ကိုအောင်ကျော်မိုးအား မေးမြန်းခြင်း

က

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေ မှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။
ဖြေ အစိုးရဟာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေမှာ အားနည်းတယ်။ လူထုအတွက် ရေးဆွဲ ထားတဲ့ မူဝါဒတွေမရှိဘူး။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတိုင်းမှာ ခိုင်မာပြီး လူထုအတွက်အကျိုးရှိမယ့် မူဝါဒတွေပေါ်မလာသေးသလို နိုင်ငံသား အားလုံးအတွက် အားနည်းချက်ရှိတဲ့ ဥပဒေတွေကိုလည်း ခေတ်နဲ့ညီအောင် ပြင်ဆင်နိုင် ခြင်းမရှိ၊ ဝန်ဆောင်မှုပေးရမယ့် ဗြူရိုကရေစီယန္တရားကို လူထုက အကြောက်တရားနဲ့ ဆက်ဆံနေရခြင်း၊ ယုံကြည်မှုမရှိခြင်းတွေကြောင့်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေဟာ ပြည်နယ်တွေမှာ တဆင့်နိမ့် နိုင်ငံသားအနေနဲ့ ခွဲခြားဆက်ဆံခံနေရတာက အဓိက အကြောင်းတရား ဖြစ်ပါတယ်။
မေး ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြုကာကွယ်ပေးခြင်းက အခု အချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။
ဖြေ နိုင်ငံရေးစနစ်အရ ကိုယ်စားပြုသူတွေက ကာကွယ်ပေးနိုင်ခြင်းမရှိဘူး။ ကိုယ်စားပြုသူ တွေကိုယ်တိုင်က ဆင်းရဲမွဲတေတဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးလိုတဲ့စိတ် မရှိခြင်းက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

မေး ကမ္ဘာမှာတော့ မြန်မာဟာ ပေးကမ်းရက်ရောလူ့ဒါန်းမှု ပြုလုပ်တာ အများဆုံးနိုင်ငံတွေထဲ မှာ ထိပ်တန်းဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းမှာတော့ ဆင်းရဲမွဲတေမှုဟာ ကြီးထွားနေဆဲ ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေမှုရှိပြီး ဆင်းရဲ မွဲတေမှုကို ကုစားပေးနိုင်ဖို့အတွက် ဘယ်လို ကူညီလှူဒါန်းမှုမျိုးက ထိရောက်နိုင်မလဲ။
ဖြေ ဆင်းရဲမွဲတေမှုကို ဘာနဲ့တိုင်းမလဲဆိုတဲ့ စံနှုန်းသတ်မှတ်ချက်ကို အရင်ဆုံးလုပ်ဆောင် သင့်တယ်။ အဲဒီစံနှုန်းကိုအသုံးပြုပြီး ဆင်းရဲမွဲတေမှုအလွှာများကို သတင်းအချက်အလက် များ ကောက်ယူ၍ လိုအပ်ချက်များကိုစီစဉ်ပြီး အောက်ခြေအထိ ပံ့ပိုးကူညီသင့်တယ်။

မေး ဆင်းရဲမွဲတေမှုက ထူပြောနေတယ်။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အတွက်ကိုယ်သာ ရှင်သန်နေ ရတယ်။ တခါ လူဦးရေ အရွှေ့အပြောင်းဖြစ်မှုတွေက လူအချင်းချင်းအကြား အပြန်အလှန် နားလည်ထိစပ်မှု နည်းပါလာတယ်။ တဦးနဲ့တဦး နေရာတခုတည်းမှာ တဦးအကြောင်း တဦး မသိသူတွေအဖြစ် နေထိုင်လာရင်း အမုန်းပွားများလာတာနဲ့အတူ မလုံခြုံမှုတွေ ဖြစ်နေတယ်။ တိုင်းရင်းသားဒေသတွေမှာ ဒီအခြေအနေကို ရင်ဆိုင်နေရတယ်။ ဒါတွေကို ဘယ်လို ကုစားနိုင်မလဲ။
ဖြေ ရွှေ့ပြောင်းနေထိုင်မှုတွေမှာ ရွှေ့ပြောင်းလာသူတွေဟာ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတွေကို အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ပြီး လူ့တန်ဖိုးကိုနားလည်ခဲ့ မယ်ဆိုရင် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ လည်း ရိုင်းပင်းကူညီမှုတွေ ပြုလုပ်ပေးနိုင်ရပါမယ်။

မေး အရပ်ဘက်လူ့အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ် လုပ်ငန်းစဉ် တွေ ထိရောက်မှုရှိအောင် ဘယ်လိုပံ့ပိုးနိုင်မလဲ။
ဖြေ အစိုးရနဲ့သက်ဆိုင်သူတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်လိုစိတ် ရှိရပါမယ်။ အရပ်ဘက်အဖွဲ့တွေကို ပူးပေါင်းလုပ်ဆောင်ခွင့်နဲ့ အရပ်ဘက်အဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရပါမယ်။ CSO တွေရဲ့ အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့် စွာ ပေါ်ပေါက်နိုင်ရန်အတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရပါမယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment