ မြေ/စစ်ကော်မတီ၏ စုံစမ်း စစ်ဆေးမှုများတွင် တင်သွင်းသည့် စာရွက်စာတမ်း အထောက်အထားများအား စိစစ်သုံးသပ် ခြင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန (ယခင် ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန)၏ ကွင်းမြေပုံများအား ဆန်းစစ်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံရှိ မြေသိမ်းမှု ဆိုင်ရာ ယခင် မှတ်တမ်းမှတ်ရာများအား ဆန်းစစ်ခြင်းတို့ ပါဝင်လေ့ရှိသည်။
ဖော်ပြခဲ့သည့်အတိုင်း စုံစမ်းစစ်ဆေးမှုများတွင် တောင်သူလယ်သမားများအား ဖယ် ကြဉ်ထားပြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနတို့အား လွတ်လပ်စွာလုပ်ပိုင်ခွင့် အပြည့်နီးပါးပေးအပ်ထားသည်။ ရွှေဘိုမြို့နယ်တွင် ခရိုင် ကော်မတီ၏ လယ်သမားကိုယ်စားလှယ်များထံမှ ၎င်းတို့သည် ကော်မတီသို့ ရောက်ရှိလာသည့် အမှု ၄၀ဝ ကျော်တွင် အမှုပေါင်း အနည်းငယ်တွင်သာ ပါဝင်ခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် အခြားအမှုများတွင် စုံစမ်းစစ်ဆေးမှုရှိမရှိ၊ အစီရင်ခံစာများ ရေးသားတင်သွင်းခဲ့ခြင်းရှိမရှိ မသိ ရဘဲ ၎င်းတို့သိသည်မှာ မြောက်မြားလှစွာသော စုံစမ်းစစ်ဆေးမှုများတွင် ၎င်းတို့အား ချန်လှပ် ထားခြင်းခံရကြောင်းပင် ဖြစ်သည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် လယ်သမားကိုယ်စားလှယ်များသည် အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်များအား ပိုမိုပါဝင်ခွင့်ပေးထားသည့် မြေ/စစ်ကော်မတီ လုပ် ငန်းစဉ်တွင် အချိန်နှင့်အရင်းအမြစ် မမျှတမှုကို အလေးထား ထောက်ပြခဲ့ကြသည်။ အဆိုပါ ဌာနဆိုင်ရာကိုယ်စားလှယ်များသည် လခစားဝန်ထမ်းများဖြစ်နေပြီး အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လယ်သမားကိုယ်စားလှယ်များမှာ စေတနာ့ဝန်ထမ်းများဖြစ်ကာ အခြား အသက်မွေးလုပ်ငန်းတာဝန်များလည်း ရှိနေပေသည်။ ကော်မတီတွင် ပါဝင်လှုပ်ရှားနိုင်ရန်အတွက် ထိုကိုယ်စားလှယ်များမှာ ကိုယ်ပိုင်ငွေကြေးနှင့် အချိန်ကို အသုံးပြုနေကြရသည်။
မြေ/စစ်ကော်မတီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနတို့၏ လွှမ်းမိုးမှုသည် ယခင်မြေသိမ်းမှုများတွင် ၎င်းတို့ဌာနများကိုယ်တိုင် ပါဝင်ခဲ့မှု၊ တပ်မတော်နှင့်နီးကပ်မှုတို့ကြောင့် စိုးရိမ်ဖွယ်ရာဖြစ်နေသည်။ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ရှိနေသော ထွေ/အုပ်၏ ပါဝင်မှုသည် (အထူးသဖြင့် တပ်မတော်၏မြေသိမ်းမှု များတွင်) ထွေ/အုပ်အရာရှိများ၏ ဘက်မလိုက်ဘဲ ဓမ္မဓိဌာန်ကျမှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေ သည်။ အထူးသဖြင့် မြေ/စစ်ကော်မတီ၏ အားနည်းသောစနစ်များ လုပ်ငန်းစဉ်များကြောင့် တဦးချင်း ပုဂ္ဂလိကလုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးနေသည်။ ပြည်နယ်နှင့်တိုင်းဒေသ ကြီးအဆင့်တွင် တပ်မတော်အရာရှိများ၏ ပါဝင်မှုသည်လည်း အထက်ဖော်ပြပါ အလားတူ အကြောင်းရင်းများကြောင့် စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင်တွင် တပ်မတော်နှင့်သက်ဆိုင်သော အမှုများအား တပ်မ တော်သို့ တိုက်ရိုက်လွှဲပြောင်းပေးခဲ့ပြီး ခြားနားသောလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများဖြင့် အစီရင်ခံခဲ့ခြင်းများ ရှိခဲ့သည်။၅၇
ထိုကော်မရှင်သည် လက်ရှိတွင် မရှိတော့သော်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ မြေ/စစ်ကော်မတီဝင်များနှင့် ကျွမ်းကျင်သူများ၏အဆိုအရ မြေ/စစ် ကော်မတီသည် စုံစမ်းစစ်ဆေးမှုများမပြုမီ တပ်မတော်၏ခွင့်ပြုချက်ကို ရယူရခြင်းကြောင့် စုံစမ်း စစ်ဆေးမှု၏ လက်လှမ်းမီနိုင်စွမ်းနှင့် ဓမ္မဓိဌာန်ကျမှုမှာ ရတက်မအေးဖွယ်ဖြစ်သည်။ အလားတူပင် သစ်တောဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်ကော်မတီများသည် မြေသိမ်းမှု များတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ ထိုအချိန်က ထိုဌာနများတွင် လုပ်ကိုင်ခဲ့သူများသည် ယခု အခါ သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများဆိုင်ရာ ဗဟိုကော်မတီအောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ မြို့နယ်အဆင့်ကော်မတီများတွင် ပါဝင်ထမ်းဆောင်နေကြသည်။၅၈
ရွှေဘိုတွင် ပြုလုပ်ခဲ့သော ဦးတည်အုပ်စုဆွေးနွေးပွဲတွင် ပါဝင်သူများမှ မြေသိမ်းရန်လုပ်ပိုင်ခွင့်ရှိသူများ (လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့)သည် မြေသိမ်းမှုအား စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့် ရှိသူများ (မြေ/စစ်ကော်မတီ)ဖြစ်နေခြင်းကို အလိုမကျကြောင်း ပြောဆိုခဲ့ကြသည်။ ခရိုင် အဆင့်မှ ရပ်/ကျေးအဆင့်အထိ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြေ/စစ်ကော်မတီနှစ်ဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်မှ ရပ်/ကျေးအဆင့်အထိ အဆိုပါနှစ်ဖွဲ့တွင် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန (ယခင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန)မှ ပါဝင်နေသည်။

၃.၂.၃။ လယ်သမားများသည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို မည်သို့အတည်ပြုနိုင်သလဲ၊
သို့မဟုတ် လယ်ယာမြေအခွင့်အရေးများကို မည်သို့ အသုံးပြုနိုင်သလဲ။
လယ်သမားများသည် ပိုင်ဆိုင်ကြောင်းအထောက်အထား တင်ပြရမည်ဖြစ်ပြီး ကြေးတိုင် မြေစာရင်းဌာန (ယခု လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန)၏ မြေပုံများသည် သိမ်း ဆည်းခံရသည်ဟု တင်ပြလာသည့် မြေဧရိယာအား အတည်ပြုပေးရသည်။ ပိုင်ဆိုင်ကြောင်း သက်သေပြနိုင်ရန် တောင်းဆိုသူသည် အခွန်ဆောင်ထားသည့် စာရွက်စာတမ်းများ၊ မြေငှားရမ်း လုပ်ကိုင်သည့် စာရွက်စာတမ်းများ စသည်တို့ကို အထောက်အထားအဖြစ် တင်ပြနိုင်ရမည် သို့မ ဟုတ် ရပ်ရွာလူထု၏ သက်သေခံမှုမှတဆင့် တောင်းဆိုမှုသည် အတည်ဖြစ်ကြောင်း ပြနိုင်ရ မည်။၅၉ အချို့ဒေသများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ သက်သေခံချက်ကိုသာလျှင် ထည့်သွင်း စဉ်းစား၍ အချို့ဒေသများတွင်မှု ယာနီးချင်းလယ်သမား၏ သက်သေခံချက်ကို ထည့်သွင်းစဉ်းစား ကြသည်။၆၀ ရပ်ရွာ၏သက်သေခံချက်မှာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေသည့် ကာလအတွင်း ယာယီမြေအသုံးချခွင့်အတွက်သာ အသုံးဝင်သည်။၆၁ Namati အဖွဲ့မှ လယ်သမား များ၏ ၃၀-၄၀ ရာခိုင်နှုန်းခန့်သည်သာ ယခင်က ပိုင်ဆိုင်ခဲ့ကြောင်း အထောက်အထားအချို့ လက်ဝယ်ပိုင်ဆိုင်ကြကြောင်း ခန့်မှန်းထားသည်။ လယ်သမားများသည် အဆိုပါမြေပုံများကို လက်လှမ်းမီမှုမရှိဘဲ အများစုမှာ ကိုလိုနီခေတ်လောက်က အထောက်အထားများဖြစ်ပြီး မြေ ဧရိယာအပြည့်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ ကြေးတိုင်နှင့်မြေစာရင်းဌာန (ယခု လယ် ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန)က ကွင်းဆင်းတိုင်းတာခဲ့ခြင်း မရှိသောကြောင့် မြေပုံမရှိသည့် လယ်ယာမြေ ဧကပေါင်းများစွာလည်း ရှိနေသေးသည်။၆၂ အကြောင်းမှာ မြေ စာရင်းအရာရှိများ၏ အဂတိလိုက်စားမှုများကြောင့် သို့မဟုတ် မှတ်တမ်းတင်ရန် ရိုးသားစွာ ပျက်ကွက်ခဲ့မှုများကြောင့် ဖြစ်နိုင်ပါသည်။
ဗဟိုကော်မတီမှ ညွှန်ကြားချက်များတွင် အောက်ခြေအဆင့် ကော်မတီများသည် အမှု များအား မည်သို့ ဦးစားပေးဆောင်ရွက်ရမည်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပေ။ ရလဒ် အနေဖြင့် ကော်မတီအသီးသီးသည် နေရာဒေသအသီးသီးတွင် နည်းလမ်းအမျိုးမျိုးဖြင့် ဦးစား ပေး လုပ်ဆောင်နေကြသည်။ ဥပမာ- နေရာအချို့တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း အမှုများအား ဦးစားပေးဆောင်ရွက်နေပြီး၊ အချို့ဒေသများတွင် ဦးရာအမှုကို ဦးစားပေးလုပ်ဆောင်သည်ကို တွေ့ရသည်။၆၃ Namati အဖွဲ့က တွေ့ရှိသည်မှာ အချို့ဒေသများတွင် တပ်မတော်နှင့် သက်ဆိုင် သည့် အမှုများထက် မသက်ဆိုင်သည့်အမှုများအား ဦးစားပေးဆောင်ရွက်ကြကြောင်းဖြစ်သည်။ အဆုံးသတ်ဆိုရလျှင် ဆွေးနွေးပွဲပါ လူအချို့မှာ မီဒီယာပေါ်ရောက်သွားသည့် အမှုများကိုသာ ဦးစားပေးခံရသည်ဟု ခံစားမိကြောင်း ပြောဆိုကြသည်။

၃.၂.၄။ အစီရင်ခံစာနှင့် အကြံပြုချက်များကို မည်သူက ရေးသားတင်သွင်းပါသလဲ။
သုတေသနမှ ဖော်ထုတ်တွေ့ရှိသည်မှာ အမှုအများစုတွင် ကော်မတီ၏ အတွင်းရေးမှူး (လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ အဖွဲ့ဝင်)က အစီရင်ခံစာနှင့် အကြံပြုချက် များကို ရေးသားခဲ့ကြောင်း တွေ့ရှိရသည်။ အမှုနှစ်မှုတွင်သာ ကော်မတီတခုလုံးပါဝင်၍ အစီရင် ခံစာကြမ်း ရေးသားအစီရင်ခံခဲ့သည်။

• အမှုအချို့တွင် အထက်အဆင့်ကော်မတီသို့ အစီရင်ခံစာကို လက်မှတ်ရေးထိုး တင် သွင်းခြင်းမပြုမီ ကော်မတီတဖွဲ့လုံး ပါဝင်သုံးသပ် တည်းဖြတ်ကြသည်။
• စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်အဆင့်ကော်မတီတခုသည် အစီရင်ခံစာများကို လယ်သမားကိုယ်စားလှယ်၊ သို့မဟုတ် အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ် များ၏ လက်မှတ်များမပါဘဲ ပုံမှန်တင်သွင်းလေ့ရှိသည်။ အထက်အဆင့်မှ လက်မှတ် အားလုံးဖြင့်တင်ပြရန် ပြောကြားလာသည့်အခါ အဆိုပါ လယ်သမားနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များသည် အစီရင်ခံစာအား သုံးသပ်ရန် တက် ရောက်နိုင်ခြင်းမရှိကြောင်း ပြန်စာနှင့်အတူ လက်မှတ်တခုမှပါဝင်ခြင်းမရှိဘဲ အစီရင် ခံစာကို ဆက်လက်တင်သွင်းခဲ့သည်။
• တခါတရံတွင် မည်သည့်ပံ့ပိုးမှုမှမရရှိဘဲ အထက်အဆင့်ကော်မတီသို့ အစီရင်ခံစာတင်သွင်းခဲ့သည်များလည်း ရှိသည်။
• လွှတ်တော်ကိုယ်စားလှယ်များအား စုံစမ်းစစ်ဆေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းမှ ဖယ်ကြဉ်ထားသည်။ မြေ/စစ်ကော်မတီဝင်တဦးဖြစ်သော လွှတ်တော် ကိုယ်စား လှယ် ဦးသန့်ဇင်ထွန်းက မြေ/စစ်ကော်မတီအား တွေ့ရှိချက်မိတ္တူများတောင်းဆိုရာ ကိုင်တွယ်စိစစ်ဆဲဟုသာ ကော်မတီမှ အကြောင်းပြန်ခဲ့ကြောင်း သိရသည်။၆၄
• လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ ကော်မတီဝင် ရေးသားသော အစီရင်ခံစာသည် အမှန်တကယ်အခြေအနေကို ထင်ဟပ်နိုင်ခြင်းမရှိပါ။ ပြည်မြို့နယ် မြို့နယ်အဆင့် ကော်မတီဝင်တဦးက ၎င်းအား စုံစမ်းစစ်ဆေးခြင်းမှ ဖယ်ထားခံရခြင်း ကြောင့်သော်လည်းကောင်း၊ အစီရင်ခံစာသည် စုံစမ်းတွေ့ရှိသည်များကို အမှန် ထင် ဟပ်ခြင်းမရှိ၍သော်လည်းကောင်း၊ ၎င်းသည် မြေ/စစ်ကော်မတီသို့ ရောက်ရှိလာ သည့် အမှု ၄၄ မှုတွင် ၁၀ မှုကိုသာ လက်မှတ်ထိုးခဲ့ရကြောင်း ပြောပါသည်။၆၅ ကျန် ၃၄ မှုသည် ၎င်း၏လက်မှတ်မပါဘဲ အစီရင်ခံခြင်းများပြုလုပ်ခဲ့ကြောင်း သိရပါသည်။
• လယ်သမားများသည် ၎င်းတို့၏အမှုများ သုံးသပ်နေစဉ်တွင် မရှိကြပေ။ ထို့အပြင် အမှုအစီရင်ခံစာအား ဖတ်ရှုခွင့်လည်း မရသည့်အပြင် အယူခံဝင်ရန်လည်း မတတ် နိုင်ကြပေ။
အစီရင်ခံစာရေးသားမှုအတွက် ရှင်းလင်းသောစနစ် မရှိခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မြေယာလုပ်ငန်းစဉ်အပေါ် အားလုံးအကျုံးဝင်စေလိုသော၊ ကိုယ်စားပြုမှုရှိစေလိုသည့် ရည်ရွယ်ချက်မှာ ပြည့်ဝရန် အလှမ်းကွာနေသေးသည်။ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် လယ် သမားများသည် ၎င်းတို့ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၏ အခန်းကဏ္ဍ၊ ကော်မတီဝင် အစိုးရဝန်ထမ်းများ၏ အခန်းကဏ္ဍကို နားလည်နိုင်ရန် မဖြစ်နိုင်ပေ။ ထိုအခါ ချမှတ်သည့် ဆုံးဖြတ်ချက်များအတွက် မည်သူ့ကိုမှ တာဝန်ခံမှုရှိလာစေရေး တောင်းဆိုရန် မဖြစ်နိုင်တော့ပေ။ ရလဒ်အားဖြင့် လယ်သမားများက ကော်မတီ၏ဆုံးဖြတ်ချက် များသည် ၎င်းတို့၏အကျိုးစီးပွားကို ထင်ဟပ်နိုင်ခြင်းမရှိဟု ခံစားကြရသည်။

၃.၂.၅။ စုံစမ်းစစ်ဆေးမှုပြီးသည့်နောက် မည်သို့ ဖြစ်နိုင်ပါသလဲ။

ကနဦး စုံစမ်းစစ်ဆေးမှုနှင့် အစီရင်ခံစာတင်သွင်းပြီးနောက် အမှုများသည် ပုံမှန်အားဖြင့် ကော်မတီအဆင့်ဆင့်အလိုက် အထက်သို့တက်သွားသည်။ အထက်အဆင့် ကော်မတီများသည် အောက်ခြေအဆင့်ကော်မတီဝင်များအားလုံး၏ လက်မှတ်များလိုနေလျှင်၊ အဓိက သတင်း အချက်အလက်များ၊ စာရွက်စာတမ်းများ လိုနေလျှင် ပြန်လည်စုံစမ်းစစ်ဆေးရန် ပြန်ပို့နိုင်သည်။
အမှုပြီးဆုံးသွားသည့် လယ်သမားများကို တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဤ သုတေသနတွင် ပါဝင်ခဲ့သူများအကြားတွင် ပြီးဆုံးကြောင်း သက်သေစာရွက်စာတမ်းများ မတွေ့ ရှိခဲ့ပါ။ တွေ့ဆုံမေးမြန်းခဲ့သော လယ်သမားများထဲတွင်လည်း မြေယာပြန်ရခဲ့သူများ မရှိခဲ့ပါ။ သို့သော် တွေ့ဆုံမေးမြန်းမှုများနှင့် အုပ်စုဖွဲ့ ဆွေးနွေးမှုများတွင် ပြောဆိုကြသည်မှာ အုပ်ချုပ်ရေး ဌာနဆိုင်ရာမှတာဝန်ရှိသူများသည် ၎င်းတို့အား စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးပြီဖြစ်ကြောင်း နှုတ် ဖြင့်သာ ပြောဆိုခဲ့သည်ဟုသိရသည်။ မြေယာတောင်းဆိုမှုတခုသည် တင်သွင်းသည့် ကော်မတီမှ တဆင့် နောက်တဆင့်သို့ ရောက်သွားသည့်အခါ နောက်ကြောင်းလိုက်စုံစမ်းရန် ပိုမိုခက်ခဲလာပြီး လုပ်ငန်းစဉ်များလည်း မပြီးဆုံးနိုင်တော့သလို ဖြစ်လာသည်။ ဖြေဆိုသူအများစုက ၎င်းတို့အမှု များသည် စိစစ်ဆဲဟုသာသိထားပြီး လက်ရှိ မည်သည့်အခြေအနေတွင် ရောက်ရှိနေကြောင်း အသေအချာ မပြောနိုင်ကြပေ။
တောင်းဆိုသူများမှ ၎င်းတို့၏ တောင်းဆိုမှုများကို လိုက်လံစုံစမ်းရန် မဖြစ်နိုင်သည့် အချက်သည် လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ အဓိကပြဿနာတရပ်ကို မီးမောင်းထိုးပြနေသည်။ လယ် သမားများသည် လက်ဖြင့်ရေးသားထားသောစာများကို အဖွဲ့အစည်းအမျိုးမျိုးသို့ တင်ပြခဲ့သော် လည်း မြေ/စစ်ကော်မတီများသည် တဦးချင်း၏တောင်းဆိုမှုများကို ပြန်လည်စိစစ်ရန် ခက်ခဲ ခြင်းလည်း ဖြစ်နိုင်သည်။
၂၀၁၇ ခုနှစ် ဧပြီတွင် ထုတ်ပြန်သော ဗဟိုကော်မတီ၏ ပထမဆုံး အစီရင်ခံစာနှင့် ပတ် သက်၍ မီဒီယာသတင်းများတွင် အမှုပေါင်း ၂၀ဝ၀ ကျော်ခန့် ဖြေရှင်းခဲ့ပြီးကြောင်း အတည်ပြု ထားသည်။ သို့သော်လည်း ထိုအစီရင်ခံစာမှာ (လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် အစီရင်ခံစာများနှင့် မတူဘဲ) အများပြည်သူထံ ထုတ်ပြန်ခြင်းမဟုတ်သည့်အတွက် မီဒီယာသတင်းများသည် သုတေ သနသမားများအတွက် ဖြေရှင်းပြီးအမှုများကို ရှာဖွေမေးမြန်းနိုင်ရန် အချက်အလက် မလုံ လောက်ပေ။၆၆
အမှန်တွင် မိမိတို့သည် မြေယာပြန်လည်ရရှိသည့် မည်သည့်လယ်သမားကိုမှ တွေ့ရှိ ခဲ့ခြင်းလည်း မရှိပါ။ Namati အဖွဲ့၏ အစီရင်ခံစာတွင် ပြဿနာမှာ စုံစမ်းစစ်ဆေးခြင်းတွင် မဟုတ်ဘဲ ဆုံးဖြတ်ချက်ချခြင်းတွင်သာ ရှိနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းအစီရင် ခံစာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တွင် လူအင်အားချို့တဲ့မှု၊ ချို့ယွင်းလှသည့် စုံစမ်းစစ်ဆေး မှုများ၊ ဆုံးဖြတ်ချက်ချရန် မရှင်းလင်းသည့်လမ်းညွှန်ချက်များ၊ အများကြိုက်၊ အစိုးရကြိုက်၊ တပ်မတော်ကြိုက် မဟုတ်သည့် ဆုံးဖြတ်ချက်များကို ချလိုမှု မရှိခြင်းတို့အား ထောက်ပြထား သည်။၆၇

၃.၂.၆။ အပြီးသတ် ဆုံးဖြတ်ချက်ချခြင်း
အပြီးသတ်ဆုံးဖြတ်ချက်ကို မည်သည့်အဆင့်ကော်မတီ သို့မဟုတ် မည်သူက ချမှတ်နိုင် သည်ကို လုံးဝ ရှင်းလင်းခြင်းမရှိပါ။ ပြည်နယ်နှင့်တိုင်းဒေသကြီးကော်မတီများ ထားရှိခြင်းသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဗဟိုချုပ်ကိုင်မှုဖြေလျော့သည့်အနေဖြင့် ထိုအဆင့်မှာပင် ဖြေရှင်း နိုင်စေရန် ရည်ရွယ်သည်ဟု ယူဆခဲ့ပါသည်။၆၈ သို့သော် အောက်ခြေအဆင့် ကော်မတီဝင်များပင် အပြီးသတ်ဆုံးဖြတ်ချက်ကို မည်သူကချမှတ်သည်ကို မသိကြဘဲ ဖြေဆိုသူအများစုက ဗဟိုကော် မတီကသာလျှင် ချမှတ်နိုင်ကြောင်း ဖြေဆိုခဲ့ကြသည်။
အဓိက ဖြေဆိုသူအချို့က ပြောကြားသည်မှာ ပြည်နယ်နှင့်တိုင်းဒေသကြီး မြေ/စစ်ကော် မတီ သို့မဟုတ် ဝန်ကြီးချုပ်သည် အောက်အဆင့်များမှ တင်ပြလာသော အစီရင်ခံစာများကို သုံး သပ်ပြီး မြေသိမ်းဆည်းသူနှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်သည်။ ထိုညှိနှိုင်းမှုရလဒ်ကို ဗဟိုကော်မတီ သို့တင်ပြ၍ အတည်ပြုချက်ရယူသည်ဟုဆိုသည်။ ဗဟိုကော်မတီ၏ လုပ်ဆောင်မှုများနှင့် ပတ် သက်လျှင် သတင်းအချက်အလက် နည်းပါးလှခြင်းကြောင့် ထိုအဆင့်တွင် ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်သည် ရှင်းလင်းမှုမရှိပေ။ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မြေယာ ကျွမ်းကျင်သူများ ၏ အဆိုအရ ဗဟိုကော်မတီအစည်းအဝေးသို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်နိုင် ခြင်းမရှိဟု မှတ်ယူရသည်။
ရရှိသလောက်သော သတင်းအချက်အလက်များအရ ဆုံးဖြတ်ချက်များသည် လယ် သမားများ၏အခွင့်အရေး သို့မဟုတ် မူလမြေသိမ်းမှု၏တရားမဝင်မှု စသည်တို့အပေါ် မူတည်မနေ ဘဲ မြေသိမ်းသူနှင့်စေ့စပ်ညှိနှိုင်းမှုအပေါ်တွင်သာ မူတည်နေပုံရသည်။ ထို့ကြောင့် လက်ရှိမြေပိုင် သူအတွက် တန်ဖိုးအနည်းငယ်သာရှိသောမြေများသာလျှင် ပြန်လည်ပေးအပ်ခံရသည်။ ဥပမာ- ဘားအံမြို့နယ်ရှိ မကြာသေးမီကအမှုတခုတွင် နိုင်ငံတော်က မလိုအပ်သောကြောင့် မြေအစိတ် အပိုင်းအချို့အား စွန့်လွှတ်လိုက်သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောဆိုခဲ့သည်။၆၉ စစ်ကိုင်း၊ ပဲခူး၊ မန္တလေးနှင့် ရန်ကုန်တွင်ပြုလုပ်ခဲ့သော သုတေသနအရ တန်ဖိုးနည်းပါးပြီး စွန့်လွှတ်ရန် လွယ်ကူသော မြေယာများကိုသာ ပြန်လည်ပေးအပ်ကြောင်း တွေ့ရှိရသည်။၇၀
ထို့အပြင် အနည်းဆုံးအားဖြင့် အမှုတခုတွင် မြေ/စစ်ကော်မတီ၏ ဆုံးဖြတ်ချက်အား ဒေသအုပ်ချုပ်ရေးပိုင်းက ပြောင်းလဲပစ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်တွင် မြေ/စစ်ကော်မတီသည် ၁၉၉၀ ပြည့်နှစ်များက သိမ်းယူခဲ့သော မြေအစိတ်အပိုင်းတခုအား ပြန်လည်ပေးအပ်ရန် အကြံပြု ခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံအရောက်တွင် လယ် စိုက်ရန် မသင့်တော်သောကြောင့် အဆိုပါ ဆုံးဖြတ်ချက်အား လျစ်လျူရှုခဲ့သည်။၇၁
အပြီးသတ် ဆုံးဖြတ်ချက်အား မည် သူချမှတ်သည်၊ မည်သည့်အပေါ် အခြေခံ၍ ချမှတ်သည်ဟု သိရန်ခက်ခဲသော နောက် အကြောင်းတခုမှာ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်၏ အခန်းကဏ္ဍပင်ဖြစ်သည်။ မြေယာသက်ဆိုင်သူများ၏ တောင်းဆိုမှုနှင့် ပတ်သက်၍ USAID ၏ အစီရင်ခံစာတခုတွင် အမှု၏ ရှုပ်ထွေးမှုအပေါ်မူတည်၍ ပုံစံနှစ်မျိုးရှိ သော လုပ်ငန်းစဉ်အကြောင်း ရေးသားထား သည်။
ဗဟိုကော်မတီသည် အထူး အမှုကိစ္စ များ အမှုဟောင်းများအတွက် မူလစီရင်ခွင့် ရှိသည် (ဆိုလိုသည်မှာ တန်ဖိုးမြင့်မား၍ဖြစ်စေ၊ ထိခိုက်နစ်နာသူဦးရေ များပြား၍ဖြစ်စေ၊ အခြား အကြောင်းရင်းကြောင့် တမူထူးခြားသည့်အမှုဖြစ်နေ၍ဖြစ်စေ၊ နှစ်ပေါင်းများစွာ ဖိုင်တွဲထားခဲ့ပြီး မပြီးပြတ်သေးသည့်အမှုဖြစ်နေ၍ဖြစ်စေ ထူးခြားသောအမှုများကို စီရင်ခွင့်ရှိသည်ဟု ဆိုလို သည်)။ အဆိုပါအမှုများသည် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့ တိုက်ရိုက်တင်သွင်းနိုင်ပြီး အဆိုပါကော်မရှင် ကို သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး ဝန်ကြီးချုပ်များကို ဗဟိုကော်မတီ၏ လုပ်ငန်းတစိတ်တပိုင်းအနေဖြင့် အမှုကိစ္စများ ဖြေရှင်းရန် ဆင့်ခေါ်နိုင်သည်။
ပုံမှန်အမှုများမှာမူ ကျေးရွာအုပ်စုအဆင့်မှသည် မြို့နယ်၊ ခရိုင်အဆင့်များအထိသွားနိုင်ပြီး ခရိုင်အဆင့်တွင် မဖြေရှင်းနိုင်ပါက ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်၊ ထိုအဆင့်တွင် မပြီးပြတ် ပါက နောက်ဆုံးတွင် ပြည်ထောင်စုအဆင့်အထိတက်ပြီး အပြီးသတ်ဖြေရှင်းမှုကို ရယူနိုင်သည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ် ရေး ကော်မရှင်က လိုအပ်လျှင် စောင့်ကြည့်လေ့လာသူတဦး စေလွှတ်နိုင်သည်။၇၂
မည်သည့်အဖွဲ့အစည်းများနှင့် မည်သူများသည် အမှုများအပေါ် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ခွင့်ရှိသည်ကို မသိရှိရခြင်းက လယ်သမားများနှင့် အများပြည်သူများကို အဆိုပါ ဆုံးဖြတ် ချက်များအတွက် တာဝန်ခံမှုရှိစေရန် မည်သူ့အား တောင်းဆိုခြင်းငှာ မစွမ်းသာတော့ပေ။

၃.၂.၇။ မြေယာပြန်လည်ပေးအပ်ခြင်း
မြေယာပြန်လည်ပေးအပ်ခြင်းတွင် မြေ/စစ်ကော်မတီ၏ အခန်းကဏ္ဍမှာ မရှင်းလင်း လှပေ။ တွေ့ဆုံမေးမြန်းခဲ့ခြင်း၌ မည်သည့်ဖြေဆိုသူမှ မြေပြန်လည်ရရှိခဲ့ခြင်းမရှိသလို ၎င်းတို့ ဒေသရှိ အခြား မည်သည့်လယ်သမားမှ ပြန်လည်ရရှိသည်ကို မကြားခဲ့ဖူးကြပါ။ မြေ/စစ် ကော်မတီ၏ စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားသည်မှာ အများပြည်သူ အကျိုးအတွက် နိုင်ငံတော်က အသုံးပြုလျှက်ရှိသည့်မြေများကို ပြန်လည်ပေးအပ်ခြင်းမပြုနိုင်ဘဲ လယ်သမားများသည် လျော်ကြေးငွေ (မရရှိခဲ့လျှင်) ရရှိနိုင်မည်ဖြစ်သည်။ သုတေသနတွင် ပါဝင်ခဲ့သော မည်သည့်လယ်သမားမျှ လျော်ကြေး၊ နစ်နာကြေး ရရှိဖူးခြင်းမရှိခဲ့ပါ။
လယ်သမားတဦး၏ မြေယာတောင်းဆိုမှုသည် စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်များ အပြီး တွင် တရားမဝင်မြေသိမ်းမှုဟု တွေ့ရှိရပါက ၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေ လုပ် ပိုင်ခွင့်လက်မှတ် (ပုံစံ-၇)၇၃ ကို ချက်ချင်းထုတ်ပေးရမည်ဟု ယူဆနိုင်သည်။
မူဝါဒ၏အချက်ငါးတွင် နိုင်ငံတော်နှင့်ပြည်သူအတွက် အသုံးပြုခြင်းမရှိသည့် သိမ်း ဆည်းခံမြေများအား သက်ဆိုင်ရာဌာန သို့မဟုတ် အဖွဲ့အစည်းက ပြန်လည်စွန့်လွှတ်ရာတွင် မြေ များအား ပြည်ထောင်စုအစိုးရနှင့် ဗဟိုကော်မတီသို့ နှစ်လအတွင်းအပ်နှံရန်နှင့် ထိုမှတဆင့် မူလ ပိုင်ရှင်များထံ မြေယာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ပြန်လည်ပေး အပ်ရန်ဟု ဖော်ပြထားသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မြေ/စစ်ကော်မတီများ၊ မြို့နယ် မြေ/စစ်ကော်မတီများသည် သက်ဆိုင်ရာပိုင်ရှင်များထံ အလျင်အမြန် မြေပြန်ပေးအပ်မှု လုပ်ငန်းစဉ်ကို ကြည့်ရှုထိန်းကျောင်းရန် တာဝန်ရှိသည်။ ထိုအခါ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ ထိုလုပ်ငန်းစဉ်အား ထိန်းချုပ်ရန် နောက်ထပ်အခွင့်အလမ်းတခုကို ဖန်တီးပေးသကဲ့သို့ ဖြစ်နေသည်။၇၄
၂၀၁၂ လယ်ယာမြေဥပဒေအောက်တွင် မြေယာပြန်လည်စွန့်လွှတ်သည့်အခါ ထိုမြေ သည် အများပြည်သူမှ ရယူနိုင်လာပြီး လူ တဦးချင်းသည် ပုံစံ(၇) လယ်ယာမြေလုပ် ပိုင်ခွင့် လက်မှတ်ကို လျှောက်ထားနိုင်သည်။ လျှောက်ထားသူ လယ်သမားသည် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီး ဌာနမှ ကြီးကြပ်သည့် ရှည်လျားလှသော အုပ်ချုပ်ရေးလုပ်ငန်းစဉ်အား စတင်ရပြီး ယာယီပုံစံ(၃)ကို ရယူကာ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကို ဖြတ်သန်းပြီးနောက် တွင် ပုံစံ(၇)ဖြင့် လဲလှယ်ရသည်။ မြန်မာ့ အလင်းသတင်းစာတွင် ကြေညာသည်မှာ နိုင်ငံသားများသည် ဒေသရှိ မြေ/စစ်ကော် မတီရုံးတွင် (အများအားဖြင့် ထွေ/အုပ်ရုံး တည်ရှိရာတွင်) ၎င်းတို့၏မြေယာများကို စွန့် လွှတ်လိုက်ခြင်းရှိမရှိ ကြည့်ရှုနိုင်ပြီး မြေယာ အသုံးချရန် လျှောက်ထားနိုင်သည်ဟု ဖြစ် သည်။
ဒေသအနည်းငယ်တွင်သာ မြေ/စစ်ကော်မတီများသည် မြေယာပြန်လည်စွန့်လွှတ် ကြောင်း ကြေညာချက်ထုတ်ပြန်သည်ကို တွေ့ရသည်။ လယ်သမားများသည် ၎င်းတို့၏ တောင်း ဆိုမှုများ အခြေအနေတိုးတက်မှုကို မသိရသည့်အတွက် တောင်းဆိုမှု အောင်မြင်သွားလျှင်ပင် ဆောလျင်စွာ အမည်ပေါက်လျှောက်ထားခြင်း မပြုနိုင်ကြပေ။
ဖြေဆိုသူအချို့က ပြောဆိုသည်မှာ မြေယာစွန့်လွှတ်ကြောင်းသိရသည်နှင့် လယ်သမား များအကြား မြေယာအငြင်းပွားမှုများဖြစ်လာနိုင်ပြီး တောင်းဆိုခဲ့သူ မည်သူပင်ဖြစ်စေ လူတိုင်း ထိုမြေအတွက် မြေယာလုပ်ကိုင်ခွင့်လက်မှတ်ကို လျှောက်ထားနိုင်သည်ဟုဖြစ်သည်။ ဒေသများ စွာရှိ ပြုလုပ်ခဲ့သော သုတေသနအရ ထိုသို့အငြင်းပွားမှုများဖြစ်လာပါက အကျိုးစီးပွားပဋိပက္ခနှင့် အဂတိလိုက်စားမှုများ ဖြစ်လာနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ မြေ/စစ်ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တဦးက မြေယာအငြင်းပွားမှုများဖြေရှင်းရာတွင် အဓိက တွေ့ကြုံရ သည့် အတားအဆီးမှာ အခွင့်အရေးရသင့်သည့် ပိုင်ရှင်အစစ်အမှန်ကို ခွဲခြားဖော်ထုတ်ရခြင်းပင် ဖြစ်သည်ဟု ဆိုသည်။၇၅ ဒေါက်တာငြိမ်းဇာနည်နိုင်၏ စိစစ်သုံးသပ်ချက်တခုတွင်လည်း ၎င်းကို အဓိက အခက်အခဲတခုအဖြစ် ဖော်ပြထားသည်။ တရားမမှုမဟုတ်လျှင် တရားရုံးသည် စီရင်ခွင့် မရှိ။ ထိုကဲ့သို့သော ယှဉ်ပြိုင်အဆိုပြုမှုများကို ဖြေရှင်းရန် လမ်းညွှန်ချက်များလည်းမရှိဟု ၎င်းက ဆိုသည်။၇၆
အငြင်းပွားလျှက်ရှိသော လယ်သမားများအကြား ပဋိပက္ခသည် ၂၀၁၆ ခုနှစ် အမျိုးသား မြေအသုံးပြုမှုမူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ရပ်ရွာပါဝင်ဖြေရှင်းမှုလုပ်ငန်းစဉ်များမှတဆင့် ပြီးပြတ်စေသင့်သည်။ အစဉ်အလာအရ အသိအမှတ်ပြုထားသော မြေအသုံးပြုမှုကို ဦးစားပေး လျှက် ဖြေရှင်းမည့်လုပ်ထုံးလုပ်နည်းများကို အကျိုးဆိုင်သူများအားလုံးပါဝင်သည့် လူထုသဘော ထား ရယူမှုများမှတဆင့် ဆွေးနွေးဆုံးဖြတ်သင့်သည်။

၃.၂.၈ ။ အဖွဲ့ဝင်ဖြစ်မှုနှင့် အကျိုးစီးပွားပဋိပက္ခ၇၇
နိုင်ငံဝန်ထမ်းတဦး၊ ဆုံးဖြတ်ချက်ချမှတ်ရသူတဦးသည် ပုဂ္ဂလအကျိုးစီးပွား ပါဝင်ရော ယှက်လာသည့်အခြေအနေတွင် ၎င်းလုပ်ဆောင်မှုနှင့် တာဝန်များ၏ ဘက်မလိုက်ဘဲ ဓမ္မဓိဌာန် ကျမှုအပေါ် လွှမ်းမိုးလာနိုင်ကာ အကျိုးစီးပွားပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်။ ပုဂ္ဂလအကျိုး စီးပွားဆိုရာတွင် မိသားစု၊ အမျိုးရင်းများ၊ မိတ်ဆွေများ၊ စီးပွားရေး၊ နိုင်ငံရေးအရ ဆက်နွှယ် နေသည့်သူများ၊ အဖွဲ့များ၏အကျိုးလည်း ပါဝင်ပေသည်။
ဤသုတေသနကို ပြုလုပ်ရာတွင် မြေ/စစ်ကော်မတီအဆင့်ဆင့်တိုင်း၏ ထိရောက်မှု အတွက် အဓိကအတားအဆီးမှာ အဖွဲ့ဝင်ဖြစ်မှုနှင့် အကျိုးစီးပွားပဋိပက္ခများသာလျှင်ဖြစ်ကြောင်း ရှင်းလင်းထင်ရှားသည်။ တံခွန်လယ်သမားအဖွဲ့မှ ဦးကျော်ဆွေလတ်သည် ထင်ရှားသော အကျိုး စီးပွားပဋိပက္ခများအပေါ် စိုးရိမ်မိကြောင်း ဖော်ပြခဲ့သည်။
‘ယခင် အစိုးရအဆက်ဆက်လက်ထက်တွင် သစ်တောဦးစီးဌာန၊ ကြေးတိုင်နှင့် မြေ စာရင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီများသည် မြေသိမ်းဆည်းမှုများတွင် ပါဝင်ပတ်သက်ခဲ့သည်။ ထိုအချိန်က အဆိုပါအဖွဲ့များတွင် ထမ်းဆောင်ခဲ့သူများသည် ယခုအခါ ဗဟိုကော်မတီအောက်ရှိ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် မြေစစ်ကော်မတီများတွင် ပါဝင်နေ ကြသည်။ ထို့အတွက် မြေသိမ်းမှုတွင် ပါဝင်ကောင်းပါဝင်ခဲ့နိုင်သူများသည် မြေယာ ပြန်လည်စွန့် လွှတ်မှုအတွက် တာဝန်ရှိသူများအဖြစ် အစိုးရက သတ်မှတ်ပေးလိုက်သလိုဖြစ်နေသည်။ ထို့ ကြောင့် ကျွနု်ပ်တို့ ရတက်မအေးဖြစ်ရခြင်း ဖြစ်သည်။’၇၈
ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းမရှိဘဲ လယ်သမားများနှင့် ကျေးလက် ပြည်သူများထံမှ မြေသိမ်းခဲ့မှုများတွင် ဝန်ကြီးဌာနများအားလုံး ပါဝင်ခဲ့ကြ၊ ပါဝင်နေကြသည်။ ထိုဝန်ကြီးဌာနမှ အရာရှိများက ဗဟိုကော်မတီအပါအဝင် မြေ/စစ်ကော်မတီ အဆင့်ဆင့်တွင် အဖွဲ့ဝင်အဖြစ်ပါရှိနေခြင်းသည် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို အသေးစိတ်ကြည့်ရှုခြင်းမရှိလျှင် ပင် အကျိုးစီးပွားပဋိပက္ခများဖြစ်နိုင်ဖွယ်ကို ဦးတည်နေသည်။ မြေသိမ်းသူသည် မြေသိမ်းမှုကို စစ်ဆေးသူ ဖြစ်နေလေ့ရှိခြင်းပင်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မြေ/စစ်ကော်မတီများတွင် တပ်မတော်အရာရှိများ ပါဝင်နေခြင်းသည် အလားတူအကြောင်းရင်းများကြောင့် စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်တွင် တပ်မတော်နှင့်သက်ဆိုင်သောအမှုများကို တပ်မတော်သို့ တိုက်ရိုက် လွှဲပြောင်းပေးပြီး ခြားနားသောလုပ်ငန်းစဉ်များ လုပ်ထုံးလုပ်နည်းများဖြင့် အစီရင်ခံခြင်းပြုရမည် ဖြစ်သည်။၇၉ ထိုကော်မရှင်သည် ယခုအခါ မရှိတော့သော်လည်း ဤသုတေသနတွင်ပါဝင်ခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ မြေ/စစ်ကော်မတီဝင်များနှင့် မြေယာ ကျွမ်း ကျင်သူများ၏အဆိုအရ မြေ/စစ်ကော်မတီသည် စုံစမ်းစစ်ဆေးခြင်းမပြုမီတွင် တပ်မတော်၏ ခွင့်ပြုချက်ရယူရသည့်အတွက် စုံစမ်းစစ်ဆေးခြင်း မစခင်ကပင် လုပ်ငန်းစဉ်အပေါ် တပ်မတော်၏လွှမ်းမိုးနိုင်မှုကို စိုးရိမ်ရဖွယ်ရှိသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာန၏ မြေ/စစ်ကော်မတီအပေါ် လွှမ်းမိုးမှုမှာလည်း ယင်းဌာနနှစ်ခုလုံး၏ မြေသိမ်းမှုများတွင် ပါဝင်ပတ်သက်ခဲ့မှုနှင့် တပ်မတော်နှင့်နီးကပ်သော ဆက်နွယ်မှုအရ အကျိုးစီးပွားပဋိပက္ခများ ဖြစ်လာစေနိုင်သည်။ တပ်မတော်မှ ချုပ်ကိုင်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ပါဝင်မှုသည် အထူးသဖြင့် တပ်မတော်၏ မြေသိမ်းမှု များကို စုံစမ်းစစ်ဆေးသည့်အခါ ထွေ/အုပ်အရာရှိများ၏ ဘက်မလိုက်ဘဲ အစွဲကင်းစွာ ဆောင် ရွက်နိုင်မှုရှိမရှိ စိုးရိမ်ရသည်။ [၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ခဲ့သည် – အယ်ဒီတာ] အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လုပ် ပိုင်ခွင့်အာဏာမှာ မြေ/စစ်ကော်မတီ၏ မရှင်းလင်းသည့် လုပ်ထုံးလုပ်နည်းများနှင့် မူဝါဒများ ကြောင့် ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်။ ဆုံးဖြတ်ချက်များသည် တဦးတယောက်၏အမြင်နှင့် ကိုယ်ပိုင်ဆုံးဖြတ်မှုအပေါ် အခြေခံနေသည်။
အုပ်စုဖွဲ့ဆွေးနွေးပွဲတခုတွင် လယ်သမားများကရှင်းပြသည်မှာ ၂၀၁၃ ခုနှစ်တွင် ကြေး တိုင်နှင့် မြေစာရင်းဦးစီးဌာနထံ ပုံစံ(၇)လျှောက်ထားသည့်အခါ မြေစာရင်းဌာနမှ မြေသိမ်းမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား အကြောင်းကြားခဲ့သည်ဟု သိရသည်။ ဆွေးနွေးပွဲများစွာ တွင် လယ်သမားများနှင့် မြေ/စစ်ကော်မတီဝင်များက အဆိုပါဌာနနှစ်ခုသည် အတူတွဲဖက် လုပ်ကိုင်တတ်ကြကြောင်းနှင့် အမှုတခုအား ရှေ့ဆက်မသွားစေရန် တားဆီးတတ်ကြကြောင်း ဖော်ပြခဲ့ကြသည်။ ရွှေဘိုရှိဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများက မြေသိမ်းခွင့်ရှိသူများက မြေသိမ်းမှု အား စစ်ဆေးရန် အခွင့်ရှိနေခြင်းသည် အလိုမကျဖြစ်ရသည်ဟုဆိုသည်။ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့နှင့် မြေ/စစ်ကော်မတီနှစ်ခုလုံးအား ရပ်ကျေးအဆင့်မှ ခရိုင်အဆင့်အထိ ထွေ/အုပ်အရာရှိ များက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ကိုယ် စားလှယ်မှာမူ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ကော်မတီအထိ ပါဝင်နေသည်။
Mekong Regional Land Governance (MRLG) က တွေ့ရှိသည်မှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဆိုင်ရာ ဗဟိုကော်မတီများသည် သိမ်းဆည်းခံမြေယာများ၏ ၆၀ ရာခိုင်နှုန်းအား ခွဲဝေချထားပေးခဲ့သည်။ ၃၅ ရာခိုင်နှုန်းအား စစ် တိုင်းမှူးများနှင့် ၅ ရာခိုင်နှုန်းအား ဝန်ကြီးချုပ်များက ခွဲဝေပေးခဲ့သည်။ ၃ ဒသမ ၈ သန်းသော မြေဧကများတွင် ၅၅ ရာခိုင်နှုန်းအား ပုဂ္ဂလိကကုမ္ပဏီများသို့ ချထားပေးခဲ့သည်။၈၀ တဖန်ထပ်မံ၍ မြေသိမ်းမှုများအား အကြမ်းဖျဉ်းသုံးသပ်ရာတွင်ပင် မြေသိမ်းမှုကြောင့် အကျိုးခံစားရသူများနှင့် ယခင်မြေသိမ်းမှုများ၏ တရားဝင်မှုရှိမရှိ စစ်ဆေးနေသည့် မြေ/စစ်ကော်မတီဝင်များ၊ ကော် မတီနှင့်ဆက်စပ်သူများအကြား အကျိုးစီးပွားပဋိပက္ခ ရှိနေပြန်သည်။၈၁
MRLG ၏ တွေ့ရှိချက်များအရ စိုက်ပျိုးမြေသိမ်းဆည်းမှုများတွင် အများဆုံး အကျိုး အမြတ်ရသည့် ကုမ္ပဏီများသည် ယုဇနကုမ္ပဏီ၊ ထူးကုမ္ပဏီ၊ ဦးတိုးနိုင်မန်း (သူရဦးရွှေမန်းသား)၊ ဂရိတ်ဝေါကုမ္ပဏီ၊ ဦးသန့်ဇော်ရွှေနှင့် ဒေါ်သီရိရွှေတို့ ဖြစ်သည်။ ထိုကုမ္ပဏီများနှင့် လူတဦးချင်း သည် တပ်မတော်နှင့် အလွန်နီးစပ်မှုရှိသူများပင်ဖြစ်သည်။ တပ်မတော်သည် အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာနကို လွှမ်းမိုးနိုင်သဖြင့် ထိုကုမ္ပဏီကြီးများ၏ မြေသိမ်းမှုများအား စုံစမ်းရာတွင် အကျိုးစီးပွားပဋိပက္ခ ရှိလာနိုင်သည်။ ထိုသို့ကုမ္ပဏီကြီးများသို့ စိုက်ပျိုးမြေချထားမှုများအပြင် လူတဦးချင်းအား ၃၂ ရာခိုင်နှုန်းသော မြေ၊ တပ်မတော်အား ၈ ရာခိုင်နှုန်းနှင့် အခြားအဖွဲ့ အစည်းများသို့ ၆ ရာခိုင်နှုန်း ချထားပေးခဲ့ သည်။၈၂
အထက်ပါအကျိုးစီးပွား ပဋိပက္ခများ မှာ ရှင်းလင်းသော်လည်း ၎င်းတို့အား မှတ် တမ်းတင်ရန်နှင့် ဖြေရှင်းရန် လုပ်ငန်းစဉ် ယန္တရားတရပ် ရှိမနေပါ။ လယ်သမား ကိုယ် စားလှယ်များအား စုံစမ်းစစ်ဆေးခြင်း လုပ် ငန်းမှ ဖယ်ထုတ်ထားပြီး လယ်ယာမြေစီမံ ခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စုံစမ်းစစ်ဆေးမှုများ၊ ဆုံးဖြတ်ချက်များနှင့် အစီရင်ခံမှုများအပေါ် အထိန်းအထေမရှိသော လုပ်ပိုင်ခွင့်များက ပိုမိုဆိုးဝါးစေပါသည်။ အထက်တွင် ဖော်ပြခဲ့ သည့်အတိုင်း ရွှေဘိုမြို့နယ်တွင် ခရိုင်ကော် မတီဝင် လယ်သမား ကိုယ်စားလှယ်များ သည် အမှုပေါင်း ၄၀ဝ တွင် အနည်းငယ်သော အမှုအချို့၌သာ ပါဝင်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။ အခြားအမှုများသည် စုံစမ်းစစ်ဆေးပြီး ဖြစ်မဖြစ်၊ အစီရင်ခံပြီး ဖြစ်မဖြစ် အတည်မပြုနိုင်ကြပေ။ သို့သော် ၎င်းတို့သိသည်မှာ ၎င်းတို့သည် မြောက်မြားလှစွာသော စုံစမ်းစစ်ဆေးမှုများတွင် ပါဝင် ခြင်းမပြုနိုင်ရန် ဖယ်ထုတ်ခံထားရခြင်း ဖြစ်ပါသည်။

၄။ နိဂုံး
ဤအစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခဲ့သော ကျွမ်းကျင်သူတဦးက မြေ/စစ်ကော် မတီ လုပ်ငန်းလည်ပတ်မှုချို့ယွင်းနေခြင်းမှာ ထိုသို့ချို့ယွင်းနေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကိုယ်တိုင် လက်မခံသည့်အတွက်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အုပ်စုဖွဲ့ဆွေးနွေးပွဲ ရှစ်ပွဲတွင် ပါဝင်သူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အတိတ်ကာလမြေသိမ်းမှုများအား ဖြေရှင်းရန် ပို၍အားစိုက်သည်ဟု ယုံကြည်သော်လည်း ပြောင်းလဲတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီး ဌာနတို့အား ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနိုင်ခြင်းမရှိခဲ့ဟု ဆိုကြသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့သည့် မြေသိမ်းမှုများ၏ တဝက်ကျော် သည် တပ်မတော်သိမ်းမြေများပင်ဖြစ်သည်။ ကော်မရှင်၏ လုပ်ငန်းစဉ်အောက်တွင် မြေယာ ပြန်လည်ပေးအပ်ခဲ့မှု၏ ၄ ရာခိုင်နှုန်းသည်သာ တပ်မတော်မြေများဖြစ်သည်။ အငြိမ်းစား ကြေး တိုင်နှင့် မြေစာရင်းဦးစီးအရာရှိ ဦးဇော်မင်းက ၂၀၁၆ ခုနှစ် နိုဝင်ဘာလ တင်ဆက်ဟောပြောမှု တခုတွင် တပ်မတော်အနေဖြင့် မြေပြန်မပေးရစေရန် ရှောင်ရှားသည့်နည်းလမ်းများကို ဖော်ပြ ထားသည်။၈၃ ‘တပ်မတော်သည် သိမ်းဆည်းခံမြေများပေါ်တွင် လယ်သမားများနှင့် စာချုပ်ချုပ် ဆို၍ စိုက်ပျိုးခြင်း၊ သီးစားချခြင်းများ ကျင့်သုံးလျက်ရှိသည်။ လက်ရှိမူဝါဒအရ ၎င်းတို့သည် အဆိုပါမြေအားလုံးကို စွန့်လွှတ်ပေးအပ်ရန် လိုအပ်သည်။ ထို့ကြောင့် ပြန်မပေးရစေရန် သီးစားချ စာချုပ်ချုပ် စိုက်ပျိုးခြင်းပြုလုပ်နေသည့်မြေများ မရှိပါဟု လိမ်လည်ပြောဆိုသည်။ လက်ရှိမူဝါဒ အား ရှောင်ရှားခြင်းပင်ဖြစ်သည်’
မန္တလေးတိုင်းဒေသကြီးတွင် လွန်ခဲ့သည့်နှစ်လအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒဖော်ထုတ်မှု များသည် မျှော်လင့်ချက်များမပြည့်ဝခဲ့ရသည့် တောင်သူလယ်သမားများ၏ အလိုမကျမှုကို ညွှန် ပြနေသည်။ မည်သို့ပင်ဖြစ်စေ ဤသုတေသနတွင်ပါဝင်ခဲ့သူများက မြေ/စစ်ကော်မတီ၏လုပ် ငန်းကို ကြိုဆိုကြသည်။ သို့သော် ဖြေဆိုသူများ၏ ၁၆ ရာခိုင်နှုန်းကသာ အကျိုးရှိသော လုပ်ငန်း စဉ်ဟုဆိုပြီး အများစုကမူ ထိရောက်မှုရှိရန် ပြန်လည်ပြင်ဆင်ရမည်ဟု ဖြေဆိုခဲ့ကြသည်။၈၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကတိကဝတ်ပြုခဲ့သော တောင်သူများ၏ ယုံကြည်မှုကို ထိန်းသိမ်းနိုင်ရန်နှင့် အငယ်စား(လုပ်ကွက်ငယ်)လယ်သမားများအား တရားမျှတမှုနှင့် ကူညီ ပံ့ပိုးမှုများ ပေးအပ်နိုင်ရန် အစိုးရသည် မြေ/စစ်ကော်မတီလုပ်ငန်းစဉ်အား အောက်ပါနည်းလမ်း များအတိုင်း အလျင်အမြန် ပြုပြင်ပြောင်းလဲသင့်သည်။

၅။ အကြံပြုချက်များ
လက်ရှိ မြေ/စစ်မူဝါဒများသည် မထိရောက်သလို လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် မျှတမှုနှင့် တာဝန်ခံမှုပေးနိုင်ရန် ပြန်လည်ရေးဆွဲသင့်ပါသည်။

စုံစမ်းစိစစ်ခြင်း
၁။ တောင်သူလယ်သမားများအတွက်သာမက မြေ/စစ်ကော်မတီဝင်များအတွက်ပါ တိုင်တန်းရန်နှင့် ဆုံးဖြတ်ရန်၊ (လိုအပ်သော)လုပ်ငန်းစဉ်နှင့် လိုအပ်သော သက်သေ အထောက်အထားများသည် လွယ်ကူရိုးရှင်းသင့်သည်။
၂။ သိမ်းဆည်းခံ လယ်သမားများ၌ ညွှန်ကြားချက်အတိုင်း တရားဝင် စာရွက်စာတမ်း မရှိလျှင်လည်း မြေ/စစ်ကော်မတီသည် ဒေသခံကျေးရွာများမှ ထောက်ခံစာများကို အလေးအနက် ထည့်သွင်းစဉ်းစားစိစစ်သင့်သည်။
၃။ သိမ်းဆည်းမြေ ပြန်ရလိုကြောင်း လျှောက်ထားမှုတခုကို တင်သွင်းပြီးလျှင် စုံစမ်း စိစစ်မှုများနှင့် အစီရင်ခံစာကို တောင်သူလယ်သမားကိုယ်စားလှယ်များ ဦးဆောင် ပြီး မြို့နယ်မြေ/စစ်ကော်မတီက တလအတွင်း ဆောင်ရွက်ပေးသင့်သည်။ စုံစမ်း စိစစ်မှု ဆောင်ရွက်နေစဉ် လယ်သ မားများကို ရာဇဝတ်သားများကဲ့သို့ မဟုတ်ဘဲ၊ လေးစားမှုဖြင့် ပြောဆိုဆက်ဆံသင့်ပါသည်။
၄။ စုံစမ်းစိစစ်မှုများ အချိန်မီပြီးစီးနိုင်ရန် မြေ/စစ်ကော်မတီဝင်များကို မြေသိမ်းရာတွင် ဆက်စပ်ပါဝင်နေသောပုဂ္ဂိုလ်များအား ခေါ်ယူစစ်ဆေးနိုင်ခွင့်အာဏာ ပေးအပ်သင့် သည်။
၅။ စုံစမ်းစိစစ်မှုအစီရင်ခံစာကို တောင်သူလယ်သမားကိုယ်စားလှယ်များက သုံးသပ်ပြီး နောက် နှောင့်နှေးမှုကိုရှောင်ရှားနိုင်ရန် ကော်မတီဝင်တဦးက သဘောမတူပါက ထို ကော်မတီဝင်သည် စာတစောင်ရေးပြီး အစီရင်ခံစာနှင့်တွဲပေးနိုင်သည်။
၆။ စုံစမ်းစိစစ်မှုအစီရင်ခံစာနှင့် ဆက်စပ်သက်သေခံများကို ပြည်နယ် သို့မဟုတ် တိုင်း ဒေသကြီးအဆင့်သို့ ကြန့်ကြာမှုမရှိ ပေးပို့သင့်သည်။

ဆုံးဖြတ်ချက်များ
၁။ အစီရင်ခံစာရရှိပြီး အနည်းဆုံး တလအတွင်း ဆုံးဖြတ်ချက်များကို ပြည်နယ်နှင့်တိုင်း ဒေသကြီးအဆင့်တွင် ချမှတ်သင့်သည်။
၂။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် မြေသိမ်းဆည်းမှုသည် တရားဝင် ဟုတ်သည်၊ မဟုတ် သည့်အပေါ် အခြေခံသင့်ပြီး လက်ရှိ မြေရရှိနိုင်မှုဖြစ်စေ၊ စွမ်းအားကြီးသော အကျိုး စီးပွားများကိုဖြစ်စေ အခြေမခံသင့်ပေ။
(က) Balance of propabilities ခေါ် တရားမမှုတခုကို စီရင်ဆုံးဖြတ်ရာတွင် မှန် နိုင်ခြေပိုများသောဘက်သို့ အလေးပေးဆုံးဖြတ်ရသည့် ဥပဒေစံနှုန်းအရ အကယ်၍ လယ်သမားတယောက်က မြေကို တရားမဝင်သိမ်းဆည်းခံရ ကြောင်း ပေါ်ပေါက်အောင်ပြသနိုင်လျှင် ထိုမြေကိုပြန်ပေးရမည်။ အကယ်၍ လယ်သမားထံတွင် မည်သည့် တရားဝင်စာရွက်စာတမ်း တစုံတရာမျှမရှိလျှင် ဒေသခံပြည်သူများ၏ ထောက်ခံစာများသည် ပိုင်ဆိုင်မှုပေါ်ပေါက်ရေးအတွက် လုံလောက်သော အထောက်အထား ဖြစ်သင့်သည်။
(ခ) မြေကို တရားဝင်သိမ်းဆည်းထားကြောင်း ပြသရန်တာဝန် (ဆိုလိုသည်မှာ ၁၈၉၄ မြေသိမ်းဥပဒေနှင့်အညီဖြစ်ကြောင်း)မှာ တပ်မတော်၊ အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့၏တာဝန် ဖြစ်သင့်သည်။ ထိုသို့မပြနိုင်လျှင် မြေကို တရား မဝင် သိမ်းဆည်းသည်ဟု ဆုံးဖြတ်သင့်သည်။
(ဂ) မြေကို တရားမဝင်သိမ်းဆည်းထားလျှင် သိမ်းဆည်းမြေများ အားလုံးကိုဖြစ် စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ပြန်ပေးသင့်သည်။
(ဃ) တရားမဝင် သိမ်းဆည်းထားသောမြေများကို ပြန်မပေးရသည့် တခုတည်း သောခြွင်းချက်မှာ ယင်းမြေပေါ်တွင် အများပြည်သူ အကျိုးစီးပွားရှိသော အဆောက်အဦများ တည်ဆောက်ထားသောအခါတွင်မှသာ ဖြစ်သင့်သည်။
(င) အများပြည်သူအတွက်ဆိုသည့် ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သတ်မှတ်ဖွင့်ဆို ထားသင့်သည်။
(စ) အကယ်၍ အဆောက်အဦး ဆောက်ထားသောကြောင့် သိမ်းဆည်းမြေအား လုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ပြန်ပေးရန် မဖြစ်နိုင်တော့သောအခါ မည်သည့်ပိုလျှံမြေကိုမဆို ပြန်ပေးရမည့်အပြင် ကျန်မြေများအတွက် လျော် ကြေး၊ နစ်နာကြေး သို့မဟုတ် အစားထိုးမြေ ပေးသင်သည်။
(ဆ) တပ်မတော်ဖြစ်စေ၊ အစိုးရဖြစ်စေ၊ ပုဂ္ဂလိကကုမ္ပဏီဖြစ်စေ မြေသိမ်းမှုအတွက် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်တွင် ကွာခြားမှု လုံးဝမရှိစေရ။ ထိုသို့ တရားမဝင် သိမ်းဆည်းထားသော မြေများကို ပြန်မပေးရန် စဉ်းစားသည့်အခါ အများပြည်သူအကျိုးစီးပွားစစ်ဆေးမှုကို ကျေနပ်အားရသည်အထိ ဆောင် ရွက်သင့်သည်။
(ဇ) တရားမဝင် သိမ်းဆည်းထားသောမြေများကို အနာဂတ်တွင် အသုံးပြုရန် ရည်ရွယ်ချက်တခုရှိနေခြင်းကြောင့် ထိုမြေကို ပြန်မပေးရန် အကြောင်းရင်း တရပ် မဖြစ်သင့်ပါ။
၃။ မြေ/စစ်ကော်မတီ၏ ဆုံးဖြတ်ချက်များသည် မဖြစ်မနေလိုက်နာရန် လိုအပ်သည့် ဥပဒေအရ စည်းနှောင်မှု သို့မဟုတ် သက်ရောက်မှုရှိရပါမည်။ မြေ/စစ်ကော်မတီ သည် သိမ်းဆည်းမြေ ပြန်လည်ပေးအပ်မှု လုပ်ငန်းစဉ်တွင် ပုံစံ(၇) ရရှိသည်အထိ ကြီးကြပ်ဆောင်ရွက်သင့်သည်။
၄။ မြေသိမ်းဆည်းခံရသော လယ်သမားများသည် –
(က) ဆွေးနွေးသော သို့မဟုတ် ဆုံးဖြတ်သော မည်သည့် မြေ/စစ် အစည်းအဝေး တွင်မဆို (အဆင့်တိုင်းတွင်) တက်ရောက်ခွင့်ရှိရမည့်အပြင် အရပ်ဘက် လူမှု အဖွဲ့အစည်းမှတဆင့်ဖြစ်စေ၊ ရှေ့နေမှတဆင့်ဖြစ်စေ တင်ပြပိုင်ခွင့် ရှိသင့် သည်။
(ခ) စုံစမ်းစိစစ်မှုအစီရင်ခံစာများနှင့် အပြီးသတ် ဆုံးဖြတ်ချက်များကို လက်လှမ်းမီ သိရှိနိုင်ခွင့် ရှိသင့်သည်။
(ဂ) အကယ်၍ ဆုံးဖြတ်ချက်ကို ဥပဒေနှင့်မညီကြောင်းဖြစ်စေ၊ မူဝါဒများနှင့် လမ်း ညွှန်ချက်များကို ဖောက်ဖျက်ကြောင်းဖြစ်စေ လယ်သမားက ယူဆပါက လွတ်လပ်၍ အမှီအခိုကင်းသော၊ အထူးခန့်အပ်ထားသော တရားသူကြီး ထံတွင် အယူခံဝင်ခွင့် ရှိသင့်သည်။

အထက်တွင် ဖော်ပြထားသော ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် အောက်ပါ အဆင့်များကို လုပ်ဆောင်သင့်သည်။
၅။ လုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်ချမှတ်မှု လမ်းညွှန်ချက်များသည်
(က) တောင်သူလယ်သမားအရေး ဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် တိုင်ပင်ဆွေးနွေးပြီး ရေးဆွဲသင့်သည်။
(ခ) ယခုအစီရင်ခံစာတွင်ပါသော အကြံပြုချက်များကို ထည့်သွင်း စဉ်းစားသင့် သည်။
(ဂ) တောင်သူလယ်သမားရေးရာနှင့် အခြား ဆက်စပ်လွှတ်တော်ကော်မတီများ က နှောင့်နှေးကြန့်ကြာခြင်းမရှိ အတည်ပြုပေးသင့်သည်။
၆။ အစိုးရသည် အမှုများကို ခြေရာခံစောင့်ကြည့်လေ့လာနိုင်ရန် အင်တာနက်မှတဆင့် သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရန် လျှောက်ထားနိုင်သည့် အွန်လိုင်းစနစ်တခု ဖန်တီးပေးသင့်သည်။
၇။ တောင်သူလယ်သမားများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် မြေ/စစ် အကြောင်း၊ ရည်ရွယ်ချက်၊ မည်သို့ လျှောက်ထားဆက်သွယ်နိုင်သည် စသည်တို့ကို အမြင်ဖွင့်အစီအစဉ်တခု ပံ့ပိုးပေးသင့်သည်။
၈။ လုပ်ထုံးလုပ်နည်းများ၊ သက်ဆိုင်ရာဥပဒေများနှင့် စီမံအုပ်ချုပ်ရေးလုပ်ငန်းစဉ်များ သင်တန်းကို အားလုံးသော မြေ/စစ်ကော်မတီဝင်များအား ပေးသင့်ပြီး ယင်းတို့၏ တာဝန်ဝတ္တရားများကို အသိပညာပေးသင့်သည်။ သင်တန်းသည် လွတ်လပ်၍ အမှီ အခိုကင်းပြီး မျှတသောတရားစီရင်မှုနှင့် အလားသဏ္ဌာန်တူသော လုပ်ငန်းစဉ်တခု ကို ကျောထောက်နောက်ခံပြုသည့် အခြေခံသဘောတရားများအပေါ် အလေးထား ပို့ချသင့်သည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု
၁။ အားလုံးပါဝင်မှုရှိပြီး တိကျသေချာသော စုံစမ်းစိစစ်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များကို မြှင့်တင်ရန် ကော်မတီတခုချင်းအား လုံလောက်သော ရန်ပုံငွေ၊ ဘတ်ဂျက် ချပေးသင့်သည်။
၂။ အတိတ်မှ မြေသိမ်းဆည်းမှုများအားလုံးကို စုံစမ်းစိစစ်ပြီးသည်အထိ မြေသိမ်းဆည်း မှုများအားလုံးကို တရားဝင်ဆိုင်းငံ့မှုအား ဆောင်ရွက်သင့်သည့်အပြင် အဆိုပါ သိမ်းဆည်းမြေများပေါ်တွင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ကိုလည်း တရားဝင် ဆိုင်းငံ့ထားသင့်သည်။
၃။ တဖက်သတ်ဆုံးဖြတ်ချက်များ၊ အကျင့်ပျက်ခြစားမှုတို့ကို ရှောင်ရှားရန်နှင့် မျှတ၍ ပွင့်လင်းမြင်သာသော၊ တာဝန်ခံမှုရှိသော လုပ်ငန်းစဉ်တခု ဖြစ်စေရန်ဟူသောအမြင် ဖြင့် မြေ/စစ်ဗဟိုကော်မတီသည် အောက်ပါလုပ်ဆောင်ချက်များကို ကြီးကြပ် ကွပ်ကဲရန်နှင့် တာဝန်ယူရန် အကြံပြုလိုက်ပါသည် –
(၁) (အဆင့်အားလုံးတွင်) မြေ/စစ် အစည်းအဝေးများအားလုံးကို အများ ပြည်သူ ရှေ့မှောက်တွင် ကျင်းပရမည်ဖြစ်ပြီး အစည်းအဝေးမှတ်တမ်းများ၊ အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်များအပါအဝင် အားလုံးသော စာရွက် စာတမ်းများကို အများပြည်သူများ အလွယ်တကူရယူနိုင်အောင် ဆောင်ရွက် ပေးသင့်သည်။
(၂) သိမ်းဆည်းမြေ ပြန်လည်ရရှိရေး လျှောက်ထားမှုများအား စီမံခန့်ခွဲနိုင်သည့် စနစ်တရပ် (ဖြစ်နိုင်လျှင် ဒစ်ဂျစ်တယ်စနစ်)ကို တည်ထောင်ရမည်။ ထို စီမံခန့်ခွဲမှုစနစ်မှ လယ်သမားများနှင့် မြေ/စစ်ကော်မတီဝင်များအား သိမ်း ဆည်းမြေပြန်ရရေး လျှောက်ထားမှုတခုချင်းကို အဆင့်လိုက် ခြေရာခံ စောင့်ကြည့်နိုင်ပြီး ဆောင်ရွက်ပြီးသောအမှုများကို မလိုအပ်ဘဲ ဆောင်ရွက် နေခြင်းမှပါ တားဆီးကာကွယ်နိုင်ပေမည်။
(၃) မြေ/စစ်၏ လုပ်ဆောင်ချက်များကို သုံးလတကြိမ် သတင်းစာ ရှင်းလင်းပွဲ များ၊ အများသိစေရန် ထုတ်ပြန်ကြော်ငြာချက်များ (ဥပမာ- မြေ/စစ်ဝက်ဘ် ဆိုက်)မှတဆင့် အများပြည်သူများအား အသိပေးမှုများ ထုတ်ပြန်ပေးသင့် သည်။
(၄) မြေ/စစ်ကော်မတီများအားလုံးသည် အနည်းဆုံး နှစ်ပတ်တကြိမ် အစည်း အဝေး လုပ်ဆောင်သင့်သည်။ ပုံမှန် အလုပ်မလုပ်နိုင်သော ကော်မတီများအား စုံစမ်းစစ်ဆေးမှု ဆောင်ရွက်သင့်သည်။
(၅) မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်များမှ လစဉ် အစီရင်ခံစာ များ ထုတ်ပေးရန် စည်းကမ်းချက်ကို ထုတ်ပြန်အသက်သွင်းရမည်။ ထိုအစီရင် ခံစာများထဲတွင် အဆင့်တိုင်း၌ ပယ်ချသောအမှုများ၊ စိစစ်ဆဲနှင့် ပြီးစီးသော အမှုများကို အကျဉ်းချုံးတင်ပြသင့်သည်။

ကော်မတီဝင်များ
၁။ မြေ/စစ်၏ အတွင်းရေးမှူးသည် –
(က) ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ် သင့်သည်။
(ခ) ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်များတွင် တောင်သူလယ်သမား ကိုယ်စားလှယ်တဦး ဖြစ်သင့်သည်။
၂။ ဗဟိုကော်မတီအပါအဝင် မြေ/စစ်ကော်မတီအဆင့်တိုင်းတွင် အစိုးရမဟုတ်သော ကိုယ်စားလှယ်များ၏ ပါဝင်မှုရာခိုင်နှုန်းကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းဖြစ်အောင် တိုးမြှင့်သင့်သည်။ (အစိုးရမဟုတ်သော ကိုယ်စားလှယ်များတွင် တောင်သူလယ် သမားများ၊ ရှေ့နေများ၊ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသော အရပ် ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ ပါဝင်သည်)
၃။ အကယ်၍ ကော်မတီဝင်တဦးက စုံစမ်းစိစစ်နေသော မြေသိမ်းဆည်းမှုတခုတွင် ၎င်း မိသားစုဖြစ်စေ၊ မိတ်ဆွေများဖြစ်စေ ပါဝင်သည်၊ သို့မဟုတ် အကျိုးစီးပွား ရရှိသည် ဆိုလျှင် ထိုကော်မတီဝင်ထံတွင် အကျိုးစီးပွားပဋိပက္ခများရှိသဖြင့် အစည်းအဝေး များ၊ စုံစမ်းစိစစ်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ထုံးလုပ်နည်းများတွင် မပါဝင် သင့်ပေ။
၄။ ကော်မတီဝင်များသည် တောင်သူလယ်သမားများကိုယ်စား ဆောင်ရွက်ဖူးကြောင်း ပေါ်လွင်ထင်ရှားသည့် အတွေ့အကြုံနှင့် မြေယာဥပဒေများ၊ ဒေသန္တရမြေယာ ပြဿနာများအကြောင်း အသိအမြင်ရှိသင့်သည်။
၅။ အဆင့်တိုင်းတွင် ကော်မတီဝင်တဦးချင်းအတွက် တိကျစွာ သတ်မှတ်ထားသော အခန်းကဏ္ဍများနှင့် တာဝန်၊ ဝတ္တရားများကို အဆင့်များအကြားနှင့် ကော်မတီများ အတွင်း အသေးစိတ်သတ်မှတ်ဖော်ပြချက်များ ရှိသင့်သည်။

အတိုကောက်ဝေါဟာရများ

CCMVFVL – မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဗဟိုကော်မတီ
CSO – အရပ်ဖက်လူမှုအဖွဲ့အစည်း
DOA – စိုက်ပျိုးရေးဦးစီးဌာန
DOALMS – လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန
FAB – လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
GAD – အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
IDP – ပြည်တွင်းနေရပ်စွန့်ခွာပြေးရသူများ
LRC – လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၂၀၁၆ – ယခုထိ) (မြေ/စစ်)
LUC – လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်
MOALI – စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
MOFA – နိုင်ငံခြားရေးဝန်ကြီးဌာန
MOHA – ပြည်ထဲရေးဝန်ကြီးဌာန
MONREC – သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
NLD – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
PLIC – လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် (၂၀၁၂-၂၀၁၆)
USDP – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
VFVL – မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ

ဤသုတေသနအစီရင်ခံစာကို အောက်ပါအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက ဆောင်ရွက်ခဲ့ကြသည်။ ဒို့မြေကွန်ရက်၊ Olive Branch၊ Civil and Political Rights Campaign Group၊ တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများအင်အားစု (Action Group for Farmers Affairs)၊ Kayah Earthrights Action Network၊ Ethnic Concern၊ ရွှေခြင်္သေ့ တောင်သူကွန်ရက်၊ ပုံရိပ်စစ်၊ ဧရာ-သလ္လာ အရပ်ဘက်လူမှုအဖွဲ့ အစည်း၊ တောင်သူဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့၊ ဦးမျိုးသန့် (တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ)၊ ဒေါ်မြင့်မြင့်စိန် (မြေ/စစ်ကော်မတီ ဝင်၊ တောင်သူလယ်သမားကိုယ်စားလှယ်)။ Billy Ford၊ ဦးထူးကျော်ဝင်းနှင့် သာသည့် မြေဖောင်ဒေးရှင်းတို့မှ နည်းပညာ ပံ့ပိုးကူညီပေးပါသည်။

1 Transnational Institute. “What is the meaning of land?” January 2015
available at: https://www.tni.org/en/publication/the-meaning-of-land-in-myanmar
2 See for example, Joe Studwell, 2014 How Asia Works(Grove Press, London), Cramb, Manivong, Newby, Sothron, Sujang June 2015 “Alternatives to Land Grabbing: Smallholder Engagement in Commodity Booms in Southeast Asia” BRICS, RCSD Chiang Mai University.
3 Billy Ford is the former Country Representative for Freedom House in Myanmarç and is currently studying at the University of Berkeley California. He received a scholarship from the Goldman School at UCB in order to conduct this research.
4 Ko Htoo Kyaw Win is the Coordinator of the Human Rights Defenders Forum in Yangon.
5 Land in Our Hands (LIOH), “Destroying People’s Lives: The Impact of Land Grabbing on Communities in Myanmar” December 2015 report. See also TNI, 2016 “The Rights to Land at a Crossroads”
https://www.tni.org/en/article/the-right-to-land-at-crossroads-in-myanmar
6 The LIOH report states that of the 2,657 incidents of land grabbing investigated, 50% were conducted by the military alone, or acting with companies or other Ministries. Ibid., p. 29
7 Woods, Kevin. “Commercial Agriculture Expansion in Myanmar: Links to Deforestation, Conversion Timber, and Land Conflicts”. Forest Trends Report Series. March 2015. See also U San Thein, et al. “Agro-Business Large Scale Land Acquisition in Myanmar: Current Situation and Ways Forward”. Presentation by Mekong Region Land Governance in Nay Pyi Daw. February 14 and 15, 2017
8 Global Witness. “Guns, Cronies, and Crops”. March 2015; Woods, Kevin. “A Political Anatomy of Land Grabs”. The Myanmar Times. March 2014.
9 The Karen Land Use Policy was finalized in 2016.
10 This report was written prior to the crisis in Rakhine State. Transnational Institute. “Re-Asserting Control: Voluntary Return, Restitution and Right to Land for IDPs and Refugees in Myanmar”. Myanmar Policy Brief 20. May 2017.
11 Inernal Displacement Monitoring Centre “Myanmar: Comprehensive Solutions needed for recent and long term IDPs alike” March 2014 http://www.internaldisplacement. org/south-and-south-east-asia/myanmar/ 2014/myanmar-comprehensive-solutions-needed-for-recent-and-long-term-idps-alike/
12 For more on right to land for IDPs see: Transnational Institute. “Re-Asserting Control: Voluntary Return, Restitution and Right to Land for IDPs and Refugees in Myanmar”. Myanmar Policy Brief 20. May 2017.
13 See Annexe 1 for a summary of the Key Legal Provisions
14 2008 Constitution, Article 37 “The Union (a) is the ultimate owner of all lands and all natural resources above and below the ground, above and beneath the water and in the atmosphere in the Union; (b) shall enact necessary law to supervise extraction and utilization of State owned natural resources by economic forces; (c) shall permit citizens right of private property, right of inheritance, right of private initiative and patent in accord with the law.”
15 For more on right to land for IDPs see: Transnational Institute. “Re-Asserting Control: Voluntary Return, Restitution and Right to Land for IDPs and Refugees in Myanmar”. Myanmar Policy Brief 20. May 2017.
16 The most common of these is ‘taungya’ or ‘upland shifting cultivation’ that relies on a rotational system
17 Displacement Solutions. Land Acquisition Law and Practice in Myanmar. May 2015
18 Articles 35, 356 and 372 Constitution (2008)
19 Article 325 Constitution (2008)
20 Other laws, for example the 2014 Special Economic Zone Law, outline the process for land confiscation in specific cases. Each of these laws is currently being reviewed by the Pyidaungsu Hluttaw.
21 Other laws, for example the 2014 Special Economic Zone Law, outline the process for land confiscation in specific cases. Each of these laws is currently being reviewed by the Pyidaungsu Hluttaw.
22 Article 2 Vacant and Fallow Land Act 2012
23 Land in Our Hands Network. “Destroying People’s Lives: The Impact of Land Grabbing on Communities in Myanmar”. December 2015.
24 Using Articles 296 or 378 Constitution 2008.
25 See Myanmar Lawyers Network and Asian Human Rights Commission, “Land and Law in Myanmar: A Practitioners Perspective” 2015 (in Burmese and English). Pursuing a writ is a difficult, lengthy and costly process, and almost always fails.
26 Constitution (2008), Articles 11 & 19. Separation of power between the executive (government), legislature (parliament) and judiciary (legal sector) is essential to ensuring a functioning democracy in which the rights of citizens are protected from the abuse of government power by an independent judiciary.
27 Ministry and Committee names have changed since the NLD administration assumed control of government in April 2016. MOALI was formerly the Ministry of Agriculture and Irrigation (MOAI) and MONREC was formerly the Ministry of Mines and the Ministry of Environment, Conservation, and Forestry, for example. Inconsistent translation from Burmese to English also complicates.
28 See Asia Foundation ‘Administering the State in Myanmar: An Overview of the GAD’ October 2014
http://asiafoundation.org/publication/administering-the-state-inmyanmar-burmese/
29 For detailed outline of governance structure see: Displacement Solutions “Land Acquisition Law and Practice in Myanmar: Overview, Gap Analysis with IFC PS1 & PS5 and Scope of Due Diligence Recommendations”. May 2015.
30 Pyithu Hluttaw Committees concerned with land restitution: Government’s Pledges, Guarantees and Undertakings Vetting Committee; Bills Committee; Farmer and Worker Affairs Committee; Citizen’s Fundamental Rights Committee. Amyothar Hluttaw Committees: Agriculture, Livestock and Rural Development Committee; Farmer Affairs Committee; Ethnic Affairs Committee; Citizen’s Fundamental Rights, Democracy and Human Rights Committee; Public Complaints Committee; Natural Resources and Environmental Conservation Committee; Government’s Pledges, Guarantees and Undertakings Vetting Committee; Bills Committee.
31 Jones, L. 2014. The Political Economy of Myanmar’s Transition
32 “Successful land reform…require ‘a transformation in the balance of power within the rural community and in society at large (Sobhan 1993, 7). Attempts to implement land reforms without changing the balance of power what Sobhan calls ‘inegalitarian reforms without social transition at best yield only modest results.” Joyce, Rosset and Stanton 2005, “Land Reform and Sustainable development”
http://citeseerx.ist.psu.edu/viewdoc/download;jsessionid=E291616D75575C7644D792C6CCB7165A?doi=10.1.1.583.612&rep=rep1&type=pdf
33 For example, in February 2013 a policeman was killed and 45 farmers injured when officers charged at farmers, at the urging of the company representative, following an agreement between the farmers and the authorities to disperse a demonstration against the company that was not using land they had purchased following an illegal land grab.
A film of the incident was widely distributed https://www.youtube.com/watch?v=lQ1PlV2fJX8 See http://www.mmtimes.com/index.php/nationalnews/4249-clash-in-myanmar-s-delta-leaves-one-dead-dozens-injured.html.
34 http://www.mmtimes.com/index.php/national-news/3591-commission-will-report-over-300-land-grabs-to-hluttaw.html . Confusingly, the Committee was also known as the Union Parliament Committee for Confiscated Land and Other Lands; and the Farmland Investigation Commission.
35 Myanmar Times, 30 July 2012, “Reps ignore ministry on land-grab committee” http://www.mmtimes.com/index.php/national-news/243-reps-ignore-ministry-on-landgrab-committee.html
36 It is significant that there are conflicting reports as to how many cases were received by the PLIC. The report by U San Thein, et al. “Transparency Under Scrutiny: Information Disclosure by the Parliamentary Land Investigation Committee in Myanmar”. Mekong Regional Land Governance. February 2017 gives a detailed analysis of the publicly available data from the PLIC reports and concludes that the statistics simply do not add up.
37 For example, in February 2015 the Chair of the Committee U Tin Htut was quoted as saying, “The deputy minister said more than 310,000 acres of land had been given back to their former owners. But in the real world, there are a lot of people who haven’t got their land back,” he said. http://www.mmtimes.com/index.php/national-news/13185-govt-accused-of-misleading-mps-on-land-returns.html
38 U San Thein et al., February 2017 ibid.
39 see Forbes, E., (2017). Civil Society Participation in Land Policy Making: the innovative experience of Myanmar’s pre-consultation on the National Land Use Policy. Mekong Regional Land Governance Project. Vientiane and Yangon.
40 The Voluntary Guidelines on the Responsible Governance of Land Tenure” UN FAO http://www.fao.org/nr/tenure/voluntary-guidelines/en/ for a Burmese language version see http://mylaff.org/document/view/2559#
41 National League for Democracy, 2015 Election Manifesto (paragraph 4 (ii)) page 11:
42 https://www.irrawaddy.com/news/burma/return-of-seized-land-a-top-nld-priority-deputy-agriculture-minister.html
43 NLD election manifesto 2015 http://www.burmalibrary.org/docs21/NLD_2015_Election_Manifesto-en.pdf
44 for example Myanmar Times, http://www.mmtimes.com/index.php/national-news/nay-pyi-taw/23986-parliamentary-commission-advises-overhaul-of-national-land-usepolicy.html. The Commission is also known as the Pyidaungsu Hluttaw Legal Affairs and Special Cases Assessment Commission and commonly referred to as the Special Commission.
45 See http://www.mmtimes.com/index.php/national-news/nay-pyi-taw/19149-trepidation-speculation-as-commission-gets-to-work.html
46 For a full discussion of the letter from the Special Commission (that is not public) see World Rivers Network, “Myanmar: New Policy Promoting Indigenous Rights Under Threat” April 4, 2017
http://wrm.org.uy/articles-from-the-wrm-bulletin/section1/myanmar-new-policy-promoting-indigenous-rights-under-threat/
47 Myanmar Times, August 2, 2017 “Legislators want more changes to farmland law” http://www.mmtimes.com/index.php/national-news/nay-pyi-taw/27064-legislatorswant-more-changes-to-farmland-law.html
48 February 10, 2017 http://www.mizzima.com/news-domestic/350-myanmar-farmers-facing-court-over-land-grabs
49 Htay Hla Aung. “Shan State farmers get 16 months for ploughing grabbed land”. Eleven Media. April 25, 2017.
50 Frontier Myanmar, “Speaker Rebukes Supreme Court Judge Over Land Conflicts” 24 August 2017 https://frontiermyanmar.net/en/speaker-rebukes-supreme-courtjudge-over-land-conflicts
51 12 May 2016, “Return of Seized Land a top NLD Priority” https://www.irrawaddy.com/news/burma/return-of-seized-land-a-top-nld-priority-deputy-agriculture-minister.html
52 President’s Office Notification No 14/2016. May 5, 2016.
53 Namati. “Myanmar’s Foray into Deliberative Democracy: Citizen Participation in Resolving Historical Land Grabs”. June 2017.
54 Ibid.
55 The government-run Global New Light of Myanmar announced in April 2017 that, “citizens who wish to submit injustice or dissatisfaction can lodge complaints to their respective township, community, district, Nay Pyi Taw, region, or state’s Committee office.”
56 Namati also noted this problem in their report “Myanmar’s Foray into Deliberative Democracy: Citizen Participation in Resolving Historical Land Grabs.” June 2017.
57 U San Thein, et al. “Transparency Under Scrutiny: Information Disclosure by the Parliamentary Land Investigation Committee in Myanmar”. Mekong Regional Land Governance. February 2017.
58 Htoo Thant. “Committee for solving land disputes accused of conflict of interest”. Myanmar Times. September 28, 2016.
59 Focus group participants in Pyay said that only a Township administrator’s testimony is admissible, whereas FGD participants in Padaung, Mandalay and Shwebo said that a neighboring farmer’s testimony is also admissible.
60 Central Reinvestigation Committee for Confiscated Farmlands and Other Lands. Letter to Union Ministers. June 10, 2016.
61 Namati. “Evidence is Not Sufficient to Secure Land Rights in Myanmar”. January 2017.
62 Farmers also reported having to pay ‘tea money’ to the SLRD to ensured their land is prioritized for surveying. In cases of military confiscation, farmers can be charged under the State Secrets Act if they try to document military land maps (ex. photograph these maps) according to the Namati report, Ibid.
63 Ibid.
64 Htet Naing Zaw, “Lower House Speaker Urges Govt to Return Inactive Land to Rightful Owners”. The Irrawaddy. June 13, 2017.
65 Htet Naing Zaw, “Lower House Speaker Urges Govt to Return Inactive Land to Rightful Owners”. The Irrawaddy. June 13, 2017.
66 Global New Light of Myanmar. “2,075 land grabbing compliants settled in one year”. April 13, 2017.
67 Namati 2017, Ibid.,
68 Leckie, Scott. “Restitution in Myanmar: Building Lasting Peace, National Reconciliation, and Economic Prosperity Through a Comprehensive Housing, Land and Property Restitution Programme”. Displacement Solutions and the Norwegian Refugee Council. March 2017.
69 Karen News. “NLD hands back 232 acres confiscated farmland rightful owners not happy”. June 23, 2016.
70 A 2017 Mekong Regional Land Goverance (MRLG) report on the work of the Parliamentary Land Investigation Committees also concluded that in focusing on urban areas where land was taken by Ministries other than the military, “the Commission has evaded some very critical land confiscations issues rather than tackling them.” It further stated that “(t)he key underlying problem is the lack of a clear indication about the methodology designed and deployed by the Commission to identify and scrutinize land confiscation cases.” San Thein, Pyae Sone and Diepart, J.-C. (2017). Transparency Under Scrutiny. Information disclosure by the Parliamentary Land Investigation Commission in Myanmar. MRLG Case Study Series #1. Vientiane: Mekong Region Land Governance.
71 Myint, Moe. “Rangoon gov’t allegedly reneges on land agreement”. June 3, 2017.
72 USAID, “Land Stakeholder Analysis: Governance Structures and Actors in Burma” May 2017, p.12. Accessed from MyLAFF http://mylaff.org/document/view/4015
73 For more information on problems with the land registration process see: Allaverdian, Celine. “Formalisation of Land Rights in Myanmar”. Presentation by GRET March 11, 2016.
74 Global New Light of Myanmar. “2,075 land grabbing complaints settled in one year”. April 13, 2017.
74 Global New Light of Myanmar. “2,075 land grabbing complaints settled in one year”. April 13, 2017.
75 Htoo Thant. “Two laws to be amended to solve land disputes”. Myanmar Times. February 14, 2017.
76 Nyein Zarni Naing. “Understanding Land Return Process, Policy, and Governance. Prepared for MRLG. July 2017.
77 See Annexe 2 for a table summarising LRC membership
78 “Committee for Solving Land Dispute accused of conflict of interest.” Myanmar Times. 28, Sept 2016. http://www.mmtimes.com/index.php/national-news/nay-pyitaw/22765-committee-for-solving-land-disputes-accused-of-conflict-of-interest.html
79 U San Thein, et al. “Transparency Under Scrutiny: Information Disclosure by the Parliamentary Land Investigation Committee in Myanmar”. Mekong Regional Land Governance. February 2017.
80 U San Thein, Diepart, Jean-Christophe, et al. “Agro-Business Large Scale Land Acquisition in Myanmar: Current Situation and Ways Forward”. Presentation to MOALI, the Amyotha Hluttaw and Pyithu Hluttaw by Mekong Regional Land Governance. February 14-15, 2017.
81 U San Thein, ibid.,
82 U San Thein, Diepart, Jean-Christophe, et al. “Agro-Business Large Scale Land Acquisition in Myanmar: Current Situation and Ways Forward”. Presentation to MOALI, the Amyotha Hluttaw and Pyithu Hluttaw by Mekong Regional Land Governance. February 14-15, 2017.
83 U San Thein et al., 2017 ibid.,
84 U Zaw Min, Grabbing and Released Land Cases (Farmland and Other Types of Land), November 2016 available at http://mylaff.org/document/view/3687 English version http://mylaff.org/document/view/3686

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

By ISP Admin
Institute for Strategy and Policy – Myanmar