ကိုရဲနိုင်ဝင်းအား မေးမြန်းခြင်း

က

မေး အခြေခံ အလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖော်ချင်ပါ သလဲ။
ဖြေ အခြေခံအလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာ အလုပ်ချိန်ပြီးတဲ့အချိန်မှာ အနိမ့် ဆုံးတော့ အများအနားယူချင်တဲ့အချိန်မှာ အနားယူချင်တယ်။ အများ အေးအေးဆေး ဆေး အိပ်ရတဲ့အချိန်မှာ အိပ်ချင်တယ်။ အနိမ့်ဆုံးအဆင့်က အဲဒီလောက်တော့ ရှိဖို့လိုပါ တယ်။

မေး နောက်တခါ သူ့ရဲ့မိသားစုအတွက် ဖူလုံမှုကရော …
ဖြေ မိသားစုအတွက် ဖူလုံမှုဆိုတာကတော့ ကျနော်တို့ မမျှော်မှန်းနိုင်ပါဘူး။ ဒီမှာ ကျနော်တို့ ဖြစ်နေတဲ့ အခြေခံအလုပ်သမားတဦးရဲ့ အနိမ့်ဆုံးလုပ်ခ၊ အိပ်ချိန်မှာ မအိပ်ရဘူး။ အိပ်ရ မယ့်အချိန်မှာလည်း အေးအေးချမ်းချမ်းမဖြစ်ဘူး။ အနိမ့်ဆုံး ကျနော်တို့ ဘာလိုလားသလဲ ဆိုရင် အိပ်ချိန်မှာအိပ်ချင်တယ်။ ကောင်းကောင်းမွန်မွန် စားချင်တယ်။ ပိတ်ရက်တွေပေါ့ ဗျာ။ အများသူငါလို သွားလာလည်ပတ်သလို လုပ်ချင်တယ်။ ဒါမျိုး အခွင့်အရေးကအစ မရှိဘူး ဖြစ်နေတယ်။

မေး ကျနော်တို့ဆီမှာ သာမန်အခြေခံ အလုပ်သမားတွေအတွက် ကာကွယ်ပေးမှု၊ ဒါမှမဟုတ် သူတို့ရဲ့ လူမှုရေးဆိုင်ရာတရားမျှတမှု၊ အဲဒီအခြေအနေတွေက ဘယ်လိုရှိသလဲ။
ဖြေ ပြောရမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ အလုပ်သမားဥပဒေတွေပေါ့။ အလုပ်သမား ဥပဒေတွေက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ယှဉ်ရင် အဆင့်အတန်းက မနိမ့်ဘူး။ ဥပဒေ ထဲမှာ တချို့ပြဋ္ဌာန်းချက်တွေက တကယ့် အကောင်းတွေပါ။ သို့သော် တကယ် ကျယ် ကျယ်ပြန်ပြန့် မကျင့်သုံးနိုင်တဲ့အခါကျတော့ လုပ်ငန်းခွင်ထဲမှာရော၊ လုပ်ငန်းခွင် ပြီးသွား တဲ့အခါ နေထိုင်မကောင်းဖြစ်တာတို့၊ ဖျားတာတို့ကအစ အကာအကွယ်မရှိဘူး။ ဒါက တချက်ပေါ့။ နောက်တချက်က ဘာလဲဆိုတော့ ကျနော်တို့နေရတဲ့ လူ့အဖွဲ့အစည်း၊ အလုပ်သမားတွေနေတဲ့ လူ့အဖွဲ့အစည်းက အစိုးရတွေရဲ့ မျက်ကွယ်ပြုခြင်းကို ခံရတယ်။ ခံရတဲ့အခါကျတော့ သူတို့ရဲ့ ဘေးကင်းလုံခြုံမှု၊ အေးချမ်းစွာနေထိုင်လိုမှု ဒီလိုကိစ္စတွေက အစ ကျနော်တို့ အကာအကွယ်မရှိဘူး။

မေး ဆိုလိုတဲ့သဘောက ဒီအလုပ်သမားတွေရဲ့အသံကို အစိုးရတွေဘက်က မကြားနိုင်ဘူးလို့ ဆိုချင်တာလား။
ဖြေ ကျနော်တို့ ခဏခဏ ပြောတဲ့စကား ရှိပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ၁၉၄၇ ခုနှစ် ဒီဘက်ပိုင်းပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလမှာတာဝန်ယူပြီး ဒီဘက်ခေတ်အထိ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒ မှန်မှန်ကန်ကန် ချမှတ်နိုင်ခဲ့တဲ့အစိုးရ မရှိပါ ဘူး။ ကျနော်တို့ အလုပ်သမားကို လိုရင်ယူသုံးတာလောက်ပဲရှိတယ်။ ဒီနေ့အစိုးရလည်း ဒီထဲမှာ ပါပါတယ်။

မေး အလုပ်သမားရေးရာနဲ့ပတ်သက်တဲ့ မှန်ကန်တဲ့မူဝါဒလို့ ခုနကပြောတော့၊ ဘယ်လိုကိစ္စမျိုး တွေက မှန်ကန်တဲ့မူဝါဒ ဖြစ်နိုင်မလဲ။
ဖြေ အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ချမှတ်ခဲ့တဲ့ မူတွေရှိတယ်။ ၁၉၄၇ ခုနှစ် အလုပ် သမားသပိတ်ကြီး ပြီးတဲ့အချိန်မှာပေါ့လေ။ အဓိကက ဘာလဲဆိုတော့ အလုပ်ရှင်၊ အလုပ် သမား ပဋိပက္ခတွေ လျော့နည်းသွားစေဖို့အတွက် တကယ်ထိရောက်တဲ့ ဖျန်ဖြေရေး ယန္တရားတခုရှိရမယ်လို့ဗိုလ်ချုပ်တို့ပြောခဲ့တယ်။ နောက်တခါ ခေတ်ကာလနဲ့ လျော်ညီ တဲ့ လုပ်ခလစာရဖို့ လိုအပ်တယ်တဲ့။ နောက်တခါ အလုပ်သမားတွေ အနေနဲ့ဆိုရင် ဘာလဲဆိုရင် ကောင်း မွန်တဲ့ အလုပ်အကိုင်တွေ ရလာ အောင် ဖန်တီးပေးရမယ်၊ နောက် တခါ အဲဒီမှာလည်း ပိုပြီး ကျွမ်းကျင် တဲ့ လုပ်ငန်းတွေဖြစ်လာရမယ်။ နောက်တခါ သူတို့အတွက် အာမခံ စနစ် အမျိုးမျိုးတွေ ပြဋ္ဌာန်းပေးရ မယ်။ ဒါတွေဟာ ပြောမယ်ဆိုရင် တော့ တကယ်ရသင့်တဲ့ အခွင့်အရေး တွေပဲ။ ဒါတွေကိုပဲ ကျနော်တို့ ဆိုလို တာပါ။

မေး အဲဒီတော့ အလုပ်သမားတွေရဲ့ လက် ရှိအခြေအနေပေါ့။ အခြေအနေဆို တာက ကျနော်တို့တိုင်းပြည် ၂၀၁၀ ပြည့်နှစ်ကစလို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတယ်။ အခုဆို ရှစ်နှစ်၊ ကိုးနှစ်ထဲ ရောက်ပြီ။ အဲဒီအခြေအနေ ကျနော်တို့ ပိုပြီး ပွင့်လင်းလာသလား၊ ပိုကောင်းလာသလား။ ဒါမှမဟုတ် အလုပ်သမားတွေရဲ့ အခြေအနေ ပြန်ဆုတ်သွားသလား။ ဘယ်လိုယူဆသလဲ။
ဖြေ ၂၀၁၀ ပြည့်နှစ်ကနေ ဒီဘက်ကိုဆိုရင်တော့ အထွေထွေအပြောင်းအလဲပေါ့။ ကျနော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲတင် မဟုတ်ပါဘူး။ ကမ္ဘာကြီးရဲ့ အပြောင်းအလဲလည်း ပါတာ ပေါ့။ သတင်းမီဒီယာနယ်ပယ် ကျယ်လာတာက အစပေါ့။ အဲဒီအပြောင်းအလဲမှာတော့ ၂၀၁၀ ပြည့်နှစ်ကနဲ့စာရင် ပိုကောင်းလာတယ်။ ပိုကောင်းလာတယ်ဆိုတဲ့နေရာမှာ ၂၀၁၀ ပြည့်နှစ်ကတော့ သိပ်ဆိုးတဲ့ အခြေအနေကိုး။ တကယ်တန်းကျတော့ ရှိသင့်ရှိ ထိုက်တဲ့ အခြေခံအခွင့်အရေးတွေကတော့ မရသေးပါဘူး။

မေး အခုအနေအထားမှာ အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်ပြီးတော့ သတ်မှတ်လိုက်တယ်။ ဒီလို တိုးမြှင့်သတ်မှတ်လိုက်တာနဲ့ အခြေအနေ ပိုကောင်းသွားဖို့ရှိလား။
ဖြေ အနည်းဆုံး လုပ်ခလစာအကြောင်းပြောရင် ကျယ်ကျယ်ပြန့်ပြန့် ပြောရမှာတွေရှိတယ်။ အဓိကက အနည်းဆုံးလုပ်ခ သတ်မှတ်ရာမှာ အလုပ်အကိုင် ၂၁ မျိုးကို တပြေးညီ သတ် မှတ်တာကလည်း လွဲနေတယ်လို့ ကျနော်တို့မြင်တယ်။ အဲဒီလို သတ်မှတ်မယ်ဆိုရင်လည်း လုပ်အားခမြင့်တဲ့ဟာကိုပဲ စံအဖြစ် သတ်မှတ်ရမယ်။ နောက်တခါ အနည်းဆုံးလုပ်ခ ဥပဒေပါ ပြဌာန်းချက်နဲ့ လျော်ညီအောင်လည်း ဒီကနေ့ အကောင်အထည်ဖော်နိုင်တဲ့ အနေအထား မရှိဘူး။ တဖက်မှာကလည်း ၂၀၁၂ ခုနှစ်ကနေ ဒီဘက် တလျှောက်လုံး ပြန်ကြည့်တဲ့အခါ ငွေကြေးဖောင်းပွမှုနှုန်းက ၆ ဒသမ ၄၁ ရာခိုင်နှုန်း ပုံမှန်ရှိနေတာကို အစိုးရကထုတ်ပြန်တဲ့ အချက်အလက်တွေမှာ တွေ့ရတယ်။ တကယ်လည်း လက်တွေ့မှာ ကုန်ဈေးနှုန်းမြင့်တက်မှုတွေက ဖြစ်နေတယ်။ ဖြစ်တဲ့အခါကျတော့ ၄၈၀ဝ ကျပ် သတ် မှတ်တာနဲ့ပတ်သက်ပြီး ပိုတိုးလာမယ့်အခြေအနေ မရှိပါဘူး။ တခုပဲရှိတာပေါ့။ အထည် ချုပ် အလုပ်သမားတွေအနေနဲ့ ဆိုရင်တော့ အခြေခံလုပ်ခ မြင့်တက်လာတဲ့အတွက်ကို OT ကြေးတွေ နည်းနည်း မြင့်တက်လာမယ်။ အဲဒီအတွက် အချိန်ပိုလုပ်ရတာ နည်းနည်း လျော့သွားမယ်လို့ပဲ မျှော်လင့်လို့ရမယ်။ သိသာတဲ့ အကျိုးသက်ရောက်မှုကတော့ ရှိမှာ မဟုတ်ပါဘူး။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment