ISP အကြောင်း

I

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

ISP-Myanmar က လုပ်ဆောင်နေသည့် အဓိက အစီအစဉ်သုံးရပ်မှာ –

(၁) မူဝါဒဦးတည်သည့် သုတေသနလုပ်ငန်းများ

(၂) သုတေသနအရည်အသွေး မြှင့်တင်ရေးသင်တန်းများ ပို့ချခြင်းနှင့်  ခေါင်းဆောင်အဆင့် ဆွေးနွေးထိစပ်ခြင်းများ

(၃) မီဒီယာကြားခံပေါင်းစုံဖြင့် ဆက်ဆံဆက်သွယ်ရေးနှင့် ပြင်ပဆက်ဆံရေးလုပ်ငန်းစဉ်များ ဖြစ်ပါသည်။

ISP-Myanmar က အထူးပြုလေ့လာတင်ပြနေသည့်နယ်ပယ် သုံးရပ်ရှိပြီး ယင်းတို့မှာ (က) ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍ၊ (ခ) တရုတ်ရေးရာလေ့လာမှုနှင့် (ဂ) နိုင်ငံရေးဘောဂဗေဒ အကြောင်းချင်းရာများ ဖြစ်ပါသည်။ အဆိုပါ နယ်ပယ်သုံးရပ်နှင့်ပတ်သက်သော ဒေတာအချက်အလက်များကို ဖော်ပြခြင်း၊ ဆန်းစစ်ချက်များနှင့် ဖြစ်တန်ခြေ အကဲဖြတ် ခြင်းတို့ကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေပါသည်။ ထိုနည်းတူ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေသည့် လူငယ်များအတွက် ကြားကာလပညာရေး ဖြည့်ဆည်းပေးမှု အဖြစ် Bridge Education Program ကိုလည်း လုပ်ဆောင်နေပါသည်။ ISP-Myanmar က လုပ်ဆောင်နေသော အကြောင်း အရာများနှင့် ဖော်ပြချက်များကို www.ispmyanmar.com. ၌ လေ့လာနိုင်ပါသည်။