တရားဥပဒေ စိုးမိုးရေး – ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများ၏ ရှင်းလင်းသော မျှော်မှန်းချက်၊ နိုင်ငံရေးအာသီသနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်

ရက်ပေါင်း ၁၀၀၊ တစ်နှစ်၊ ငါးနှစ် စသဖြင့် တရားဥပဒေစိုးမိုးမှု ထမြောက် အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ အချိန်မည်မျှ လိုအပ်ပါသနည်း။ ၂၀၁၆ ခုနှစ် အောက်တိုဘာလထုတ်၊ Myanmar Quarterly တွင် ရေးသား ဆွေးနွေးခဲ့ဖူးသည့်အတိုင်း NLD အစိုးရက ခံယူ သဘောပိုက်ထားသည့် “တရားဥပဒေစိုးမိုးမှု” နှင့်ပတ်သက်၍ များစွာ မရှင်းလင်းလှပါ။ Prasse-Freeman ထောက်ပြ ပြောဆိုခဲ့သည်မှာ အတိုက်အခံဘဝတွင် ဒေါ်အောင်ဆန်းစုကြည် ရှိနေစဉ်က “တရားဥပဒေစိုးမိုးမှု” ဟူသည် “ကမ္ဘာသုံး စံနှုန်းတစ်ခုဖြစ်ပြီး နိုင်ငံရေးနှင့် တရားဥပဒေ အခြေအနေ အရပ်ရပ်တိုင်းအတွက် စီစဉ်ရေးဆွဲထားခြင်း ဖြစ်သည်”ဟု ရည်ညွှန်းပြောဆို ခဲ့ဖူးပါသည် (Prasse-Freeman, 2014)။ ရွေးကောက်ပွဲ မတိုင်မီကတည်းက “တရားဥပဒေ စိုးမိုးရေးအတွက် NLD အစိုးရက မည်သို့ စီမံဆောင်ရွက်ပေးမည်ဟု ရှင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။ ထို့အပြင် နောက်ဆက်တွဲ အနေဖြင့် များပြားလှသည့် ရွေးကောက်ပွဲအကြို ကတိစကားများအနက် မည်သည့်အချက်က မြန်မာနိုင်ငံ၏ အခြေအနေမျိုးအတွက် ဦးစားပေးအချက် ဖြစ်သင့်သည်ဟူသော စစ်မှန်သည့် ခေါင်းဆောင်မှု၊ သို့မဟုတ် အာရုံခံစားမှုမျိုး မရှိခဲ့ပါ။ ထို့ကြောင့် အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ထားရခြင်း မရှိသေးသည့် အကြောင်းကိစ္စ တစ်စုံတစ်ရာ၏ တိုးတက်မှုကို မည်ကဲ့သို့ တိုင်းတာ အကဲဖြတ်နိုင်ပါမည်နည်း။ အပြန်အလှန်အားဖြင့်လည်း အောင်မြင်တိုးတက်မှုကို မည်သို့ တိုင်းတာ အကဲဖြတ်မည်ဟူသည့် အများသဘောတူ နားလည်မှုမျိုး မရှိခဲ့လျှင်လည်း ဖြစ်ပေါ်လာသည့် ထိုအကြောင်းကိစ္စ တစ်စုံတစ်ရာမှာ အောင်မြင်မှု မရနိုင်ပါ။

ယခုဆောင်းပါးမှာ “တရားဥပဒေစိုးမိုးမှု” အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နားလည် သဘောပေါက်မှု၊ တိုးတက် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရာ၌ ရင်ဆိုင် ကျော်လွှားရမည့်အရာများ၊ “တရားဥပဒေစိုးမိုးမှု” အပေါ် မြန်မာ ပြည်သူလူထု၏ နားလည် သဘောပေါက်မှုတို့ကို ဆန်းစစ်ဝေဖန် အကဲဖြတ်ထားပါသည်။ ထို့အပြင် မည်ကဲ့သို့ ရှေ့ဆက်တိုးတက် လုပ်ဆောင်ပါမည်နည်းဟူသော မေးခွန်းကို သိရှိ နားလည်ထားရန်လည်း လိုအပ်ပါသည်။

■ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများ

အရိုးရှင်းဆုံး ဖော်ပြရမည်ဆိုပါက လူအများစု နားလည် သဘောပေါက်ထားသည့် တရားဥပဒေ စိုးမိုးမှုဟူသည် အပြန်အလှန် ပတ်သက် ဆက်နွယ်မှုရှိသော အနေအထားများကို စုဖွဲ့ထားသည့် အစီအစဉ်တစ်ခုပင် ဖြစ်ပါသည်။

(၁)     အစိုးရကိုယ်တိုင် လိုက်နာ ကျင့်သုံးသည့် ဥပဒေ ဖြစ်ရမည်။ (တရားဥပဒေ အထက်တွင် မည်သူမှ မရှိစေရ)

(၂)     တရားဥပဒေ ရှေ့မှောက်တွင် လူတိုင်းလူတိုင်း တန်းတူညီမျှခွင့် ရှိရမည်။ (လွတ်လပ်စွာ တရားစီရင်ရေး)

(၃)     တရားရုံးများသည် လူတိုင်း ဝင်ထွက် ပေါက်ရောက်နိုင်မှု၊ မျှတမှုနှင့် စွမ်းဆောင်နိုင်မှု ရှိရမည်။

(၄)     တရားဥပဒေများသည်လည်း ရှင်းလင်းပြတ်သားပြီး လူ့အခွင့်အရေးကို ကာကွယ်ပေးရမည်။

မည်သို့ပင်ဖြစ်စေ  တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လက်ခံထားကြသည့် အချက်မှာ “တရားဥပဒေစိုးမိုးမှု” ဟူသည် တည်ငြိမ်သည့် အစိုးရအုပ်ချုပ်မှုတစ်ရပ် ဖန်တီးနိုင်ရန် ထောက်ကူ ပေးနိုင်ရမည့်အပြင် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံချက်များကိုလည်း အထမြောက် အောင်မြင်နိုင်စေရမည် ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်၍ လူအများစု လက်ခံထားကြသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များမှာ ကိုဖီအာနန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ယူခဲ့စဉ်က ထုတ်ပြန် ကြေညာခဲ့သည့် အချက်အလက်များပင် ဖြစ်ပါသည်။

ထိုကြေညာချက်တွင် “အစိုးရ အုပ်ချုပ်မှုတစ်ရပ်၏ ဥပဒေသတစ်ခု၌ လူများ၊ အင်စတီကျူးရှင်းများ၊ တရားဥပဒေအရ သီးခြားရပ်တည်နေသော အဖွဲ့အစည်းများ၊ နောက်ဆုံး နိုင်ငံတော်ကိုယ်တိုင် တရားဥပဒေအပေါ် လေးစားလိုက်နာ တာဝန်ယူ တာဝန်ခံရမည် ဖြစ်ပါသည်။ ထို့အပြင် တရားဥပဒေများကို လူသိရှင်ကြား ထုတ်ပြန်ကြေညာ ပြဋ္ဌာန်းခြင်း၊ တန်းတူညီမျှ အတည်ပြု လိုက်နာ ဆောင်ရွက်စေခြင်းနှင့် သီးခြားလွတ်လပ်စွာ စီရင် ဆုံးဖြတ်နိုင်ခွင့်တို့ ရှိရမည့်အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်လည်း တစ်သားတည်း ဖြစ်ရမည် ဖြစ်ပါသည်။ ထို့နောက် စီမံဆောင်ရွက်မှုများမှာလည်း တရားဥပဒေအရ အမြင့်ဆုံးသော အာဏာပိုင်စိုးမှု၊ တရားဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှု၊ တရားဥပဒေအရ တာဝန်ယူ တာဝန်ခံမှု၊ တရားဥပဒေကို လိုက်နာ ကျင့်သုံးရာတွင် မျှတမှု၊ အာဏာခွဲေ၀ သုံးစွဲမှု၊ အရေးပါသည့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ပူးပေါင်းပါဝင်မှု၊ တရားဥပဒေအရ တိကျသေချာမှု၊ အဂတိတရား မကင်းသည့် ဆုံးဖြတ်ချက်များကို ရှောင်ကြဉ်မှုနှင့် လုပ်ငန်းစဉ်နှင့် တရားဥပဒေအရ ပွင့်လင်းမြင်သာမှု စသည့် အခြေခံဥပဒေသများကို စွဲမြဲစွာ ထိန်းသိမ်း လိုက်နာကြောင်း သေချာစေရပါမည်”ဟု ဖော်ပြထားပါသည် (Secretary General to the Security Council, 2004)။

အဆိုပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပြည်တွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက  NLD အစိုးရ၏ ပထမဆုံးနှစ်မှာ အောင်မြင်မှု မရကြောင်း ကြေညာခဲ့ကြပါသည်။ ထို့ပြင် NLD အစိုးရက ရိုဟင်ဂျာ (ဘင်္ဂါလီ) တို့၏ အခွင့်အရေးကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့မှု၊ နိုင်ငံတကာနှင့် သက်ဆိုင်လာခဲ့သည့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူများကို အနှောင်အဖွဲ့မရှိ လွတ်လပ်စွာ ကူညီခွင့်မပြုမှု၊ နိုင်ငံရေးသဘော သက်ဝင်သည့် တစ်ဖက်သတ် ဆုံးဖြတ် ဖမ်းဆီးချုပ်နှောင်မှုများအား အဆုံးသတ်ရန် ပျက်ကွက်မှုတို့အတွက် ပူးတွဲ မဟာဗျူဟာလေ့လာရေးအဖွဲ့(JST) မှသည် ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီ၊ ဒလိုင်းလားမားနှင့် ပုပ်ရဟန်းမင်းကြီးတို့အထိ ပစ်ပစ်ခါခါ ဝေဖန်ခဲ့ကြပါသည် (UHCHR, 2017; Amnesty International, 2017, April 20)။ ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားများအပေါ် မြန်မာ လက်နက်ကိုင် တပ်ဖွဲ့များ၏ ပစ်မှတ်ထားမှု ပိုမို မြင့်တက်လာခြင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ၌ ရဲကင်းစခန်းများကို ရိုဟင်ဂျာ (ဘင်္ဂါလီ) တို့ ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း ရိုဟင်ဂျာ (ဘင်္ဂါလီ) ကျေးရွာများကို ကြောက်မက်ဖွယ် အကြမ်းဖက်ဖြိုခွင်းမှု၊ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင် ပတ်သက်နေသည့် အမှုကိစ္စများကို ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေး စနစ်တို့က ဖမ်းဆီး အမှုစစ်ဆေးရန် ပျက်ကွက်ခြင်း စသည်တို့ကြောင့်လည်း NLD အစိုးရအနေဖြင့် အပြောင်းအလဲ အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြင်ပအဖွဲ့အစည်းများက ထောက်ပြ ဝေဖန်ခဲ့ကြပါသည်။

အဆိုပါ စိတ်ပျက်လက်ပျက် ဖြစ်ရမှုသည် သစ္စာဖောက်ဖျက်မှု သာ မဟုတ်ခဲ့လျှင် “ဒီမိုကရေစီ  အမှတ်သင်္ကေတ” ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာမှ ထောက်ခံသူများအနေဖြင့် ဒေါ်စုက စစ်တပ်၏ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာများ၏ သားကောင် ဖြစ်ခဲ့ရသည့် တိုင်းရင်းသား လူမျိုးများအပေါ် ကာကွယ်ပေးရန် ပျက်ကွက်မှုကြောင့် စိတ်မသက်မသာ ခံစားခဲ့ကြရပါသည်။ ထို့သို့ စစ်တပ်၏ မဟာဗျူဟာများကို ပြစ်တင် ရှုတ်ချရန်၊ သို့မဟုတ် ဂျာနယ်လစ်များ၏ အခွင့်အရေးများအပေါ် ရပ်တည် ကာကွယ်ပေးရန်မှာ မိမိကို နိုင်ငံရေး ခေါင်းဆောင်ဖြစ်သည်ဟု နားလည်မှု လွဲမှားနေခြင်း၏ ရလဒ်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သည့် ဘီဘီစီ သတင်းဌာနမှ ဖာဂယ်လ်ကီန်းနှင့် တွေ့ဆုံမေးမြန်းခန်း၌ “ဒါပေမဲ့ ဘာကို ဘယ်လို ပြစ်တင်ရှုတ်ချရမလဲ။ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုပါ ဆိုတာကရော ဘာကို ဆိုလိုပါသလဲ”ဟု  စိတ်ရှုပ်ထွေးနေသည့် ပုံစံဖြင့် ပြန်လှန် မေးခွန်းထုတ်ခဲ့ပါသည် (BBC, 2017, April 5)။

သိသာ ထင်ရှားသည့်အချက်မှာ ဖာဂယ်လ်ကီးန်းနှင့် အဆိုပါ တွေ့ဆုံမေးမြန်းခန်းကိုပင် မြန်မာဘာသာဖြင့် ဖော်ပြရာ၌ လုံး၀ ကွဲပြားခြားနား နေခဲ့ပါသည်။ ထို မြန်မာဘာသာဖြင့် ဖော်ပြချက်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ပို၍ သက်သောင့်သက်သာ ဖြစ်နေပြီး နိုင်ငံတကာ အဖွဲ့အစည်းများ ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး လွတ်လပ်စွာ မေးမြန်းစုံစမ်းရန် မိမိဘာကြောင့် ခွင့်မပြုခဲ့ဟူသော မေးခွန်းကို တုံ့ပြန်ဖြေဆိုရာ၌ ယခုအချိန်မှာ သင့်တော်သည့်အချိန် မဟုတ်ဟု ရိုးရှင်းစွာ ဖြေဆိုသွားခဲ့ပါသည် (BBC Burmese, 2017, April 6)။ အဆိုပါ  ကွဲပြားခြားနားချက်မှာ အရေးပါပြီး ဤအတိုင်း ပျောက်ဆုံး မသွားသင့်ပါ။ လူ့အခွင့်အရေး တိုးတက်ဖြစ်ထွန်းမှု မရှိသည့်အတွက် နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချမှုများက NLD အစိုးရအပေါ် အထိမနာစေခဲ့ခြင်းမှာလည်း လူ့အခွင့်အရေး ဆုံးရှုံးမှုရှိခြင်းကို ဗမာလူမျိုး အများစုက လက်မခံကြခြင်းကြောင့်ပင် ဖြစ်ပါသည်။ ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စ၊ ပိုမိုကြီးမားသော အတိုင်းအတာ ပမာဏရှိသည့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသား လူနည်းစုများ၏ ကိစ္စတို့သည် မြန်မာနိုင်ငံရှိ လူဦးရေ အများစုအတွက် ကြီးမားသော စိုးရိမ်ပူပန်စရာ ကိစ္စရပ် မဟုတ်ခဲ့ပါ။ ထို့အပြင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ တိုင်းရင်းသား လူနည်းစုများ၏ မဲဆန္ဒနယ် ၁၉ နယ် ရှိသည့်အနက် NLD ပါတီက ၉ နေရာသာ အနိုင်ရရှိခဲ့ပြီး ပါတီနှင့် ပါတီခေါင်းဆောင်များ အနေဖြင့် လူထုထောက်ခံမှု အများစုရရှိခဲ့သည့် နေရာများမှာလည်း မြန်မာလူမျိုးအများစု နေထိုင်ရာ ဒေသများတွင်သာ ဖြစ်ပါသည် (Mizzima, 2017, April 3)။

တစ်ချိန်တည်းမှာပင် NLD  အစိုးရ အနေဖြင့် နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်နေမှုများကို ချက်ချင်း ပြောင်းလဲပစ်လိုသည့်ဆန္ဒ ရှိခဲ့သည်ဆိုလျှင်သော်မှ စစ်တပ်၏ လုံခြုံရေးနှင့် အုပ်ချုပ်ကွပ်ကဲမှုဆိုင်ရာ လိုအပ်ချက်များအရ စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထုနှင့် သက်ဆိုင်သည့် အမိန့်၊ လုံံခြုံရေးနှင့် တရားဥပဒေ စနစ်တို့ကို ပြီးမြောက် ပြည့်စုံအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် တာဝန်ရှိသည့် အရေးပါသော (ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေး) ဝန်ကြီးဌာနများကိုလည်း စစ်တပ်က ချုပ်ကိုင်ထားဆဲ ဖြစ်ပါသည်။ သို့ဖြစ်၍ ဦးမြင့်ဆန်းက “လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ် တစ်ခုလုံးကို စစ်တပ်က ပုံစံအမျိုးမျိုးဖြင့် အလုံးစုံ လွှမ်းမိုးနေခြင်းမှာ တရားစီရင်ရေးစနစ် တစ်ခုလုံး၌ ခိုင်မာ အမြစ်တွယ်နေပေပြီ။ အနာဂတ်တွင်လည်း အဆိုပါ တရားစီရင်ရေးအပေါ် လွှမ်းမိုး ချုပ်ကိုင်ထားမှု လျော့ပါးသွားမည့် လက္ခဏာ မမြင်မိပါ”ဟု မှတ်ချက်ပြုခဲ့ပါသည် (San, 2017)။

■ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ မူဘောင်များ

တရားဥပဒေစိုးမိုးမှု ပိုမို အားကောင်းလာစေသည့် အစီအစဉ်များမှာ ၁၉၉၀ ပြည့်လွန် နှစ်များကတည်းက အနောက် အင်အားကြီးနိုင်ငံများက တတိယကမ္ဘာနိုင်ငံများကို ပေးအပ်သည့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီများထဲတွင် တစ်ပါတည်း ပါဝင်လာသော အကြောင်းအရာများ ဖြစ်ကြပါသည်။ အစိုးရတစ်ရပ်၏ အုပ်ချုပ်မှု တိုးတက်စေရန်အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများက စာရင်းအင်းပိုင်းမှ ချဉ်းကပ်မှုတစ်ခု ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် အစိုးရအဖွဲ့များက ပိုမိုကောင်းမွန်သည့် ဥပဒေကြမ်းများ ရေးဆွဲရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများက တိုက်ရိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်း၊ တရားသူကြီးများနှင့် အစိုးရရှေ့နေ (ဆွဲချ) များကို လေ့ကျင့်ပေးခြင်း၊ တည်ငြိမ်သည့် ဒီမိုကရေစီ စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် အထက်မှအောက် အဆင့်ဆင့်သို့ တရားဥပဒေဆိုင်ရာ ချဉ်းကပ်မှုဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို အထောက်အပံ့ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်လာသည့် နိုင်ငံများကို ကြည့်လျှင် ထိုတိုင်းပြည်များသည် အာဏာရှင်စနစ်များမှ အသွင်ကူးပြောင်းခဲ့ခြင်း ဖြစ်ရာ နိုင်ငံသားများ၏ အခွင့်အရေးကို အာမခံသည့် ဥပဒေမျိုးဖြစ်ရန်၊ အဆိုပါ ဥပဒေများကို ကာကွယ်ပေးနိုင်မည့် တရားဥပဒေစနစ် တစ်ခု ဖန်တီးရန်နှင့် သီဝရီအရ ဆိုပါက အာဏာ အလွဲသုံးစားပြုမှုကို လျှော့ချ ဖြတ်တောက်ရန် စသည့် ချဉ်းကပ်မှုများ လိုအပ်ပါသည်။ အရေးပါသည့် အချက်မှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အစီအစဉ်များသည် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်ပြီး ဥပဒေအရလည်း အကာအကွယ်ပေးနိုင်သည့် တည်ငြိမ်သော တရားရေးစနစ်များ ဖန်တီးပေးရန်ပင် ဖြစ်ပါသည်။

သို့ရာတွင် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများက အဆိုပါ အထက်မှအောက်သို့ အဆင့်ဆင့် တရားဥပဒေအတိုင်း အတိအကျ လိုက်နာစေသည့် အစီအစဉ်များသည် ဆင်းရဲနွမ်းပါးသူ၊ ချို့ယွင်းချက် အားနည်းချက် ရှိသူများကို ဖယ်ချန်ထားခဲ့ပြီး တိုင်းပြည်တွင်းရှိ လူများစုအတွက် သင့်လျော်သည့် တရားမျှတမှု (ဒီမိုကရက်တစ် ပူးပေါင်းဆောင်ရွက်မှု) မရရှိစေခဲ့ပါ။ ထိုဥပဒေများသည် လူထု လူများစုအတွက် ဆင်းရဲနွမ်းပါးမှု လျော့ပါး သက်သာစေခြင်း မရှိသည့်အပြင် တိုင်းပြည်အတွင်းရှိ မတည်မငြိမ်ဖြစ်မှုနှင့် အကြမ်းဖက်မှု တို့ကိုလည်း မကာကွယ်နိုင်ခဲ့ပါ။ ထို့နောက် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဒုတိယ မူဘောင်ဖြစ်သည့် “ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းပေးမှု”၊ သို့မဟုတ် “တရားမျှတမှုကို အကဲဖြတ်ခွင့်” ကို အဓိကထား ဆောင်ရွက်လာခဲ့ ပြန်ပါသည်။ ဂူးလပ်ဘ်၏ အဓိပ္ပာယ်ဖွင့်ဆိုမှုအရ “ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းပေးမှု” ဖြင့် ချဉ်းကပ်ရာ၌ တရားဥပဒေစိုးမိုးမှုကို အောက်ခြေမှ အထက်အဆင့်ဆင့်သို့  “ဥပဒေကို အသုံးပြု၍ ပိုမိုထိန်းချုပ် လာနိုင်မည်ဖြစ်ပြီး ချို့ယွင်းချက်၊ အားနည်းချက် ရှိသူများ အနေဖြင့်လည်း ဘဝကို ကောင်းမွန်စွာ ရပ်တည်လာနိုင်မည် ဖြစ်ပါသည်”ဟု ဖော်ပြခဲ့ပါသည် (Golub, 2003)။ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အစီအစဉ်များသည် “တရားမျှတမှုကို အကဲဖြတ်ခွင့် တိုးတက်လာပြီး ဥပဒေရေးရာ လုပ်ငန်းဆောင်တာများ၊ တရားဥပဒေဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ၊ ဥပဒေနှင့် လူ့အခွင့်အရေးတို့အပေါ် သတိပြုမှု၊ ဆင်းရဲနွမ်းပါးသူများနှင့် ချို့ယွင်းချက်၊ အားနည်းချက် ရှိသူများနှင့် သက်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ဆောင်မှုများကို ထောက်ကူ ပေးနိုင်ရပါမည် (UNDP Indonesia, 2017)။

အရေးပါသည့် အချက်မှာ “ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းပေးမှု”အရ ချဉ်းကပ်ခြင်းကြောင့် တရားဝင် တည်ရှိသည့် တရားဥပဒေ စနစ်မှတဆင့် တရားမျှတမှုကို ရရှိနိုင်မည်သာမက ထုံးတမ်းစဉ်လာ ဥပဒေနှင့် ရှေးရိုးစဉ်လာအရ အငြင်းပွားမှုကို ဖြေရှင်းသည့် အလေ့အကျင့်တို့ကိုလည်း အသိအမှတ် ပြုနိုင်ပါလိမ့်မည်။ တိုင်းရင်းသားလူမျိုး မတူကွဲပြားမှုများရှိပြီး အခွန်ဘဏ္ဍာ ရင်းမြစ်လည်း မလုံလောက်သည့် မြန်မာနိုင်ငံကဲ့သို့သော တိုင်းပြည်တစ်ပြည်၌ အဆိုပါ တရားဝင်သဘောမျိုး မဟုတ်သည့် တရားစီရင်ရေး စနစ်များမှာ အရေးပါ ပါလိမ့်မည်။ သို့သော်လည်း ထိုအချက်ကို အစိုးရနှင့် နိုင်ငံသားများက မဖြစ်မနေ အသိအမှတ် ပြုရမည်ဖြစ်ပြီး တရားဥပဒေအရ တန်းတူညီမျှမှုရှိသည့် ပုံမှန်တရားရုံးများတွင်လည်း စောဒကတက်ခွင့် ရှိရပါမည်။

မကြာမီကမှ ဒီမိုကရေစီ အသွင်ကူးပြောင်းသွားခဲ့သည့် နိုင်ငံတစ်ချို့နှင့် ကမ္ဘာ့နိုင်ငံအများစု ဖြစ်သည့် ကွန်မြူနစ်ခေတ်နှောင်းပိုင်း ရုရှားနိုင်ငံ၊ အရှေ့ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှတိုက် အချို့နေရာများသည် အချိန်များ ကုန်လွန်သွားခဲ့သည့်နောက် အမိန့်ပေး အာဏာပြအုပ်ချုပ်မှု ပုံစံသစ်အဖြစ် ပုံစံပြောင်းလဲ သွားခဲ့ကြပါသည်။ ခွဲခြမ်းစိတ်ဖြာ လေ့လာသူတချို့က တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ အစီအစဉ်များ၊ အုပ်ချုပ်ရေး စနစ်သစ်များအကြားမှ  ဆက်သွယ်မှုတစ်ခုကို  တွေ့ရှိခဲ့ကြရာ ထိုကဲ့သို့  ချမှတ်ကျင့်သုံးမှုမျိုးကို “ခိုးကြောင် ခိုးဝှက် အမိန့်ပေး အာဏာပြစနစ်”ဟု ဗာဇိုလ်က အမည်ပေးခဲ့ပါသည်။ သာဓကတစ်ချို့ ပြရမည်ဆိုပါက ပူတင်၏ ရုရှားနိုင်ငံ၊ တူရကီနှင့် ဟန်ဂေရီတို့မှ လတ်တလော အဖြစ်အပျက်များ၊ တရားမျှတမှုကို အကဲဖြတ်ရာ၌ မညီမျှမှုနှင့် နိုင်ငံရေးအရ ရန်ပုံငွေ ထောက်ပံ့ခြင်းကို ကန့်သတ်မှုများ မလုပ်နိုင်သည့်အတွက် ထရမ့်၏ သမ္မတ အမိန့်ဒီဂရီဖြင့် အုပ်ချုပ်ခံနေရသည့် အမေရိကန်ပြည်ထောင်စုတို့ပင် ဖြစ်ကြပါသည်။

ထိုနိုင်ငံများကို “ခေတ်သစ် အမိန့်ပေး အာဏာပြစနစ်”ကို ကျင့်သုံးသည့် နိုင်ငံများဟု ဆိုရမည်ဖြစ်ပြီး “တူညီသော တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း နည်းလမ်းများအပေါ် မှီခိုနေကြောင်း လေ့လာတွေ့ရှိရပြီး ဒီမိုကရက်တစ် နိုင်ငံများပင် ဖြစ်သော်လည်း မိမိတို့၏ အုပ်ချုပ်မှု ထာဝရတည်ရှိနေစေရန် ကြိုးပမ်း လုပ်ဆောင်လာကြသည်ကို တွေ့ရပါသည်။ ထို့ကြောင့် တိုက်ရိုက် ဖိနှိပ်ချုပ်ခြယ်မှုက အလားအလာရှိသည့် ရွေးချယ်စရာတစ်ခု ဖြစ်မလာတော့သောအခါ ခိုးကြောင်ခိုးဝှက် အမိန့်ပေး အာဏာပြစနစ်က အာဏာကို အမြစ်တွယ် ခိုင်မာစေရန် ကာကွယ်သည့် နည်းလမ်းတစ်ခု ဖြစ်လာပါသည်။ ခိုးကြောင်ခိုးဝှက် အမိန့်ပေး အာဏာပြစနစ်၏ အလေ့အထများမှာ တရားဥပဒေကို အသုံးပြုပြီး ပိုနေမြဲကျားနေမြဲ အခြေအနေကို အမြစ်တွယ် ခိုင်မာစေရန်၊ လက်ရှိ တာဝန်ရှိသူများကို အဓိပ္ပာယ်ပြည့်ဝသည့် ဒီမိုကရက်တစ် စိန်ခေါ်မှုများမှ ပိုင်းခြား ကာကွယ်ပေးရန်နှင့် အင်အားကြီးပါတီ၊ သို့မဟုတ် တစ်ပါတီစနစ် ဖန်တီးမှုကို လမ်းကြောင်း ဖော်ဆောင်ပေးရန် ဖြစ်ပါသည်ဟု ဗာဇိုလ်က ရေးသားခဲ့ပါသည် (Vozol, 2015)။

အဆိုပါ လမ်းကြောင်းကို ဖက်ပြိုင် တိုက်ခိုက်နိုင်မည့် သဘောတူညီထားပြီး မူဘောင် မရှိသော်လည်း တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အစီအစဉ်များကို တတိယမြောက် ပြင်ဆင်တည်းဖြတ်မှု ဖြစ်လာနိုင်သည့် အရေးပါသော သင်ခန်းစာနှစ်ခု ပေါ်ထွက်လာပါသည်။ ပထမတစ်ခုမှာ “တက်ကြွသော နိုင်ငံသားများ”၊ သို့မဟုတ် နိုင်ငံသားများက ဒီမိုကရေစီစနစ်အပေါ် နက်နက်ရှိုင်းရှိုင်း သတိပြုမိလာပြီး မိမိတို့က ရွေးချယ် တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များ၏ အယူအဆ သဘောထားများကို သိရှိစေရန် တက်တက်ကြွကြွ ထိတွေ့ဆက်ဆံလာခြင်းပင် ဖြစ်ပါသည် (Green, 2008) ။ မဲရုံနှင့် နိုင်ငံရေးပါတီများ၏ မူဝါဒများအကြားမှ ဆက်နွယ်မှုနှင့် နိုင်ငံသားများကလည်း မိမိတို့၏ တာဝန်ဖြစ်သည့် အခွန်ဆောင်ခြင်းအားဖြင့် ထိုမူဝါဒများကို သေချာပေါက် အကောင်အထည် ဖော်နိုင်မည်ဆိုသည်မှာ အရေးပါသည့်အချက် ဖြစ်ပါသည်။ ဒီမိုကရေစီ စနစ်သစ်များကို မရှိမဖြစ်လိုအပ်သည့် လူမှုရေး လုပ်ငန်းဆောင်တာများအတွက် ရန်ပုံငွေ ထောက်ပံ့ပေးခြင်းအားဖြင့် အဆိုပါ ဆက်နွယ်မှု ကျိုးပြတ်သွားခြင်း (မဖန်တီးနိုင်ခြင်း) ဖြစ်နိုင်သည်ဟူသော အချက်ကိုလည်း ယခင်ကတည်းက အငြင်းပွားခဲ့ကြပါသည်) (Easterly, 2014)။ ဒုတိယအချက်မှာ အစိုးရအဖွဲ့ အင်စတီကျူးရှင်းများ အနေဖြင့် တသီးပုဂ္ဂလ၊ သို့မဟုတ် ပါတီ၏ စွက်ဖက် နှောက်ယှက်မှုကို လျှော့ချ ဖြတ်တောက်နိုင်သည်အထိ အင်အားကောင်းရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ အဆုံးစွန်ထိ လွတ်လပ်မှု၊ ကောင်းစွာ လေ့ကျင့်ထားပြီး လစာကောင်းကောင်း ပေးထားသည့် ဝန်ထမ်း အဖွဲ့အစည်းများ ဖြစ်ရမည်ဟူသည့် အဓိပ္ပာယ် ဖြစ်ပါသည်။ အစိုးရအဖွဲ့များသည် တည်ဆဲ လုပ်ထုံးလုပ်နည်းများကို လေးစားပြီး ထိုအတိုင်း လိုက်နာ ဆောင်ရွက်ရမည့်အပြင် အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (ပြင်ဆင်ရေးဆွဲခြင်း မပြုရသေးသည့် အချိန်အထိ) ဖြစ်ပြီး သို့မှသာလျှင် အဆိုပါ အင်စတီကျူးရှင်းများ အနေဖြင့် မိမိတို့၏ မြဲမြံခိုင်မာသော ရပ်တည်မှုကို ဆက်လက် ထိန်းသိမ်းနိုင်မည် ဖြစ်ပါသည်။ အသစ် ပေါ်ပေါက်လာသည့် ဒီမိုကရေစီ စနစ်များသည်လည်း များသောအားဖြင့် ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက်များ ရှိပြီး အထူးသဖြင့် စစ်တပ်၏ အခန်းကဏ္ဍ ဆက်လက် တည်ရှိနေမှုကို သေချာစေရန် ရေးဆွဲထားသည့် အခြေခံဥပဒေမျိုးတွင် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် ကံကောင်းခဲ့သည်မှာ နိုင်ငံတကာမှ ထောက်ပံ့ကူညီရေး အစီအစဉ်များကို လက်ခံရရှိခဲ့ချိန်၌ အဆိုပါ ချဉ်းကပ်မှုများ အားလုံးထံမှ သင်ခန်းစာများကို လေ့လာ သင်ယူနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ဆောင်းပါးအစမှ အစိုးရ၏ တရားဥပဒေ စိုးမိုးမှုအပေါ် နားလည် သဘောပေါက်မှုများဟူသည့် မေးခွန်းကို  ပြန်ကောက်ရလျှင် Rule of Law ဟူသည့် “တရားဥပဒေ စိုးမိုးရေး”နှင့် အမိန့်ပေး အာဏာပြစနစ် တစ်ဖြစ်လဲ “ငြိမ်ဝပ်ပိပြားရေး”တို့အကြား အားပြိုင်မှုတစ်ခု ရှိနေပါသေးသည်။ NLD အစိုးရအနေဖြင့် ဦးသိန်းစိန်အစိုးရ ဆောင်ရွက်ခဲ့သည့်အတိုင်း “တရားဥပဒေ စိုးမိုးရေး”နှင့် “ငြိမ်ဝပ်ပိပြားရေး”တို့အကြားမှ လမ်းကြောင်းပေါ် လျှောက်လှမ်းနေဟန်ရှိပြီး စစ်တပ်ကလည်း စစ်မှန်ခိုင်မာသည့် ဒီမိုကရေစီစနစ် အဆင့်တစ်ချို့ကို ခွင့်ပြုလာခိုက် ပဋိပက္ခများကို ရှောင်ရှားရန် ကြိုးပမ်းနေရပါသည်။ မည်သို့ပင်ဖြစ်စေ အကောင်အထည် မည်မည်ရရပြနိုင်ပြီး ရေရှည် တည်တံ့မည့် စစ်မှန်သော ပြောင်းလဲမှုများရှိသည့် တရားစီရင်ရေးစနစ်က ပြည်သူများ လိုလား တောင့်တနေသည့် တိကျပြတ်သားသော မျှော်မှန်းချက်နှင့် အားကောင်းသည့် ခေါင်းဆောင်မှု အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ ထိုသို့ မဆောင်ရွက်နိုင်ခဲ့ပါက NLD အစိုးရအနေဖြင့် အဆုံးအစ မရှိသည့် အားပြိုင်မှုထဲတွင်သာ ပိတ်မိနေမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖွဲ့ ပူးတွဲ အာဏာပိုင်စိုးမှုသာ ဆက်လက် တည်ရှိနေမည် ဖြစ်သည့်အပြင် အစိုးရ၏ စိတ်အား ထက်သန်မှု (ဖြစ်ကောင်းဖြစ်မည့်) အရပ်ဘက် အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ ရှေ့နေများနှင့် လက်တွဲ လုပ်ဆောင်မှုလည်း အလှမ်းဝေးနေဦးမည်သာ ဖြစ်ပါသည် (Saffin, 2012)။

■ တရားဥပဒေ စိုးမိုးမှုက မြန်မာ မဲဆန္ဒရှင်များအတွက် အရေးကြီးပါသလား

တရားဥပဒေ စိုးမိုးရေးမှာ ရေရာပီပြင်မှု မရှိခြင်း၊ သို့မဟုတ် ပြင်းပြသောဆန္ဒ၊ ရည်မှန်းချက် မည်သို့ပင် ရှိသည်ဖြစ်စေ မြန်မာနိုင်ငံသားများအတွက် မည်သည့် အဓိပ္ပာယ်မျိုးရှိပြီး မည်မျှ အရေးပါ ပါသနည်း။

တရားဥပဒေ စိုးမိုးရေး၏ အရေးပါမှုကို တိုင်းတာနိုင်သည့် နည်းလမ်းတစ်ခုမှာ တိုင်းပြည်အတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် တရားမျှတမှု ရှိ/မရှိ အကဲဖြတ်မှုကို အားပေး ထောက်ကူရန် ရည်ရွယ်ထားသည့် ပြည်ပရောက် အဖွဲ့အစည်းများ၏ လှုပ်ရှား ဆောင်ရွက်မှုများနှင့် နှိုင်းယှဉ် ချိန်ဆကြည့်ရန် ဖြစ်ပါသည်။ အဆိုပါ ပြည်ပရောက် အဖွဲ့အစည်းများထဲတွင် စစ်တပ်က ဒီမိုကရက်တစ် အတိုက်အခံများနှင့် တိုင်းရင်းသား အတိုက်အခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်းကို ၁၉၈၈ ခုနှစ် လူထုအုံကြွလှုပ်ရှားမှုကြီး ဖြစ်ပွားချိန်ကတည်းက ထောင်ပေါင်းများစွာသော အစီရင်ခံစာများ ရေးသား ပေးပို့ခဲ့ကြသည့် အဖွဲ့အစည်းများလည်း ပါဝင်ပါသည်။ အဆိုပါ အုပ်စုအများစုမှာ တရားဥပဒေ စိုးမိုးမှုအပေါ် စာရင်းဇယား အချက်အလက်ဖြင့် ရှုမြင်သုံးသပ် ပိုင်းခြားသတ်မှတ် ခဲ့ကြပြီး သူတို့၏ ပင်မ ရည်ရွယ်ချက်မှာလည်း အသွင်ကူးပြောင်းမှုကာလ မတိုင်မီ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိုသက်သေ အထောက်အထားများကို အသုံးပြု၍ စစ်တပ်မှ လှူအခွင့်အရေးကို လေးစား လိုက်နာလာအောင် ဖိအားပေးရန် ဖြစ်ပါသည်။ တချို့သော အဖွဲ့အစည်းများ၊ အထူးသဖြင့် Equaility Myanmar အနေဖြင့် သူတို့ကိုယ်တိုင် အသွင်ကူးပြောင်းမှု လုပ်ဆောင်ရာ၌ ပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံ အခြေစိုက် Equaility Myanmar ရုံးမှ လူ့အခွင့်အရေး သင်တန်းများ ပေးခဲ့ရာ တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာ NGO အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါသည်။ ထို့နောက် လွှတ်တော်အမတ်များ၊ အစိုးရ ဝန်ထမ်းများ နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့ကို လူ့အခွင့်အရေး သင်တန်းများ ပို့ချသင်ကြား ပေးနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွင် ပေါ်ပေါက်လာသည့် အခြား အဖွဲ့အစည်းများကလည်း HIV  ရောဂါဝေဒနာရှင်များ၊ လိင်အလုပ်သမားများ၊ စွန့်ပစ် ခံထားရသည့် မိခင်များ စသူတို့ကို အကူအညီများ၊ သင်တန်းများ ထောက်ပံ့ ကူူညီပေးခဲ့ပါသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် လူကုန်ကူး ခံရခြင်းတို့မှ ကာကွယ်နိုင်ရန် ကူညီပေးနိုင်ခဲ့ရာ ထိုအဖွဲ့အစည်းများ အားလုံးသည် မိမိတို့ လူ့အဖွဲ့အစည်းများအတွင်းတွင် တွေ့ရသည့် လိုအပ်ချက်များကို တုံ့ပြန် လုပ်ဆောင်ပေးခဲ့ကြပြီး ချို့ယွင်းချက်၊ အားနည်းချက် ရှိသူများ အနေဖြင့်ပင် တရားမျှတမှုကို အကဲဖြတ်ခွင့်ရရန် သူတို့၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် ထောက်ကူပေးခဲ့ ကြပါသည်။

ထို့အပြင် တရားဥပဒေ စိုးမိုးမှုကို အကြမ်းဖက် ချိုးဖောက်မှုများနှင့် ပတ်သက်၍ ပြည်သူ လူထုအနေဖြင့် စောဒကတက် ကန့်ကွက်နိုင်ရန် ပထမဆုံး အခွင့်အရေးရခဲ့သည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ ပြည်သူ့လွှတ်တော်မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် “တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ”တို့မှတဆင့် တင်ပြ တိုင်တန်းခွင့်ရခဲ့ရာ ကိန်းဂဏန်း အရေအတွက် အားဖြင့် များပြားလွန်းလှပါသည်။ ကော်မတီ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ “ကန့်ကွက်လွှာပေါင်း ၁၁၂၅၉ စောင်၊ တရားစီရင်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာများ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသနားခံ တင်ပြစာလွှာပေါင်း ၃၈၀၀ စောင်၊ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာပေါင်း ၃၆၀၀ စောင်၊ လယ်ယာမြေ အဓမ္မသိမ်းယူမှုနှင့် ပတ်သက်သည့် တိုင်စာပေါင်း ၃၄၆၆ စောင်၊ ပြည်တွင်း ငြိမ်းချမ်းရေး ဒီမိုကရေစီနှင့် လူမှုရေး အကြောင်းအရာများနှင့် ပတ်သက်သည့် စာလွှာပေါင်း ၃၉၃ စောင် ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အနေဖြင့်လည်း လေးနှစ်အတွင်း တိုင်ကြားစာပေါင်း ၇၀၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း အစီရင်ခံ တင်ပြခဲ့ပါသည် (Universal Periodic Review, 2015)။

အထက်ပါ အကြောင်းအချက်များကြောင့်ပင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ၌ မြန်မာပြည်သူလူထု အများစုက NLD ပါတီကို ပုံအော မဲပေးလိုက်ကြခြင်းဖြစ်ရာ မြန်မာပြည်သူလူထုက နားလည် သဘောပေါက်ထားသည့် တရားဥပဒေ စိုးမိုးမှုဟူသည်မှာလည်း ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရထားသူများနှင့် မိမိတို့၏ ဘဝများအပေါ် အကြွင်းမဲ့ အာဏာရှင်ဆန်ဆန် စိတ်တိုင်းကျ အာဏာချမှတ် ကျင့်သုံးနေသူများ၏ အုပ်ချုပ်မှု အဆုံးသတ်သွားခြင်းပင် ဖြစ်ပါသည်။ ထို့ပြင် ဤသို့သော တရားမျှတသည်ဟု ယူဆရသည့် စနစ်တစ်ခုအတွင်း နေထိုင်ခြင်းအားဖြင့် လုံခြုံစိတ်ချရမှု ရှိသည်ဟူသော ခံစားချက်မျိုး ရရှိလာလိမ့်မည်ဟုလည်း မြန်မာပြည်သူ လူထုက မျှော်လင့်ထားခဲ့ပါသည် (Prasse-Freeman, 2014)။ ၁၀

■ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ယူဆချက်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

လွန်ခဲ့သော နှစ်များအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုကို အကဲဖြတ်ခွင့် ဟူသည့် အဓိက အကြောင်းအရာနှစ်ခုကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း သိသာ ထင်ရှားလာခဲ့ပြီး မြန်မာ သတင်းမီဒီယာများ၊ လူသိများသည့် ဆန္ဒပြ ကန့်ကွက်မှုများ၊ အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်မှုများနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်တို့နှင့် ပတ်သက်သည့် အမှုအခင်း ဖြစ်ပွားသည့် အကြိမ်အရေအတွက် များလည်း မြင့်တက်လာခဲ့ပါသည်။

မကြာမြင့်မီကပင် မြန်မာနိုင်ငံမှ တိုင်းရင်းသားရေးရာ ပဋိပက္ခ၊ စစ်ပွဲများကို လိင်အခြေပြု အကြမ်းဖက်မှု gender-base violence(GBV) အဖြစ် နိုင်ငံတကာမှ ရှုမြင် သုံးသပ်လာခဲ့ပါသည်။ အဓမ္မပြုကျင့်မှုကို စစ်ပွဲတစ်ပွဲ၏ လက်နက်တစ်ခုသဖွယ် အသုံးပြုလာခြင်း၊ အတင်းအကြပ် အဓမ္မ သွေးဆောင်ခေါ်ယူခြင်း၊ တိုင်းရင်းသား အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းတို့ ရှိကြောင်းကို ပြည်ပရောက် အမျိုးသမီး အဖွဲ့အစည်းများက လွန်ခဲ့သောနှစ်များ အတွင်းကပင် အစီရင်ခံစာများ ရေးသား တင်ပြခဲ့ကြပါသည်။ ထိုအချိန်ကာလ အတောအတွင်း အပြီးပြည့်စုံဆုံးသော အစီရင်ခံစာမှာ ၂၀၀၂ ခုနှစ်၌ CEDAW အဖွဲ့က လျှို့ဝှက် စုံစမ်းထောက်လှမ်း အစီရင်ခံစာ ရေးသား တင်ပြထားသည့် “Gathering Strength”ပင် ဖြစ်ပါသည် (Belak, 2002)။ ၁၁ ထိုစဉ်ကတည်းက အဓမ္မပြုကျင့်မှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို သက်သေအဖြစ် ဆက်လက် တင်ပြခဲ့သည်မှာ ၂၀၁၄ ခုနှစ် ရောက်သည့်တိုင်အောင် ဖြစ်ပါသည် (Women’s League of Burma, 2014)။၁၂ မည်သို့ပင်ဖြစ်စေ GBV  နှင့်စပ်လျဉ်းသော ဆွေးနွေးမှုများမှာမူ မရှိသလောက်ပင် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် မူဆယ်မြို့အနီး ကောင်းခါးရွာ၌ ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ဆရာမလေးနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံခဲ့ရသည့် ဖြစ်ရပ်မှာ မြန်မာနိုင်ငံအတွက် အလှည့်အပြောင်း ဖြစ်စေခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီး အပြစ်ရှိသည့် တစ်စုံတစ်ဦး/ အဖွဲ့အစည်းကို အစိုးရက ဖမ်းဆီးအရေးယူပေးရန် NLD ကလည်း တောင်းဆိုခဲ့ပါသည်။ (ရရှိထားသည့် အထောက်အထားများအရ အစိုးရတပ်မှ တပ်မတော်သားများဟု ယူဆဖွယ်ရာပင် ဖြစ်ပါသည်) ထိုဆရာမလေးနှစ်ဦး၏ အမှုကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အပြစ်ရှိသူများကို ဖော်ထုတ် ဖမ်းဆီး အရေးမယူ၍ တိုင်ခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် နိုင်ငံလုံးဆိုင်ရာ အကြောင်းကိစ္စတစ်ရပ် ဖြစ်လာခဲ့ရာ ရန်ကုန်၊ မ္တလေးနှင့် ကချင်ပြည်နယ်တို့မှ ဆန္ဒပြပွဲများတွင်လည်း အမျိုးသမီး အဖွဲ့အစည်းများ၊ အခြား အရပ်ဘက် အဖွဲ့အစည်းများပါ ပူးပေါင်းပါဝင် လာခဲ့ပါသည်။ ၁၃

သီရိလင်္ကာနှင့် နီပေါ စသည့် ဒေသတွင်း နိုင်ငံများတွင်လည်း ကာလရှည်ကြာ ဖြစ်ပေါ်နေခဲ့သည့် တိုင်းရင်းသားရေးရာ ပဋိပက္ခများရှိကြပြီး တိုင်းရင်းသားလူမျိုး အမျိုးသမီးများ ကြုံတွေ့ခဲ့ရသည့် အကြမ်းဖက်မှုများကို စစ်တပ်မှ ဖုံးကွယ်ထားခြင်း၊ အကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို နားလည်သဘောပေါက်မှု မရှိခြင်းနှင့် အမြဲတစေ ငြင်းပယ်ခံရခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။ မကြာသေးမီက ရန်ကုန်မြို့၌ သီရိလင်္ကာ ရှေ့နေတစ်ဦး ရှင်းပြခဲ့သည်မှာ သီရိလင်္ကာ ပြည်တွင်းစစ် ဖြစ်ပွားနေချိန်တွင် တိုင်းရင်းသား လူများစုဖြစ်သည့် ဆင်ဟာလာ အမျိုးသမီးများက တိုက်ပွဲဖြစ်ပွားနေသည့် နေရာများမှ အကြမ်းဖက်မှုများမှာ မိမိတို့အပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း၊ စစ်ပွဲ အဆုံးသတ်ရန်အတွက် ထိုသို့ပြုလုပ်ရန် လိုအပ်နိုင်ကြောင်းနှင့် ထိုဖြစ်ရပ်များကို စစ်ပွဲဖြစ်ပွားသည့် နေရာများတွင်သာ ကန့်သတ် ထိန်းချုပ်ထားနိုင်ကြောင်း ယူဆခဲ့ကြသည်ဟု ပြောပြခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ စစ်ပွဲများ အဆုံးသတ်သွားချိန်၌ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရထားသည့် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ပိုမို ရဲတင်းလာပြီး (အချို့သူများမှာ စစ်မှုထမ်းဘဝမှ ထွက်ခွင့်ရထားသူများ ဖြစ်ပါသည်) နိုင်ငံအနှံ့အပြားရှိ အခြားသော အမျိုးသမီးများကိုလည်း စစ်ပွဲအတွင်းမှ နည်းလမ်းအတိုင်းပင် ပြုမူဆက်ဆံ လာခဲ့ပါသည်။ ထို့ကြောင့် (စစ်ပွဲ အဆုံးသတ်သွားသည့်) သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းကဲ့သို့သော ဒေသများတွင် အဓမ္မပြုကျင့်မှုများနှင့် အခြားသော ပုံစံများဖြင့် အကြမ်းဖက်မှုများ တိုးပွားလာခဲ့ပါသည်။ မြို့ကြီးများရှိ ဆင်းရဲနွမ်းပါးသူများ နေထိုင်ရာ နေရာများတွင်လည်း အိမ်ထဲမှအိမ်ပြင်ထွက်ရန်ပင် ထိတ်လန့်ကြောက်ရွံ့လာကြပြီး မိဘများကလည်း မိမိတို့၏သမီးများကို နေဝင်သည်နှင့် အိမ်ထဲမှ အိမ်ပြင် မထွက်ခိုင်းကြတော့ပါ။ ၁၄

အလားတူ ဖြစ်ရပ်မျိုး မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားလာခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ၌ နိုင်ငံတကာနှင့် ပြည်တွင်းမီဒီယာများက ၂၀၁၆ ခုနှစ်အတွင်း သက်ငယ်မုဒိန်းမှုများ အံ့အားသင့် ထိတ်လန့်ဖွယ် မြင့်တက်လာခဲ့ကြောင်း သတင်းရေးသား ဖော်ပြခဲ့ကြပါသည်။ ၁၅ အချို့အမှုများဆိုလျှင် ဖခင်ဖြစ်သူက သမီးအရင်းကို နှစ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့သည့် အမှုများပင် ပါဝင်လာပြီး ထိုသတင်းကိုလည်း မီဒီယာများက ရေးသားဖော်ပြခဲ့ပါသည်။ ၁၆ ထို့နောက် သက်ငယ်မုဒိမ်းမှုများကို ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုမျိုးလည်း ပေါ်ပေါက်လာပြီး ထိုသူများကို သေဒဏ်ပေးရန်ပါ တောင်းဆိုခဲ့ပါသည်။ (ထိုအထဲတွင် အသက် ၁၈ နှစ်အထက် အမျိုးသမီးများကို အနိုင်အထက်ပြုကျင့်သူများ မပါဝင်ပါ) အမျိုးသမီးများကို အကြမ်းဖက် အနိုင်အထက် ပြုကျင့်မှုများလည်း တိုးပွားလာပြီး ၂၀၁၇ ခုနှစ်၊ မတ်လတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံရှိ အမျိုးသမီးငါးဦးတွင် တစ်ဦး သို့မဟုတ် အမျိုးသမီးထု၏ ၂၀ ရာခိုင်နှုန်းမှာ အိမ်တွင်းအကြမ်းဖက်မှုများ တွေ့ကြုံ ခံစားနေကြရကြောင်း ဖော်ပြခဲ့ပါသည် (Ministry of Health and Sport, 2017 March)။ ထို့ကြောင့် အမျိုးသမီးအခွင့်အရေး တောင်းဆိုကြသည့် အဖွဲ့အစည်းများ၊ အထူးသဖြင့် ကရင်ရှေ့နေများ ကွန်ရက်က အိမ်တွင်း အကြမ်းဖက်မှုများ မြင့်တက်လာခြင်းနှင့် အမျိုးသားများ အရက်သေစာသောက်စားပြီး အဓမ္မပြုကျင့်မှုတို့အကြား ဆက်နွယ်နေကြောင်း တွေ့ရှိခဲ့သည့်နောက် မြို့များနှင့် ကျေးရွာများတွင် အရက်သေစာ သောက်စားခြင်း၏ ဆိုးကျိုး ဘေးအ္တရာယ်များကို သတိပြုမိလာစေရန် လူထုလှုပ်ရှားမှုများ ပြုလုပ်လာကြပါသည်။ အဓိက မြို့ကြီးများတွင်လည်း အမျိုးသမီးများအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် သင်တန်းများ စတင်ဖွင့်လှစ် ဆောင်ရွက်လာခဲ့ပြီး “ယုံကြည်စိတ်ချရသည့်” တက္ကစီအငှားကား အသင်းအဖွဲ့များကိုလည်း စတင် ဖွဲ့စည်းလာသည့်အပြင် ကားဒရိုင်ဘာများနှင့် ကားများကို ခြေရာခံရန် ဗဟိုထိန်းချုပ် ကွပ်ကဲရေးရုံးလည်း ရှိလာခဲ့ပါသည်။ ရာဇဝတ်မှု ပုံစံသစ်ဖြစ်သည့် အွန်လိုင်းမှ ခြိမ်းခြောက်နှောက်ယှက်မှုနှင့် အမျိုးသမီးများ၊ အထူးသဖြင့် ရည်းစားဖြစ်သူနှင့် လမ်းခွဲခဲ့သည့် ဆယ်ကျော်သက် မိန်းကလေးများအား “အတူနေခဲ့သည့် ဗွီဒီယိုဖိုင်” ကို အွန်လိုင်းတွင်တင်မည်ဟူသော ခြိမ်းခြောက် ကလဲ့စားချေသည့် အမှုများလည်း ပေါ်ပေါက်လာခဲ့ပြီး လျင်မြန်စွာ တိုးတက် များပြားလာခဲ့ပါသည် (Ei Cherry Aung, 2016, October 6)။ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ခိုင်ဖြိုးပါတီကလည်း NLD အစိုးရက “တရားဥပဒေစိုးမိုးမှု” ရှိစေရန် မစွမ်းဆောင်နိုင်သည့်အတွက် အကြမ်းဖက်မှုများ မြင့်တက်လာကြောင်း ထောက်ပြပြောဆိုခဲ့ပြီး အမျိုးသမီးအများစုကလည်း အစီရင်ခံချက်များအရ ထိုကဲ့သို့သော အမှုများ တိုးပွားလာသည်ဟု အသိအမှတ်ပြု ဝန်ခံခဲ့ကြပါသည်။ ထို့ကြောင့် အမျိုးသမီးငယ်များနှင့် သူတို့၏ မိသားစုများ အနေဖြင့် ထိုကဲ့သို့သော အမှုအခင်းများ မြင့်တက်လာခြင်းထက် တရားဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် အခွင့်အရေးတစ်ချို့ ရသင့်သည်ဟု ပထဦးဆုံးအကြိမ်အဖြစ် ခံစားလာခဲ့ကြရပါသည် (The Irrawaddy, 2017, January 25)။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ လှုပ်ရှားမှုများမှာလည်း အရှိန်အဟုန်ရလာပြီး ပြည်ပရောက် အဖွဲ့အစည်းများနှင့် ပြည်တော်ပြန်လာသည့် အဖွဲ့အစည်းများက လိင်သဘာ၀ အခွင့်အရေးများအတွက် ပြည်တွင်းရှိ အဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်း လုပ်ဆောင်လာခဲ့ပါသည်။ Gender Equality Network(GEN) ၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာ၌ မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုနှင့် ပုံစံအမျိုးမျိုးဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ပွင့်ပွင့်လင်းလင်း အထုပ်ဖြေပြခဲ့ပါသည် (The Gender Equality Network, 2015)။ သို့သော်လည်း ထိုအကြမ်းဖက်မှုများကို နိုင်ငံတော်အဆင့် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း မရှိခဲ့ကြပါ။ ထိုအချိန်ကတည်းက လိင်အခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်၍ INGO အဖွဲ့အစည်းများက အစီရင်ခံစာများ ရေးသားဖော်ပြခဲ့ကြပြီး တရားမျှတမှုကို အကဲဖြတ်ခြင်းဆိုင်ရာ အစီအစဉ်များကို အသိပေးနိုင်ရန် ရည်ရွယ်ရေးသားခဲ့ခြင်းလည်း ဖြစ်ပါသည် (Action Aid Myanmar, 2014; UN Women, 2016; UNFPA, 2016)။ သို့ရာတွင် အဆိုပါ အစီရင်ခံစာများကို သိသိသာသာ ချန်လှပ်ထားခြင်း ခံခဲ့ရခြင်းမှာလည်း ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးဖြင့် နေခဲ့ရသည့် အကျိုးဆက်၊ ပြည်တွင်းစစ်နှင့် စစ်ဝါဒ သွတ်သွင်းခံရမှုက ဖန်တီးသည့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရခဲ့သည့် ပုံစံအမျိုးမျိုးကြောင့်ပင် ဖြစ်ပါသည်။

အဆိုပါ အစီရင်ခံစာများမှာ စာရွက်စာတန်းများကို သက်သေအဖြစ် တင်ပြသည့် လုပ်ငန်းစဉ် အစပြုမှုပင်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တွေ့ကြုံခဲ့ရသည့် အမျိုးသမီးများ၏ အတွေ့အကြုံများကို မှတ်တမ်းတင်ရန်သာမက လုပ်ထုံးလုပ်နည်း၊ နည်းလမ်းများအရ စီမံခန့်ခွဲရန်နှင့် ရှိပြီးသား ဖွဲ့စည်းတည်ဆောက်ပုံများကို ထောက်ကူပေးရန် ဖြစ်ပါသည်။ ယင်းမှာ အခြေခံမှစ၍ တရားမျှတမှုကို အကဲဖြတ်ခြင်းပင်ဖြစ်ပြီး အမျိုးသမီးများ အနေဖြင့်လည်း တစ်ဦးကိုတစ်ဦး ကူညီရန် ကြိုးပမ်းနိုင်သည့်အပြင် အာဏာပိုင်များက ထောက်ခံအားပေးသည့် လုပ်ငန်းများကို အဓိကထား ဆောင်ရွက်နိုင်မည့် အမှုတစ်ခု တည်ဆောက်ရန် သက်သေသက္ကာယ စုဆောင်းသည့် သဘောမျိုးလည်း ဖြစ်ပါသည်။

သို့သော်လည်း အစိုးရက ပံ့ပိုးကူညီပေးခဲ့သည့် သက်သေ အထောက်အထား အနည်းငယ်သာ ရှိခဲ့ပါသည်။ အကြမ်းဖက်မှုများကို လျှော့ချနိုင်မည့် အဓိကကျသော အဆင့်တစ်ခုမှာလည်း အမျိုးသမီးများနှင့် LGBTI အသိုင်းအဝန်းများ၏ အခွင့်အရေးကို အသိအမှတ်ပြု ကာကွယ်ပေးနိုင်မည့် နိုင်ငံတကာ စံချိန်စညွှန်းများနှင့် ကိုက်ညီသော ဥပဒေများရေးဆွဲရန် လိုအပ်ပါသည်။ ၂၀၁၁ ခုနှစ်ကတည်းက Gender Equaility Network အနေဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်မည့် ဥပဒေကြမ်းရေးဆွဲရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ခြောက်နှစ်ကြာလာသည့်တိုင် NLD အစိုးရအနေဖြင့် ထိုဥပဒေကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း မရှိသေးသည့်အပေါ် နားလည်ရခက်နေဆဲ ဖြစ်ပါသည်။

■ လယ်ယာမြေ လုပ်ပိုင်ခွင့်

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးကြသူများ ဖြစ်သည့်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုင်ရာ လုံခြုံစိတ်ချရမှု ရှိခြင်းမှာ လူအများစုကို လွှမ်းမိုးနေသည့် အကြောင်းအရာ ဖြစ်နေသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပါပေ။ ဦးသိန်းစိန်အစိုးရ အနေဖြင့် ၂၀၁၂ ခုနှစ်၌ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့သည့်အတွက် လယ်ယာမြေ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များကို လယ်သမားများ ယုံကြည်စိတ်ချစွာ လျှောက်ထားနိုင်တော့မည် ဟူသော မျှော်လင့်ချက်တစ်ချို့ ရှိလာခဲ့ပါသည်။ ထို့အပြင် ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက စစ်တပ်မှ တရားမဝင် သိမ်းယူထားသည့် လယ်ယာမြေများကိုလည်း လယ်သမားများထံ ပြန်ပေးနိုင်တော့မည်ဟု ဦးသိန်းစိန်က ကြေညာခဲ့ရာ မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မျှမျှတတ ဆက်ဆံခံရတော့မည် ဟူသည့် မျှော်မှန်းချက်များလည်း မြင့်တက်လာခဲ့ပါသည်။ သို့သော်လည်း မကြာမီပင် လယ်ယာမြေ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ်လျှောက်ထားရန် ခက်ခဲကြောင်း တွေ့ရှိလာရသည့်အပြင် စစ်တပ်က ထိုလယ်ယာမြေကို ကုမ္ပဏီတစ်ခုထံ ရောင်းချထားခြင်းကို ပိုင်ရှင် လယ်သမားကိုယ်တိုင် မသိရှိရဘဲ တပ်ပိုင်မြေပေါ်တွင် ကျူးကျော် ထွန်ယက်သည့်အတွက် အဖမ်းခံရသည့် အဖြစ်အပျက်များလည်း မကြာခဏ ပေါ်ပေါက်လာခဲ့ပါသည် (Land in Our hands Network, 2015; NAMATI, 2017)။ လွှတ်တော်မှ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီမှတစ်ဆင့် လယ်ယာမြေများကို ပိုင်ရှင်လယ်သမားများထံ ပြန်ပေးသည့် ဖြစ်စဉ်မှာလည်း အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး အထူးသဖြင့် ၂၀၁၄ ခုနှစ်အတွင်း အကူအညီတောင်းခံသည့် ဖြစ်စဉ်ပေါင်း ၆၀၀၀ ကျော် ရှိခဲ့ပါသည် (Lawi Weng, 2014, January 22) ။ အဆိုပါ လယ်ယာမြေများကို လယ်သမားများထံ ပြန်လည် ပေးအပ်ခဲ့သော်လည်း ခေတ္တယာယီ အသုံးပြုခွင့်သာ ဖြစ်နေလေ့ရှိပြီး လယ်ယာမြေ အသုံးပြုခွင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့ခြင်း မရှိပါ (Global Witness, 2015, March 26)။ ၂၀၁၃ ခုနှစ် Global Witness  ၏ အစီရင်ခံစာအရ လယ်ယာမြေ ဧကပေါင်း ၅ ဒသမ ၃ သန်းခန့်မှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရင်းနှီးမြှုပ်နှံသူများထံ အငှားချထားကြောင်း သိရှိရပါသည်။

၂၀၁၂ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေပေါင်း ၂၀ ကျော်အနက် လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေနှစ်ခုသာ ပါဝင်ခဲ့ရာ ဥပဒေထဲတွင် ပါဝင်သည့် အချက်တချို့မှာလည်း အငြင်းပွားစရာများ ပါဝင်နေခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဥပဒေများအရ တောင်သူလယ်သမားများကို ဆန္ဒပြခွင့် ပေးမထားဘဲ တရားရုံးများ၊ သို့မဟုတ် ထွေ/အုပ်ဌာနများ၏ ဆုံးဖြတ်ချက်များကသာ အပြီးအပြတ် ဖြစ်ပါသည် (Myanmar Lawyers Network and Asian Human Rights Commission, 2015 September)။ ထို့ကြောင့် ထောင်နှင့်ချီသော လယ်သမားများမှာ မိမိတို့ ဆယ်စုနှစ်ပေါင်းများစွာ ထွန်ယက် စိုက်ပျိုးလာခဲ့ပြီးနောက် မိမိတို့အပိုင်ဟု ယူဆထားသည့် လယ်ယာမြေပေါ်တွင် ဆက်လက် လုပ်ကိုင်ရင်း လယ်ယာမြေ ကျူးကျော်ထွန်ယက်မှုဖြင့် အဖမ်းခံခဲ့ကြရပါသည်။ တရားဥပဒေလမ်းကြောင်းအရ တောင်သူလယ်သမားများ ဆောင်ရွက်နိုင်သည့် တခုတည်းသော အရာမှာလည်း မိမိတို့ဘက်မှ ရှေ့နေလိုက်ပေးလိုသည့် ရှေ့နေကောင်း တစ်ဦးမှတစ်ဆင့် လျှောက်လဲချက်ရေးသားပြီး တရားလွှတ်တော်ချုပ်ကို တင်သွင်းရန်သာ ဖြစ်ပါသည်။ သို့သော်လည်း ထိုလုပ်ငန်းစဉ်မှာ အကုန်အကျ အလွန်များပြီး အောင်မြင်မည့် အခွင့်အလမ်းလည်း နည်းပါး ပါသည်။ ၁၇

အဆိုပါ ရှုပ်ထွေးလှသည့် တရားဥပဒေနှင့် အုပ်ချုပ်စီမံခန့်ခွဲမှု မူဘောင်များ ပြေလည်မှု ရရှိစေရန်အတွက် အမျိုးသားအဆင့် မြေယာအသုံးချမှုမူဝါဒ (NULP) မူကြမ်းကို ရေးဆွဲခဲ့ပြီး “ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံး၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် လယ်ယာမြေ ရင်းမြစ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် အားလုံးကို လွှမ်းခြုံနိုင်သော လယ်ယာမြေ ဥပဒေတစ်ရပ်” ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည် (2016 National Land Use Policy, Section 6 (b))။ NULP  မူကြမ်း ရေးဆွဲသည့် လုပ်ငန်းစဉ်မှာလည်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင် ဆွေးနွေးခွင့် ရခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဥပဒေမူကြမ်း ဖြစ်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းစဉ်မှာလည်း တရားမျှတမှု မရှိဟု လယ်သမားအဖွဲ့အစည်း အများစုက ဝေဖန်ခဲ့ကြပြီး (၇) ကြိမ်မြောက် နောက်ဆုံး မူကြမ်းကို ဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးကာနီးအချိန်၌ အတည်ပြု ပြဋ္ဌာန်းခဲ့ရာ အချို့နေရာများတွင် အသေးစိတ် အခြေခံရမည့် အချက်အလက်တစ်ချို့ လိုအပ်နေသေးသော်လည်း တောင်သူလယ်သမား အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များက တောင်းဆိုသည့် အချက်အများစု ပါဝင်လာခဲ့ပါသည်။ ၁၈ အမျိုးသားအဆင့် မြေယာအသုံးချမှု မူဝါဒ (NULP) အရ တိုင်းရင်းသား လူမျိုးများ နေထိုင်ရာဒေသများရှိ ထုံးတမ်းစဉ်လာအရ ကျင့်သုံးလာခဲ့သည့် လယ်ယာမြေဥပဒေကို အသိအမှတ်ပြုခြင်း၊ အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်များကို အသနားခံစာ တင်သွင်းသည့် လုပ်ငန်းစဉ်၊ ရွှေ့ပြောင်း ဒုက္ခသည်များနှင့် ပြည်တွင်းမှ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများ၏ မြေယာများကို လျော်ကြေးပေးမည့် မူဘောင်လုပ်ငန်းစဉ်နှင့် လယ်ယာမြေ အမည်ပေါက် ပိုင်ဆိုင်ခွင့်အတွက် အမျိုးသမီးများလည်း တန်းတူအခွင့်အရေး ရရေး ဦးစားပေး ဆောင်ရွက်ရန် စသည့်အချက်များလည်း ပါဝင်ပါသည်။

NLD ပါတီ အာဏာရလာချိန်ကတည်းက အမျိုးသားအဆင့် မြေယာအသုံးချမှု မူဝါဒ (NULP) အပေါ် အလေးထားမှု (ဝါ) (NULP) အရ ချမှတ်ထားသည့် အခြေခံမူများဖြင့် အဆိုပြုထားသည့် အားလုံး လွှမ်းခြုံပါဝင်သော ဥပဒေတစ်ရပ် ရေးဆွဲရန် ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသေးဘဲ ၂၀၁၂ လယ်ယာမြေဥပဒေများအပေါ် ပြန်လည် သုံးသပ်ချက်တစ်ခုကိုသာ ထုတ်ပြန် ကြေညာခဲ့ပါသည် (Htoo Thant, 2017, February 14)။ ထို့နောက် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ ဦးဆောင်ပြီး အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ”က “အစိုးရဝန်ကြီးဌာနများ၊ နိုင်ငံပိုင် လုပ်ငန်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီများအတွက် ဖယ်ရှားပေးလိုက်ရသော လယ်သမားများ၏ လယ်ယာမြေများကို ပြန်လည်ပေးအပ်ခြင်း” တာဝန်ကို ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်များရှိ အသစ်ဖွဲ့စည်းလိုက်သော လယ်ယာမြေ ပြန်လည်စိစစ်ရေးကော်မတီများကို ကြီးကြပ်ခဲ့ပါသည် (The Irrawaddy, 2016, May 9)။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရှိ တာဝန်လွှဲအပ် ခံထားရသော ကော်မရှင်အဖွဲ့များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ၌ အစကောင်းခဲ့သည့်အတွက် တောင်သူ လယ်သမားများကလည်း ဝမ်းမြောက် ဝမ်းသာ ကြိုဆိုခဲ့ကြပါသည်။ မည်သို့ပင်ဖြစ်စေ လက်တွေ့တွင်မူ ဒုတိယသမ္မတ အနေဖြင့် အဆိုပါ အရေးပါသည့် စီမံချက်အပေါ် တိုက်ရိုက်ခေါင်းဆောင်နိုင်မှု နည်းပါးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုရှိ ပြန်လည်စိစစ်ရေး ကော်မတီများကိုလည်း အထွေထွေ အုပ်ချုပ်စီမံခန့်ခွဲရေးဌာန (ထွေ/အုပ်) သို့မဟုတ် အခြားအစိုးရ အဖွဲ့အစည်းများက လွှမ်းမိုးထားခဲ့ပါသည်။ အစိုးရပိုင် မီဒီယာများကလည်း ၂၀၁၇ ခုနှစ်အတွင်း လယ်ယာမြေ အဓမ္မသိမ်းယူခြင်း ခံရသည့် တိုင်ကြားလွှာပေါင်း ၂၀၇၅ စောင်ကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ၈၈၃၄ စောင်သာ ဖြေရှင်းပေးရန် ကျန်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည် (Global New Light of Myanmar, 2017, April 13)။ သို့ရာတွင် ထိုသတင်းထုတ်ပြန်ချက်၌ တိုင်ကြားလွှာများကို မည်သို့ ဖြေရှင်းပေးခဲ့ကြောင်း၊ လယ်ယာမြေဧက မည်မျှ ပြန်ပေးပြီး ဖြစ်ကြောင်း၊ သို့မဟုတ် လျော်ကြေး မည်ရွေ့မည်မျှ ပေးအပ်ပြီးဖြစ်ကြောင်း စသည့်အချက်များ မပါဝင်ခဲ့ပါ။

ထိုစဉ်မှာပင် လယ်ယာမြေ အဓမ္မသိမ်းယူမှုများ၊ လယ်ယာမြေ ကျူးကျော် ထွန်ယက်သည့်အတွက် လယ်သမားများကို ဖမ်းဆီးမှုများ သို့မဟုတ် လယ်ယာမြေ အဓမ္မသိမ်းယူခြင်းကို ကန့်ကွက်မှုများလည်း ဆက်လက် ဖြစ်ပေါ်နေခဲ့ပါသည်။ ထို့အပြင် NLD အစိုးရ တက်လာစဉ် ကတည်းက အမှုသစ်များဖွင့်လှစ်ပြီး တရားစွဲဆိုခဲ့သည့်အတွက် ထောင်ဒဏ် ကျခံခဲ့ရသော လယ်သမားပေါင်း ၃၅၀ ခန့်ရှိကြောင်း ဖေဖော်ဝါရီလထုတ် မဇ္ဈိမသတင်းစာတွင် ဖော်ပြထားပါသည် (The Mizzima, 2017, Feburary 24)။ သို့ရာတွင် တကယ့် တကယ်တမ်း တရားစွဲဆို အရေးယူ ပြစ်ဒဏ်ချမှတ်ခံရသည့် အရေအတွက်မှာ ထို့ထက် ပိုများနိုင်ပြီး စာရွက်စာတမ်းများကို သက်သေအဖြစ် တင်သွင်းခဲ့သည့် အမှုကိစ္စများမှာလည်း ပိုမိုဆိုးရွား လာခဲ့ပါသည်။ ဧပြီလတွင်လည်း မိမိတို့ ဆွေစဉ်မျိုးဆက် စိုက်ပျိုး ထွန်ယက်လာခဲ့သည့် လယ်ယာမြေပေါ်တွင် ဆက်လက် ထွန်ယက် စိုက်ပျိုးခဲ့သည့် လယ်သမား ၁၀ ဦး ထောင်ဒဏ် ၁၈ လ ကျခံခဲ့ရရာ အမှန်စင်စစ် ထိုလယ်ယာမြေများမှာ သူတို့မသိဘဲ လက်လွှဲရောင်းချခြင်း ခံထားရသည့် လယ်ယာမြေများ ဖြစ်နေခဲ့ပါသည် (Htay Hla Aung, 2017, April 25)။

လယ်သမား အများစုအတွက်မူ လယ်ယာမြေများ ဆုံးရှုံးရခြင်းမှာ မိမိတို့၏ ထမင်းအိုး ရိုက်ခွဲခံလိုက်ရသည့် အဓိပ္ပာယ်ပင် ဖြစ်ပါသည်။ အချို့မှာ မိမိတို့၏ သားသမီးများကို ကျောင်းထုတ်လိုက်ရပြီး မြို့ကြီးများသို့ ပြောင်းရွှေ့ အလုပ်ရှာကြရသည့်အပြင် အချို့မှာလည်း အိမ်နီးချင်း နိုင်ငံများသို့ ရွှေ့ပြောင်း လုပ်သားများအဖြစ် သွားရောက် လုပ်ကိုင်ခဲ့ကြရပါသည်။

NLD အစိုးရ တက်လာပြီး နောက်ပိုင်း လယ်ယာမြေများ ဆုံးရှုံးခဲ့ရသည့် လယ်သမားများနှင့် စကားပြောခွင့် ရခဲ့ရာ သူတို့အနေဖြင့် တစ်စုံတစ်ခု ထူးထူးခြားခြား ပြောင်းလဲလာမည်ဟု မျှော်လင့်မထားကြောင်း သိသာ ထင်ရှားပါသည်။ သူတို့အနေဖြင့် NLD အစိုးရ ရင်ဆိုင်နေရသည့် အခက်အခဲများကို နားလည် သဘောပေါက်ထားကြသည့်အပြင် စစ်တပ်ထံတွင် များပြားလှသည့် အကျိုးစီးပွားများ ရှိနေသေးပြီး ခရိုနီများသည်လည်း လုပ်ပိုင်ခွင့်အာဏာ ရှိနေဆဲပင် ဖြစ်ပါသည်။ သို့သော်လည်း တောင်သူလယ်သမားများ အနေဖြင့် မိမိတို့အကြွင်းမဲ့ ယုံကြည်စိတ်ချထားသည့် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ဘဝကို လာရောက် ကယ်ဆယ်၍ လယ်ယာမြေများကို ပြန်လည်ပေးအပ်ခြင်း၊ သို့မဟုတ် မျှတသည့် လျော်ကြေးငွေများ ပေးအပ်ခြင်း၊ သို့မဟုတ် အခြားဒေသများတွင် လယ်ယာမြေ အစားပြန်ပေးခြင်းတို့ ဆောင်ရွက်ပေးခြင်း မရှိမည်ကို စိုးရိမ်ထိတ်လန့် နေခဲ့ကြပါသည်။ ထို့ပြင် မိမိတို့ပိုင် လယ်ယာမြေများကို ယခုအချိန်အထိ ဆက်လက် သိမ်းယူထားသည့် အပေါ်တွင်လည်း နားမလည်နိုင်ခဲ့ကြပါ။

ထို့ကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ဟူသည် မြန်မာနိုင်ငံသား အများစုအတွက် အရေးအပါဆုံး အကြောင်းချင်းရာပင် ဖြစ်ပါသည်။ ထို့ပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ တိုင်းပြည်၏ အလုံးစုံ တည်ငြိမ်အေးချမ်းမှုနှင့် ပြည့်စုံကုံလုံ ကြွယ်ဝရေးတို့တွင်လည်း လယ်ယာမြေ လုပ်ပိုင်ခွင့်မှာ အဓိကကျသည့် အကြောင်းအရာပင် ဖြစ်ပါသည်။ သို့ရာတွင် NLD အစိုးရ၏ လယ်ယာမြေ အရေးကိစ္စနှင့် ပတ်သက်သည့် မူဝါဒများကို ယခုအချိန်အထိ မတွေ့ရသေးပါ။ ဝန်ကြီးဌာနများကို အသစ်ပြန်လည် ဖွဲ့စည်းရာတွင်လည်း လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ သီးခြား အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားခြင်း မရှိသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးမွေးမြူရေး မူဝါဒကို ကိုင်တွယ်သည်ဟု ယူဆရပါသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ အနေဖြင့် လယ်ယာမြေနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ၊ နှစ်ဦးနှစ်ဖက် သဘောတူ စာချုပ်များအတွက် တာဝန်ရှိပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည်လည်း မူဝါဒများနှင့် ဥပဒေများအတွက် အလားတူ တာဝန်ရှိပါသည်။

အတိုချုပ် ပြောရမည်ဆိုလျှင် အဆိုပါ ဝန်ကြီးဌာနများအကြား မည်သည့် ပူးပေါင်း ဆောင်ရွက်မှုမျိုးမှ မတွေ့ရပါ။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဗဟို မြေယာစီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းခဲ့ရာ မြေယာ အသုံးချမှုနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အားလုံးကို အခြားသော ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆက်စပ် လုပ်ဆောင်နိုင်ရန် ဖြစ်ပါသည်။ NLD အစိုးရသည်လည်း အဆိုပါ ကော်မတီကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး လွှတ်တော်အဆင့်တွင်လည်း လွှတ်တော်နှစ်ရပ်လုံး၌ လယ်ယာမြေအသုံးချမှု၊ ပိုင်ရေးဆိုင်ခွင့်တို့နှင့် သက်ဆိုင်သည့် ကော်မတီတစ်ချို့ ဖွဲ့စည်းထားသော်လည်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ကြသည်ကို မတွေ့ရပါ။ တောင်သူလယ်သမား အဖွဲ့အစည်းများနှင့် အခြား အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့်လည်း လယ်ယာမြေနှင့် စပ်လျဉ်းသည့် အကြောင်းချင်းရာများ အားလုံးကို လုံးလုံးလျားလျား တွန်းအားပေး စီစဉ်ဆောင်ရွက်နိုင်ခြင်း မရှိဘဲ အမျိုးမျိုးသော လွှတ်တော်ကော်မတီများအကြား ဗျာများကာ အချိန်ကုန်၊ လူပန်း ဖြစ်နေရခြင်းထက် ထိရောက်သည့် မြေယာဥပဒေ၊ သို့မဟုတ် မူဝါဒ အပြောင်းအလဲများ ပေါ်ပေါက် လာစေလိုကြပါသည်။

လိင်အခြေပြု အကြမ်းဖက်မှုကဲ့သို့ပင် အရပ်ဘက် အဖွဲ့အစည်းများ၊ တောင်သူ လယ်သမား အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ ရှေ့နေများအနေဖြင့် အောက်ခြေ အခြေခံလူတန်းစား အဆင့်အထိ လုပ်ငန်းများ ထိတွေ့ဆောင်ရွက်ပြီး တရားမျှတမှုကို အကဲဖြတ်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အစိုးရဘက်မှ ခေါင်းဆောင်မှုပေးရန် ပျက်ကွက်မှုများ ရှိနေပါသေးသည်။ ထို့အပြင် လက်တွေ့ လုပ်ငန်းဆောင်ရွက်နိုင်မည့် အဆင့်တစ်ခု ဖန်တီးရန်နှင့် လယ်ယာမြေ အခွင့်အရေး အခန်းကဏ္ဍ၌ တရားဥပဒေစိုးမိုးမှု ရှိစေမည့် တစ်ခုတည်းသော နည်းလမ်းမှာ အမျိုးသားအဆင့် မြေယာအသုံးချမှု မူဝါဒ (NULP)ကို လမ်းညွှန်အဖြစ် အသုံးပြု၍ တည်ဆဲဥပဒေများကို မွမ်းမံပြင်ဆင်ရန်သာ ဖြစ်ပါသည်။

ထို အသစ်ရေးဆွဲလိုက်သော ပြည့်စုံကျယ်ပြန့်သည့် လယ်ယာမြေ ဥပဒေမူကြမ်းကိုလည်း ပြည်သူလူထုထံသို့ ကျယ်ကျယ်ပြန့်ပြန့် ချပြဆွေးနွေးရန် လိုအပ်ပါမည်။ တစ်ချိန်တည်းမှာပင် အရေးပါသည့် အဆင့်သုံးဆင့်ကို လုပ်ဆောင်ရန် လိုအပ်ပြီး (၁) တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီများက တင်ပြလာသည့် လက်ကျန် မြေယာအမှုအခင်းပေါင်း ၈၈၃၄ မှုကို အပြီးသတ် လက်စသပ်ရေးအတွက် ဒုတိယသမ္မတက ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုပိုပေးရန် (၂) တောင်သူလယ်သမားများထံသို့ မှတ်ပုံတင်ပြီးသော လယ်ယာမြေများကို ပြန်လည်ပေးအပ်သည့် လုပ်ငန်းစဉ်မှာလည်း ပိုမို တိကျပြတ်သားပြီး အပြောင်းအလဲမရှိ တသမတ်တည်း ဖြစ်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် (NAMATI, 2016)  (၃) အစိုးရအနေဖြင့်လည်း တိုင်းရင်းသားတို့၏ ထုံးတမ်းစဉ်လာ ဥပဒေများကို အသိအမှတ်ပြု၍ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက တိုင်းရင်းသား ခေါင်းဆောင်များနှင့် လက်တွဲလုပ်ဆောင်ပြီး နိုင်ငံတော်အဆင့် မြေယာအသုံးချမှု ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် လမ်းဖွင့်ပေးရန် စသည့်အချက်များပင် ဖြစ်ပါသည်။

■ NLD အစိုးရ၏ ဥပဒေပြုရေး စီစဉ် ဆောင်ရွက်ချက်များ

NLD အစိုးရ အနေဖြင့် လွှွတ်တော်နှစ်ရပ်လုံး၌ အမတ်နေရာ အများစု ရရှိထားသည့်အပြင် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိခိုက်/ပြင်ဆင်ခြင်း မရှိဘဲ ပြဋ္ဌာန်းနိုင်သည့် ဥပဒေများ ရှိပါသည်။ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအရ လွှတ်တော်ကော်မတီများတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ လွှမ်းမိုးမှု ရှိကောင်း ရှိနိုင်သော်လည်း Egreteau က “တပ်မတော်၏ သြဇာလွှမ်းမိုးနိုင်သည့် အဝန်းအဝိုင်းနှင့် နယ်ပယ်ကဏ္ဍ အတော်များများကို ဆုပ်ကိုင်ထားသည့် တပ်မတော်နှင့် အာဏာ လွန်ဆွဲနေရသည့် အဖြစ်ကို လျှော့ချနိုင်ခဲ့မည် ဆိုပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရှေ့ဆက်နိုင်ပါလိမ့်မည်။ ထိုသို့ရှေ့ဆက် လုပ်ဆောင်နိုင်ရန်အတွက် အကောင်းဆုံးသော ပြည်သူ့ ဟစ်တိုင်မှာလည်း ပြည်ထောင်စု ဥပဒေပြုလွှတ်တော်ပင် ဖြစ်ပါသည်” ဟု ရေးသားခဲ့ပါသည် (Egreteau, 2016, June 5)။

အမှန်စင်စစ် လွှတ်တော်သစ်၏ သက်တမ်းစတင်ချိန်၌ ပထမဆုံး ပြဋ္ဌာန်းခဲ့သော ဥပဒေမှာ နိုင်ငံတော်၏ အတိုင်ပင်ခံဥပဒေပင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိရာထူးနေရာ ရရှိစေခဲ့သည့် ဥပဒေလည်း ဖြစ်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး နှစ်ခုလုံးတွင် အကြံဉာဏ်ပေးအပ်နိုင်သည့် တရားဝင်အာဏာ အပ်နှင်းထားခြင်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အာဏာခွဲေ၀ သုံးစွဲမှုဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည်ဟု ထောက်ပြဝေဖန်ခဲ့ကြပါသည် (International Crisis Group, 2016, July 29)။ ထို့နောက် အကောင်းထက် အဆိုးဘက်သို့ ပိုကဲသည့် ဥပဒေများအနက်မှ ဥပဒေနှစ်ခုဖြစ်သည့် ၁၉၇၅ နိုင်ငံတော်ကို နှောက်ယှက် ဖျက်ဆီးလိုသူများ၏ အ္တရာယ်မှ ကာကွယ်သည့် အက်ဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လက်ရှိ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ၊ အတိုက်အခံများကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ၁၉၅၀ အရေးပေါ်ကာလ ပြဋ္ဌာန်းချက် အက်ဥပဒေတို့ကို ဖျက်သိမ်းရန် NLD ပါတီမှ လွှတ်တော်အမတ်များက တွန်းအားပေး ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဥပဒေကြမ်းကော်မတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များထက် ကျော်လွန်သည့် လူ့အခွင့်အရေး အခြေခံ ဘာသာစကား အသုံးအနှုန်းမျိုးကို သုံးစွဲခဲ့ပြီး ၁၉၅၀ အက်ဥပဒေမှာ “ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေသည့် ကာလ၌ နိုင်ငံသားများ၏ အခြေခံ လူ့အခွင့်အရေးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်”ဟု ဖော်ပြခဲ့ပါသည် (Hein Naing Zaw, 2016, August 2)။ ၁၉ ထို့ပြင် NLD အစိုးရ အာဏာရလာသည့် အစောပိုင်း လအနည်းငယ် အတွင်းမှာပင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် စီမံခန့်ခွဲရေး အက်ဥပဒေနှင့် ပတ်သက်၍ ပြည်သှူလွှတ်တော်၌ အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြရာ အခြားသော အကြောင်းအရာများထက် “အိမ်တစ်အိမ်သို့ ဧည့်သည်များ ညအိပ်ညနေ လာရောက်ပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အသိပေး အကြောင်းကြားရမည်”ဟူသည့် အချက်ကို အဓိကထား  ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ခန်းမထဲမှ ဆန္ဒပြ ထွက်ခွာသွားမှု အပါအဝင် အပြင်းအထန် ကန့်ကွက် ဆွေးနွေးခဲ့ကြသော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ၌ ဥပဒေနောက်ဆက်တွဲ ပြင်ဆင်ပြဋ္ဌာန်းချက်ကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြု ပြဋ္ဌာန်းခဲ့ကြပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ကတည်းက လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အငြင်းပွားဖွယ် ဥပဒေများကို ပြောင်းလဲပြင်ဆင်လိုသည့် စိတ်အားထက်သန်မှု ရှိကြောင်း သိသာ ထင်ရှားသည့် အပြောင်းအလဲ တစ်ခုကို မြင်တွေ့ခဲ့ရပါသည်။ ထို့အပြင် လွှတ်တော် အမတ်များနှင့် သူတို့၏ မဲဆန္ဒရှင်များ နှစ်ဦးနှစ်ဖက်လုံး ဥပဒေကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် ပွင့်လင်းမြင်သာသော ဥပဒေပြု ပြက္ခဒိန် အချိန်ဇယားတစ်ခု ဖြစ်ထွန်းလာသည့် တိုးတက်မှု အနည်းငယ်လည်း ရှိခဲ့ပါသည်။ ထို့ကြောင့် အစိုးရပိုင် သတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင်လည်း ဒေါက်တာထူးမောင်က အသုံးဝင်သည့် ထိုလုပ်ငန်းစဉ်၏ အနှစ်ချုပ်ကို ရေးသားဖော်ပြခဲ့သည့်အတွက် ကျေးဇူးတင်ရပါသည် (Dr. Htoo Maung, 2016, October 18)။ မည်သို့ပင်ဖြစ်စေ တရားဥပဒေပြုမှု ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ခဲ့သည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ NGOs အဖွဲ့အစည်းများကမူ လက်တွေ့တွင် ဥပဒေပြု စနစ်တစ်ခုလုံး တဖက်ပိတ်နေဆဲဖြစ်ကြောင်း မကျေမနပ် ညည်းတွားခဲ့ကြပါသည်။ ထို့ပြင် တခါတရံ မည်သူ သို့မဟုတ် မည်သည့်အဖွဲ့အစည်း (ဝန်ကြီးဌာန၊ ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်ရေးရာကော်မတီ) က ဥပဒေသစ်တစ်ခု၏ ပထမဆုံးသော ဥပဒေကြမ်းကို ရေးဆွဲမှန်း မသိသည့်အတွက် မျက်စိလည်နေရသည် ဟုလည်း ဆိုပါသည်။ ၂၀ ဒေါက်တာထူးမောင် ရေးသားသည့် ဆောင်းပါးတွင်လည်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ အခန်းကဏ္ဍကို ထည့်သွင်းရေးသားခဲ့ခြင်း မရှိပါ။ အဆိုပါ ကော်မရှင်ကို ၂၀၁၁ ခုနှစ်၌ ဖွဲ့စည်းခဲ့ပြီး သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တာဝန်ယူနေချိန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ယင်းကော်မရှင်မှာ အင်အားကောင်း၍ လျှို့ဝှက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူအင်အားနှင့် ဘဏ္ဍာရေး အထောက်အပံ့များလည်း ရရှိခဲ့သည့်အပြင် အတွေ့အကြုံမရှိသေးသည့် လွှတ်တော်၏ မျက်နှာစာမှ ဥပဒေကြမ်းရေးဆွဲသည့် တာဝန်ကိုလည်း ရယူခဲ့ပါသည်။ ၂၁ ထို့နောက် ၂၀၁၆ မတ်လ၊ NLD အစိုးရ လက်ထက်တွင်လည်း ယင်းကော်မတီ၏ အခန်းကဏ္ဍကို ပြန်လည် ဆန်းသစ်ခဲ့သည့်အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါသည်။ ကော်မရှင်၏ တာဝန်မှာလည်း ယခင်အတိုင်းပင်ဖြစ်ပြီး “ဥပဒေများကို ပြန်လည် လေ့လာဆန်းစစ်ရန်နှင့် လွှတ်တော်ကော်မတီများက တောင်းဆိုလာပါက ကူညီပေးရန်” ပင်ဖြစ်ပါသည်။ ထို့အပြင် ဥပဒေ နောက်ဆက်တွဲ ပြင်ဆင်ပြဋ္ဌာန်းချက်များကို အဆိုပြုတင်ပြရန် သို့မဟုတ် တည်ဆဲ ဥပဒေများကို ဖျက်သိမ်းရန်နှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး သို့မဟုတ် ကော်မတီဝင်များက အကြံဉာဏ် တောင်းခံလာပါကလည်း အကြံပြုတင်ပြရန် ဖြစ်ပါသည် (Htoo Thant & Pyae Thet Phyo, 2016, March  1)။ သို့ရာတွင် ကော်မရှင်အဖွဲ့ဝင် ၃၅ ဦးအနက် ကိုးဦးသည်သာ ရွေးကောက် တင်မြှောက်ခံ လွှတ်တော်အမတ်များ ဖြစ်ကြပြီး အဖွဲ့ဝင်အများစုမှာ တပ်မတော် အရာရှိဟောင်းများသာ ဖြစ်ကြပါသည်။ လွှတ်တော် အမတ်အသစ်များမှာ အထူးသဖြင့် ဥပဒေဟောင်းများကို ပြန်လည် လေ့လာ ဆန်းစစ်သုံးသပ်ခြင်းနှင့် ဥပဒေကြမ်း ရေးဆွဲခြင်းတို့နှင့် ပတ်သက်၍ အတွေ့အကြုံ မရှိကြသည့်အပြင် ရွေးကောက် တင်မြှောက်ခံထားရသူများ မဟုတ်သည့် တပ်မတော် အရာရှိဟောင်းများ၏ လျှို့ဝှက်သောအဖွဲ့ (ပြောရမည်ဆိုလျှင် သူရဦးရွှေမန်းကိုလည်း လက်ရှိ တပ်မတော်ခေါင်းဆောင်များက မကြိုက်နှစ်သက်ကြပါ)ကို ထိုကဲ့သို့သော လုပ်ပိုင်ခွင့်ရှိသည့် ရာထူးနေရာ ပေးအပ်ထားသည့်အတွက် အလွန်ထူးဆန်းနေပါသည်။ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ညွှန်းကိန်းများအရ ကော်မရှင်၏ တာဝန်မှာ ဥပဒေဟောင်းများကို ပြန်လည်လေ့လာ ဆန်းစစ်သုံးသပ်မှုနှင့် ဥပဒေကြမ်း ရေးဆွဲမှုတို့ကို ထောက်ခံချက်ပေးရန်သာဖြစ်ပြီး ထို့နောက်တွင်မှ လွှတ်တော်များရှိ ရွေးကောက် တင်မြှောက်ခံ အမတ်များက အတည်ပြုပေးရမည် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ကော်မရှင်၏ အခန်းကဏ္ဍမှာ ရွေးကောက်တင်မြှောက်ခံ ဥပဒေပြု လွှတ်တော်အမတ်များ သုတေသနပြုရန် လိုအပ်သည့် စာရွက်စာတမ်းများ၊ သမာသမတ် ကျသည့် အကြံဉာဏ်များ ပေးနိုင်ရန် ပံ့ပိုးကူညီပေးရသော လွှတ်တော် သုတေသနရုံးကို အားဖြည့်ပေးရမည့် လိုအပ်ချက်နှင့် ကိုက်ညီ ညီညွတ်မှု မရှိခဲ့ပါ။

ထို့အပြင် ကော်မရှင် အနေဖြင့်လည်း အရေးတစ်ကြီး ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်နေသည့် ပြည့်စုံကျယ်ပြန့်သော လယ်ယာမြေ ဥပဒေသစ် မူကြမ်းရေးဆွဲသည့် ကိစ္စကို မဆောင်ရွက်ရန် ပိတ်ပင်ခံခဲ့ရဖွယ် ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ၌ သူရဦးရွှေမန်း၏ ကော်မရှင်က အမျိုးသားအဆင့် မြေယာအသုံးချမှုမူဝါဒ (NULP) ပြန်လည် လေ့လာဆန်းစစ် သုံးသပ်ရန် အကြံပြုခဲ့သည်ဟု မီဒီယာများက သတင်းရေးသား ဖော်ပြခဲ့ကြပါသည်။ သိသာ ထင်ရှားသည့်အချက်မှာ ထိုသို့ မှတ်ချက်ပြု ပြောဆိုမှုများ ရှိခဲ့လျှင်သော်မှ အများပြည်သူထံ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသည့် အချက်ပင် ဖြစ်ပါသည်။ ထို့ပြင် ကော်မရှင်၏ အကြံဉာဏ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိလျှင်ဖြစ်စေ၊ သို့မဟုတ် ဥပဒေကြမ်း ရေးဆွဲခဲ့လျှင်သော်မှ ဖြစ်စေ အများပြည်သူ နှံ့နှံ့စစ်စပ် လေ့လာသိရှိနိုင်စေရန် ထုတ်ပြန် ကြေညာသင့်ပါသည်။ မည်သို့ပင်ဖြစ်စေ သတင်းမီဒီယာများ၏ တင်ပြခဲ့သည့်အတိုင်း ကော်မရှင်အနေဖြင့် အမျိုးသားအဆင့် မြေယာအသုံးချမှုမူဝါဒ (NULP) ကို နှံ့နှံ့စပ်စပ် ပြန်လည် လေ့လာဆန်းစစ် သုံးသပ်ခဲ့သော်လည်း ကန့်ကွက် ပယ်ချခံခဲ့ရသည်ဆိုပါက တိုင်းရင်းသားတို့၏ ထုံးတမ်းစဉ်လာဥပဒေကို အသိအမှတ်ပြုမှု၊ ဒုက္ခသည်များနှင့် ပြည်တွင်းမှ စစ်ဘေးရှောင် ပြည်သူများတို့၏ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးရမည့် လိုအပ်ချက်၊ အမျိုးသမီးများ၏ အမည်ပေါက် လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် အာမခံ တာဝန်ယူမည့် စကားရပ် အတိအကျဖော်ပြထားသော တရားဥပဒေ လိုအပ်ချက်တို့ကို ငြင်းဆန်ပယ်ချလိုက်ခြင်းလည်း မည်ပါသည် (The Economist, 2016, December 23)။ အစိုးရ အနေဖြင့်လည်း အမျိုးသားအဆင့် မြေယာအသုံးချမှု မူဝါဒ (NULP) ကို ပြန်လည်လေ့လာ ဆန်းစစ်သုံးသပ်မည့်အကြောင်း ထုတ်ပြန်ကြေညာခြင်း မပြုခဲ့သည့်အပြင် မူဝါဒကို အသိအမှတ်ပြုခြင်း၊ သို့မဟုတ် ပြည့်စုံကျယ်ပြန့်သည့် ဥပဒေသစ် ပြဋ္ဌာန်းရမည့် လိုအပ်ချက်ကို ဖြည့်စွက်ခြင်း မရှိခဲ့ပါ။

■ နိဂုံး

NLD အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု ရှိစေရန် လုပ်ဆောင်မည့် မိမိတို့၏ မျှော်မှန်းချက်ကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာရန် လိုအပ်နေပါသေးသည်။ ထိုသို့ လုပ်ဆောင်ပြီးခဲ့လျှင်မူ အောက်ခြေမှ အထက်အထိ၊ အထက်မှ အောက်အထိ အဆင့်ဆင့်သော တရားမျှတမှုကို အကဲဖြတ်သည့် လုပ်ဆောင်မှုများ၊ တရား ဥပဒေ ပြင်ဆင်ရေးဆွဲသည့် ကိစ္စရပ်များ စသည့် ရှေ့ဆက် တိုးတက်မှုများကိုလည်း စီစဉ်ဆောင်ရွက် လာနိုင်ပါမည်။

ထိုကိစ္စရပ်များကို လုပ်ဆောင်ရန်အတွက်လည်း NLD အစိုးရအဖွဲ့ချည်း သက်သက် မဟုတ်ဘဲ တက်ကြွပြီး အင်တိုက်အားတိုက် လှုပ်ရှားနိုင်သည့် အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူ ရှေ့နေများနှင့် အချို့သော အရပ်ဘက်အဖွဲ့ အစည်းများသည်လည်း လိုအပ်သည့် အပြောင်းအလဲများ၏ တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်ပါသည်။

အန်း လစ်ဒယ်၏ ဆောင်းပါးကို စည်သူကျော် ဘာသာပြန်ဆိုသည်။

■  စာညွှန်း

၁ – အာဆီယံအဖွဲ့ဝင် အစိုးရအဖွဲ့ တစ်ချို့သည်လည်း အဆိုပါ နည်းလမ်းအတိုင်းပင် ဆောင်ရွက်ခဲ့ကြပြီး တဆက်တစပ်တည်း တည်ရှိနေသည့် တရားဥပဒေ၊ ဒီမိုကရေစီ၊ ကောင်းမွန်သော အစိုးရ အုပ်ချုပ်မှုတို့အတိုင်း ကိုယ်တွယ် လုပ်ဆောင်ခဲ့ကြပါသည် (Mohan, Holligan & Tsai, 2013)။

၂ – သာဓက အနေဖြင့် ၁၃-၃-၂၀၁၇ ၌ မစ္စရန်ဟီးလီ၏ UNOHCHR  ကြေညာချက် UHCHR (2017) နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀-၄-၂၀၁၇ ကြေညာချက်အရ INGO နှင့် NGO အဖွဲ့အစည်း ၂၂ ဖွဲ့က နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနေခြင်းကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြပါသည် (Amnesty International, 2017, April 20)။

၃ – Hutt (2017, March 1) တွင် ကြည့်ပါ။

၄ – ဗာဇိုလ်အနေဖြင့် အုပ်ချုပ်ရေးစနစ်၏ အမူအကျင့်များထက် ပုံစံများကို ပိုမို အဓိကထားခဲ့သည်ကို သတိပြုသင့်ပြီး ၎င်း၏ လေ့လာမှုများထဲတွင် အမေရိကန်ပြည်ထောင်စုပင် ပါဝင်ခဲ့ပါသည်။

၅ – တောင်ကိုရီးယားနိုင်ငံမှာ သာဓကတစ်ခု ဖြစ်သော်လည်း “ဒီမိုကရေစီ အသွင်ကူးပြောင်းမှု” ခေတ်ကာလ အပိုင်းအခြားသစ် ဖြစ်သည့် ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက အခြားသော သာဓကများလည်း ရှိခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီစနစ် ရင့်သန်နေပြီ ဖြစ်သည့် အမေရိကန်နှင့် ဥရောပနိုင်ငံ တစ်ချို့သည်ပင်လျှင် အလားတူ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရရာ အဆိုပါ တိုင်းပြည်များမှ ဒီမိုကရေစီပဋိပက္ခ၊ အကျပ်အတည်းများအပေါ် ခေတ်ပြိုင် ခွဲခြမ်းစိတ်ဖြာလေ့လာရန် အရေးကြီးပါသည်။ သာဓကအနေဖြင့် Wolf,  Garza,  Tirado & Boeve (2017) ကို ကြည့်ပါ။

၆ – အဆိုပါ အမျိုးအစား ခွဲခြားမှုမှာ Nick Cheesman  (2015) မှ ဖြစ်ပါသည်။

၇ – Crouch (2016) ၏ စာမျက်နှာ ၂၁၉-၂၃၉ တွင် ဦးသိန်းစိန်အစိုးရ အနေဖြင့် ရှိရင်းစွဲ ပဋိပက္ခများနှင့် အဆိုပါ ဆက်ဆံရေး တင်းမာမှုများကို ကိုင်တွယ်နိုင်ခဲ့သည့် နည်းလမ်းကို အကောင်းဆုံး လေ့လာသုံးသပ် တင်ပြထားပါသည်။

၈ – စိတ်ဝင်စားစရာကောင်းသည့် ဖြစ်ရပ်မှာ ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဂျော်ဂျီယာနိုင်ငံမှ အဖြစ်အပျက်များပင်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး အစိုးရက ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရ၍ အာဏာ ရရှိလာသောအခါ အဂတိလိုက်စားမှုကို ကိုင်တွယ် အရေးယူရန် ပြင်းပြင်းထန်ထန် စီမံ ဆောင်ရွက်ခဲ့ပါသည် (World Bank, 2012)။ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေး စနစ်များသည်လည်း ပြုပြင်ပြောင်းလဲမှုများ၌ အဓိကထား လုပ်ဆောင်ရမည့် ကိစ္စရပ်များ ဖြစ်ပါသည်။

၉ – ပြသရမည့် သာဓကများ များစွာရှိပြီး ကရင်လူ့အခွင့်အရေးအဖွဲ့၊ မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဗမာအမျိုးသမီးများ အဖွဲ့ချုပ်၊ လူ့အခွင့်အရေး ခုခံကာကွယ်သူများနှင့် မြှင့်တင်သူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီထောက်ပံ့ရေးအဖွဲ့၊N-D Burma၊ တိုင်းရင်းသား လူ့အခွင့်အရေးစာတမ်း ရေးသားသူများ၏ ဆက်စပ် အဖွဲ့အစည်းများလည်း ပါဝင်ကြပါသည်။

၁၀ – Prasse-Freeman (2014) တွင် လွန်ခဲ့သော ၂၂ နှစ်အတွင်း မြန်မာနိုင်ငံသားများနှင့် စကားစမြည် အများအပြား ပြောဆိုဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၁၁ – မြန်မာနိုင်ငံ အနေဖြင့် အမျိုးသမီးများအပေါ် ပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံနေမှု အဆုံးသတ်ရေး သဘောတူစာချုပ် (CEDAW) ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။

၁၂ – အဆိုပါ အစီရင်ခံစာတွင် မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များက အမျိုးသမီးများအပေါ် ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုပေါင်း ၁၀၀ တိတိကို ဖော်ပြထားပါသည်။

၁၃ – Nyein Nyein (2015, January 26) and Lawi Weng (2016, May 17) တွင်ကြည့်ပါ။

၁၄ – ၁၄-၃-၂၀၁၇ တွင် Kishali Pinto-Jayawardene ဦးဆောင်သည့် စကားဝိုင်း ဆွေးနွေးပွဲတစ်ခုသို့ စာရေးသူ တက်ရောက်ခဲ့ပါသည်။

၁၅ – Pyae Thet Phyo (2016, December 15) and The Guardian (2016, September 26) တွင် ကြည့်ပါ။

၁၆ – ဥပမာအားဖြင့် Salai Thant Zin (2016, December 1), Htike Nanda Win  (2016, November 16), Htet Naing Zaw (2017, February 1), Wai Wai Lwin (2016, November 28) တွင်ကြည့်ပါ။

၁၇ – အလွန် ရှည်ကြာလှသည့် လုပ်ငန်းစဉ်ဖြစ်ပြီး အောင်မြင်မှု မရရှိသည်က များပါသည်။ ထို့ကြောင့် Melissa Crouch(2014) က ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း လျှောက်လဲချက်ပေါင်း ရာနှင့်ချီ၍ တင်သွင်းခဲ့သော်လည်း ၆ စောင်သာ တရားရုံးသို့ ရောက်ရှိခဲ့ပြီး ကျန်သည့် လျှောက်လဲချက်များအားလုံး ပယ်ချခံခဲ့ရသည်ဟု ထောက်ပြ ပြောဆိုခဲ့ပါသည် (USAID, 2014 October)။

၁၈ – အမျိုးသားအဆင့် မြေယာအသုံးချမှု မူဝါဒ အစောပိုင်းမူကြမ်းများကို Land in Our Hands Network (2015 January) and Landesa (2015 June)  တွင်ကြည့်ပါ။

၁၉ – ထိုဥပဒေများကို ၂၀၁၆ မေလနှင့် အောက်တိုဘာလတို့တွင် ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး Hein Naing Zaw (2016, August 2)  မှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။

၂၀ – မြန်မာနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအပေါ်သို့ ယင်းဥပဒေကြမ်းနှစ်ခု၏ အကျိုးသက်ရောက်မှု ရှိလာသောအခါ အဆိုပါပြဿနာကို အသားပေး ရေးသား ဖော်ပြလာခဲ့ပါသည် (Shoon Naing, 2017, January 27) ။

၂၁ – McLaughlin (2014, April 10) တွင် ကြည့်ပါ။

■  ကျမ်းကိုးစာရင်း

မြန်မာဘာသာ

BBC Burmese (2017, April 6).  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီဘီစီရဲ့ သီးသန့်မေးမြန်းခန်း Retrieved from https://www.facebook.com/bbcburmese/videos/1343878335668048/.

အင်္ဂလိပ်ဘာသာ

Action Aid Myanmar (2014). Violence Against Women and Girls and Access to Justice in Myanmar.  Gender Analysis Brief. Retrieved from  http://www.actionaid.org/sites/files/actionaid/vaw_policy_brief_final_copy.pdf

Amnesty International (2017, April 20). Myanmar: Establish an independent prisoner review mechanism to end politically motivated imprisonment. Retrieved from  https://www.amnesty.org/en/documents/asa16/6090/2017/en/

BBC (2017, April 5). BBC exclusive interview by Fergal Kean. Retrieved from https://www.youtube.com/watch?v=MFEEmdKbqBE

Belak, B. (2002). Gathering Strength: Women from Burma and their Rights Images Asia, Bangkok. Retrieved from http://www.ibiblio.org/obl/docs/Gathering_Strength.html

Cheesman, N. (2015). Opposing the Rule of Law. Cambridge University Press.

Crouch, M. (2016). Legislating Reform 2011-2015. In N., Cheesman and N., Farrelly (eds) Conflict in Myanmar: War, Politics, Religion. Singapore: Institute for Southeast Asian Studies. pp219-239.

Dr. Htoo Maung (2016, October 18). The Legislative Drafting Process of Myanmar Hluttaws. The Global New Light of Myanmar. Retrieved from http://www.globalnewlightofmyanmar.com/the-legislative-process-of-myanmar-hluttaws/

Easterly, W. (2014). Tyranny of the Experts: Economists, Dictators and the forgotten rights of the poor (Basic Books).

Egreteau, R. (2016, June 5).  How powerless are Myanmar’s military legislators?. Nikkei Asia Review. Retrieved from http://asia.nikkei.com/Viewpoints-archive/Viewpoints/Renaud-Egreteau-How-powerless-are-Myanmar-s-military-legislators

Ei Cherry Aung (2016, October 6). As tech spreads, Myanmar women suffer online abuse, ‘revenge porn’.  Myanmar Now. Retrieved from http://www.myanmar-now.org/news/i/?id=e7abeaa2-3f3e-497e-a0db-210bf599a82e

Global New Light of Myanmar (2017, April 13). 2,075 land grabbing complaints settled in one year. Issue 362, Volume 3.

Global Witness (2015, March 26). Guns, Cronies and Crops.  Report. Retrieved from https://www.globalwitness.org/en/campaigns/land-deals/guns-cronies-and-crops/

Golub, S. (2003). Beyond Rule of Law Orthodoxy: The Legal Empowerment Alternative. Carnegie Endowment for International Peace, Rule of Law Series Vol (41).

Green, D. (2008). From Poverty to Power: How Active Citizens and Effective States can Change the World. United Kingdom: Oxfam.

Htet Naing Zaw (2017, February 1). District Courts Ordered to try more child rape cases. The Irrawaddy. Retrieved from http://www.irrawaddy.com/news/burma/district-courts-ordered-to-try-more-child-rape-cases.html

Htay Hla Aung (2017, April 25). Shan Sate Farmers Get 16 months. The Eleven Myanmar. Retrieved from http://www.elevenmyanmar.com/local/9016

Htet Naing Zaw (2016 August 2). Bill Committee moves to abolish controversial Emergency Provisions Act’. The Irrawaddy. Retrieved from https://www.irrawaddy.com/news/burma/bill-committee-moves-to-abolish-controversial-emergency-provisions-act.html

Htike Nanda Win  (2016, November 16). Civil Soeity Looks to tackle child sex abuse. Myanmar Times. Retrieved from http://www.mmtimes.com/index.php/national-news/nay-pyi-taw/23691-civil-society-looks-to-tackle-child-sex-abuse.html

Htoo Thant (2017, February 14). Two laws to be amended to solve land disputes. Myanmar Times. Retrieved from http://www.mmtimes.com/index.php/national-news/nay-pyi-taw/24943-two-laws-to-be-amended-to-solve-land-disputes.html

Htoo Thant and Pyae Thet Phyo (2016, March 01). U Shwe Mann up for chairing commission. Myanmar times.  Retrieved from http://www.mmtimes.com/index.php/national-news/nay-pyi-taw/19232-u-shwe-mann-up-for-chairing-commission.html

Hutt, D. (2017, March 1). The Cowardice of Aung San Suu Kyi. Retrieved from http://thediplomat.com/2017/03/the-cowardice-of-aung-san-suu-kyi.

International Crisis Group (2016, July 29). Myanmar’s New Government: Finding It’s Feet? Asia Report. Brussels, Belgium. Retrieved from  https://d2071andvip0wj.cloudfront.net/myanmar-s-new-government-finding-its-feet.pdf

Land in Our Hands Network (2015, December). Destroying People’s Lives: The Impact of Land Grabbing on Communities in Myanmar. Yangon, Myanmar. Retrieved from  https://www.tni.org/files/article-downloads/lioh_research_report_eng_0.pdf

Land in Our Hands Network (2015, January). National Land Use Policy Myanmar: Our Recommendations.

Landesa (2015, June). Analysis of significant changes in the 6th Draft of Myanmar’s National Land Use Policy.

Lawi Weng (2014, January 22). Govt Not Recognizing Scale of Land-Grabs in Burma: Lawmakers. The Irrawaddy. Retrieved from  http://www.irrawaddy.org/burma/govt-recognizing-scale-land-grabs-burma-lawmakers.html

Lawi Weng (2016, May 17). Army Officers to Testify in Double Rape-Murder of Kachin Teachers. The Irrawaddy. Retrieved from  https://www.irrawaddy.com/news/burma/army-officers-to-testify-in-double-rape-murder-of-kachin-teachers.html

McLaughlin, T. (2014, April 10). All the speaker’s men. The Myanmar times. Retrieved from http://www.mmtimes.com/index.php/in-depth/10138-all-the-speaker-s-men.html

Michael Johnston. (2014). Corruption, Contention and Reform: The Power of Deep Democratization (Cambridge U.P.)

Ministry of Health and Sports (2017, March). Myanmar Demographic and Health Survey 2015-16: Key Indicators Report. Nay Pyi Taw, Myanmar.

Mizzima (2017, April 3). NLD wins string of seats in by-election, but is rejected by Myanmar’s minorities. Retrieved from http://www.mizzima.com/news-domestic/nld-wins-string-seats-election-rejected-myanmar%E2%80%99s-minorities

Mohan, Holligan and Tsai (2013). Rule of Law in ASEAN – From ‘Competing Conceptions’ toward a Common Conceptual Framework. In M. Spitzkatz ed., Rule of Law: Perceptions from Asia. Singapore: Konrad Adenaur Stiftung.

Myanmar Lawyers Network and Asian Human Rights Commission (2015, September). Land and Law in Myanmar: A Practitioners Perspective. Workshop Report and Recommendations. Retrieved from http://www.burmalibrary.org/docs22/MLC&AHRC-2015-07-Land_and_Law_Report-en.pdf

Myint San. (2017)  Rule of Law Concepts in Burma’s Constitution and Actual Practice: No Ground for Optimism. In A. Harding ed., Constitutionalism and Legal Change in Myanmar. Oxford: Hart Publishing.

NAMATI (2017). Evidence is not sufficient to secure land rights in Myanmar; impartial and transparent procedures are critical. Retrieved from https://namati.org/wp-content/uploads/2017/01/4.Evidence_Land-Rights_-Myanmar-2017-Final.pdf.

NAMATI (2016). Policy  Brief: Streamlining Institutions to Restore Land and Justice to Farmers in Myanmar. Retrieved from https://namati.org/resources/streamlining-institutions-to-restore-land-and-justice-to-farmers-in-myanmar/.

Nyein Nyein (2015, January 26). Swiftly ‘Reveal the Truth’ in Murder of Kachin Teachers: NLD, The Irrawaddy. Retrieved from https://www.irrawaddy.com/news/burma/swiftly-reveal-truth-murder-kachin-teachers-nld.html

Prasse-Freeman, E. (2014). Conceptions of Justice and the Rule of Law. In D. Steinberg ed., Myanmar: the Dynamics of an Evolving Polity. Colorado: Lynne Rienner Publishers. 103.

Pyae Thet Phyo (2016, December 15). Deputy minister notes ‘worrisome’ rise in child rape cases. Myanmar Times. Retrieved from http://www.mmtimes.com/index.php/national-news/nay-pyi-taw/24218-deputy-minister-notes-worrisome-rise-in-child-rape-cases.html

Saffin, J. (2012). Where are the lawyers in Burma’s Transition?. New Mandala online. Retrieved from  http://asiapacific.anu.edu.au/ newmandala/2012/07/18/where-are-burma%E2%80%99s-lawyers-in-the-transition/.

Salai Thant Zin (2016, December 1). Judge Sentences Father to 20 Years for Raping Own Daughter. The Irrawaddy. Retrieved from http://www.irrawaddy.com/news/burma/judge-sentences-father-to-20-years-for-raping-own-daughter.html ,

Secretary General to the Security Council (2004). The Rule of Law and Transitional Justice in Conflict and Post-Conflict Societies. United Nations Security Council.

Shoon Naing, (2017, January 27). Draft foreigner laws worry experts, expats. Myanmar Times. Retrieved from http://www.mmtimes.com/index.php/national-news/yangon/24728-draft-foreigner-laws-worry-experts-expats.html

The Economist (2016, December 23). Land Policy a Test Case for New Parliament’s Power.  The Economist Intelligence Unit.

The Gender Equality Network (2015, Feburary). Behind the Silence: Violence against Women and Their Resilience in Myanmar. Research Report. Yangon, Myanmar. Retrieved from http://www.genmyanmar.org/publications/Behind%20the%20SilenceFullReportEnglish.pdf

The Guardian (2016, September 26). ‘My father punched me and tore at my clothes’: confronting rape in Myanmar. Global Development. Women’s rights and gender equality. Retrieved from https://www.theguardian.com/global-development/2016/sep/26/myanmar-rape-sexual-violencxe-draft-law-my-father-punched-me-tore-my-clothes

The Irrawaddy (2017, January 25). USDP calls on the Security Council to intervene. Retrieved from https://www.irrawaddy.com/news/burma/usdp-and-allies-call-on-security-council-to-intervene.html

The Irrawaddy. (2016, May 9). New Bodies Formed on Land Disputes, Other Pressing Matters. Retrieved from https://www.irrawaddy.com/news/burma/new-bodies-formed-on-land-disputes-other-pressing-matters.html.

The Mizzima (2017, February 24). 350 Myanmar farmers facing court over land grabs. Retrieved from http://www.mizzima.com/news-domestic/350-myanmar-farmers-facing-court-over-land-grabs.

UHCHR (2017). Statement by Ms. Yanghee LEE, Special Rapporteur on the Situation of Human Rights in Myanmar at the 34th session of the Human Rights Council. Office of the High Commissioner, The United Nations Human Rights. Retrieved from http://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx?NewsID= 21355&LangID=E,

UNDP Indonesia (2007). Legal Empowerment and Assistance to the Disadvantaged (LEAD). Retrieved from  http://www.id.undp.org/content/indonesia/en/home/operations/projects/democratic_governance/the-legal-empower-ment-and-assistance-for-the-disadvantaged.html

UNFPA (2016). Powerful Myths, Hidden Secrets. Retrieved from http://myanmar.unfpa.org/sites/default/files/pub-pdf/PowerfulMythsHiddenSecrets_EDITED.pdf

UN Women (2016). Women’s Access to Justice in the Plural Legal System in Myanmar. United Nations Entity for Gender Equality and the Empowerment of Women (UN Women). Retrieved from http://asiapacific.unwomen.org/en/digital-library/publications/2016/04/womens-access-to-justice-in-the-plural-legal-systems

USAID (2014, October). Access to Justice and Administrative Law in Myanmar. Promoting the Rule of Law Project. Retrieved from https://drive.google.com/file/d/0BzI030IkeET6UnJ6NUItVUlJTTg/view.

Universal Periodic Review. (2015). Myanmar-Session 23. Retrieved from https://www.upr-info.org/sites/default/files/document/myanmar/session_23_november_2015/mnhrc_upr23_mmr_e_main.pdf

Vazol, O. (2015). Stealth Authoritarianism. Iowa Law Review. Iowa: Lewis and Clark Law School.

Wai Wai Lwin (2016, November 28). Two rape cases reported in Mandalay. The Irrawaddy. Retrieved from https://www.irrawaddy.com/news/burma/two-rape-cases-reported-in-mandalay.html.

Wolf,  Garza,  Tirado & Boeve (2017). ‘Trump didn’t do this. You did this. Your own inaction brought us exactly here’. The Guardian. Retrieved from https://www.theguardian.com/us-news/2017/apr/23/trump-100-days-shook-the-world-and-the-activists-fighting-back.

Women’s League of Burma (2014). Same Impunity, Same Patterns. Retrieved from  http://womenofburma.org/wp-content/uploads/2014/01/SameImpunitySame Pattern_English-final.pdf

World Bank (2012). Fighting Corruption in Public Services: Chronicling Georgia’s Reforms. Retrieved from http://documents.worldbank.org/curated/en/518301468256183463/pdf/664490PUB0EPI0065774B09780821394755.pdf.

2016 National Land Use Policy. The Republic of the Union of Myanmar. Retrieved from http://extwprlegs1.fao.org/docs/pdf/mya152783.pdf

Rule of Law: Clear Vision, Political Will and Cooperation with and from Civil Society needed to Push Through Reforms

By Anne Liddell

This article argues that without the National League for Democracy (NLD) leadership presenting a definition of and vision for ‘the rule of law’ in Myanmar, it will be difficult to judge its success. Clearly, the rule of law for Daw Aung San Suu Kyi is not premised on upholding individual human rights, and she has come under criticism in the West for not doing so, particularly in regards to the Rohingya. However, in many speeches and interview the  ‘rule of law’ continues to be an aspiration for the NLD.

The article, therefore, considers how ‘rule of law’ projects, as part of international development programs, are understood since there are many in Myanmar. Historically, the record of international programs to promote rights through top down and bottom up rule of law initiatives has not fared well, in part because the government’s adoption a ‘stealth authoritarian’ model creates a formal rule of law, without substantive changes to the rights of the poor. The promotion of participatory governance is a necessary step to address this problem.

In Myanmar, two areas stand out as important to voters, as seen by civil society activities: access to justice for women and the right to land tenure. The NLD, with its huge majority in both Parliaments, has the power to enact any laws it chooses – including ones that address violence against women or land issues. The 2016 National Land Use Policy sets outs principles useful for drafting a comprehensive land law.  However, it appears that much of the NLD’s legislative power has been handed to Thura U Shwe Mann’s Legal Affairs and Special Cases Assessment Commission. Consequently, the NLD has failed not only to offer a vision of the rule of law, but it has also failed to use its legislative power and harness the energy and goodwill of civil society to ensure the rights of the poor.

About the author

Anne Liddell

သီးခြား လွတ်လပ်စွာ ရပ်တည်နေသည့် အတိုင်ပင်ခံတစ်ဦး ဖြစ်သည်။

1 comment