Institute for Strategy and Policy – Myanmar

ဦးကြည်မောင်နှင့် ပတ်သက်၍ မျှမျှတတ သုံးသပ် ဆင်ခြင်ကြည့်ခြင်း

ကျွန်တော် ဦးကြည်မောင်နှင့် တွေ့ခဲ့ရသည်မှာ ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးနောက် တစ်လနီးပါးအကြာတွင် ဖြစ်ပါသည်။ ဦးကြည်မောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရရှိရန် ထိန်းသိမ်းပဲ့ကိုင် တာဝန်ခံခဲ့ရသူ တစ်ဦးဖြစ်သော်လည်း ထိုအချိန် (၁၉၉၀ ပြည့်နှစ် ဇူလိုင်တွင်) က နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ပါတီ၏ အနှိုင်းမဲ့ ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ အများစုက ချီးကျူး အမှတ်ပေးခဲ့ကြပါသည်။

“ဒေါ်စုမှာက ထူးခြားတဲ့ ဥပဓိရုပ်၊ အရည်အသွေး၊ သြဇာတိက္ကမနဲ့ ပြည့်စုံတယ်ဆိုတာ ခင်ဗျားလည်း ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့က အသက်ကြီးပါပြီ။ အပြင်မထွက်နိုင်တော့ဘူး။ ပန်းကုံးတွေနဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း မမျှော်လင့်တော့ပါဘူး။ ကျွန်တော်တို့ ကိုယ့်အကြောင်း ကိုယ်သိတယ်။ အဲဒီတော့ ဖြစ်နိုင်တာကိုပဲ လုပ်ခဲ့တယ်”ဟု ဦးကြည်မောင်က ကျွန်တော်ကို ပြောပြခဲ့ပါသည်။ ဒေါ်စု နေအိမ်အကျယ်ချုပ် မကျခံရမီ အချိန်ကပ်ပြီး ကျွန်တော် တွေ့ဆုံခွင့်ရခဲ့ပြီး “ရွေးကောက်ပွဲတိုင်းရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ သွေးအေးအေးနဲ့ ချင့်ချိန်တွေးဆရမှာပါ။ အဲဒါက လွှတ်တော်ခေါ်ဖို့လား၊ အခြေခံဥပဒေ မူကြမ်း ရေးဆွဲဖို့လား၊ ဒါမှမဟုတ် အစိုးရဖွဲ့ဖို့လား။ ဘာများဖြစ်မလဲ”ဟု မေးမြန်းခဲ့ရာ ဒေါ်စုက “ကျွန်မတို့ မသိသေးဘူး။ အဲဒါက ပြဿနာပဲ။ ဒါကြောင့်မို့လို့ အာဏာလွှဲပြောင်းပေးဖို့ သတ်မှတ်ချက် (ဥပဒေပုဒ်မ) တွေက အင်မတန် အရေးကြီးတယ်လို့ ပြောတာပေါ့။ ဘာတွေဖြစ်လာမလဲ ဆိုတာ မသိရဘူးဆိုရင် နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) အနေနဲ့ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းပေးမယ်လို့ ကျွန်မတို့ ယုံကြည်လို့ မရဘူး”ဟု ပြောခဲ့ပါသည်။

ယခုအခါ ဦးကြည်မောင် အနေဖြင့် မေးခွန်းများကို အဖြေပေးနိုင်ပြီဟု ကျွန်တော် မျှော်လင့်ခဲ့ပါသည်။ ထို့နောက် ဇွန် ၂၅ ရက်၌ ကျွန်တော်တို့ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး NLD ဗဟိုကော်မတီ၏ အချိန်နှောင်းခဲ့သည့် ကြေညာချက် ထုတ်ပြန်ပြီးနောက် ဇူလိုင် ၂ ရက်တွင် ထပ်မံ တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံခဲ့သည့် နှစ်ကြိမ်စလုံးမှာ မျိုးချစ် ရဲဘော်ဟောင်းများအဖွဲ့ချုပ်ရုံးလည်း ဖြစ်သည့် NLD ပါတီ ရုံးချုပ်အပေါ်ထပ်မှ ပြတင်းပေါက် မရှိ၊ ဖြစ်သလို အခန်းဖွဲ့ထားသော ရုံးခန်းတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ အခန်းမျက်နှာကြက်မှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးယိုနေပြီး လှေကားခွင်မှာလည်း အိုင်ထွန်းနေသော မိုးရေများ ရွှဲစိုနေသည့်အပြင် မရေမတွက်နိုင်သော ရွှံ့ခြေရာများလည်း ရှိနေပါသည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ခဲ့သည့်အတွက် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းက တပ်မှ ထုတ်ပယ်ခဲ့ပြီး သုံးကြိမ်တိုင်တိုင် ထောင်သွင်း အကျဉ်းချခဲ့ရသည့် ဗိုလ်မှူးကြီး ကြည်မောင်မှာ ထက်ထက်မြက်မြက်နှင့် ရိုးဖြောင့်နေဆဲပင် ဖြစ်ပါသည်။ ဦးကြည်မောင် အနေဖြင့် ကျွန်တော့်ကို လိမ္မာပါးနပ်စွာနှင့် စည်းစနစ်ကျစွာ ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံခဲ့သည်။ ဖာထေး ချုပ်လုပ်ထားသည့် ဟောင်းနွမ်း စုတ်ပြတ်နေသော စစ်အင်္ကျီကိုသာ ဝတ်ဆင်ထားသည့် ဦးကြည်မောင်တွင် ရိုးသားဖြောင့်မတ်မှုနှင့် ဖောက်ပြန်ခြင်း မရှိ၊ အဂတိလိုက်စားမှု မရှိသည်တို့ အထင်းသား ပေါ်လွင်နေပါသည်။ ပါတီကို နှစ်ခြမ်းခွဲပစ်ရန် ကြံစည်နေသည့် နဝတ၏ အောက်တန်းကျသော နည်းဗျူဟာနှင့် ပတ်သက်၍ “သူတို့က ကျွန်တော်တို့ကို ချေမှုန်းပစ်ဖို့ ကြိုးစားနေတာတွေကိုလည်း ရင်ဆိုင် ကျော်လွှားခဲ့ရတယ်။ ဒါပေမဲ့ ခွန်းတုံ့ပြန် ပြောဆိုခြင်းအားဖြင့် သူတို့အခွင့်အရေး ရသွားအောင် မလုပ်ခဲ့ဘူး။ အဲဒီတော့ သူတို့အပေါ် လူအများ ယုံကြည်လက်ခံနိုင်မှု ဆုံးရှုံးတာပေါ့”ဟု ဦးကြည်မောင်က ဆိုပါသည်။

အကြောင်းအရာပေါင်း မြောက်မြားစွာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြရာ နဝတ၏ စိတ်အခြေအနေ၊ ၎င်းတို့တွင် အပြစ်ရှိသည့်အတွက် လိပ်ပြာမလုံသည့် လက္ခဏာများ ရှိကြောင်း နှင့် ကိစ္စရပ်ပေါင်းများစွာ စနစ်တကျ မရှိ၊ ဖရိုဖရဲ ဖြစ်နေသေးသော်လည်း လက်လွှတ်လိုက်ရန် တွန့်ဆုတ်နေသည့် အကြောင်းများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆို ခဲ့ကြပါသည်။ ဦးကြည်မောင်က “အဓိပ္ပာယ် မရှိ၊ အခြေအမြစ် မရှိတာတွေကို သူတို့ရဲ့ သတင်းစာ၊ စာမျက်နှာတွေမှာ ဖော်ပြနေတာ လူတွေကလည်း တော်တော့်ကို ရွံနေပြီဗျ။ လူအများစုက မြန်မာ့အသံထက် ဘီဘီစီနဲ့ ဗွီအိုအေကိုပဲ နေ့တိုင်း နားထောင်ကြတာကို ခင်ဗျား တွေ့ရလိမ့်မယ်လို့ ကျွန်တော် ကျိန်းသေပြောရဲတယ်”ဟုလည်း ပြောခဲ့ပါသည်။

“စစ်တပ်ရဲ့စိတ်ထဲမှာ လက်စားချေ တုံ့ပြန်မှုဆိုတဲ့ မေးခွန်းတစ်ခုကပဲ အကြီးအကျယ် လွှမ်းမိုး ကြီးစိုးထားတယ် ဆိုရင်ရော”ဟု ကျွန်တော် မေးမြန်းခဲ့ရာ ဦးကြည်မောင်က “ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းရမယ့် တခြားပြဿနာတွေ အများကြီး ရှိသေးတယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ တကယ်တော့ နုရင်ဘတ်က စစ်ရာဇဝတ်မှုဆိုင်ရာ တရားခွင်တွေမှာ ဂျာမန် ဘယ်နှစ်ယောက် တရားရင်ဆိုင်ခဲ့ရလို့လဲ”ဟု ဖြေဆိုသွားခဲ့ရာ ထိုကဲ့သို့ တုံ့ပြန်မည်ဟု ကျွန်တော် မျှော်လင့် မထားခဲ့မိပါ။

ထို့ကြောင့် “ဒါဆို ရန်ကုန်မှာလည်း နုရင်ဘတ်တစ်ခု ရှိလာလိမ့်ဦးမယ်လို့ ခင်ဗျား ပြောချင်တာလား” ဟု ကျွန်တော် ထပ်ဆင့် မေးမြန်းခဲ့သောအခါ “ဟင့်အင်း။ လုံး၀ မဟုတ်ပါဘူး။ ဒီဆန္ဒမဲတွေကိုပဲ ကြည့်ပါဦးဗျာ။ ရိုးရိုးသာမန် ဗမာလူမျိုးတွေ အနေနဲ့ကတော့ အောက်ခြေအဆင့် တပ်သားတွေကိုတောင် ရန်ရှာဖို့ ကြိုးစားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ခင်ဗျားမေးတဲ့ အကွဲအပြဲလိုဟာမျိုးက အင်မတန် ချဲ့ကားထားတဲ့ ပြဿနာပါ။ ဘာမှမဟုတ်ပါဘူး။ ဒါတွေအားလုံးက ဝါဒဖြန့်တာတွေပါပဲ။ ဒါပေမဲ့ ခင်ညွန့်လို ထင်ပေါ်နေတဲ့ သြဇာအောက်မှာ ရှိနေတဲ့ လူမျိုးတွေကျတော့ သူတို့ကိုယ်သူတို့ နောက်ကျော မလုံဘူးလို့ ခံစားမိမှာပေါ့”ဟု ပြောခဲ့ပါသည်။

ဦးကြည်မောင် အနေဖြင့် ထိုစဉ်က ကမ္ဘာပေါ်ရှိ လျှို့ဝှက် ထောက်လှမ်းရေးသမားများအနက် နာမည်အကြီးဆုံးသူ တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အရိပ်အမြွက်၊ သွယ်ဝိုက် ရည်ညွှန်းခဲ့ခြင်းမှာလည်း အံ့သြစရာတော့ မဟုတ်ပါပေ။ အာဏာသိမ်း စစ်အစိုးရ၏ အတွင်းရေးမှူး (၁) သို့မဟုတ် S1 ဟု ခေါ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်မှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်ပြီး နိုင်ငံပိုင် မီဒီယာများ၌ အများဆုံး မြင်တွေ့ရသူ တစ်ဦးလည်း ဖြစ်ပါသည်။ သူ၏ သတင်းစာ ရှင်းလင်းပွဲများမှာ တစ်ခါတရံ အချိန် ၆ နာရီခန့်အထိ ကြာမြင့်တတ်ပြီး မဖြစ်နိုင်သော နိုင်ငံရပ်ခြားနှင့် လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့်သာ ပြည့်နှက် နေတတ်ပါသည်။

ဗမာ/မြန်မာနိုင်ငံ၌ ကျွန်တော် သတင်းရယူနေစဉ် အတောအတွင်း လူအတော်များများနှင့် ဖြစ်နိုင်သမျှ တွေ့ဆုံ စကားပြောဖြစ် ခဲ့ပါသည်။ ၁၉၈၈ လူထုအုံကြွမှုကြီး ပေါ်ပေါက်နေစဉ် အတောအတွင်းနှင့် နောက်ပိုင်း ကာလများတွင် ဦးနု၊ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ကိုမင်းကိုနိုင်၊ ဦးအုံးဂျော်၊ ဦးဒေးဗစ်အေဘယ်လ်၊ ဦးစောမောင်၊ စောဗိုလ်မြနှင့် အခြားသူများကိုပါ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ သို့ရာတွင် စိတ်ဆတ်သော ဗိုလ်ခင်ညွန့်မှာမူ ကျွန်တော့်ကို အမြဲတမ်း ရှောင်တိမ်းနေလေ့ ရှိပါသည်။

အဆိုပါ သီးသန့်တွေ့ဆုံမှုများ အပြီးတွင် နဝတ၏ သတင်းအချက်အလက် ထုတ်ပြန်ရေး ကော်မတီနှင့် ထူးဆန်းစွာ တစ်ကိုယ်တော် တွေ့ဆုံခဲ့ရပါသည်။ ထိုကော်မတီတွင် မြန်မာနိုင်ငံ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးညွန့် (ထီလာစစ်သူ) လည်း ပါဝင်ရာ ထိုသူမှာ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ၌ ဗိုလ်သံမဏိ ဟူသော ကလောင်အမည်ဝှက်ဖြင့် အစိုးရ၏ အတိုက်အခံများကို ဝေဖန်အပုပ်ချ တိုက်ခိုက်သည့် ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်ပါသည်။ ထိုစဉ်က လန်ဒန် Observer သတင်းစာမှ ဂျာနယ်လစ် ဖာဇက်ဘားဇော့ဖ်ကို အီရတ်အာဏာပိုင်များက ဖမ်းဆီး ကွပ်မျက်ခဲ့ခြင်းအား လျစ်လျူရှုထားသည်ဟု ထင်မြင်ယူဆသည့်အတွက် ထိုအကြောင်းကို Asian Wall Street  ဂျာနယ်တွင် ကျွန်တော် ဆောင်းပါး ရေးသားခဲ့ပါသည်။ ထို့အပြင် ကျွန်တော် ပုံမှန်ပါဝင် ရေးသားနေသည့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်အတွက်လည်း “ဗမာပြည်၏ စကားလုံး တိုက်ပွဲများ”ဟူသော ဆောင်းပါးတစ်ပုဒ် ရေးသားပေးခဲ့ပါသည်။

ဦးစိုးညွန့်က ကျွန်တော် သူ့အကြောင်း ထုတ်ဖော် ရေးသားခဲ့သည့်အတွက် ဒေါသထွက်နေရာ နဝတ၏ သတင်းအချက်အလက် ထုတ်ပြန်ရေးကော်မတီနှင့် တွေ့ဆုံမေးမြန်းခန်းမှာ တရားခွင် အသေးစားကလေးအဖြစ် ပြောင်းလဲသွားပြီး ကျွန်တော့်တွင်လည်း ရန်သူတစ်ယောက် တိုးလာပါတော့သည်။ ထို့နောက် ကျွန်တော်သည် အရှေ့ဖျား စီးပွားရေးဂျာနယ်၌ ဂျာနယ်လစ် အခွင့်အရေးကို အသုံးချကာ ဝေဖန်တိုက်ခိုက် ရေးသားထားပါသည်ဟု စွပ်စွဲပြီး တောင်းပန်စာ ရေးသားရန် ဦးစိုးညွန့်က တောင်းဆိုပြန်ပါသည်။ ထို့ကြောင့် ဤသတင်းအချက်အလက် အာဏာပိုင်ကြီးက ဦးစောမောင်၏ နားတော် ပေါက်အောင် ချောက်တွန်း ထားသည်မှာလည်း အထင်အရှား ပေါ်လွင်လာပါသည်။ ထိုစဉ်က အခန်းထဲ၌ သူနှင့်ကျွန်တော် နှစ်ဦးတည်း ရှိနေပြီး ကျွန်တော့် ဆောင်းပါးကို အရှေ့ဖျား စီးပွားရေးဂျာနယ်၏ မဟာပြိုင်ဖက် Asiaweek မဂ္ဂဇင်းအတွက် ပေးပို့ထားခြင်း ဖြစ်ကြောင်း ထိုပုဂ္ဂိုလ်ကြီး သတိမပြုမိရှာပါ။ ထို့နောက် အခန်းမှာလည်း ရုတ်ချည်း တိတ်ဆိတ် ခြောက်ကပ် သွားပါတော့သည်။

ကျွန်တော်နှင့် ဦးကြည်မောင်၏ တွေ့ဆုံ မေးမြန်းခန်းမှာ စာမျက်နှာ ၉ မျက်နှာ ရှိပြီး Asiaweek မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောအခါတွင် အကျဉ်းချုံး တည်းဖြတ်ထားသည်ကို တွေ့ရသည့်အတွက် ကျွန်တော် များစွာ စိတ်ပျက်ရပါသည်။ (အဆိုပါ အင်တာဗျူး အပြည့်အစုံကို စာမျက်နှာ-၄၄၀ တွင် ဖော်ပြထားပါသည်။ အယ်ဒီတာ) ထို့အပြင် နုရင်ဘတ် စစ်ခုံရုံးအကြောင်း တမူထူးခြားစွာ ကျွန်တော်တို့ ပြောဆို ဆွေးနွေးခဲ့သည့် နည်းတူ အခြားသော အရေးပါသည့် အကြောင်းအရာများကိုလည်း ပြောဖြစ်ခဲ့သည်ဟု ယူဆမိပါသည်။ သို့ရာတွင် အယ်ဒီတာများက ထိုအချက်ကို တည်းဖြတ် ဖြုတ်ပယ် ထားခဲ့ပါသည်။ ၎င်းတို့ အမြင်အရလည်း NLD အနေဖြင့် စစ်အစိုးရကို အရေးယူ ဆောင်ရွက်ရန် စီစဉ်ထားသည့် မည်သည့် အယူအဆမျိုးကိုမဆို ယင်းကဲ့သို့သော ဖြစ်ရပ်များ ပေါ်ပေါက်မလာစေရန် လျှိုထားလိုက်ခြင်းပင် ဖြစ်ကြောင်း သိသာ ထင်ရှားပါသည်။ ယနေ့ ထက်တိုင်ပင် အစိုးရအရာရှိ ဗျူရိုကရက်များနှင့် အခြား လေ့လာသူများသည် ဦးကြည်မောင်နှင့် ကျွန်တော်တို့က စစ်ခုံရုံး ပေါ်ပေါက်လာစေရန် ဇာတ်လမ်း ဇာတ်ကွက် ဆန်းကြယ်စွာဖြင့် ကြံစည် ပြုလုပ်ခဲ့သည်ဟု ထင်မြင်ယူဆနေကြဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ပြောဆိုဆွေးနွေးခဲ့သည်မှာ အထွေထွေရွေးကောက်ပွဲအကြောင်း နှင့် မြန်မာနိုင်ငံ၏ ထိန်းချုပ် ဟန့်တား ခံထားရသော ဒီမိုကရေစီ လိုလားသည့် လှုပ်ရှားမှုများ၏ တိုးတက်မှုများအကြောင်းသာ ဖြစ်သည်။ ထို တွေ့ဆုံမေးမြန်းခန်းမှ ဦးကြည်မောင် ဆိုလိုချင်သော အဓိပ္ပာယ်မှာလည်း ရှင်းလင်းပြီး မြန်မာနိုင်ငံသားများ အနေဖြင့် လက်စားချေရန် စိတ်မဝင်စားဘဲ အဓိပ္ပာယ်ပြည့်ဝသည့် တိုးတက်မှုကိုသာ လိုလားသည်ဟူသော အချက်ပင် ဖြစ်ပါသည်။

ထို့နောက် နဝတ၏ တုံ့ပြန်မှုမှာ နုရင်ဘတ် စစ်ခုံရုံးအကြောင်းကိုသာ ရည်ညွှန်းပြီး ထုတ်ဖော် ပြောဆိုခြင်းပင် ဖြစ်ပါသည်။ ဦးကြည်မောင်နှင့် ကျွန်တော့်ကိုလည်း ပထမအစတွင် ဦးစောမောင်၊ ထို့နောက် ဗိုလ်ခင်ညွန့်တို့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆို ပါတော့သည်။ ဗိုလ်ခင်ညွန့်ဆိုလျှင် မိမိ ဘယ်လိုလူစားမျိုးဆိုသည်ကို ဦးကြည်မောင် သိထားသင့်ကြောင်း ကြုံးဝါးသည်အထိ ဖြစ်ခဲ့ပါသည်။

အဆိုပါ သဘာဝမကျသည့် လွန်လွန်ကဲကဲ တုံ့ပြန်မှုမှာ Asiaweek မဂ္ဂဇင်းပါ တွေ့ဆုံ မေးမြန်းခန်းကြောင့် သက်သက်ချည်း မဟုတ်ဟု ဆိုရမည် ဖြစ်ပါသည်။ ထိုစဉ်က All India Radio ကလည်း နဝတကို ရုတ်တရက် ထိုးနှက် တိုက်ခိုက်လာပြီး နဝတအပေါ် အလွန်အမင်း ဆန့်ကျင် ဝေဖန်မှုများကို သူတို့၏ တိုင်းရင်းဘာသာဖြင့် ထုတ်လွှင့်နေချိန်လည်း ဖြစ်ပါသည်။ နှစ်အတန်ကြာပြီးနောက် ကျွန်တော်နှင့် အိန္ဒိယ သံအမတ်ကြီးတစ်ဦး တွေ့ဆုံသောအခါ  ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် ထိုကဲ့သို့သော ပြင်းထန် ရိုင်းပြသည့် ဝေဖန်မှုမျိုး မပြုလုပ်သင့်ဘဲ ပျော့ပြောင်း ညင်သာစွာ လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ယင်းကိစ္စကို အထူးသီးသန့် ရည်ညွှန်းခြင်းဟု အသေအချာ မပြောနိုင်သော်လည်း နယ်စပ် ပြဿနာများ ရှိနေသည့် နိုင်ငံနှစ်နိုင်ငံအတွက် ထိုကဲ့သို့သော ရေဒီယို ထုတ်လွှင့်မှုမျိုးမှာ မသင့်တော်ဟုလည်း ဆိုပါသည်။

ဦးကြည်မောင် အနေဖြင့် ခက်ခဲသော အချိန်ကာလများကို မုချ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အပြင် ကျွန်တော်တို့၏ တွေ့ဆုံမေးမြန်းခန်းမှာ All India Radio ၏ ထုတ်လွှင့်မှုလောက် မီးလောင်ရာလေပင့် မဖြစ်ခဲ့ကြောင်း ဗိုလ်ခင်ညွန့် ကောင်းစွာ ရိပ်စားမိပါသည်။ ထို့နောက် စစ်ထောက်လှမ်းရေးက ဦးကြည်မောင်ကို အခြားကိစ္စများဖြင့် အကြောင်းပြ၍ ဖမ်းဆီးလိုက်ပြီး စက်တင်ဘာလ၌ ထောင်ဒဏ် ချမှတ် လိုက်ပါတော့သည်။

၁၉၉၆ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တို့တွင် ကျွန်တော် ဦးကြည်မောင်ထံသို့ သွားရောက် လည်ပတ်ခဲ့ပါသည်။ တွေ့ဆုံခဲ့သည့် နှစ်ကြိမ်စလုံးတွင် လက်ဖက်ရည် သောက်ရင်း တစ်နာရီခန့် စကားစမြည် ပြောဆိုခဲ့ပြီး ခက်ခဲသည့် အခြေအနေအမျိုးမျိုးကြားမှ ကျပ်ကျပ်တည်းတည်း တွေ့ဆုံခဲ့ရခြင်း ဖြစ်ပါသည်။ ဦးကြည်မောင်မှာ ကျွန်တော်တို့ ပထမဆုံး နှစ်ကြိမ် တွေ့ဆုံခဲ့ပြီးကတည်းက ထောင်ဒဏ် နှစ်နှစ်ခွဲ ကျခံခဲ့ရပြီး ဖြစ်ပါသည်။ ယခု တွေ့ဆုံသည့် အခါတွင်မူ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအကြောင်းနှင့် နုရင်ဘတ်အကြောင်းလည်း ကျွန်တော်တို့ မဆွေးနွေးတော့ပါ။ ဦးကြည်မောင် အနေဖြင့်လည်း နိုင်ငံရေးကို စိတ်ကုန်သွားဟန်ရှိပြီး နိုင်ငံရေးအကြောင်း လုံး၀ မဆွေးနွေးတော့ပါ။ ထို့နောက် ၁၉၉၇ ခုနှစ်၌ NLD ပါတီ ဒု-ဥက္ကဋ္ဌအဖြစ်မှ ဦးကြည်မောင် နှုတ်ထွက်သွားခဲ့ပါသည်။ နောက်ဆုံးအချိန်အထိ အရာရှိတစ်ဦးနှင့် လူကြီးလူကောင်းတစ်ဦး ဖြစ်ခဲ့သည့် ဦးကြည်မောင် အနေဖြင့် သူနှင့်ဒေါ်စု၏ ခါးသီးသော ဆက်ဆံရေးအကြောင်းကိုလည်း တစ်လုံးတစ်ပါဒမျှ ကျွန်တော့်ကို ပြောမသွားခဲ့ပါ။

ကျွန်တော့်အနေဖြင့် ဦးကြည်မောင်ကို လေးစားအားကျ နှစ်ထောင်းအားရ ဖြစ်နေဆဲပင် ဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ဦးကြည်မောင်၏ အမြော်အမြင်ရှိသည့် အကြံဉာဏ်များကို ဆုံးရှုံးခဲ့ရသည့်အပြင် ဦးကြည်မောင်ကိုလည်း နှစ်ပေါင်းများစွာ အရေးမစိုက်ဘဲ မေ့မေ့ပျောက်ပျောက် ထားခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ဖြောင့်မတ် မှန်ကန်သော အရာများကို လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သူများမှာ အများ အထင်အမြင်သေး၍ ထောက်ထား လေးစားမှုမရှိဘဲ ဆက်ဆံခံရသည်ဟုသာ ဆိုရပါတော့မည်။

PLAYING FAIR WITH KYI MAUNG

BY DOMINIC FAULDER

I first met Kyi Maung nearly a month after the general election of 27 May 1990. He had been responsible for steering the National League for Democracy (NLD) to a landslide victory, but gave most of the credit to the party’s immensely popular leader, Aung San Suu Kyi, who was placed under house arrest the previous July.

“You know very well she is very charismatic,” Kyi Maung told me. “We are old people – we can’t go out and expect all those garlands and things … We know our limitations, and did what was possible.”

When I interviewed Suu Kyi shortly before her incarceration, we had pondered the purpose of any election. Was it to form a constituent assembly, and draft a constitution, or to form a government? What would happen?

“We don’t know; this is the problem,” she told me. “That’s why provisions for the transfer of power are so important. Unless we know how it will take place, we can’t really trust the [State Law and Order Restoration Council] to set up a democratically elected government.”

I hoped Kyi Maung would now be able to provide some answers. We met on 25 June and again on 2 July, by when the NLD central committee had belatedly issued a statement. On both occasions, the setting was a windowless, crudely partitioned upstairs room in the headquarters of the NLD and the Patriotic Old Comrades League. The ceiling was seeping moisture from the heavy early monsoon, and the staircase glistened with small puddles and countless muddy footprints.

Kyi Maung, the cashiered colonel who former dictator General Ne Win had imprisoned three times after opposing his coup in 1962, remained sharp and upright. He was engaging, and struck me as shrewd and principled. Even the obvious darned repairs to his threadbare tunic seemed to speak of integrity and incorruptibility. He talked of dirty tactics to split the party. “They tried to destroy us, and we got through all that. We didn’t retort, we didn’t give them anything. They lost their credibility.”

We discussed many things, including the SLORC’s state of mind, telltale signs of guilt, and its reluctance to let go with so much still in disorder. “They talk all sorts of rot in their [newspaper] columns, and people are simply disgusted,” said Kyi Maung. “I am quite sure you would find there are more people who daily listen to the BBC and VOA than their Voice of Myanmar.”

“Something that must play heavily on the military mind is the whole question of retribution,” I ventured. I was not expecting Kyi Maung’s reply: “I shall only say that there are so many problems which we must address. In actual fact, how many Germans stood at the war crimes trials in Nuremberg?”

“Are you saying there will be a Nuremberg in Rangoon?” I asked.

“No not at all. Look at those votes. I don’t think the average Burmese would try to foot soldiers. It’s a hugely exaggerated problem, like the split you asked about. It’s nothing. It’s all propaganda. Of course, people in the stature of Khin Nyunt might reasonably feel themselves pretty insecure.”

Kyi Maung’s allusion to Lieutenant General Khin Nyunt, the world’s most high profile secret policeman at the time, was not at all surprising. As the junta’s Secretary One, or S1, he was the head of military intelligence, the Directorate of Defence Services Intelligence (DDSI), with by far the greatest visibility in the state media. His press conferences sometimes ran to six hours, and were chocked full of improbable foreign conspiracies.

During my coverage of Burma/Myanmar, I had always spoken to as many people as possible. During the 1988 uprising and its aftermath, I had interviewed U Nu, Aung Gyi, Aung San Suu Kyi, Tin Oo, Min Ko Naing, Ohn Gyaw, David Abel, Saw Maung, Bo Mya, and many others. The prickly Khin Nyunt had always eluded me, however.

Towards the end of this particular visit, I had a bizarre solo encounter with the SLORC Information Committee. It included Soe Nyunt, the managing director of the News & Periodicals Enterprise who penned toxic columns in the Working People’s Daily under the pseudonym Bo Thanmani (‘General Steel’). One piece seemed to condone the execution in Iraq of Farzad Bazoft, a journalist working for The Observer in London. I wrote about this and more in The Asian Wall Street Journal. The story, ‘Burma’s War of Words’, was also run on the Burmese service of the BBC, to which I contributed regularly.

Soe Nyunt was livid with my exposing him, and turned the SLORC Information Committee interview into a mini show trial. I had certainly made a bad enemy. Soe Nyunt demanded I write an apology for my alleged journalistic transgressions in the Far Eastern Economic Review. The information czar pouring poison into the ear of Saw Maung, the SLORC chairman, was evidently the only person in the room unaware that I filed for its archrival, Asiaweek. The room suddenly emptied.

My interviews with Kyi Maung ran to nine pages, and I was very disappointed with the brief condensed version that finally appeared in Asiaweek. I considered the odd reference to Nuremberg less important than other matters we had covered, but this was overruled by the editors. From their point of view, it unambiguously put to rest any idea that the NLD planned to go after the military – as if any such thing would have been possible. Yet to this day, one comes across state apparatchiks and other observers who should know much better suggesting that Kyi Maung and I were hatching some weird plot for a war crimes tribunal — never mind the fact that we were discussing a general election and the progress of Myanmar’s shackled prodemocracy movement. Kyi Maung’s message from the interview was clear and simple: the people of Myanmar were not interested in retribution but in meaningful progress.

That said, the SLORC’s response to the mere mention of Nuremberg was revealing. Kyi Maung and I were roundly denounced on state television, first by Saw Maung, then by Khin Nyunt. The latter demanded to know what sort of man Kyi Maung considered him to be.

It has to be said that the absurd overreaction was not so much to the actual interview in Asiaweek, but to how it was beaten up by All India Radio, which was ferociously anti-SLORC in its vernacular broadcasts at this time. On a visit a few years later, the Indian ambassador told me that the official vitriol from India, the world’s largest democracy, had since been toned down. He did not confirm it was specifically related to this incident, but said such broadcasts were inappropriate, particularly when two countries share a common and problematic border.

Kyi Maung was certainly given a hard time, but Khin Nyunt must have seen that our interview was actually far less inflammatory than whatever had been broadcast on All India Radio. They went after Kyi Maung on other issues, and imprisoned him in September.

I visited Kyi Maung in 1996 and 1998. On both occasions, we talked for an hour or so over tea, strictly on background. Kyi Maung had spent five years in jail since our first two encounters. We did not discuss the interviews in 1990, or Nuremberg. He was in fact keen not to discuss politics at all. In 1997, he resigned as co-chairman of the NLD. An officer and gentleman to the last, he would reveal nothing to me of his soured relations with Suu Kyi.

I hold him in great admiration, and believe it is Myanmar’s loss that his wise counsel over the decades was not better heeded. But people who try to do the right thing in Myanmar are often very shabbily treated.

About the author

Dominic Faulder

Dominic Faulder was a special correspondent with Hong Kong-based Asiaweek up to its closure in late 2001, and is today an associate editor with the Tokyo-based Nikkei Asian Review.

Add comment

Institute for Strategy and Policy – Myanmar