Institute for Strategy and Policy – Myanmar

၁၉၉၀ ပြည့်နှစ်အတွင်း ဦးကြည်မောင်အား တွေ့ဆုံမေးမြန်းခဲ့ပြီး အပြည့်အ၀ ဖော်ပြခဲ့ဖူးခြင်း မရှိသော မေးမြန်းချက် အပြည့်အစုံနှင့် ဆောင်းပါး

ဦးကြည်မောင်အား တွေ့ဆုံမေးမြန်းခဲ့ခြင်း

■ ဒေါမနစ် ဖူလ်ဒါ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်ခဲ့သည့် ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီး ကြည်မောင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၌ ဒေါမနစ်ဖူလ်ဒါနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံ စကားပြောဖြစ် ခဲ့ပါသည်။ ထိုစဉ်က ဦးကြည်မောင်သည် ပါတီ၏ ယာယီ ခေါင်းဆောင်သဖွယ် ဖြစ်နေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်အထိ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း၏ ညာလက်ရုံး ဖြစ်ခဲ့ပြီး NLD ပါတီ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်သည့် ဗိုလ်မှူးချုပ် အောင်ကြီးနှင့်အတူ ပါတီ စတင် တည်ထောင်ချိန်ကတည်းက ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ ဦးနေဝင်းနှင့် ဗိုလ်မှူးချုပ် အောင်ကြီးတို့မှာ ၁၉၆၂ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းအတွက် မည်သူ့ထံတွင် တာဝန်ရှိသည်ဆိုခြင်းနှင့် စစ်အစိုးရ အုပ်ချုပ်ရေးစနစ်၏ မအောင်မြင်သော စီးပွားရေးဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ ခွာပြဲသွားခဲ့ကြခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် ၁၉၈၈ နိုင်ငံရေး မငြိမ်မသက်မှုများ စတင်ဖြစ်ပွားလာချိန်၌ တိုင်းပြည်၏ စိတ်မချမ်းမြေ့ဖွယ် ကောင်းသော အခြေအနေနှင့် စီးပွားရေး အခြေအနေတို့အကြောင်းကို ရေးသားထားသည့် ဗိုလ်မှူးချုပ် အောင်ကြီးထံမှ ဦးနေဝင်းသို့ ပေးစာများမှာလည်း အရေးပါသည့် အစိတ်အပိုင်းမှ ပါဝင်ကပြ အသုံးတော် ခံခဲ့ပါသည်။

ဦးကြည်မောင်သည် ဦးနေဝင်း၏ တော်လှန်ရေးကောင်စီဝင် တစ်ဦး ဖြစ်သည့်အပြင် ဗိုလ်မှူးချုပ် အောင်ကြီးကဲ့သို့ပင် ၁၉၆၃ ခုနှစ်၌ တပ်မှ ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။ ထိုသို့ ပြစ်ချက်ကြောင့် တပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့်အပြင် ယခုတွေ့ဆုံ မေးမြန်းခန်း ပြုလုပ်ချိန်တွင်လည်း (သူ၏ ဘဝတွင် လေးကြိမ်တိုင်တိုင် ထောင်ဒဏ် ကျခံခဲ့ရသည့်) ဦးကြည်မောင်မှာ ထောင်ဒဏ် သုံးကြိမ် ကျခံခဲ့ပြီး ဖြစ်ပါသည်။ ဦးကြည်မောင်မှာ NLD ပါတီအတွင်း၌လည်း ပါးနပ်သိမ်မွေ့သည့် လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းနိုင်ခဲ့ပြီး လူငယ်အဖွဲ့၏ တောင်းဆိုမှုများနှင့် ရှေးရိုးစွဲ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက် ဟောင်းများအကြား ဟန်ချက်ညီအောင် ထိန်းညှိပေးကာ ခံစားချက်ပါသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ နိုင်ငံရေးကိုလည်း ရှောင်ရှားခဲ့သူ ဖြစ်ပါသည်။

ဗိုလ်မှူးချုပ် အောင်ကြီးမှာ NLD ပါတီမှ အလျင်အမြန် နှုတ်ထွက်ခဲ့ပြီး အောင်မြင်မှု မရခဲ့သော ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီကို တည်ထောင်၍ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်းအထန် ဝေဖန်နေဆဲပင် ဖြစ်ပါသည်။ အကယ်၍ ၁၉၉၀ ရွေးကောက်ပွဲရလဒ်မှာ ဦးကြည်မောင်၏ အကောင်းမွန်ဆုံး အောင်မြင်မှုဆိုပါက ထိုဖြစ်ရပ်မှာ ဗိုလ်မှူးချုပ် အောင်ကြီးအတွက်မူ အရှက်တကွဲ အကျိုးနည်း ဖြစ်စေသည့် တန်ဖိုးကြီးကြီးမားမား ပေးဆပ်လိုက်ရသော ဆန့်ကျင်ဖက် ရလဒ်ဟုသာ ဆိုရပါတော့မည်။

■ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မောင်နှင့် ပထမအကြိမ် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန် ၊ ၂၅.၆.၁၉၉၀

■ မေး – အခု လတ်တလော အနေအထားက ဘယ်လိုမျိုးရှိလဲဗျ။

■ ဖြေ – နဝတနဲ့ အစည်းအဝေးလုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုထားတာ အစည်းအဝေး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေး၊ ၂၈/၂၉ ဇွန်လ) မတိုင်မီ အကြောင်းပြန်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ နောက်ဆုံး တွေ့ခဲ့တာက ဧပြီလထဲမှာပါ။ ကျွန်တော်တို့က တစ်လတစ်ခါ တွေ့ဆုံလေ့ ရှိပေမယ့် မေလထဲမှာတော့ ရွေးကောက်ပွဲကြောင့် မတွေ့ဖြစ်ခဲ့ပါဘူး။ အခုတော့ ပြီးခဲ့တဲ့ နှစ်လက အခြေအနေတွေကို ပြန်သုံးသပ်ဖို့ အချိန်ကျပါပြီ။

■ မေး – တကယ်လို့ သူတို့ဘက်က အကြောင်းမပြန်ခဲ့ဘူး ဆိုရင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆီ ခင်ဗျားပို့ခဲ့တဲ့ ပေးစာပါ အကြောင်းအရာတွေကို အများပြည်သူသိအောင် ဖွင့်ချမယ်ဆိုပြီး ခြိမ်းခြောက်တာကရော တကယ်ပဲလား။

■ ဖြေ – မဟုတ်ပါဘူး။ ဘာခြိမ်းခြောက်မှုမှ မရှိပါဘူးဗျာ။ ကျွန်တော်တို့နဲ့ အစည်းအဝေးတစ်ခု လုပ်ဖို့ပဲ တောင်းဆိုခဲ့တာပါ။ စာပါ အကြောင်းအရာတွေကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အများစုနိုင်ခဲ့တယ် ဆိုတာ သိသာ ထင်ရှားတယ် ဆိုတာရယ်၊ နိုင်ငံရေး ပါတီတွေအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ် အကျိုးစီးပွားအတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ ဆောင်ရွက်ကြဖို့ ဆိုတာတွေပါပဲ။

■ မေး – အခြေခံအကျဆုံး ကိစ္စတွေဆီ ပြန်သွားကြည့်ရင် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေချိန်မှာ လူတွေက NLD ပါတီကို မဲထည့်ကြလိမ့်မယ်လို့ ဘယ်အရာက ယုံကြည်စေတာလဲ။

■ ဖြေ –  ဒါက ဒီမိုကရေစီ ရဖို့အတွက် ကျွန်တော်တို့ ရလာတဲ့ တစ်ခုတည်းသော အစပြုမှုပါပဲ။ စစ်တပ်က အာဏာသိမ်းပြီး (ဗိုလ်ချုပ်မှူးကြီး) စောမောင် အာဏာရလာချိန်မှာ အင်အားသုံးပြီး ချေမှုန်းတော့မယ် ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းကြီး သိခဲ့ပါတယ်။ ပြီးတော့ ဒီနည်းဗျူဟာတွေကိုပဲ သူ ထပ်ခါတလဲလဲ ဆက်သုံးနေမယ်ဆိုရင် အကြီးအကျယ် ဒုက္ခရောက်ပါလိမ့်မယ်။ မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးချင်တဲ့ သူ့ရည်ရွယ်ချက်ကို လူသိရှင်ကြား ကြေညာခဲ့ပြီး ကျွန်တော်တို့ဘက်ကလည်း ဇူလိုင်လ ၂၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အပြင် ပါတီဥက္ကဋ္ဌ ဦးတင်ဦးကိုပါ လက်လွတ် ဆုံးရှုံးထားရတာကို အခွင့်ကောင်း ယူသင့်တယ်လို့ ခံစားမိပါတယ်။ အဲဒီ ဖြစ်ရပ်နောက်ပိုင်း ကျွန်တော်တို့လည်း တော်တော်လေး အကျပ်အတည်း ကြုံတွေ့ခဲ့ရပါတယ်။ လူတွေက ပါတီဌာနချုပ်ကို လာပြီး အလုပ်မလုပ်ကြတော့ဘူး။ အဲဒီတော့ ဖြည်းဖြည်းချင်း ပြန်လည် ရပ်တည်နိုင်အောင်လုပ်ရင်း စက်တင်ဘာလမှာ ကျွန်တော်တို့ အရှိန်ရလာပါပြီ။ ကျွန်တော်တို့အနေနဲ့ ပါတီ မှတ်ပုံတင်ထားတာကနေ အချိန်မရွေး ပယ်ဖျက်ခံရနိုင်တယ်လို့တောင် စဉ်းစားထားတဲ့အတွက် အဆင်သင့်ဖြစ်နေတဲ့ ပါတီတစ်ခု၊ အရေးပေါ် အသက်ကယ် အရံပါတီ တစ်ခုကိုတောင် ဖွဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း အဲလိုလုပ်ဖို့ မလိုတော့ပါဘူး။ ဒီလိုမျိုး အနေအထားကနေ ကျွန်တော်တို့ တကယ့်ကို အခွင့်ကောင်း ယူနိုင်ခဲ့ပါတယ်။

■ မေး – ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ အဖမ်းခံခဲ့ရကတည်းက NLD ပါတီ ပြောင်းလဲသွားခဲ့တယ် ဆိုတဲ့အပေါ်ကိုရော ဘာများ ပြောချင်ပါသလဲ။

■ ဖြေ – ဒေါ်စုက ထူးခြားတဲ့ ဥပဓိရုပ်၊ အရည်အသွေး၊ သြဇာတိက္ကမနဲ့ ပြည့်စုံတယ်ဆိုတာ ခင်ဗျားလည်း ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့က အသက်ကြီးပါပြီ။ အပြင်မထွက်နိုင်တော့ဘူး။ ပန်းကုံးတွေနဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း မမျှော်လင့်တော့ပါဘူး။ ပြီးတော့ သူလုပ်တဲ့ ဟန်ပန် အမူအရာမျိုးကိုလည်း ကျွန်တော်တို့ အတုခိုးပြီး လိုက်မလုပ်နိုင်ပါဘူး။ ဒေါ်စု ရန်ကုန်မှာ လူထုစည်းဝေးပွဲတွေ လုပ်တဲ့ အချိန်တုန်းက ခင်ဗျားလည်း ရှိသားပဲ။ ရာပေါင်း၊ ထောင်ပေါင်း များစွာသော လူတွေက နဝတရဲ့အမိန့်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင် ချိုးဖောက်ပြီး လာခဲ့ကြတာလေ။ ကျွန်တော်ဆို အဲဒီလိုမျိုး မလုပ်နိုင်ဘူး။ ဒေါ်စု လုပ်ခဲ့တာမျိုးတွေကိုလည်း ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ ကိုယ့်အကြောင်း ကိုယ်သိတယ်။ အဲဒီတော့ ဖြစ်နိုင်တာကိုပဲ လုပ်ခဲ့တယ်။ သတင်းစာရှင်းလင်းပွဲတွေတောင် ကျွန်တော်တို့ မလုပ်ခဲ့ဘူး။ လုပ်ခဲ့တယ် ဆိုရင်လည်း အဲဒီ သတင်းစာရှင်းလင်းပွဲတွေကြောင့် ကျွန်တော်တို့ကို ထိခိုက်နိုင်တယ်။ သူတို့ (နဝတ) ဆီက ကြိုမမြင်နိုင်တဲ့ အ္တရာယ်တွေလည်း ရှိကောင်း ရှိနေနိုင်ပါတယ်။ နည်းဗျူဟာပိုင်းဆိုင်ရာ အပြောင်းအလဲ တစ်ခုအနေနဲ့ ဖြစ်ဖြစ်ပေါ့။

■ မေး –  ပါတီအနေနဲ့ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားခဲ့တာမျိုးရော ရှိလား။

■ ဖြေ – ဟင့်အင်း။ ကျွန်တော်တော့ အဲဒီလို မထင်ပါဘူး။

■ မေး – လူငယ်တွေနဲ့ ပါတီရဲ့ တခြား အစိတ်အပိုင်းတွေကြားမှာ ခွဲခြားမှုတွေ ရှိနေတယ်ဆိုတဲ့ အပြောမျိုးတွေလည်း ရှိနေတော့ တကယ့် အမှန်တရားက ဘာဖြစ်မလဲ။

■ ဖြေ – ခင်ဗျားတောင် ဒီလိုခွဲခြားမှုတွေ ရှိတယ်ဆိုတဲ့ အပြောမျိုးကို ကျင့်သားရနေပြီပဲ။ ဒါဆို ခင်ဗျားလည်း နဝတရဲ့ ရယ်စရာကောင်းတဲ့ အရေးအသားတွေ အားလုံးကို ယုံရင် ယုံနေမှာပေါ့။ သူတို့ကတော့ ကျွန်တော်တို့ကို တစ်ချိန်လုံး ထိုးနှက်နေတာပဲလေ။ ဒါမျိုး အပြောအဆိုတွေက ကျွန်တော်တို့ကို ထိုးနှက်ဖို့၊ ဖျက်ဆီးဖို့ သူတို့ရဲ့ အဓိကလက်နက်ပဲ။ လူတွေက အဲဒီလိုမျိုးတွေ ပြောနေကြပြီလို့ ထင်မြင်ရစေတဲ့ စကားလုံးမျိုးတွေကို သူတို့ သုံးတယ်။ ခင်ဗျား အဲ့ဒါမျိုးတွေ တွေ့ခဲ့၊ ကြုံခဲ့ဖူးလား။ တခြားတိုင်းပြည်တွေက အလားတူ ဥပမာမျိုးတွေကို ခင်ဗျား အထောက်အထား အကိုးအကားပြရင်တော့ ကျွန်တော် မပြောတတ်ဘူး။ ဒါက တကယ့်ကို ပုံမှန် မဟုတ်ဘူး။ သဘောထား အင်မတန်ယုတ်ညံ့ သေးသိမ်တာပါ။ သူတို့က ဒေါ်စုနဲ့ တွေ့ဆုံမေးမြန်းခဲ့ဖူူးတဲ့ သူတွေဆီက သတင်းအချက်အလက် အတိုအထွာ ကလေးတွေကိုလည်း သုံးတယ်ဗျာ။ သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း တိပ်ခွေတွေ ဖွင့်ပြပြီး ကျွန်တော်တို့ကို ရှုတ်ချတယ်၊ အပုတ်ချတယ်။ ဒါတွေ အားလုံးဟာ သူတို့က ကျွန်တော်တို့ကို ဖျက်ဆီးဖို့ ကြိုးစားနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျွန်တော်တို့ အဲဒါမျိုးတွေ ကြုံခဲ့ရပေမယ့် ခွန်းတုံ့ပြန်ပြောဆိုတာမျိုး မလုပ်သလို ဘာအခွင့်အရေးမှလည်း သူတို့ကို မပေးခဲ့ဘူး။ ဒါပေမဲ့လည်း သူတို့အပေါ် လူအများ ယုံကြည်လက်ခံနိုင်မှု မရှိတော့ဘူးပေါ့။

■ မေး – ရွေးကောက်ပွဲလုပ်တဲ့ နေ့တုန်းက နဝတ အနေနဲ့ တကယ့်ကို ကြီးမားတဲ့ အမှားအယွင်းတစ်ခု လုပ်ခဲ့သေးလား။

■ ဖြေ – ဒါက တစ်ဆင့်စကား ကောလာဟလ သက်သက်ပါ။ ဒါပေမဲ့ အဲဒီရက်ပိုင်းတွေမှာ လူတွေက အများယုံကြည် လက်ခံနိုင်မှုအကြောင်း တော်တော်ကလေး ပြောခဲ့ကြတယ်လို့ ကျွန်တော်ထင်တယ်။ မဲပေးတဲ့နေ့ ညနေပိုင်း ပထမဆုံး မဲရလဒ်တွေ ထွက်ပေါ်လာတော့ တစညပါတီ ခေါင်းဆောင်တွေက စိတ်ပျက်လွန်းလို့ ညစာ စားပွဲကိုတောင် ဖျက်သိမ်းလိုက်ကြတယ်လေ။

■ မေး – ရွေးကောက်ပွဲတော့ ပြီးခဲ့ပြီပေါ့။ ကျွန်တော်တို့ စိတ်ပျက် အားလျော့ခဲ့ရတယ်။ ပြီးတော့ ဘာမှလည်း ဖြစ်မလာသေးဘူး။ အကယ်၍ ပုံမှန် အထွေထွေရွေးကောက်ပွဲ တစ်ခုမှာသာဆိုရင် လွှတ်တော်ခေါ်ဖို့ အလွယ်တကူ ဆက်လုပ်လို့ရမယ်။ အဲဒီတော့ ဒါက ဘယ်အချိန်လောက်များ ဖြစ်လာမလဲလို့ နဝတကို မေးချင်ပါသလား။

■ ဖြေ – သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲဆိုတာ ကျွန်တော်တို့ မသိရဘူး။ သူတို့ ပါးစပ်က ထွက်လာမယ့် စကားတွေကိုပဲ ကျွန်တော်တို့ သိချင်တာ။ ကျွန်တော်တို့ လွှတ်တော်ခေါ်မယ်လို့ သူတို့ကို ပြောမှာပဲ။ ပြီးတော့ သူတို့ပြောပြချင်တဲ့ သူတို့ရဲ့ နောက်လာမယ့် အစီအစဉ်တွေကို ကျွန်တော်တို့ မေးချင်တယ်။ သိက္ခာရှိတဲ့ လူအချင်းချင်းပဲဗျာ။ ပွင့်ပွင့်လင်းလင်း တဲ့တိုးပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ကလည်း သူတို့ရဲ့ အစီအစဉ်တွေကို ကမောက်ကမ ဖြစ်မသွားစေချင်ပါဘူး။ သူတို့စိတ်ထဲမှာ ဘာရှိသလဲ အတိအကျ သိချင်ရုံလေးပါ။ ပြီးတော့ သူတို့ မေးလာမယ့် မေးခွန်းတိုင်းကို အဖြေပေးဖို့လည်း ကျွန်တော်တို့ အဆင်သင့်ပါပဲ။

■ မေး – ဦးတည်ချက်တွေ အများကြီး ရှိတာပေါ့နော်။ လွှတ်တော် ခေါ်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ခု ပေါ်ပေါက်လာဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ စသဖြင့်ပေါ့လေ။ ညှိနှိုင်း ဆွေးနွေးရမယ့် အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့ဆီက တရားမျှတမှု တစ်စုံတစ်ရာ တောင်းဆိုသင့်တယ်ဆိုတဲ့ ကိစ္စတစ်ခုကိုလည်း ထည့်စဉ်းစားဖို့ လိုမယ်ထင်တယ်။ အခု နဝတရဲ့ နိုင်ငံပိုင် မီဒီယာတွေကနေ တွေ့နေ၊ ဖတ်နေ ရတာတွေက အလားအလာ မကောင်းတဲ့ပုံ ပေါက်နေတော့လေ။

■ ဖြေ – ပုံနှိပ် သတင်းတွေမှာတော့ ဒီအတိုင်းပဲ တွေ့ရမှာပေါ့။ ကျွန်တော်တို့ စကားဝိုင်း ထိုင်ပြောဆို ဆွေးနွေးကြမယ်ဆိုရင် လုံး၀ ကွဲပြားခြားနား သွားနိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း လိုက်လျောနိုင်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မျှမျှတတ လုပ်ခဲ့တယ်။ အဲဒီလိုပဲ သူတို့ဘက်ကလည်း ကျွန်တော်တို့အပေါ်မှာ မျှမျှတတရှိဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်မြင်တာ တစ်ခုကတော့ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။ တကယ် အရေးကြီးတဲ့ကိစ္စတွေအတွက် ကျွန်တော်တို့ တွေ့ကို တွေ့ဆုံ ဆွေးနွေး ရပါလိမ့်မယ်။ ကောင်းပြီ။ သူတို့ဖက်က နှောင့်နှေးနေနိုင်တယ်။ ကျွန်တော်တို့မှာ ချက်ချင်းလက်ငင်း ရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စတွေ ရှိတယ်။ ဥပမာ- ကြွေးမြီကိစ္စ၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ လောက် ရှိတယ်။ ဒီလို စောင့်နေရင်းနဲ့ပဲ အတိုးက တဖြည်းဖြည်း တက်လာနေမှာ။ ပြီးတော့ အလုပ်အကိုင်၊ ကျွန်တော်တို့တွေမှာ အလုပ်တွေ မရှိဘူး။ စက်ရုံတွေ ဆိုတာကလည်း စိတ်မကျေနပ်စရာ အကောင်းဆုံး အခြေအနေမှာ ရှိတယ်။ ဘာကုန်ပစ္စည်းမှ မထုတ်လုပ်နိုင်ဘူး။ တက္ကသိုလ်တွေ ပိတ်ထားရတာကလည်း စာသင်နှစ် သုံးနှစ်ရှိပြီ။ ဒီတိုင်းပြည်မှာက သူ့ဟာသူ့ ဖြစ်ချင်လို့ ဖြစ်လာတာဆိုပြီး မျက်စိစုံမှိတ် ယုံကြည်လို့ရတာမျိုး မရှိဘူးဗျ။ နိုင်ငံခြားပို့ကုန်ရငွေ မရှိဘူးဗျာ။ ဒါကြောင့်ပဲ လူတွေက “မိသားစုငွေတွေကို ဗိုက်နာလို့ အောက်ဈေးနဲ့ ချရောင်းနေတာ”လို့ ပြောနေကြတာ။ ဒါတွေအားလုံးက စောင့်နေရုံနဲ့ မရဘူးလေ။ တကယ့်ကို အရေးကြီးတဲ့ တခြားနယ်ပယ် ကဏ္ဍတွေမှာလည်း စိတ်ပျက်စရာတွေ တော်တော်လေးကို များတယ်။ ပြီးတော့ အဲဒါတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတာထက် ပိုအရေးကြီးတယ်ဗျ။ ကျွန်တော် ဂျပန်တွေ ကို မေးကြည့်ဖူးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ရေးဆွဲဖို့ အချိန်ဘယ်လောက် ကြာလဲဆိုတာ။ သူတို့ပြောတာက တစ်ရက်တဲ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ ကျွန်တော်ပြောတော့ ယန်းကီးတွေ (အမေရိကန်) က သူတို့အတွက် ရေးပေးတာ အချိန်တစ်ရက်ပဲ ကြာသတဲ့။ ဒီအတိုင်းပဲ သူတို့ တိုင်းပြည်ကို လည်ပတ်အုပ်ချုပ်နေတာ ၄၅ နှစ်တောင် ရှိပြီလေ။ ဒီကိစ္စ (ဖွဲ့စည်းပုံ အခြေခံဥပဒေ) က တကယ် အရေးကြီးတဲ့ကိစ္စ မဟုတ်ပါဘူးဗျာ။ အရေးကြီးတာက တိုင်းပြည်စီးပွားရေး တိုးတက်အောင် လုပ်ဖို့ပဲ။

■ မေး – နဝတ ကတော့ သူတို့လုပ်ခဲ့တဲ့ အလုပ်တွေကို လက်ညှိုးထိုးပြမှာပေါ့။ လမ်းတွေ ဖောက်တာ၊ ဆေးရုံတွေ ဖွင့်တာ၊ ကလေး မ ကလေးတွေကို ပွေ့ချီ နမ်းရှုံ့တာမျိုးတွေ …

■ ဖြေ – အဲဒါတွေ အကုန်လုံးက အကျိုးမရှိပါဘူးဗျာ။ မုတ်သုံမိုး ရွာတာနဲ့ လမ်းတွေကို လှည့်ပတ်ကြည့်ပါဦး။ အဲဒါ သက်သက်မဲ့ ပိုက်ဆံတွေနဲ့ လုပ်အားတွေကို ဖြုန်းတီးနေတာ။ သူတို့သုံးခဲ့တဲ့ ငွေပမာဏနဲ့ တကယ့်ကို မတန်ပါဘူးဗျ။

■ မေး –  နဝတရဲ့ အပြုအမူက အာပတ်ဖြေတဲ့ပုံစံမျိုး ပေါက်နေတယ်လို့ ထင်လား။ ရိုးရိုးသားသားပဲ စစ်တန်းလျားကို ပြန်မယ်ဆိုတဲ့ စကားအတိုင်း အကောင်အထည်ဖော်ပြီး နာမည်ကောင်း ချန်ထားဖို့ ကြိုးစားပါ့မလား။

■ ဖြေ – ကြိုက်တဲ့ ဗမာလူမျိုးကို မေးကြည့်ဗျာ။ ခင်ဗျား အဖြေချက်ချင်း ရလိမ့်မယ်။ သူတို့ရဲ့ ချဉ်းကပ်မှုတွေ အားလုံးက လုံးဝမှားနေတယ်လို့ပဲ ကျွန်တော်တို့ မြင်တယ်။ အဓိပ္ပာယ်မရှိ၊ အခြေအမြစ် မရှိတာတွေကို သူတို့ရဲ့ သတင်းစာ၊ စာမျက်နှာတွေမှာ ဖော်ပြနေတာ။ လူတွေကလည်း တော်တော့်ကို ရွံနေပြီဗျ။ ဒီတိုင်းပြည်မှာ လူထုအမြင် ကောက်ခံမှုကိုသာ ခင်ဗျားလုပ်လို့ ရခဲ့ရင် လူအများစုက မြန်မာ့အသံထက် ဘီဘီစီနဲ့ ဗွီအိုအေကိုပဲ နေ့တိုင်း နားထောင်ကြတာကို ခင်ဗျားတွေ့ရလိမ့်မယ်လို့ ကျနော် ကျိန်းသေပြောရဲတယ်။ ဘယ်နှစ်ကြိမ် နားထောင်ကြသလဲ ဆိုတာသာ ကျွန်တော်မသိတာ။

■ မေး – စစ်တပ်ရဲ့ စိတ်ထဲမှာ လက်စားချေ တုံ့ပြန်မှုဆိုတဲ့ မေးခွန်းတစ်ခုကပဲ အကြီးအကျယ် လွှမ်းမိုးကြီးစိုးထားတယ် ဆိုရင်ရော။

■ ဖြေ – ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းရမယ့် တခြားပြဿနာတွေ အများကြီး ရှိသေးတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ တကယ်တော့ နုရင်ဘတ်က စစ်ရာဇဝတ်မှုဆိုင်ရာ တရားခွင်တွေမှာ ဂျာမန် ဘယ်နှစ်ယောက် တရားရင်ဆိုင် ခဲ့ရလို့လဲ။

■ မေး – နည်းပါတယ်။

■ ဖြေ – ဂိုးဘဲလ်၊ ဟက်စ်၊ ဟင်းမလား … ပြီးတော့ တခြားသူတွေ။ သိပ်နည်းပါတယ်ဗျာ။

■ မေး – ဒါဆို ရန်ကုန်မှာလည်း နုရင်ဘတ်တစ်ခု ရှိလာလိမ့်ဦးမယ်လို့ ခင်ဗျား ပြောချင်တာလား။

■ ဖြေ – ဟင့်အင်း။ လုံး၀ မဟုတ်ပါဘူး။ ဒီဆန္ဒမဲတွေကို ကြည့်ပါဦး။ ရိုးရိုးသာမန် ဗမာလူမျိုးတွေ အနေနဲ့ကတော့ အောက်ခြေအဆင့် တပ်သားတွေကိုတောင် ရန်ရှာဖို့ ကြိုးစားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ မဖြစ်နိုင်ပါဘူးဗျာ။ ခင်ဗျားမေးတဲ့ အကွဲအပြဲလို ဟာမျိုးက အင်မတန် ချဲ့ကားထားတဲ့ ပြဿနာပါ။ ဘာမှမဟုတ်ပါဘူး။ ဒါတွေအားလုံးက ဝါဒဖြန့်တာတွေပါပဲ။ ဒါပေမဲ့ ခင်ညွန့်လို ထင်ပေါ်နေတဲ့ သြဇာအောက်မှာ ရှိနေတဲ့ လူမျိုးတွေကျတော့ သူတို့ကိုယ် သူတို့ နောက်ကျော မလုံဘူးလို့ ခံစားမိမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ပေါ်လွင်ထင်ရှားမှုက တခြားသူတွေထက်ကို ပိုပြီးတော့ သတိထားမိစရာမျိုး ဖြစ်နေတာလေ။

■ မေး –  ဦးကြည်မောင် ပြောခဲ့တာတွေ အားလုံးက ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး လုပ်စရာတွေ အများကြီး ရှိနေသေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ သူတို့လို လူမျိုးတွေနဲ့လည်း ပတ်သက်နေရတာပဲ မဟုတ်လား။ တချို့လူတွေက သူတို့က ပညာမတတ်ဘူး၊ ကြမ်းတမ်းတယ်၊ ပြီးတော့ သဘောထား ကျဉ်းမြောင်းတယ် စသဖြင့် ပြောတတ်ကြတော့လေ။

■ ဖြေ – သူတို့နဲ့ ကျွန်တော် တစ်ကြိမ်ဆုံခဲ့ဖူးပါတယ်။ ဗဟိုကော်မတီ အနေနဲ့ ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီလတုန်းက တွေ့ခဲ့ဖူးပါတယ်။ သူတို့ကလည်း ပျူပျူငှာငှာပါပဲ။ ပြီးတော့ အရေးကြီးတဲ့ အကြောင်းအရာတွေ ပြောဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ တစ်ခုက သတင်းစာတွေကို ဖတ်ရမယ်၊ နောက်တစ်ခုက သူတို့နဲ့ မျက်နှာချင်းဆိုင် စကားပြောရမယ်လို့ ကျွန်တော် ပြောပြောနေတာပေါ့။

■ မေး – ဒါဆို ဦးကြည်မောင်က အကောင်းမြင်သမားပေါ့။

■ ဖြေ – အင်း၊ မဖြစ်နိုင်တဲ့ အကြောင်းအရာတွေကိုတော့ ကျွန်တော်တို့ မပြောခဲ့ကြဘူးလို့ ထင်ပါတယ်။ ဘယ်လို အနေအထားမျိုးကို လက်ခံရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။

■ မေး – အခုလက်ရှိ ခင်ဗျားရဲ့အနေအထားကိုရော ကိုယ်ရေးကိုယ်တာ ပုဂ္ဂိုလ်ရေးအရ ပြောမယ်ဆိုရင် ဘယ်လိုမြင်လဲ။ ခင်ဗျားမှာ စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တစ်ခု ရှိတယ်။ ဒေါ်စုနဲ့ ဦးတင်ဦး မရှိတဲ့အချိန်မှာ ခင်ဗျားက တာဝန်အရှိဆုံးသူပဲ မဟုတ်လား။ အဲဒါကရော ဘယ်လိုလဲဗျ။

■ ဖြေ – အင်း၊ မပြောတတ်ဘူးဗျ (ရယ်မောလျက်) ကျွန်တော့်မှာ မနက်ဖြန်အတွက် အစီအစဉ်ဆိုတာ မရှိဘူး။ တစ်နေ့ချင်းစီပဲ ရှင်သန် နေထိုင်သွားတာ။ ဒါကြောင့်မို့လို့ပဲ ကျွန်တော် အင်မတန် လွတ်လပ်နေတာပေါ့။ သူတို့ ကျွန်တော်တို့ကို မငြင်းဆန်နိုင်ဘူးလို့ စိတ်ထဲ ယုံထားတယ်။ ကျွန်တော်တို့က ဒီတိုင်းပြည်ကို ဒီမိုကရေစီ တကယ်ရစေချင်တာပါ။ တခြားနည်းလမ်းလည်း မရှိလောက်ပါဘူး။ ဒါကို အချိန်ဆွဲပြီး နှောင့်နှေးအောင် ကြိုးစားလို့လည်း မရနိုင်ပါဘူး။ ဒီတိုင်းပြည်မှာ ကျွန်တော်တို့ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး ကြွားဝါ ခဲပါတယ်။ မဲစာရင်း ရလဒ်တွေ ထွက်ပေါ်လာတော့တောင် မထင်မရှားနဲ့ အင်မတန် နှိမ့်ချနေခဲ့တာပါ။ ပြီးတော့ ဒီလို သောင်ပြိုကမ်းပြို အနိုင်ရတာမျိုးနဲ့ မထိုက်တန်ဘူးလို့လဲ ကျွန်တော် ခံစားမိတယ်ဗျ။ မဲပေးဖို့ အခွင့်အရေးမရလို့ လှည့်ပြန်သွားရတဲ့ သူတွေလည်း အများကြီးပါပဲ။ ကျွန်တော်တို့ ပြည်သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ရင့်ကျက်မှု၊ ပညာရေး စသဖြင့် သူတို့တွေ မဲပေးခွင့်မရတာ စိတ်ပျက်ဖို့ ကောင်းတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း ကျွန်တော် အင်မတန် ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့လည်း တစ်ခုလုံးကို ခြုံငုံကြည့်ရင် လူတွေက ရှေ့နောက် မြော်မြင်စဉ်းစားနိုင်တဲ့ အသိဉာဏ် အင်မတန် မြင့်မားကြတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီတိုင်းပြည်မှာ ကျွန်တော်တို့က အင်မတန် နာမည်ကျော်ကြား ရေပန်းစားပြီး ကျွန်တော်တို့ရဲ့ အစီအစဉ်တွေ၊ ရွေးကောက်ပွဲ ကြေညာစာတမ်း စတာတွေကိုလည်း သူတို့ ကောင်းကောင်း သိကြပါတယ်။ ဒီနိုင်ငံမှာ လွဲမှားနေတာတွေ အတော်များများကို ပြုပြင်ပြောင်းလဲပြီး ရှေ့ဆက် ဆောင်ရွက်သွားချင်တယ်။ ပြည်သူတွေကို ကျွန်တော်တို့ ပြန်ပေးဆပ်ရမှာတွေက အများကြီးပါ။ ကျွန်တော် အဲဒီလိုမျိုး ရည်ညွှန်းပြောဆို ခဲပါတယ်။ ကျွန်တော်တို့ကို ပြည်သူလူထုက ထောက်ခံကြတယ်။ အဲဒီ ပြည်သူတွေအကြောင်း ခင်ဗျားပြောမယ်ဆိုရင် လူငယ်တွေ၊ ကျောင်းသားတွေ၊ တောင်သူလယ်သမားတွေ၊ သံဃာတော်တွေ၊ နိုင်ငံခြား သံတမန် အသိုင်းအဝိုင်းက ထောက်ခံမှုတွေ၊ နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထောက်ခံမှု စသဖြင့်ပေါ့။ ဒီမတိုင်ခင်တုန်းကဆိုရင် ဘယ်သူကမှ ဒီလောက် ဝမ်းသာအားရ မဖြစ်ခဲ့ဖူးဘူး။ ဒေါ်စုရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့ပဲ ဒါတွေက ဖြစ်လာတာ။ ပြီးတော့ ပြည်သူတွေ အနေနဲ့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက မသိမမြင်ခဲ့ရတာတွေကို ကျွန်တော်တို့က ပြီးမြောက် အောင်မြင်အောင် လုပ်ပေးနိုင်မယ်လို့ ယူဆနေတယ် ထင်ပါတယ်။ ကျွန်တော်တို့အပေါ် ထောက်ခံမှု အများကြီးရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ သင့်တော် မှန်ကန်တဲ့ ပြင်ဆင်ညှိနှိုင်းမှုတွေ လုပ်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ အပြောင်းအလဲတွေ လုပ်မယ်။ ပြည်သူတွေကို စိတ်သစ်၊ လူသစ်နဲ့ အလုပ်အကိုင်သစ်တွေ ရှာဖွေနိုင်အောင်လည်း ကျွန်တော်တို့ ဆွဲဆောင် စည်းရုံးနိုင်မယ်လို့ ထင်ပါတယ်။ ဒီလိုကာလမျိုးမှာက ကျွန်တော်တို့အတွက် တကယ့်ကို အလားအလာ အလွန်ကောင်းတဲ့ အနာဂတ်တစ်ခု ရှိနေမယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စောင့်မျှော်နေခဲ့တဲ့ အရာတွေကိုလည်း အင်နဲ့အားနဲ့ ဆက်လုပ်သွားလို့ ရပါပြီ။

■ မေး – ဒါပေမဲ့ ပြီးခဲ့တဲ့ အပတ်တုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ (ဗိုလ်ချုပ်မှူးကြီး) စောမောင်ဆီက အသံထွက်လာတာမျိုးတွေလည်း ရှိတော့ တကယ်လို့ သူ့အနေနဲ့ လက်တွေ့ အကောင်အထည် မဖော်ဘဲ စာရွက်ပေါ်မှာပဲ အဆုံးသတ်သွားအောင် ကြိုးစားလာမယ် ဆိုရင်ရော။

■ ဖြေ – ကျွန်တော်တို့ အခုချက်ချင်း လုပ်ကို လုပ်ရမယ့် ပိုပြီး အရေးကြီးတာတွေ ရှိပါသေးတယ်။

■ မေး –  တကယ်လို့ သူတို့က ခင်ဗျားကို အစိုးရအဖွဲ့ ဖွဲ့ခွင့်ပေးခဲ့မယ်ဆိုရင် သူတို့ဘက်က ကမ်းလှမ်းလာနိုင်တဲ့ အနေအထားတွေက ဥပမာ- ကာကွယ်ရေးနဲ့ ပြည်ထဲရေးလို ဝန်ကြီးဌာနတွေကို သူတို့ပဲ ကိုင်ထားမယ် ဆိုတာမျိုးပေါ့။ အဲဒါဆိုရင်ရော အနာဂတ်အကြောင်း တအား စဉ်းစားလွန်းရာ ကျနေမလား။

■ ဖြေ –  လက်မခံနိုင်စရာပါ။ ကျွန်တော်တို့ကတော့ ဒီမိုကရေစီ ရရင်ရ မရရင်လည်း လုံးဝပါပဲ။

■ မေး –  ကျွန်တော် မေးနေရတာက သူတို့က ထိုင်းလို ပုံစံမျိုးကို ဇောင်းပေး နေသလားလို့ပါ။

■ ဖြေ – သူတို့ (ထိုင်း) က ကိုယ့်လူမျိုးကိုယ် ပြန်မသတ်ဘူးဗျ။

■ မေး –  ဟုတ်ကဲ့၊ သူတို့ သတ်ခဲ့ဖူးပါတယ်။

■ ဖြေ – နှိုင်းယှဉ်လို့ ရနိုင်လို့လား။

■ မေး – ၁၉၇၃ နဲ့ ၁၉၇၆ တွေမှာလေ။ ဒါပေမဲ့ ရှိခဲ့ဖူးတယ် ဆိုရုံလေးပါ။

■ ဖြေ – ဘာပဲဖြစ်ဖြစ်လေဗျာ။ သူတို့ရဲ့ စီးပွားရေး အခြေခံက အများကြီး ပိုအားကောင်းတယ်။ ကျွန်တော်တို့ စီးပွားရေးက ဖျက်ဆီးခံခဲ့ရတာ ၂၆ နှစ် ရှိပြီဗျ။

■ မေး – တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအကြောင်း ပြောပေးပါဦး။

■ ဖြေ – သူတို့တွေနဲ့ ရင်ဆိုင်လာခဲ့ရတာက ၂၆ နှစ်ကျော် ရှိပြီဆိုတော့ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကိုလည်း သိနေပါပြီ။ မြန်မာပြည် မြောက်ပိုင်း၊ အထူးသဖြင့် ကချင်တောင်တန်း ဒေသမှာ စစ်ရေးနည်းနဲ့ အဖြေရှာတာက အဆိုးရွားဆုံး အဖြေရှာနည်းပဲ ဆိုတာ ခင်ဗျားတွေ့ပါလိမ့်မယ်။ အဲဒီဒေသက အမြဲတမ်း တပ်မတော် တစ်ခုအတွက် မသင့်တော်ဆုံး ဒေသတစ်ခုပဲ။ ကျွန်တော် အဲဒီမှာ ၃ နှစ်ခွဲလောက် တာဝန်ကျဖူးတယ်။ သူတို့ (အစိုးရတပ်) အနေနဲ့ ခြုံခို တိုက်ခိုက်မခံရဘဲ မြို့ထဲက ရွှေ့ပြောင်းနိုင်တာမျိုး ရှားပါတယ်။ နောက် ဥပမာတစ်ခုက ကရင်တွေ၊ ကျွန်တော်တို့နဲ့ တိုက်လာခဲ့တာ ၁၉၄၈၊ ၁၉၄၉ ကတည်း က၊ သူတို့ရဲ့သားတွေတောင် အသက် ၆၀ ကျော်တန်းတွေ ဖြစ်ကုန်ပြီ။ နောက် ခုဆို သူတို့ရဲ့ မြေးတွေမျိုးဆက်။ ဒီလိုသာ ဆက်သွားနေရင် ကျွန်တော်တို့ရဲ့ လူအင်အားတွေ၊ ငွေကြေးတွေ ဆုံးရှုံးရလိမ့်မယ်။ ကျွန်တော်တို့မှ မတတ်နိုင်တာကိုး။ အဲဒါမျိုးတွေကို အဆုံးသတ်အောင် လုပ်ရလိမ့်မယ်ဗျ။

■ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မောင်နှင့် ဒုတိယအကြိမ် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန် ၊ ၂.၇.၁၉၉၀

(ဇွန်လ ၂၉ ရက် NLD ပါတီ ဗဟိုကော်မတီအစည်းအဝေး ကြေညာချက် ထုတ်ပြန်ပြီးချိန်)

■ မေး – ဘယ်လို ရှေ့ဆက်လုပ်ကြမလဲ ခင်ဗျ။

■ ဖြေ – ဒေါ်စုနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်၊ သဘောထားကို ဒီထုတ်ပြန် ကြေညာချက်က လုံး၀ ရှင်းရှင်းလင်းလင်း ဖြစ်စေခဲ့တယ်လို့ ယူဆပါတယ်။

■ မေး – ဒေါ်စုကို လွှတ်လိုက်တဲ့ ကိစ္စရယ်၊ ရွေးကောက်ပွဲ ရလဒ်အတိုင်း ဆက်လုပ်ဖို့ ဆိုတဲ့ကိစ္စရယ်ကို သူတို့ (နဝတ) က ခွဲခြားထားချင်သလိုပဲဗျ။ အဲဒါကိုရော ဘယ်လို ဆက်လုပ်မလဲ။

■ ဖြေ – အခု အနေအထားက နဝတက တစ်ဖက်၊ ကမ္ဘာကြီးတစ်ခုလုံးက တစ်ဖက် ဖြစ်နေတာဗျ။ ဒါက အချည်းနှီးကိစ္စကို လုပ်နေတာ။ ခင်ဗျားပြောခဲ့သလိုပဲ သူတို့က စကားလုံးတိုက်ပွဲတွေ ဆင်နွှဲရတာကို အရသာတွေ့နေတာ။ ကျွန်တော်တို့ကတော့ စိတ်ထဲရှိတဲ့အတိုင်း ပြောရမှာပဲ။

■ မေး – နဝတနဲ့ ဘယ်တော့လောက် ထပ်တွေ့ဖြစ်မယ်လို့ မှန်းထားလဲ။

■ ဖြေ – ဒီတစ်ပတ်ထဲမှာပဲ အကြောင်းပြန်လိမ့်မယ် ထင်တယ်။ စနေ၊ တနင်္ဂနွေ မတိုင်မီ ကြားရက် တစ်ရက်ရက်ပေါ့။

■ မေး – သူတို့ အကြောင်းပြန်လိမ့်မယ်လို့ရော ယုံကြည်နိုင်စရာ အကြောင်းပြချက် ရှိလား။

■ ဖြေ – ဒါပေါ့။ ကျွန်တော်တို့မှာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု မရှိပေမဲ့ သူတို့ အခြေအနေကို တရားဝင်သဘောမျိုးနဲ့ မဟုတ်ဘဲ ကျွန်တော်တို့ဆီ အသိပေးတတ်ပါတယ်။

■ မေး – ဒါဆို တစ်ဆင့်ခံ သဘောမျိုး အဆက်အသွယ် ရှိတာလား။

■ ဖြေ – ဟုတ်ကဲ့။ သူတို့မှာလည်း သူတို့အချင်းချင်း ဆွေးနွေး တိုင်ပင်ကြတာမျိုးတွေ ရှိပါတယ်။

■ မေး –  ရွေးကောက်ပွဲ ရလဒ် စောဒက တက်ခွင့် ရက် (၆၀) ကာလနဲ့ ပတ်သက်လို့ရော ဘာများရှိဦးမလဲ။

■ ဖြေ – ဒါကတော့ ဖြစ်ရိုးဖြစ်စဉ် ပုံမှန်ကိစ္စ တစ်ခုပါပဲဗျာ။ ကျွန်တော်တို့ အနေနဲ့ လွတ်လပ်ရေး ရပြီးကတည်းက ရွေးကောက်ပွဲ လေးကြိမ်နဲ့ တွေ့ကြုံခဲ့ဖူးပြီး ပထမဆုံး တစ်ကြိမ်ကတော့ လုံး၀ စစ်မှန်ပါတယ်လို့ ပြောလို့ မရဘူး။ ဆိုတော့ ဒီတိုင်းပြည်မှာ ၁၉၄၇ ခုနှစ်၊ ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ် နဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ခဲ့တယ်။ တချို့ နေရာဒေသတွေမှာ ကန့်ကွက်မှုတစ်ချို့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာ တစ်ခုက စောဒက တက်မှုကြောင့် ဘယ်လွှတ်တော် ကိုယ်စားလှယ်မှ နှုတ်မထွက်ခဲ့ရဖူးဘူး။ အဲဒီ စောဒက တက်မှုတွေကလည်း အဂတိလိုက်စားမှုနဲ့ ပတ်သက်တာတွေချည်းပဲ။ မဲဝယ်တယ်လို့ စွပ်စွဲခံရတာမျိုးတွေ၊ မဲဆန္ဒရှင်တွေ အနေနဲ့ သူတို့ရဲ့ တရားဝင် အခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို မကျင့်သုံးနိုင်အောင် အင်အားသုံးပြီး တားဆီးတာမျိုးတွေ စတာတွေပေ့ါ။ အဲဒါတွေက အဓိက အချက်နှစ်ခုပဲ။ မဲဝယ်တာနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို မကျင့်သုံးနိုင်အောင် တားဆီး ပိတ်ပင်တာ။

■ မေး – ဒီ ရက် ၆၀ အချိန်ကာလ အပိုင်းအခြားကြောင့် လွှတ်တော်ခေါ်ဖို့ နှောင့်နှေးသွားလိမ့်မယ်လို့ရော ထင်ပါသလား။

■ ဖြေ – ဒါက အဓိက မဟုတ်ပါဘူး။ ကျွန်တော်တို့ စောင့်နိုင်ပါတယ်။ တကယ်လို့ ရက်ပေါင်း ၉၀ ဆိုလည်း ပြဿနာမရှိဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို စောစောစီးစီး မကြေညာနိုင်တာက ဘယ်သူ့အမှား ဖြစ်မလဲ။ ခင်ဗျားတို့ တိုင်းပြည်မှာဆိုရင် ညရောက်တာနဲ့ ရွေးကောက်ပွဲရလဒ် အဖြေထွက်နေပြီ။ လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူတွေကို မေ ၂၇ ရက် မဲပေးပြီး ကတည်းက သိနေပြီပဲ။ ဒီ နှောင့်နှေးကြန့်ကြာမှုက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြီးပြည့်စုံမှု မရှိတာကြောင့်ပဲ။ အမတ်လောင်းတွေနဲ့ ဘာမှမဆိုင်ဘူး။

■ မေး – နဝတက စိတ်ကောင်းရှိချင်ယောင် ဆောင်နေတယ်လို့ ယုံကြည်နေတာလား။

■ ဖြေ – အဲဒါတော့ ကျွန်တော် မပြောတော့ပါဘူးဗျာ။ ခင်ဗျားပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော့်မှာ အဲဒီအခွင့်အရေး မရှိပါဘူး။

■ မေး – ကျွန်တော်လည်း အဲဒီလိုပါပဲ။ ဒါနဲ့ ဦးကြည်မောင် ပြောတာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ကို လွှွတ်ရမယ်။ တစ်ချိန်တည်းမှာပဲ တိုင်းပြု ပြည်ပြု လွှတ်တော် ခေါ်ယူဖို့ လုပ်ငန်းစဉ်တွေကိုလည်း အတိုင်းအတာ တစ်ခုအထိ အတည်ပြု ထောက်ခံထားတယ်။ ဒီတော့လမ်းကြောင်း နှစ်ခု ဖော်ဆောင်နေတဲ့ သဘောမျိုးလား။

■ ဖြေ -အဲဒါက ကွဲပြားခြားနားချက် တစ်ခုခုရော ရှိလို့လားဗျာ။ ဒေါ်စုအနေနဲ့ သူ့ရဲ့ နိုင်ငံသား အခွင့်အရေးတွေကို ကျင့်သုံးခွင့် ရတာမျိုး ကျွန်တော်တို့ လိုချင်ပါတယ်။

■ မေး –  ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုက NLD ကို အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးလာလိမ့်မယ်ဆိုရင် ကွဲပြားခြားနားချက်က ဘာများဖြစ်မလဲ။

■ ဖြေ – မိသားစုတစ်ခုမှာ အမေဖြစ်သူက အပြင်းအထန် နာမကျန်း ဖြစ်တာကနေ နာလန်ပြန်ထလာပြီ ဆိုပါစို့။ သားတွေ၊ သမီးတွေက ဘာပြောကြမလဲ။ သူတို့အမေ ချက်ပြုတ် ကျွေးမွေးတဲ့ အစားအသောက် ကောင်းတွေကို စားရတော့ မပျော်ကြဘူးလား။ အဲဒီလိုပဲလေ။ ပြည်သူလူထုကလည်း ဒေါ်စုကို ချစ်ခင် လေးစားကြတယ်ဗျ။

■ မေး – အစိုးရအနေနဲ့ လူတွေ ခက်ခက်ခဲခဲ အဖြေရှာ ဖော်ထုတ်ရအောင် လုပ်ထားတာကရော ဘာကြောင့်လို့ ယူဆပါသလဲ။ ဘာများဖြစ်လို့ပါလိမ့်။

■ ဖြေ – ကျွန်တော့်ကို မမေးပါနဲ့ဗျာ။ ခင်ဗျားကိုယ်တိုင် အဖြေသိပြီးသားပါ။ (ရယ်မောလျက်)

■ မေး – တကယ့်ကို ပဟေဠိဆန်တဲ့ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်ပါပဲဗျာ။ မြန်မာပြည်အတွက် အကူအညီရနိုင်မယ့် လမ်းမျိုးတော့ ကျွန်တော် မမြင်မိဘူး။

■ ဖြေ – သူတို့မှာလည်း ကျွန်တော်တို့၊ ခင်ဗျားတို့နဲ့ ကွဲပြားခြားနားတဲ့ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေ ရှိကောင်း ရှိနိုင်ပါတယ်။ နဝတရဲ့ သတင်းထုတ်ပြန်ရေး ကော်မတီကိစ္စနဲ့ (လက်ထောက် နိုင်ငံခြားရေးဝန်ကြီး) ဦးအုံးဂျော်တို့ ကိစ္စကိုပဲ ကြည့်ဗျာ။ ခင်ဗျားအနေနဲ့ သူတို့ရဲ့ ရပ်တည်မှု အနေအထားကို တကယ် နားလည် သဘောပေါက်ရင် သူတို့ကို ခွင့်လွှတ်ပေးလို့ ရနိုင်လောက်တယ်။ နောက်တက်လာမယ့် အစိုးရကလည်း သူတို့ကို တစ်စစီ ဆွဲဆုတ်ပစ်တဲ့အထိ လက်စားချေလိုစိတ် ပြင်းပြမယ် မထင်ပါဘူး။

■ မေး –  နဝတ အနေနဲ့ မဲရလဒ်တွေကို ကိုင်ပြီးကစားဖို့ ထပ်ကြိုးစားလိမ့်ဦးမယ် လို့ရော ထင်လား။

■ ဖြေ – ပြဿနာ မရှိပါဘူး။ ကျွန်တော်က နဝတအဖွဲ့ဝင်တွေ အားလုံး နိုင်ငံရေးသမားတွေ ဖြစ်ကုန်ပြီးတော့တောင် ကျွန်တော်တို့နဲ့ ရင်ဆိုင်စေချင်တာ။ အဲဒါက အဓိပ္ပာယ်ရှိလား၊ လက်တွေ့ ဖြစ်နိုင်လားတော့ ကျွန်တော်တို့ မပြောတတ်ဘူး။ ဒါပေမဲ့ အင်္ဂလန်မှာ ဒါမျိုး ခင်ဗျားမလုပ်ဘူး။ အမေရိကန်မှာလည်း လုပ်မှာ မဟုတ်ဘူးဗျ။

အယ်ဒီတာမှတ်ချက် ။    ။  ယခုဖော်ပြမည့် အင်တာဗျူး နှစ်ပုဒ်သည် ၁၉၉၀ ပြည့်နှစ်အတွင်း သတင်းစာဆရာ ဒေါမနစ် ဖူလ်ဒါက ဦးကြည်မောင်အား နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး မေးမြန်းထားမှုများ ဖြစ်သည်။ Asiaweek မဂ္ဂဇင်းက ဖော်ပြခဲ့သော တစ်မျက်နှာ အင်တာဗျူးသည် ယခု အင်တာဗျူးများကို အကျဉ်းချုံ့ တည်းဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အကျဉ်းချုံ့ တည်းဖြတ်ခဲ့ခြင်းအပေါ် စိတ်ပျက်ခဲ့ရကြောင်း ဒေါမနစ် ဖူလ်ဒါ၏ ဦးကြည်မောင်အကြောင်း ပြန်ပြောင်း ပြောဆိုချက်တွင် တွေ့နိုင်သည်။ အပြည့်အ၀ ဖော်ပြခဲ့ဖူးခြင်း မရှိသော ဒေါမနစ် ဖူလ်ဒါ၏ အင်တာဗျူးအပြည့်အစုံကို သမိုင်း အထောက်အထား တစ်ရပ်အဖြစ် The Myanmar Quarterly က ပထမဆုံးအကြိမ် ဖော်ပြခြင်း ဖြစ်ပါသည်။

ဦးကြည်မောင် ပြောသည်မှာ မှန်ကန်ပြီး ဂျာမန် စစ်ရာဇဝတ်ကောင် အနည်းငယ်မျှသာ နုရင်ဘတ်စစ်ခုံရုံး၌ တရားရင်ဆိုင်ခဲ့ရပါသည်။ စစ်ခုံရုံး အနေဖြင့် တတိယ ဂျာမနီနိုင်ငံတော်မှ ထိပ်တန်း စစ်ဘက် ခေါင်းဆောင်ပိုင်းနှင့် နိုင်ငံရေး ခေါင်းဆောင်ပိုင်းမှ ၂၄ ဦးကိုသာ ရုံးတင် တရားစွဲဆိုခဲ့သော်လည်း ဝါဒဖြန့်ချိရေးဝန်ကြီး ဂျိုးဇက်ဖ် ဂိုးဘဲလ်နှင့် လျှို့ဝှက် ထောက်လှမ်းရေး အက်စ်အက်စ် အဖွဲ့ခေါင်းဆောင် ဟိန်းရစ်ချ် ဟင်းမလားတို့ မပါဝင်ခဲ့ဘဲ ထိုသူနှစ်ဦးမှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်၌ မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ကြခြင်း ဖြစ်ပါသည်။ ဒုတိယ အဓိပတိဟောင်း ရူးဒေါ့ဖ် ဟက်စ်မှာမူ အပြစ်ရှိကြောင်း နုရင်ဘတ်၌ ဝန်ခံခဲ့သည့်အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရပါသည်။ တိုကျိုရှိ အရှေ့ဖျားဒေသဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးသည်လည်း စစ်ဖက် ခေါင်းဆောင်နှင့် နိုင်ငံရေး ခေါင်းဆောင် ၂၈ ဦးကို ရုံးတင် တရားစွဲဆိုခဲ့သော်လည်း ဂျပန်ဧကရာဇ် ဟီရိုဟီတို မပါဝင်ခဲ့ပါ။ ထို့အပြင် နိုင်ငံ တစ်နိုင်ငံချင်းစီအလိုက် သီးခြား စစ်ခုံရုံးများ ဖွဲ့စည်း ဆောင်ရွက်ခဲ့သော်လည်း အာရှ-ပစိဖိတ်ဒေသမှ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ စွဲချက်တင်ခံရသည့် အရာရှိနှင့် အခြားအဆင့် ၅၇၀၀ ကျော်ကိုသာ ရုံးတင် တရားစွဲဆို ခဲ့ပါသည်။ (ဒေါမနစ် ဖူလ်ဒါ)

Interview with KYI MAUNG

BY DOMINIC FAULDER

Colonel Kyi Maung, the National League for Democracy’s vice chairman from its founding in 1988 to 1997, spoke twice to Dominic Faulder after the 1990 general election. He was the party’s acting leader at the time, and had originally joined the party with Brigadier General Aung Gyi, the NLD’s founding chairman who thirty years earlier had been dictator General Ne Win’s right-hand man. Ne Win and Aung Gyi fell out over who was responsible for blowing up Rangoon University Students’ Union in 1962, and also over the military regime’s disastrous economic policies. Aung Gyi’s later letters to Ne Win about the deplorable state of the country and the economy had played an important part in kicking off the 1988 political unrest. Kyi Maung had also been a member of Ne Win’s Union Revolutionary Council, and like Aung Gyi was pushed out in 1963. Kyi Maung was cashiered, and at the time of this interview had already served three of what would be four terms in prison. Within the NLD, he had been able tread a fine line, balancing the demands of the youth wing and the more conservative Old Comrades, and had avoided often stormy personality politics. Aung Gyi had quickly left the NLD to form his own unsuccessful political party, the Union National Democracy Party, and was still bitterly critical of Aung San Suu Kyi. If the 1990 election result was Kyi Maung’s finest achievement, it was a humiliating and costly reversal for Aung Gyi.

FIRST INTERVIEW

WITH NLD SPOKESMAN U KYI MAUNG
RANGOON, 25 JUNE 1990

Q . What is the situation at the moment?

A . We have asked for a conference with SLORC and we are expecting some sort of reply before the meeting [of National League for Democracy (NLD) Central Committee, 28/29 June]. Our last meeting was in April. We usually have one each month, and we missed it in May because of the elections. This is a time to review the past two months and the situation.

Q . Is it true that in the letter to the State Law and Order Restoration Council you threatened to go public with the contents if they did not reply?

A . No, there was no threat. We requested a meeting with us. It said it was clear the NLD had won by a big majority in the recent elections, and that the parties should meet in the interest of our country’s future in a spirit of reconciliation and without preconditions.

Q . Going back to basics, when the NLD was preparing for the elections, what did it believe it was getting people to vote for?

A . It was the only opening available to us to achieve democracy. We knew very well that when [Senior General] Saw Maung came to power with the coup, he smashed through with the use of force, and it would be tragic if he should keep on repeating the same tactics. He had publicly announced his intention to hold elections – fair and free elections – and we felt we could take advantage of that having lost Aung San Suu Kyi as well as the chairman of the party [Tin Oo] on July 20. After that event, we underwent a serious crisis. A lot of people wouldn’t come to work at the party headquarters. We had to revive it gradually, and by September we had gained momentum. We even thought they would deregister the party at any time, and we had a standby party – we formed a lifeboat party. It was unnecessary. We really took advantage of this offer.

Q . How would you say the NLD has changed since Aung San Suu Kyi and Tin Oo were arrested?

A . You know very well she is very charismatic. We are old people – we can’t go out and expect all these garlands and things. We couldn’t imitate all the antics that she did. You were here when she held all the public meetings in Rangoon, and there were hundreds and hundreds of people who came in contravention of the SLORC orders. I couldn’t do that. We couldn’t imitate her and do the things that she did. We know our own limitations, and did what was possible. We didn’t hold press conferences. If we had, such conferences would have damaged us. They would have been like booby traps. It was a change in tactics.

Q . Did the party change in any other way?

A . No, I don’t think so.

Q . What truth is there in all this talk of divisions between the youth and other parts of the party?

A . You get used to this talk about divisions. You ought to buy all the ridiculous publications of the SLORC. All the time they kept on hammering at us. That was their main weapon to smash us, to destroy us. They used statements purported to be made by those people. Have you ever come across anything like it? I wonder whether you could cite similar examples in other countries. It’s very unusual, very mean. They used snippets of confessions about Suu Kyi herself by people who were being questioned. They played tapes denouncing us in the press conferences. By those means they tried to destroy us, and we got through all that. We didn’t retort, we didn’t give them anything. They lost their credibility.

Q . Did the SLORC really make a big mistake on the day with the elections?

A . That’s only hearsay, but I think there is a lot of credibility in what people are saying these days. The same evening as the first results came in, the National Unity Party bosses were so disgusted they cancelled their dinner party.

Q . That was the elections. We are a month down line and nothing has happened yet. If it were a normal general election, you would have proceeded easily to forming the assembly. What are you going to be asking SLORC when the time comes?

A . We don’t know what their true intentions are. We want to learn it straight from their mouths. We will tell them that we want to form a parliament, and we will ask what they want to tell us about their plans for the future. It will be plain talk between honourable people. We won’t be upsetting their plans; we just want to learn what exactly is in their minds. And we’re ready to answer any question they ask.

There are a number of objectives: formation of the assembly, a new constitution, release of political detainees, and so forth. These are negotiating points, and one would have thought if there were any justice that you could ask for them all. But what one sees and reads about the SLORC in the state media is rather ominous.

It’s one thing what one reads in print; it’s going to be quite a different thing when we sit down and talk. There may be points that we might be able to concede. We’ll play fair with them, and we expect them to play fair with us. The way I see it, it’s only one hand clapping and you can’t hear any sound. We must meet and discuss the things which really matter. All right, they can delay. We have a few points which we thought should come up immediately, like the debts – [national] debt servicing which amounts to [US$] five billion. All the while they wait, the compound interest will be mounting. And then jobs – we don’t have jobs. The factories are in a most unsatisfactory state, not producing any products. The universities have remained closed for three academic years. Other things which you take for granted are not here in this country. No foreign exchange [earnings] – it’s only, as you people call it, ‘selling off the family silver’. All these things can’t wait. There is a lot of frustration in many areas that really matter, and are more important than writing a constitution. I asked the Japanese how long it took to write a constitution, and they said one day. How come? I said. The Yanks wrote it for them and it took only one day. They’re operating even now after 45 years. It’s not a matter of real importance to us. What is important is to get the economy going.

The SLORC will point to all the work it is doing – rebuilding roads, opening hospitals, kissing little girls …

These are all unproductive. Go around and look at the roads under the monsoon rains. It’s a waste of money and energy. The amount of money they’ve been spending is not really worth it.

Q . Do you think the SLORC’s behaviour betrays serious guilt complexes? Are they trying to leave an impression on the country that is favourable instead of simply going back to the barracks?

A . Ask any Burmese and you will get the answer straightaway. All their approaches seem to us to be quite wrong. They talk all sorts of rot in their [newspaper] columns, and people are simply disgusted. If you conducted an opinion poll in this country, I am quite sure you would find there are more people who daily listen to the BBC and VOA than their Voice of Myanmar. I don’t know by how many times.

Something that must play heavily on the military mind is the whole question of retribution.

Q . I shall only say that there are so many problems which we must address. In actual fact, how many Germans stood at the war crimes trials in Nuremberg?

Quite a few …

A . Goebbels, Hess, Himmler … and a few others – very few.*

Q . Are you saying there will be a Nuremberg in Rangoon?

A . No, not at all. Look at those votes. I don’t think the average Burmese would try to fight with the foot soldiers. I don’t think so. It’s a hugely exaggerated problem, like the split you asked about. It’s nothing. It’s all propaganda. Of course, people in the stature of [Lieutenant General] Khin Nyunt might reasonably feel themselves pretty insecure, because his exposure is more than one can care to take.

The sorts of things you are saying are all very much to do with what democracy is all about, but are you dealing with those sorts of people? Some would say they are uneducated, violent, and narrow minded.

I have met them once. The Central Committee met them in January or February. They were quite hospitable to us, and were talking sensible things. That is why I say it is one thing to read the newspapers and another to talk face to face with them.

Q . So you are optimistic?

A . Well, I think we’re not going to say impossible things. We know which position to take up.

Q . How do you personally see your position at the moment? You have an interesting job. Are you not here as the caretaker until Suu Kyi and Tin Oo come back? How is it?

A . Well, I don’t know [Laughs]. I have no plans for tomorrow. I live from day to day. That is why I’m very independent. I have a gut feeling that they can’t deny us. We really want democracy in this country. There would be no other way. It would be a waste of time to try and delay this. I hardly ever boast about our stand in this country. We were very humble when the results came out. I felt we didn’t deserve such a landslide. There are lots of people who ought to have been returned who didn’t get the chance. Our people didn’t all compare well in their experience, in maturity, in education – that sort of thing. They were let down, and I feel very sad about that. But what is significant about the whole thing is that people are highly intelligent. They knew that we were very popular in the country and have our own programme, our manifesto, and things like that. We knew what we wanted to do – change a lot of things that are wrong with this country, get on with it. We have to give return in huge numbers. I hardly ever mention this. We have the support of the people. When you talk about the people – the youths’, the students’, the farm hands’ support; the monks’ support, the foreign diplomatic community’s support, and then the insurgents’ support. No one has enjoyed this before. Suu Kyi’s popularity has a lot to do with this. And I think we might be able to accomplish things which they couldn’t see through in the past three decades. We have so much support. We are going to make proper adjustments, make changes in order to attract foreign investment. I think we can persuade our people to put in a new heart, to find jobs. I think we really have a very promising future at this stage, and we’re going to ram it through come what may.

But what Saw Maung said last week about the constitution makes it sound as if he’s going to try and wrap you up in paper.

There are more important things which we must start right now.

Q . If they allow you to form a cabinet, they may apply conditions – retaining the defence and home portfolios, for example. Is this looking too far ahead of the game?

A . Unacceptable. We either have democracy or not at all.

The reason I ask is that they appear to be paying a lot of attention to the Thai model.

They didn’t kill their own people.

Yes they did.

Is it comparable?

In 1973 and 1976, but not as had.

In any case, their economic base is much stronger. We’ve had 26 ruinous years.

Q . What about the insurgents?

A . They have come of age after 26 years and we know their fighting capabilities. In the northern part, especially the Kachin hills, you will find a military solution is the worst solution. This is terrain which is most unsuitable for a regular army. I served there for about three and a half years. They could hardly ever move out of town without an ambush. The Karens, for example, fought us in 1948, 1949, and then the sons in the sixties, and now the grandsons. We will lose our resources, our funds. We can’t afford it. I think we should put a stop to it. n

SECOND INTERVIEW

WITH NLD SPOKESMAN U KYI MAUNG

RANGOON, 2 JULY 1990

(AFTER NLD CENTRAL COMMITTEE STATEMENT OF 29 JUNE)

Q . Where have we got to?

A . I think that statement makes our position quite clear vis-a-vis Suu Kyi.

Q . They seem to be trying to divide the issue of her release from proceedings from the election results. How will you pursue the matter?

A . The position is SLORC on one side and the entire world on the other. It is an exercise in futility. As you mentioned, they are indulging in a war of words. We will have to speak our mind on this.

Q . When do you expect to at least meet SLORC?

We expect a reply some time this week, before the end of the week.

Q . Do you have reason to believe they will reply at all?

A . Oh yes. Although we don’t have a liaison channel, they are letting us know about their situation in a very unofficial way.

So you do have indirect contact.

Yes. They are having consultations among themselves.

Q . What about this 60-day complaint period?

A . That’s a very normal thing. We have seen four elections since independence – the first one was not quite true. This country has seen elections in 1947, 1952, 1956, and 1960. There might have been a few objections in places, but one important point is that no elected MP got thrown out because of complaints. These complaints were concerned with bribery – the alleged buying of votes –  and the use of force to prevent voters from the legitimate right to exercise their vote. These are the two main points –  buying votes and preventing the civilian from exercising his right.

Q . Would you expect the 60-day period to delay the formation of the assembly?

A . That’s not the point. We can wait. If it were 90 days, okay. But whose fault is it that the results cannot be declared earlier? In your country, the results are cleared by nightfall. Those who were elected as MPs were elected on the 27th of May, when the vote was cast. The delay is entirely due to the incompetence of the Election Commission. It has nothing to do with the candidates.

Q . Do you believe the SLORC is acting in good faith?

A . I won’t go into it. It’s up to you. I don’t have the right …

Neither do I. You have said Aung San Suu Kyi must be released. At the same time, you are endorsing to some extent the procedure for the formation of the constituent assembly. In a way you are taking two tracks.

Is there any divergence there? We want Suu Kyi to exercise her civil rights.

Q . What difference do you think the release of Aung San Suu Kyi will make to the performance of the NLD?

A . What would the sons and daughters of a family say when their mother has recovered from serious illness? Won’t they be happy to enjoy the food cooked by their mother? That’s the same thing. People love her.

Q . Why do you suppose the government makes it so difficult for everybody to work out what is going on?

A . Don’t ask me. You know the answers yourself. [Laughs]

It’s a great mystery. I don’t see that it helps Burma.

Perhaps they have their own interests which are different from yours and mine. In the case of the SLORC Information Committee, and in the case of [Deputy Foreign Minister] U Ohn Gyaw too, you can really understand their position and forgive them. I don’t think the next government is going to be so vindictive as to pull them into pieces.

Q . Do you think the SLORC might try to play with the interpretation of the vote?

A . It doesn’t matter. I wish all the SLORC could turn into politicians and stand against us. We can’t say that it makes sense. You don’t do it in England, you don’t do it in America.

About the author

Dominic Faulder
Dominic Faulder

Dominic Faulder was a special correspondent with Hong Kong-based Asiaweek up to its closure in late 2001, and is today an associate editor with the Tokyo-based Nikkei Asian Review.

Add comment

Institute for Strategy and Policy – Myanmar