CategoryINTERVIEWS

သဉ္ဇာရွှန်းလဲ့ရည်အား မေးမြန်းခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲ မွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လို ရှုမြင်ပါသလဲ။ဖြေ ကျမတို့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ မညီမျှမှုတွေ၊ ကံဆိုးမိုးမှောင်ကျမှုတွေဟာ ကံ၊ ကံရဲ့ အကျိုးနဲ့အကြောင်းကြောင့်လို့ အများစုကိုးကွယ်တဲ့ ဘာသာရေးအရ ကြားသိရပါ တယ်။ ဒီလိုပဲ အများစုက ခံယူကြပါတယ်။ ဒါပေမဲ့ အဓမ္မပြုကျင့်ခံရပြီး...

ကိုရဲနိုင်ဝင်းအား မေးမြန်းခြင်း

က

မေး အခြေခံ အလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖော်ချင်ပါ သလဲ။ဖြေ အခြေခံအလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာ အလုပ်ချိန်ပြီးတဲ့အချိန်မှာ အနိမ့် ဆုံးတော့ အများအနားယူချင်တဲ့အချိန်မှာ အနားယူချင်တယ်။ အများ အေးအေးဆေး ဆေး အိပ်ရတဲ့အချိန်မှာ အိပ်ချင်တယ်။ အနိမ့်ဆုံးအဆင့်က အဲဒီလောက်တော့ ရှိဖို့လိုပါ တယ်။ မေး နောက်တခါ သူ့ရဲ့မိသားစုအတွက် ဖူလုံမှုကရော …ဖြေ မိသားစုအတွက် ဖူလုံမှုဆိုတာကတော့...

ကိုနန္ဒာစစ်အောင်အား မေးမြန်းခြင်း

က

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ ကျနော်တို့ဆီမှာ မမျှတတဲ့ကိစ္စတွေကတော့ တလျှောက်လုံး ရှိနေခဲ့တာ။ စစ်အာဏာရှင် အောက်မှာ တလျှောက်လုံး ကြီးခဲ့ကြတာ။ မဆလအောက်မှာ သွားခဲ့ရတာ။ ကျနော်တို့ လူ့အဖွဲ့အစည်းက အုပ်ချုပ်ရေးနဲ့ နီးစပ်ခြင်းသည်ပင်လျှင် စီးပွားဥစ္စာရဲ့ အရင်းအမြစ်ဖြစ်...

ကိုအောင်ကျော်မိုးအား မေးမြန်းခြင်း

က

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေ မှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ အစိုးရဟာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေမှာ အားနည်းတယ်။ လူထုအတွက် ရေးဆွဲ ထားတဲ့ မူဝါဒတွေမရှိဘူး။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတိုင်းမှာ ခိုင်မာပြီး လူထုအတွက်အကျိုးရှိမယ့် မူဝါဒတွေပေါ်မလာသေးသလို နိုင်ငံသား...

ကိုထူးချစ်အား မေးမြန်းခြင်း

က

မေး ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေသူတဦးအနေနဲ့ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှုအကြောင်း ခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင်ပါသလဲ။ဖြေ အဓိကတော့ နိုင်ငံရေးစနစ်ကြောင့်လို့ ရှုမြင်မိပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်တွင်းစစ်၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ လယ်ယာ မြေ...

အာရှအလင်းရောင်ဆရာတော်အားမေးမြန်းလျှောက်ထားခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲ မွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လို ရှုမြင်ပါသလဲ ဘုရား။ဖြေ ဘုန်းဘုန်းတို့နိုင်ငံက စစ်အာဏာသိမ်းပြီးချိန်က စပြီးတော့ မမျှတမှုဆိုတာ ရှိခဲ့တာ။ ဒါပေမဲ့ လူတွေက (အာဏာရှင်တွေက) အဲဒီမမျှတမှုကို ဘာနဲ့ဖြေရှင်းသလဲဆိုရင် သယံ ဇာတကို ထုတ်သုံးပြီးတော့ လူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရအောင်၊ သူတို့...

ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး လှုပ်ရှား ဆောင်ရွက်နေသူ မောင်ဆောင်းခအား မေးမြန်းခြငး

သူတို့အနေနဲ့ ဆက်သွယ်ရေး ဥပဒေထဲမှာ ၆၆(ဃ)နဲ့ သူတို့ကို ပြန်အကာအကွယ်လုပ်ဖို့ သုံးချင်နေတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီဥပဒေနဲ့ တရားစွဲခံရသူတွေထဲမှာ ဘယ်သူနစ်နာလဲ ဆိုတော့ ပြည်သူပဲ နစ်နာတာကို ကျွန်တော်တို့ တွေ့နေရတယ်။ အဲဒါကို မပြင်ချင်တာက … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ဒေဝီသန့်စင်အား မေးမြန်းခြင်း

စီမံကိန်းက လေးငါးခုနဲ့ တိုင်းပြည်အတွက် လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်တဲ့အချိန်မှာ ၁၅ ခု၊ ၁၇ ခုလောက် ပေးထားတယ် ဆိုရင် ဒါဟာ စီးပွားရေးအရ အပေးအယူလုပ်တဲ့ စီမံကိန်းတွေ ဖြစ်သွားပြီ။ လက်ရှိအစိုးရဟာ ဒီလိုအမှားမျိုးကို ထပ်မမှားသင့်ဘူး။ သေချာစိစစ်ပြီးတော့ တိုင်းပြည်အတွက် မလိုအပ်ဘဲ ထပ်နေတဲ့ စီမံကိန်းတွေကို မလုပ်သင့်ဘူး။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း...

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာအား မေးမြန်းခြင်း

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စဉ်းစားချက်အောက်မှာ အရင်စနစ်ကို ဦးဆောင်ခဲ့တဲ့ သူတွေနဲ့ အခုဦးဆောင်နေတဲ့ ငါတို့နဲ့ ကြားထဲမှာပဲ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြန်ပြီးတော့ သင့်မြတ်ပြီ၊ ဒီအသွင်ကူးပြောင်းရေး အောင်မြင်ပြီဆိုတဲ့ စဉ်းစားချက်မျိုး ရှိနေပြီဆိုလို့ရှိရင်၊ နောက်တနည်း ပြောရလို့ရှိရင် … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀...

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး (PACE) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာအား မေးမြန်းခြင်း

“လက်ရှိ ရွေးကောက်ပွဲစနစ်ကို ပြောင်းဖို့အတွက် နည်းနည်း စောသေးတယ်ဗျ။ ပြောင်းဖို့တော့ လိုတယ်။ ပြောင်းမယ် ဆိုရင်တောင် လုံးလုံးလျားလျားကြီး အချိုးကျကို ကူးပြောင်းတာမျိုး မဟုတ်ဘဲနဲ့ ရောယှက်ပြီးတော့ လုပ်သင့်တယ်။ ဥပမာ- အမျိုးသားလွှတ်တော်ကို ပုံစံပြောင်းတာမျိုးပေါ့။ ” ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးနဲ့ ရွေးကောက်ပွဲစနစ် ဘယ်လောက်အထိ လိုက်လျောညီထွေမှု ဖြစ်သလဲ။ ■ ဖြေ   –         အခုလောလောဆယ်...