ကိုထူးချစ်အား မေးမြန်းခြင်း

က

မေး ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေသူတဦးအနေနဲ့ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှုအကြောင်း ခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ အဓိကတော့ နိုင်ငံရေးစနစ်ကြောင့်လို့ ရှုမြင်မိပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်တွင်းစစ်၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ လယ်ယာ မြေ သိမ်းဆည်းခံနေရမှုတွေဟာ ဆင်းရဲမွဲတေမှုရဲ့ အရင်းခံအချက်အလက်တွေလို့ ထင် ပါတယ်။ အစိုးရအနေနဲ့ အဆိုပါကိစ္စတွေ လျော့နည်းအောင်၊ ပပျောက်အောင် မလုပ်နိုင် မချင်း ကိုယ်ထူကိုယ်ထ ရုန်းကန်နေရဦးမှာဖြစ်ပါတယ်။

မေး ပြည်တွင်းမှာ ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြု ကာကွယ်ပေး ခြင်းက အခုအချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။ ပြည်ပမှာဖြစ်နေတဲ့ အခြေ အနေတွေကရော ဘယ်လိုပါလဲ။
ဖြေ လုံလောက်မှုရှိတယ်လို့ မထင်ပါဘူး၊ အစိုးရအဆက်ဆက်ရဲ့ ရွှေ့ပြောင်း မြန်မာအလုပ် သမားတွေကို ကူညီဆောင်ရွက်ပေးမှုတွေက မကွာဘူးလို့ ပြောလို့ရပါတယ်။ နိုင်ငံခြား ကို ရွှေ့ပြောင်းလုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ နေ့စဉ်နဲ့အမျှ လူ့အခွင့် အရေးတွေ ချိုးဖောက်ခံနေရပါတယ်။ မြန်မာအစိုးရအနေနဲ့ စနစ်ကျတဲ့ မူဝါဒရေးဆွဲထား မှုနဲ့ လက်ရှိ ရှိနေတဲ့ အလုပ်သမားကာကွယ်ရေး မူဝါဒတွေကို အကောင်အထည်ဖော်တဲ့ အပိုင်းမှာလည်း အားနည်းမှုတွေ အများကြီးရှိနေပါသေးတယ်။ ပိုပြီး အရေးကြီးတာက ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအပေါ် စနစ်ကျတဲ့ ဆက်သွယ်ဆောင်ရွက်မှုနဲ့ လေးစား အသိအမှတ်ပြုမှုတွေ အားနည်းနေပါ သေးတယ်။

မေး ကမ္ဘာမှာတော့ မြန်မာဟာ ပေးကမ်းရက်ရောလူ့ဒါန်းမှု ပြုလုပ်မှုအများဆုံး နိုင်ငံတွေထဲ မှာ ထိပ်တန်းဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာတော့ ဆင်းရဲမွဲတေမှု ဟာ ကြီးထွားနေဆဲဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေမှုရှိပြီး ဆင်းရဲမွဲတေမှုကို ကုစားပေးနိုင်ဖို့အတွက် ဘယ်လို ကူညီလှူဒါန်းမှုမျိုးက ထိရောက်နိုင် မလဲ။
ဖြေ မြန်မာနိုင်ငံအနေနဲ့က ဗုဒ္ဓဘာသာနိုင်ငံလို့ ကြွေးကြော်ပြီး ဘာသာရေးကို အခြေခံတဲ့ လှူဒါန်းမှုတွေက ပိုပြီးများနေတယ်။ ဘာသာရေးကိစ္စတွေမှာ လိုအပ်တာထက်ပိုပြီး လှူဒါန်းနေတယ်လို့ မြင်မိပါတယ်။ မလိုအပ်ဘဲနဲ့ ဘုရားကျောင်းကန်တွေအတွက်၊ အဓိကထားပြီးလှူဒါန်းနေမှုကလည်း မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး ထိခိုက်စေပါတယ်။ မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုကို ကုစားနိုင်ဖို့ဆိုရင် ရေရှည်တည်တံ့ ခိုင်မြဲနိုင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အများဆုံးလှူဒါန်းကြဖို့လိုပါမယ်။ ဥပမာအားဖြင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေ၊ အလုပ်အကိုင် ရှာဖွေပေးရေး အစီ အစဉ်တွေနဲ့ အထွေထွေပညာရေးလုပ်ငန်းတွေမှာ အင်နဲ့အားနဲ့ လှူဒါန်းကြဖို့လိုပါမယ်။

မေး ဆင်းရဲမွဲတေမှုက ထူပြောနေတယ်။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အတွက်ကိုယ်သာ ရှင်သန် နေရတယ်။ အဲဒီကတဆင့် တဦးနဲ့တဦး အပြန်အလှန် နားလည်ထိစပ်မှု နည်းပါးလာတယ်။ တဦးနဲ့တဦး နေရာတခုတည်းမှာ မသိသူတွေအဖြစ် နေထိုင်လာရင်းက အမုန်းပွားမှုတွေနဲ့ အတူ မလုံခြုံမှုတွေဖြစ်လာတယ်။ ပြည်တွင်းမှာသာမက ပြည်ပရောက် မြန်မာအလုပ် သမားတွေမှာပါ ဒီလို လက္ခဏာတွေမြင်လာရတော့ ဒါတွေကို ဘယ်လိုကုစားနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ အဓိကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် အခုလိုပြဿနာတွေ ဖြစ်နေတာလို့ မြင်မိပါတယ်။ အခြေခံကစပြီး လူ သားဆန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးတွေကို တန်ဖိုးထားပြီး မတူ ညီမှုတွေကို ပူးပေါင်းဆောင်ရွက်လို တဲ့စိတ် ရှိလာအောင် မျိုးဆက်သစ် တွေကို သင်ပေးဖို့လိုပါလိမ့်မယ်။ မူလတန်းကစပြီး ကျောင်းပညာရေး မှာ သင်သင့်ပါတယ်။ တချိန်ထဲမှာပဲ နယ်ပယ်အသီးသီး (ဥပမာ- အနု ပညာရှင်တွေ၊ ဘာသာရေးခေါင်း ဆောင်တွေနဲ့ အရပ်ဘက် အဖွဲ့ အစည်းတွေကလည်း ဟန်ချက်ညီ ညီ ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်လို့ ထင်ပါတယ်။ အဓိကတော့ အဲဒီကိစ္စ တွေ ဆောင်ရွက်ဖို့ အစိုးရအနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ပါဖို့ လိုအပ်တဲ့ဥပဒေတွေ ပြဌာန်း ရမှာဖြစ်ပါတယ်။ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဟန်ချက်ညီညီနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်မှသာ ကုစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မေး ပြည်ပရောက် မြန်မာအလုပ်အရေး ဆောင်ရွက်တဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက ဘာပါလဲ။ အဲဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ပြည်ပရောက် မြန်မာအလုပ်သမားတိုင်း တရား မျှတမှု၊ လုံခြုံစိတ်ချရမှုတွေရရှိစေဖို့ နိုင်ငံတော်အနေနဲ့ ဘယ်လို ပံ့ပိုးပေးသင့်တယ်လို့ ယူဆပါသလဲ။
ဖြေ ကျနော်တို့အနေနဲ့ ကြုံတွေ့နေရတဲ့ အဓိကပြဿနာကတော့ လက်ရှိအစိုးရဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေသေးတာကြောင့် ပြောလို့ရပါမယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံခြားရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးဖို့၊ မဟာဗျူဟာကျ တဲ့ ပြင်ဆင်မှုတွေလုပ်ရမှာဖြစ်ပြီး လိုအပ်တဲ့ အလုပ်သမားကာကွယ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒရေးရာတွေ ရေးဆွဲပြဌာန်းရမှာဖြစ်ပါတယ်။ အဲဒီမူဝါဒတွေကို အကောင်အထည် ဖော်နေတဲ့ အစိုးရဝန်ထမ်းတိုင်းကိုလည်း တိတိကျကျ၊ ကြပ်မတ်ထိမ်းကျောင်းရမှာ ဖြစ် ပါတယ်။ လက်ရှိအနေနဲ့ ဥပမာတခု ပေးရမယ်ဆိုရင် (၂၀၁၅ ခုနှစ်က၊ ထိုင်းနိုင်ငံတောင် ပိုင်း ရနောင်းမှာဖြစ်သွားတဲ့ လူသတ်မှုမှာ၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားလေးဦး မတရား စွပ်စွဲ အဖမ်းဆီးခံထားရပါတယ်။ အဲဒီအမှုမှာ သက်သေခံဖို့ အရင်က မြန်မာ အလုပ်သမား သံအရာရှိတဦးကို တရားရုံးက ဆင့်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ အနေနဲ့ သက်သေထွက်ဆိုဖို့ ခွင့်မပြုခဲ့ပါဘူး) ပြည်ပရောက်မြန်မာတွေကို ကာကွယ်ဖို့ဆို တာ သိပ်ပြီး ခက်ခဲတဲ့ကိစ္စတခု မဟုတ်ပါဘူး။ အစိုးရတွေအနေနဲ့ စစ်မှန်တဲ့ စေတနာ ရှိမယ်ဆိုရင် အချိန်မရွေး လုပ်လို့ရပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment