Institute for Strategy and Policy – Myanmar

ပင်လုံအလွန်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲမှု အကျပ်အတည်း

ယခုအညွှန်းသည် Transnational Institute မှ ဖြန့်ဝေထားသော Beyond Panglong: Myanmar’s National Peace and Reform Dilemma, Myanmar Policy Briefing 21, September 2017 စာတမ်းကို သုံးသပ် ဖော်ပြထားခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ခုနစ်နှစ်တာအတောအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထွက်ရှိခဲ့သော အစီရင်ခံစာများအနက် အမ်စတာဒမ်အခြေစိုက် Transnational Institute (TNI) မှ ပုံနှိပ်ထုတ်ဝေ ခဲ့သည့် ပင်လုံအလွန်-မြန်မာနိုင်ငံ၏ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲမှုအကျပ်အတည်း (Beyond Panglong: Myanmar’s National Peace and Reform Dilemma, Myanmar Policy Briefing 21, September 2017) စာတမ်းမှာ ပြီးခဲ့သော ဖြစ်စဉ်လမ်းကြောင်းများကို ခွဲခြမ်း စိတ်ဖြာ လေ့လာသုံးသပ်ရန်အတွက် သမိုင်းကြောင်းဆိုင်ရာ ရှုထာင့်အမြင်တခု အသုံးပြုရာ၌ ထူးခြားထင်ရှားလှပါပေသည်။ ထို့အပြင် အဆိုပါအစီရင်ခံစာ၌ နှစ်ပေါင်း ၇၀ ကျော် ကြာညောင်း ခဲ့ပြီဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို စာမျက်နှာ ၄၀ သာရှိသည့် စာတမ်း အဖြစ် အတိုချုံးပြုစုနိုင်ခဲ့ခြင်းကလည်း အထင်ကြီးလေးစားဖွယ်ပင်ဖြစ်ပါသည်။
TNI ၏ အစီရင်ခံစာတွင် ကွဲပြားခြားနားနေသော်လည်း ဆက်စပ်ပတ်သက်နေသည့် ခေါင်းစဉ်နှစ်ခုကို အသားပေးတင်ပြခဲ့ပါသည်။ ပထမအချက်မှာ ၁၉၄၇ ခုနှစ်မှစ၍ အစိုးရအဖွဲ့ အဆက်ဆက် ကနဦးဆောင်ရွက်ခဲ့သည့် အစောပိုင်း ကြိုးပမ်းအားထုတ်မှုများကို စောကြော ထားခြင်းပင်ဖြစ်ပါသည်။ ထို့နောက်တွင်မူ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်ပွဲများအဆုံးသတ်စေရန် လက်ရှိကာလ ဆွေးနွေးညှိနှိုင်းမှုများအား ခြေခြေမြစ်မြစ် သုံးသပ်လေ့လာခြင်းသို့ ဦးတည်သွား ပါသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ တာဝန်ယူ ဆောင်ရွက် ခဲ့သော အစိုးရအဖွဲ့နှစ်ဖွဲ့စလုံးသည် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ခရီးရောက် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ အာရုံစူးစိုက်မှု အတော်များများ ရရှိခဲ့ကြပါသည်။ ထို့အပြင် Beyond Panglong စာတမ်းနှင့် အခြားသော စာတမ်းများ ကွဲပြားခြားနားသည့်အချက်မှာလည်း ပြီးခဲ့သောအပြောင်းအလဲများ၏ ထူးခြား ထင်ရှားမှုကို အကဲဖြတ်နိုင်ရန်အတွက် အချက်အလက်များဖော်ပြရာ၌ သမိုင်းကြောင်းအရ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်မှုကို အသုံးပြုထားခြင်းပင်ဖြစ်ပါသည်။ ယင်းတို့အနက် မကြာ သေးမီက နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုလမ်းကြောင်းများတွင် မတူကွဲပြားသော အဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏အမြင်များကို ပို၍ ကျယ်ပြန့်လွတ်လပ်စွာဖော်ပြနိုင်ခဲ့ပါသည်။ ထိုမျှမက ၂၁ ရာစု ပင်လုံညီလာခံမှ အမျိုးသားအဆင့် ပြုပြင်ပြောင်းလဲမှုများ ပေါ်ထွက်လာနိုင်သည့် အလား အလာနှင့် ဖက်ဒရယ်လိုလားသည့် ပြုပြင်ပြောင်းလဲမှုများအတွက် လိုအပ်ချက်ကို အသိအမှတ် ပြုလာခြင်းတို့လည်း ပါဝင်ပါသည်။ တချိန်တည်းမှာပင် ပြုပြင်ပြောင်းလဲမှုများ၏ ရေရှည်တည်တံ့ ခိုင်မြဲမှု၊ တိုက်ခိုက်မှုများ အဆုံးသတ်စေရန်အတွက် အခက်အခဲပြဿနာကို ထိုးဖောက်ကျော်လွှား နိုင်မှုနှင့် ကြောင်းကျိုးဆီလျော် တရားမျှတသည့် စီးပွားရေး¶ဖြိုးတိုးတက်မှု၊ သို့မဟုတ် ရေရှည် တည်တံ့ခိုင်မြဲသော နိုင်ငံရေးအရအဖြေရှာမှု စသည်တို့နှင့်စပ်လျဉ်း၍လည်း မသေချာမရေရာမှု များ ရှိနေပါသေးသည်။ ထိုမသေချာမရေရာမှုနှင့်အတူ ရင်ဆိုင်ကျော်လွှားဖြေရှင်းရမည့် အခက် အခဲများအနက် တခုမှာ မတူကွဲပြားသော ဇာတ်ဆောင်အမျိုးမျိုး ပူးပေါင်းဆောင်ရွက်နိုင်ရန် အခြေအနေက ခွင့်ပြုခြင်း ရှိ၊ မရှိ စဉ်းစားဆုံးဖြတ်ရမည့်အချက်ပင် ဖြစ်ပါသည်။
TNI ၏ စာတမ်းထဲမှ ဆိုရိုးတခုသဖွယ် ဖြစ်နေသော လေ့လာတွေ့ရှိမှုတခုမှာ ]၁၉၄၇ ခုနှစ် ပင်လုံညီလာခံသို့ နောက်ကြောင်းပြန်သွားကြည့်ပါက ခေတ်အဆက်ဆက်မှ အစိုးရအဖွဲ့ တိုင်းသည် ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးအရ ရှေ့ဆောင်ကြိုးပမ်းမှုအသစ်များအား မျက် မြင် ကိုယ်တွေ့ ကြုံတွေ့ခဲ့ကြသော်လည်း အောင်မြင်မှုမရရှိခဲ့ကြပါ။ သို့ဖြစ်၍ ထိုသို့ တဖန် ထပ်အဖြစ်မခံသင့်ပါ (စာ – ၁)}ဟူ၍ ဖြစ်ပါသည်။ အဆိုပါ ရှုမြင်သုံးသပ်ချက်အရ မြန်မာနိုင်ငံမှ အစိုးရအဖွဲ့ အဆက်ဆက်သည် မတည်မငြိမ်ဖြစ်ရသည့် အကြောင်းရင်းများ ကို ဦးစားပေးဆောင်ရွက်ရန် ကနဦး ကြိုး ပမ်းအားထုတ်ခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ဘဲ သံသရာလည်နေသည့် ပုံစံမျိုးကို ဖော်ထုတ်တင်ပြထားပါသည်။ ထို့အပြင် အဆိုပါ ကနဦး ဆောင်ရွက်ချက်များ၏ သာဓကများအဖြစ် ၁၉၄၇ ခုနှစ် ပင်လုံ ညီလာခံ၊ ၁၉၆၁-၆၂ ခုနှစ် ဖက်ဒရယ်အရေး ဆွေးနွေးမှုများ၊ တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ဆောင်ရွက်ခဲ့သည့် ၁၉၆၃-၆၄ ခုနှစ် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများနှင့် ၁၉၈၉ ခုနှစ်တွင် စတင်ခဲ့သည့် ]တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် အပစ်အခတ်ရပ်စဲရေး} လုပ်ငန်းစဉ် စသည့် သာဓကလေးခုကိုလည်း အစီရင်ခံစာထဲ၌ ထုတ်နုတ်ဖော်ပြထားပါ သည်။
အထက်ပါ ဖြစ်ရပ်တခုချင်းစီသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ အသစ်ဖြစ်ပေါ်တိုး တက်မှုမှ အရေးပါသည့် လမ်းဆုံလမ်းခွ များကို ကိုယ်စားပြုဖော်ပြနေပြီး ခေါင်းဆောင်များ ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်များကလည်း တိုင်းပြည်၏ နိုင်ငံရေးအရ လားရာလမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့ပါသည်။ ထို့အပြင် ယခုအစီရင်ခံစာ၌ အထက်ပါဖြစ်ရပ်များအပေါ် ရှုထောင့် ပေါင်းစုံမှ ဆန်းစစ်သုံးသပ်ချက်များလည်း ဖော်ပြထားသည်။ ထိုအချက်၏ သာဓကတခုအဖြစ် ၁၉၆၁-၆၂ ခုနှစ် ဖက်ဒရယ်အရေး ဆွေးနွေးမှုများသည် ပင်လုံသဘောတူညီချက်အရ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရမည်ဟူသော နိုင်ငံရေးခေါင်းဆောင်များ၏ အလေး အနက် ယူဆချက်များမှ ပေါ်ပေါက်လာသည့် ကြိုးပမ်းမှုတခုဖြစ်ခဲ့ခြင်းကိုလည်း ပြန်ပြောင်းအမှတ် ရစေပါသည်။ ထို့ကြောင့် အဆိုပါ အမြင်ရှင်းပြချက်မျိုးမှာ ဖက်ဒရယ်အရေး ဆွေးနွေးမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟူသည့် လက်ရှိယူဆချက် တချို့နှင့်လည်း ကွဲပြားခြားနားနေပါသည်။ ထို့အပြင် အဆိုပါဖြစ်ရပ်များကို ရှုထောင့်အမြင် အမျိုး မျိုးမှ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ခြင်းအားဖြင့်လည်း အရေးပါသည့်မေးခွန်းများ ပေါ်ထွက်လာ ပါသည်။ ထိုမေးခွန်းများအနက်တခုမှာ သမိုင်းဝင် အဖြစ်အပျက်တချို့သည် အမျိုးသားရေး ဇာတ် ကြောင်းပြန်လှန်မှုမှ အစိတ်အပိုင်းတရပ် ဖြစ်လာသော်လည်း အချို့သော အကြောင်းချင်းရာများ မှာမူ အဘယ်ကြောင့် အမေ့အပျောက်ခံ ဖြစ်နေပါသနည်းဟူသော မေးခွန်းပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံကို လွတ်လပ်ရေးရပြီးခေတ်မှစ၍ သမိုင်းကြောင်းအရ နှိုင်းယှဉ် ခွဲခြမ်းစိတ် ဖြာ လေ့လာသုံးသပ်မှုအရ အမျိုးမျိုးသောအသိအမြင်သစ်များကိုလည်း ရရှိစေပါသည်။ ထိုအသိ အမြင်သစ်များအနက် လတ်တလော အဓိကကျသည့်ပြဿနာများမှာ ゞင်းတို့၏ တခုပြီးတခု ဆက်တိုက်ဖြစ်ပေါ်နေသည့် အဆက်အစပ်အရ ဖြစ်လာရသည်ဟူသောအချက်ပင်ဖြစ်ပြီး ]မြန်မာ နိုင်ငံ နယ်စပ်ဒေသများရှိ လတ်တလော ပြဿနာအကျပ်အတည်းများမှာ ြွခင်းချက်များမဟုတ်ဘဲ ယနေ့ခေတ်အထိတိုင် နိုင်ငံတော်၏ နှလုံးသည်းပွတ်တွင် ခိုင်မြဲစွာရှည်ကြာခဲ့သော မအောင်မြင်မှု များ၏ သက်သေသာဓကများပင် ဖြစ်ပေသည် (စာ – ၁)}ဟု ထောက်ပြရေးသားထားပါသည်။ သာဓကအနေဖြင့် ဆက်လက်ဆောင်ရွက်နေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ရှေ့မတိုးနောက် မဆုတ်သာ အခြေအနေ၊ နိုင်ငံရေးတွင် တပ်မတော်က ဩဇာလွှမ်းမိုးမှု ဆက်လက်ရရှိနေခြင်း၊ ပြုပြင်ပြောင်းလဲမှု၏ ရှေ့ပြေးအချိန်ကာလအတွင်းမှာပင် ပြည်တွင်းစစ်ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေခြင်းတို့ကြောင့်လည်း ]မြန်မာပြည်သည် ပြဿနာများ အဆုံးမသတ်နိုင်သေးသော နိုင်ငံတခုပေလော}ဟူ၍ သုတေသီများအတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါသည်။ ထို့အပြင် လက်ရှိ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများမှာ တိုင်းရင်းသားလူမျိုး ပေါင်းစုံ၏ အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည်ဖြစ်စေ၊ ထိန်း သိမ်း မစောင့်ရှောက်နိုင်သည်ဖြစ်စေ အင်အားစုအားလုံး ပါဝင်နိုင်ခွင့်ရှိမည်လော၊ သို့မဟုတ် ဗမာလူမျိုးကြီးဝါဒကို ဆက်လက် အဓိကထားနေဦး မည်လောဆိုသည့် မေးခွန်းများလည်း ရှိနေ ပါသေးသည်။
Beyond Panglong စာတမ်း၌ ပြီးခဲ့သော ပဋိပက္ခ အဖြေရှာရေး ကြိုးပမ်းအားထုတ်မှု များအား သိမ်မွေ့နက်နဲစွာဖြင့် အချိန်ကိုက် ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်မှုများလည်း ပါဝင် ပါသည်။ သို့ရာတွင် အဆိုပါလုပ်ငန်းစဉ်အပေါ် အသေးစိတ် ဆန်းစစ်သုံးသပ်မှုကို အချိန်ယူ၍ ဂရုတစိုက် ဖတ်ရှုလေ့လာရန် လိုအပ်ပါသည်။ မည်သို့ပင်ဖြစ်စေ ဆယ်စုနှစ်ခုနစ်ခုခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ပဋိပက္ခများမှ ရှုပ်ထွေးမှုများကို တွေးဆဆင်ခြင်ရာတွင် ထိုအချက်ကို မလွဲမသွေ မျှော်လင့်ထားရမည် ဖြစ်ပါသည်။ ထို့ကြောင့် TNI ၏ စာတမ်း၌ အဆိုပါ ပိုမိုရှုပ်ထွေးခက်ခဲမှုများကို အသိအမှတ်ပြုဝန်ခံထားပြီး ‘ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အနက် အရှုပ်ထွေးအပွေလီဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခု ဖြစ်လာသည့် မြန်မာနိုင်ငံအတွက် တခုတည်းသော တူညီသည့်အမြင် ရှင်းပြ ချက်မျိုး ရေးဆွဲရန်မဖြစ်နိုင်ပါ (စာ – ၁၉)’ဟု ထောက်ပြရေးသားထားပါသည်။
အစီရင်ခံစာမှ နှစ်နှစ်ကာကာ စူးစမ်း ထားသည့် အသိအမြင်သစ်များအနက် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဌာန်းပြီး စပ်ကြားအစိုးရတရပ် အသွင် ကူးပြောင်းခဲ့စဉ် ကတည်းက ပေါ်ပေါက်ခဲ့ သည့် လားရာလမ်းကြောင်းနှစ်ခုကိုလည်း ဖော်ပြထားပါသည်။ လမ်းကြောင်းတခုမှာ တိုင်းရင်းသားလူမျိုးများ၏ နယ်စပ်ဒေသများ ကို တခုတည်းသော စုစည်းညီညွတ်သည့် နိုင်ငံတော်ဖြစ်စေရန် အတင်းအကျပ် သတ် မှတ်ပြဋ္ဌာန်းခြင်းပင် ဖြစ်ပါသည်။ နောက်ထပ် လမ်းကြောင်းတခုမှာ သဘာဝသယံဇာတ အရင်းအမြစ်များကို ထိန်းချုပ်ရန် လိုအပ် သည်ဟူသည့် တပ်မတော်၏ တိုင်တည် ကြွေးကြော်မှုမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားနေသည့် နယ်မြေ ဒေသများ၌ တပ်မတော်က စစ်ရေးအရ ကြားဝင်စွက်ဖက်မှုများပြုလုပ်ရန် ခိုင်လုံသည့် အကြောင်းပြချက် ဖြစ်လာခဲ့ပါသည်။ (စာ – ၃၇)
အဆိုပါသုံးသပ်ချက်သည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည့် အဖြစ်အပျက်သတင်းများကို သာ အဓိကထားဖော်ပြနေမှုများတွင် မပါဝင်သည့် ခွဲခြမ်းစိတ်ဖြာမှုမျိုးဖြစ်ပြီး ပို၍ ကျယ်ပြန့်သော အပြောင်းအလဲများဆောင်ရွက်ရန် စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ TNI ၏ စာတမ်းက ဖော်ပြသည့် ဒုတိယမြောက်အသိအမြင်တခုမှာ ပဋိပက္ခဖြစ်ပွားနေသည့် လွန်ခဲ့သော ဆယ်စုနှစ်ကာလများ အတွင်း လူ့အဖွဲ့အစည်းအတွင်းကွာဟချက်များ ပိုမိုနက်ရှိုင်း ကြီးထွားလာခြင်းပင်ဖြစ်ပါသည်။ အဆိုပါ ခြားနားချက်၊ ကွာဟချက်များထဲတွင် နိုင်ငံရေးနှင့် စီးပွားရေး အင်အားများမှာ လူများစု ဖြစ်သည့် ဗမာတိုင်းရင်းသား အထက်တန်းလွှာလူနည်းစုထံတွင်သာ စုစည်းနေခြင်း၊ လူ့အဖွဲ့ အစည်းအတွင်းမှ အဆင့်အတန်း ကွဲပြားခြားနားမှုများ ပိုမိုနက်ရှိုင်းလာခြင်းနှင့် တိုင်းရင်းသား လူမျိုးစုအခွင့်အရေးများ၊ သွင်ပြင်စရိုက်လက္ခဏာများနှင့် နယ်မြေပိုင်းခြား သတ်မှတ်မှုများ စသည့် အခြေခံအကျဆုံး အကြောင်းချင်းရာများမှာလည်း အကန့်အသတ်ဖြင့်သာ သဘော တူညီမှုရရှိထားခြင်း စသည့်အချက်များ ပါဝင်ပါသည်။ (စာ – ၂) အဆိုပါ လားရာလမ်းကြောင်းများ သည်လည်း မြန်မာနိုင်ငံအတွက် ထူးခြားထင်ရှားသည့် စိန်ခေါ်မှုများဖြစ်ကြောင်း ဖော်ပြနေပါ သည်။
ထို့နောက် စာတမ်းတွင် တို့ထိထားသော အရေးပါသည့်မေးခွန်းများအနက် တခုမှာ မြန်မာနိုင်ငံအနေဖြင့် နောက်ကြောင်းပြန်မကြည့်ဘဲ ရှေ့ဆက်သွားနိုင်ပါမည်လား ဟူသော မေးခွန်းပင် ဖြစ်ပါသည်။ လက်နက်ကိုင်ပဋိပက္ခများအတွက် အဖြေတခုရရှိနိုင်မည့် ကြိုးပမ်း အားထုတ်မှုများ ပြုလုပ်ရာတွင်လည်း အတိတ်ကာလကို အာရုံစူးစိုက်ထားခြင်းထက် အနာဂတ် ကို ရှုမျှော်ကြည့်ရန်လိုအပ်ကြောင်း အလေးထားရပါမည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာမှုများပြုလုပ်ခဲ့သည့် အစောပိုင်း ကြိုးပမ်းအားထုတ်မှုများကို လည်ပြန်စောင်းငဲ့ကြည့်ရာတွင် လက်ရှိအရွေ့များအပေါ် နားလည်သဘောပေါက်နိုင်မည့် အသုံး ဝင်သော အသိအမြင်သစ်များ ရရှိနိုင်ကြောင်းကိုလည်း ဤအစီရင်ခံစာက ပြသနေပါသည်။ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများနှင့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပံ့ပိုး ကူညီခဲ့သည့် ပြီးခဲ့သော ကနဦးဆောင်ရွက်ချက်အများစုမှာ မြန်မာနိုင်ငံထက် အခြားသော နိုင်ငံများမှ အတွေ့အကြုံများအပေါ်အခြေခံ၍ ချဉ်းကပ်ထားကြခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာ နိုင်ငံ ကိုယ်နှိုက်သည်ပင်လျှင် အသုံးဝင်သည့် ရှုထောင့်အမြင်များ အများအပြားရှိနေသေးကြောင်း ဤ Beyond Panglong အစီရင်ခံစာမှ လောလောလတ်လတ် နှိုးဆော်သတိပေးခဲ့ပါသည်။
ယခု အစီရင်ခံစာမှ စိတ်ပါဝင်စားမှုကို လှုံ့ဆော်ပေးသည့် အဓိကမေးခွန်းတခုမှာ လက်ရှိ ‘၂၁ ရာစု ပင်လုံ’ ညီလာခံသည် နိုင်ငံရေးအရ ချဲ့ထွင်ဆောင်ရွက်မှု၏ နောက်ဆုံးအဆင့် အမှန် တကယ် ဖြစ်လာမည်လား သို့မဟုတ်လျှင်လည်း ပဋိပက္ခများ ပြေလည်မှုရစေရန် အစိုးရက ဦးစီး ရှေ့ဆောင်နေရာမှ အခြားသော အင်အားစုကြီးများ၏ လွှမ်းမိုးကြီးစိုးမှု ခံလာရခြင်းကြောင့် ရှေ့ဆက်မတိုးနိုင်တော့သည့် နောက်ထပ် သက်သေသာဓကတခု ဖြစ်လာမည်လားဟူသော မေးခွန်းပင်ဖြစ်ပါသည်။ ထို့ပြင် အရဲစွန့် ဟောကိန်းထုတ်သည်ဆိုခြင်းထက် စိန်ခေါ်မှုများကို ဖြစ် ပေါ်စေသော အကြောင်းကိစ္စအမျိုးမျိုးကိုလည်း အစီရင်ခံစာထဲတွင် သုံးသပ်ထားပြီး ‘အခက်အခဲ ပြဿနာတရပ်ကို အမှန်တကယ် ထိုးဖောက်ကျော်လွှားနိုင်ခဲ့လျှင်သော်မှ အမျိုးသား နိုင်ငံတော် အဆင့်တွင် အင်အားစုအားလုံး ထည့်သွင်းပါဝင်စေခြင်း၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းနှင့် တပ်မတော်၏ထိုးစစ်များကို လုံးဝရပ်ဆိုင်းပစ်ခြင်းတို့ ဖြစ်ပေါ်လာစေရန် လတ် တလော အရေးတကြီး လိုအပ်နေပါသည်’ဟု မှတ်ချက်ပြု ရေးသားဖော်ပြထားပါသည်။

About the author

John Buchanan

John Buchanan is the Director of Research at the Institute for Strategy and Policy - Myanmar. He is also a PhD Candidate in the Department of Political Science at the University of Washington in Seattle, Washington. John’s fields of study include international relations, comparative politics and Southeast Asia. His research interests include Southeast Asian politics, civil-military relations, state formation, conflict and its relationship to natural resources. John has written reports and articles in several publications. He is the co-author of Developing Disparity - Regional Investment in Burma’s Borderlands, which was published by the Transnational Institute. He recently authored Militias in Myanmar, which provides background on Myanmar’s complex systems of militias and their roles in conflict and society. John is from the United States and has lived in Southeast Asia for over a decade.

Add comment

Institute for Strategy and Policy – Myanmar